×

ကမၻာ့စံခ်ိန္မီ ကိုယ္ခံ ပညာေပါင္းစံု MMA သင္တန္းကို ယခုႏွစ္အတြင္း ရန္ကုန္ၿမိဳ႕၌ ဖြင့္လွစ္ရန္စီစဥ္ထားေၾကာင္းေအာင္လအန္ဆန္ ကေျပာၾကားသည္။

လက္ရွိတြင္ ေအာင္လအန္ဆန္သည္   ၎ေနထိုင္ရာေမရီလန္းျပည္နယ္၌ Crazy 88Mixed Martial Arts အမည္ျဖင့္ MMA သင္တန္းဖြင့္လွစ္ထားသည္။

ျမန္မာႏိုင္ငံရွိ လူငယ္မ်ား ႏွင့္ ကေလးမ်ားအတြက္ MMA ပညာရပ္ မွ်ေ၀ေပးရန္ ရည္ရြယ္ ၍ သင္တန္းဖြင့္လွစ္ရန္ စီစဥ္ျခင္း ျဖစ္ေၾကာင္း ေအာင္လအန္ဆန္ ကဆိုသည္။

‘‘ကြၽန္ေတာ္သိရတဲ့ လက္ရွိ ပညာရပ္ေတြထက္ နည္းနည္းပို ေလ့လာမယ္။ ၿပီးမွ သင္တန္းဖြင့္ မယ္။ သင္တန္းဖြင့္ၿပီ ဆိုကတည္း က အေပ်ာ္မဟုတ္ဘဲ တကယ့္ ကမၻာ့စံခ်ိန္မီ သင္လို႔ရေအာင္ ေလ့က်င့္ေပးပါမယ္။ အျမန္ဆံုး ဖြင့္ျဖစ္ေအာင္ေတာ့ ႀကိဳးစားပါ မယ္’’ ဟု ၎ကဆိုသည္။

MMA(One Championship)

မစ္ဒယ္၀ိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္သည္ ၿပီးခဲ့ သည့္ ေဖေဖာ္၀ါရီ ၂၃ ရက္တြင္ ဘရာဇီးႏိုင္ငံသား မာခ်ာဒိုကို အႏိုင္ယူၿပီး လိုက္ဟဲဗီး၀ိတ္တန္း ခ်န္ပီယံခါးပတ္ ထပ္မံရရွိသျဖင့္ ၀ိတ္တန္းႏွစ္ခု၏ ကမၻာ့ခ်န္ပီယံ ျဖစ္လာသည္။

ေအာင္လအန္ဆန္ အေန ျဖင့္ ရန္ကုန္ၿမိဳ႕၌ MMA သင္တန္း ဖြင့္လွစ္ျဖစ္ပါက အစြမ္းကုန္ ကူ ညီမည္ျဖစ္ေၾကာင္း Team PT အမည္ျဖင့္ MMA သင္တန္းဖြင့္လွစ္ထားသည့္ ဖိုးေသာ္က ေျပာသည္။

‘‘ေအာင္လက ရန္ကုန္မွာ သင္တန္းဖြင့္ခ်င္တယ္လို႔ ေျပာ ဖူးပါတယ္။ ဘယ္ေတာ့လဲေတာ့ မသိေသးပါဘူး။ သူသာဖြင့္ျဖစ္ မယ္ဆိုရင္ေတာ့ဒီမွာ MMAကစားခ်င္တဲ့ ကစားသမားေတြအတြက္ ေကာင္းပါတယ္။ ေအာင္လ သင္တန္းဖြင့္ဖို႔စလုပ္ၿပီဆိုတာနဲ႔ ကြၽန္ေတာ္အစြမ္းကုန္ ကူညီေပးသြားမွာပါ’’ ဟု ၎က ဆိုသည္။

ျမန္မာႏိုင္ငံ ကိုယ္စားျပဳ MMA ကစားသမား ဖိုးေသာ္သည္ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕ နယ္၌ Team PT အမည္ျဖင့္ Mixed Martial Arts-MMA ႏွင့္ ပတ္သက္ေသာ လက္ေ၀ွ႔၊ ကရာေတး၊ ဂ်ဴဂ်စ္ဆု စသည့္ ကစားနည္းမ်ားကို အေျခခံကစ၍ သင္ၾကားေပးေနသည္။

အေမရိကန္ ႏိုင္ငံသား ေအာင္လအန္ဆန္သည္ ကခ်င္ ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕၌ ေမြးဖြားခဲ့သည္။ လက္ရွိတြင္ အေမရိကန္ႏိုင္ငံ ေမရီလန္းျပည္နယ္အဲကရွ္ၿမိဳ႕၌ ေနထိုင္ကာ MMA ၿပိဳင္ပြဲမ်ားတြင္ ျမန္မာႏိုင္ငံကုိယ္စားျပဳ ယွဥ္ၿပိဳင္ေနသည္။

One Championship က ႀကီးမွဴး၍ MMA ၿပိဳင္ပြဲမ်ားကို ၂၀၁၅ က စတင္မိတ္ဆက္ကာ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္က်င္းပခဲ့ ၿပီး ယင္းကစားနည္းႏွင့္ ပတ္သက္၍ ပရိသတ္စိတ္၀င္စား အားေပးမႈမ်ားျပားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ့စံချိန်မီ ကိုယ်ခံ ပညာပေါင်းစုံ MMA သင်တန်းကို ယခုနှစ်အတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းအောင်လအန်ဆန် ကပြောကြားသည်။

လက်ရှိတွင် အောင်လအန်ဆန်သည်   ၎င်းနေထိုင်ရာမေရီလန်းပြည်နယ်၌ Crazy 88Mixed Martial Arts အမည်ဖြင့် MMA သင်တန်းဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံရှိ လူငယ်များ နှင့် ကလေးများအတွက် MMA ပညာရပ် မျှဝေပေးရန် ရည်ရွယ် ၍ သင်တန်းဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း အောင်လအန်ဆန် ကဆိုသည်။

‘‘ကျွန်တော်သိရတဲ့ လက်ရှိ ပညာရပ်တွေထက် နည်းနည်းပို လေ့လာမယ်။ ပြီးမှ သင်တန်းဖွင့် မယ်။ သင်တန်းဖွင့်ပြီ ဆိုကတည်း က အပျော်မဟုတ်ဘဲ တကယ့် ကမ္ဘာ့စံချိန်မီ သင်လို့ရအောင် လေ့ကျင့်ပေးပါမယ်။ အမြန်ဆုံး ဖွင့်ဖြစ်အောင်တော့ ကြိုးစားပါ မယ်’’ ဟု ၎င်းကဆိုသည်။

MMA(One Championship)

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဘရာဇီးနိုင်ငံသား မာချာဒိုကို အနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ထပ်မံရရှိသဖြင့် ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ ဖြစ်လာသည်။

အောင်လအန်ဆန် အနေ ဖြင့် ရန်ကုန်မြို့၌ MMA သင်တန်း ဖွင့်လှစ်ဖြစ်ပါက အစွမ်းကုန် ကူ ညီမည်ဖြစ်ကြောင်း Team PT အမည်ဖြင့် MMA သင်တန်းဖွင့်လှစ်ထားသည့် ဖိုးသော်က ပြောသည်။

‘‘အောင်လက ရန်ကုန်မှာ သင်တန်းဖွင့်ချင်တယ်လို့ ပြော ဖူးပါတယ်။ ဘယ်တော့လဲတော့ မသိသေးပါဘူး။ သူသာဖွင့်ဖြစ် မယ်ဆိုရင်တော့ဒီမှာ MMAကစားချင်တဲ့ ကစားသမားတွေအတွက် ကောင်းပါတယ်။ အောင်လ သင်တန်းဖွင့်ဖို့စလုပ်ပြီဆိုတာနဲ့ ကျွန်တော်အစွမ်းကုန် ကူညီပေးသွားမှာပါ’’ ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု MMA ကစားသမား ဖိုးသော်သည် လက်ရှိတွင် ရန်ကုန်မြို့ ဗဟန်းမြို့ နယ်၌ Team PT အမည်ဖြင့် Mixed Martial Arts-MMA နှင့် ပတ်သက်သော လက်ဝှေ့၊ ကရာတေး၊ ဂျူဂျစ်ဆု စသည့် ကစားနည်းများကို အခြေခံကစ၍ သင်ကြားပေးနေသည်။

အမေရိကန် နိုင်ငံသား အောင်လအန်ဆန်သည် ကချင် ပြည်နယ် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်အဲကရှ်မြို့၌ နေထိုင်ကာ MMA ပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေသည်။

One Championship က ကြီးမှူး၍ MMA ပြိုင်ပွဲများကို ၂၀၁၅ က စတင်မိတ်ဆက်ကာ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပခဲ့ ပြီး ယင်းကစားနည်းနှင့် ပတ်သက်၍ ပရိသတ်စိတ်ဝင်စား အားပေးမှုများပြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top