န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

တ႐ုတ္နိုင္ငံ ကုံးစီျပည္နယ္က အမ်ိဳးသားတစ္ဦးဟာ စားေသာက္ဆိုင္က အိမ္သာအသုံးျပဳေနရင္း သူ႔ရဲ့ iPhone 8 အိမ္သာထဲ ျပဳတ္က်သြားတာေၾကာင့္ လက္နဲ႔ႏွိုက္ၿပီး ျပန္ဆယ္ယူဖို႔ႀကိဳးစားခဲ့ရာ အိမ္သာက်င္းထဲက လက္ကိုထုတ္မရေတာ့တဲ့ ျဖစ္စဥ္က သတင္းေခါင္းႀကီးပိုင္းမွာ ေနရာယူခဲ့ပါတယ္။

ျဖစ္စဥ္မွာ ‘တန္’ ဆိုတဲ့ အမ်ိဳးသားတစ္ဦးက သူ႔ရဲ့မိတ္ေဆြတစ္ဦးနဲ႔အတူ ဟိုတယ္ရဲ့ စားေသာက္ဆိုင္မွာ အတူတူေသာက္စားေနစဥ္ အိမ္သာသြားခ်င္တဲ့အတြက္ စားေသာက္ဆိုင္အိမ္သာထဲ ဝင္ခဲ့ပါတယ္။ အိမ္သာထဲေရာက္တဲ့အခါ ေနာက္ထပ္ အေတြးတစ္မ်ိဳးက ေပၚလာျပန္ပါတယ္။ ေပၚလာတဲ့အေတြးအတိုင္း အိမ္သာထဲမွာ ဖုန္းဖြင့္ၾကည့္ရင္း အာသာေျဖေနခဲ့ပါတယ္။

ဒါေပမယ့္ အနည္းငယ္​မူးေနတာေၾကာင့္ ဖုန္းဟာ လက္ထဲက ထြက္က်ၿပီး အိမ္သာက်င္းထဲ က်သြားခဲ့ပါတယ္။ အိုင္ဖုန္းတစ္လုံးရဲ့ တန္ဖိုးကေတာ့ အားလုံးသိၿပီးသားျဖစ္ပါလိမ့္မယ္။ ျမန္မာေငြ ဆယ္သိန္း အထက္မွာ ရွိေနတဲ့ iPhone 8 ဆိုေတာ့ ႏွေျမာၿပီး ႀကံရာမရျဖစ္ကာ အိမ္သာက်င္းထဲ လက္တဆုံး ႏွိုက္ၿပီး ျပန္ဆယ္ပါေတာ့တယ္။

ေနာက္ဆုံးမွာ အိုင္ဖုန္းျပန္မရတဲ့အျပင္ သူ႔ရဲ့လက္တစ္ေခ်ာင္းလုံး ျပန္ထုတ္မရေတာ့ပဲ ညပ္ေနခဲ့ပါတယ္။ သူဟာ အကူညီေခၚဖို႔လည္း ရွက္တာေၾကာင့္ မိနစ္ႏွစ္ဆယ္ေလာက္ၾကာေအာင္ လက္ကို ျပန္ထုတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ လက္ေမာင္းရင္းထိ ညပ္ေနခဲ့တဲ့တာေၾကာင့္ ထုတ္မရျဖစ္ေနခဲ့ပါတယ္။ အဲ့အခ်ိန္မွာ အိမ္သာသန႔္ရွင္းေရးက ၾကမ္းျပင္မွာ ေမွာက္လ်က္ျဖစ္ေနတဲ့ သူ႔ကို ျမင္သြားၿပီး ကယ္ဆယ္ေရးအဖြဲ႕ကို အကူညီေတာင္းခဲ့ပါတယ္။

မီးသတ္အဖြဲ႕ေတြ ေရာက္လာၿပီး လက္ကို ျပန္ထုတ္နိုင္ဖို႔ အိမ္သာခြက္ကို ၿဖိဳ႕ဖ်က္ေပးခဲ့ရပါတယ္။ သူ႔ရဲ့လက္မွာေတာ့ ပြန္းပဲ့ဒဏ္ရာေတြ ရခဲ့ပါတယ္။ သူ႔ရဲ့ iPhone 8 ကို ဆုံးရွုံးခဲ့ရေပမယ့္ ကံေကာင္းခ်င္ေတာ့ ဟိုတယ္က ဂ႐ုဏာေလ်ာ္ေၾကးေငြ ျပန္ေပးခဲ့တဲ့အတြက္ အဲဒီပိုက္ဆံနဲ႔ ေနာက္ထပ္ iPhone အသစ္တစ္လုံး ဝယ္နိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ေဒသခံသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY
# Unicode Version ဖြင့်ဖတ်ရန် #
တရုတ်နိုင်ငံ ကုံးစီပြည်နယ်က အမျိုးသားတစ်ဦးဟာ စားသောက်ဆိုင်က အိမ်သာအသုံးပြုနေရင်း သူ့ရဲ့ iPhone 8 အိမ်သာထဲ ပြုတ်ကျသွားတာကြောင့် လက်နဲ့နှိုက်ပြီး ပြန်ဆယ်ယူဖို့ကြိုးစားခဲ့ရာ အိမ်သာကျင်းထဲက လက်ကိုထုတ်မရတော့တဲ့ ဖြစ်စဉ်က သတင်းခေါင်းကြီးပိုင်းမှာ နေရာယူခဲ့ပါတယ်။

ဖြစ်စဉ်မှာ ‘တန်’ ဆိုတဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့မိတ်ဆွေတစ်ဦးနဲ့အတူ ဟိုတယ်ရဲ့ စားသောက်ဆိုင်မှာ အတူတူသောက်စားနေစဉ် အိမ်သာသွားချင်တဲ့အတွက် စားသောက်ဆိုင်အိမ်သာထဲ ဝင်ခဲ့ပါတယ်။ အိမ်သာထဲရောက်တဲ့အခါ နောက်ထပ် အတွေးတစ်မျိုးက ပေါ်လာပြန်ပါတယ်။ ပေါ်လာတဲ့အတွေးအတိုင်း အိမ်သာထဲမှာ ဖုန်းဖွင့်ကြည့်ရင်း အာသာဖြေနေခဲ့ပါတယ်။

ဒါပေမယ့် အနည်းငယ်မူးနေတာကြောင့် ဖုန်းဟာ လက်ထဲက ထွက်ကျပြီး အိမ်သာကျင်းထဲ ကျသွားခဲ့ပါတယ်။ အိုင်ဖုန်းတစ်လုံးရဲ့ တန်ဖိုးကတော့ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ မြန်မာငွေ ဆယ်သိန်း အထက်မှာ ရှိနေတဲ့ iPhone 8 ဆိုတော့ နှမြောပြီး ကြံရာမရဖြစ်ကာ အိမ်သာကျင်းထဲ လက်တဆုံး နှိုက်ပြီး ပြန်ဆယ်ပါတော့တယ်။

နောက်ဆုံးမှာ အိုင်ဖုန်းပြန်မရတဲ့အပြင် သူ့ရဲ့လက်တစ်ချောင်းလုံး ပြန်ထုတ်မရတော့ပဲ ညပ်နေခဲ့ပါတယ်။ သူဟာ အကူညီခေါ်ဖို့လည်း ရှက်တာကြောင့် မိနစ်နှစ်ဆယ်လောက်ကြာအောင် လက်ကို ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်မောင်းရင်းထိ ညပ်နေခဲ့တဲ့တာကြောင့် ထုတ်မရဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ အိမ်သာသန့်ရှင်းရေးက ကြမ်းပြင်မှာ မှောက်လျက်ဖြစ်နေတဲ့ သူ့ကို မြင်သွားပြီး ကယ်ဆယ်ရေးအဖွဲ့ကို အကူညီတောင်းခဲ့ပါတယ်။

မီးသတ်အဖွဲ့တွေ ရောက်လာပြီး လက်ကို ပြန်ထုတ်နိုင်ဖို့ အိမ်သာခွက်ကို ဖြို့ဖျက်ပေးခဲ့ရပါတယ်။ သူ့ရဲ့လက်မှာတော့ ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။ သူ့ရဲ့ iPhone 8 ကို ဆုံးရှုံးခဲ့ရပေမယ့် ကံကောင်းချင်တော့ ဟိုတယ်က ဂရုဏာလျော်ကြေးငွေ ပြန်ပေးခဲ့တဲ့အတွက် အဲဒီပိုက်ဆံနဲ့ နောက်ထပ် iPhone အသစ်တစ်လုံး ဝယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေသခံသတင်းများတွင် ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top