ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

လက္ဖဝါးရိွ လကၡဏာေကာက္ေၾကာင္းေလးေတြက မိမိဝိေသသလကၡဏာနဲ႔ ကံၾကမၼာကို ေဖာ္ညြန္းေနတာလုိ႔ ဆုိၾကပါတယ္။ ဒါေပမယ့္ လက္ဖဝါးမွာ M ပုံသ႑ာန္ အကၡရာစလုံးရိွသူေတြဟာ တမူထူးျခားသူလုိ႔ ဆုိပါတယ္။ အဲဒီပုဂၢဳိလ္ေတြဟာ ထူးထူးျခားျခား အထုံ ပါရမီ ပါသူ၊ ဝမ္းတြင္း အသိရိွသူ၊ ေနာက္ျပီး ထူးကဲတဲ့ စီးပြားေရး လုပ္ေဖာ္ကုိင္ဖက္ေတြ လုိ႔လည္း ဆုိၾကပါတယ္။

မိမိခ်စ္ရသူတစ္ေယာက္က လက္ဖဝါးမွာ M အကၡရာ ရိွပါက အခ်က္တစ္ခ်က္ကို သိထားရပါမယ္။ ေနာက္ေျပာင္ျခင္း၊ လိမ္ညာမုသားေျပာဆုိျခင္းနဲ႔ ကလိမ္က်ျခင္းေတြ လုံးဝ မလုပ္မိဖုိ႔ပါပဲ။ လုပ္မိသြားရင္ေတာ့ သင့္ကို လိမ္ညာေျပာတတ္သူလုိ႔ သူ အျမဲသတ္မွတ္ေနပါလိမ့္မယ္။

လက္ဖဝါးမွာ M အကၡရာစလုံးရိွတဲ့ အမ်ဳိးသမီးေတြမွာ အမ်ဳိးသားမ်ားထက္ ဝမ္းတြင္းအသိ ပိုျပင္းထန္ၾကပါတယ္။ လင္မယားႏွစ္ေယာက္လုံးမွာရိွပါက အမ်ဳိးသမီးမွာ ပိုမိုအားေကာင္းေနပါေသးတယ္။ဒီပုဂၢိဳလ္ေတြဟာ ဘဝမွာ သူတုိ႔လုပ္လုိတဲ့ အေျပာင္းအလဲမ်ား ေဆာင္ရြက္ဖုိ႔ အစြမ္းအစကုိ ပုိင္ဆုိင္ထားၾကပါတယ္။ ဒါ့ေၾကာင့္ ဘဝမွာ အခြင့္အလမ္းကို လက္မလႊတ္တမ္း အသုံးခ်ဖုိ႔ လုိအပ္ပါတယ္။ေရွးရုိးရာ ဓေလ့ထုံးတမ္းစဥ္လာအရ ပေရာဖက္အားလုံး လက္ဖဝါးမွာ ဒီလကၡဏာ ရိွၾကျပီး သင္က လက္ဖဝါးမွာ M ပုံသ႑ာန္ပုိင္ဆုိင္ထားသူ ပုဂၢိဳလ္ေတြထဲက တစ္ဦးျဖစ္ပါက သင္ဟာ တမူထူးျခားေသာ လူပုဂၢိဳလ္ တစ္ဦးျဖစ္ေၾကာင္း သိမွတ္ရပါမယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit :Original Writer

#Unicode Version#
လက်ဖဝါးရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။ ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။

မိမိချစ်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက်တစ်ချက်ကို သိထားရပါမယ်။ နောက်ပြောင်ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်းနဲ့ ကလိမ်ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ပါပဲ။ လုပ်မိသွားရင်တော့ သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။

လက်ဖဝါးမှာ M အက္ခရာစလုံးရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသားများထက် ဝမ်းတွင်းအသိ ပိုပြင်းထန်ကြပါတယ်။ လင်မယားနှစ်ယောက်လုံးမှာရှိပါက အမျိုးသမီးမှာ ပိုမိုအားကောင်းနေပါသေးတယ်။ဒီပုဂ္ဂိုလ်တွေဟာ ဘဝမှာ သူတို့လုပ်လိုတဲ့ အပြောင်းအလဲများ ဆောင်ရွက်ဖို့ အစွမ်းအစကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါ့ကြောင့် ဘဝမှာ အခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချဖို့ လိုအပ်ပါတယ်။ရှေးရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ ပရောဖက်အားလုံး လက်ဖဝါးမှာ ဒီလက္ခဏာ ရှိကြပြီး သင်က လက်ဖဝါးမှာ M ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါက သင်ဟာ တမူထူးခြားသော လူပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိမှတ်ရပါမယ်။

ဖိုးသူတော်(www.phothutaw.com)
Credit :Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top