iMyanmarHouse.com - Best Property Website for Myanmar
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

လူနာတဦးအားစမ္းသပ္ရာတြင္ HIV Positive အျဖစ္ မွားယြင္းစြာအေျဖထုတ္ခဲ့မႈေၾကာင့္လူနာမိသားစုကမႏၱေလးျမိဳ႕ေတာ္ေဆး႐ုံကုိုတရားစြဲထားသည့္အမႈကိုယေန႔ (ေဖေဖာ္၀ါရီ၂၀)နံနက္ပိုင္းကခရိုင္တရားရံုးမွ အျပီးသတ္အမိန္႔ခ်ရာလူနာရွင္မိသားစုအားတရားရံုးစရိတ္ႏွင့္နစ္နာေၾကးအျဖစ္ ေငြက်ပ္သိန္းသံုးရာေပးအပ္ရန္ ဆံုးျဖတ္လိုက္ေၾကာင္းသိရသည္။

မႏၲေလးၿမိဳ႕ေတာ္ေဆးရံုအေနျဖင့္ ေဆးရံုတက္ေရာက္ကုသေနလူနာအားေဆးရံု၏ဓာတ္ခြဲစမ္းသပ္ စစ္ေဆးခ်က္အရ HIVေရာဂါပိုးေတြ႔ရွိၿပီးေရာဂါပိုးမွာျမင့္မား၍ အဆုတ္အတြင္းသို႕ေရာက္ရွိေၾကာင္းမွားယြင္းစြာေဖာ္ျပခဲ့မႈေၾကာင့္ လူနာႏွင့္အတူယင္းတို႔၏ မိသားစုဘဝမွာစိတ္ဆင္းရဲမႈမ်ားႏွင့္ နစ္နာမႈမ်ားရွိခဲ့သျဖင့္ ၿမိဳ႕ေတာ္ေဆးရံုကိုနစ္နာေၾကးရရွိလိုမႈျဖင့္တရားစြဲဆိုခဲ့ေသာအမႈျဖစ္သည္။

“ကြ်န္မတို႔အေနနဲ႔ ဒီေငြသိန္းသံုးရာရရွိဖို႔တရားစြဲတာမဟုတ္ဘူး။ သူတို႔ေဆးရံုရဲ႕ တာ၀န္ယူမႈမရွိတာေတြ၊ အေဖ့ကိုေဆးကုလို႔ေျမတကြက္ကုန္ရင္ခင္ဗ်ားတို႔ေနာက္ထပ္ေျမတကြက္ဖိုးတတ္ႏိုင္ရင္ ေဆးရံုကိုတရားစြဲလုိက္ပါလို႔ေျပာတာကိုမခံခ်င္လို႔ တရားစြဲတာ။ တရားမစြဲခင္မွာေဆးရံုကိုသြားၿပီးညွိႏိႈင္းပါေသာ္လည္းဘဲလက္မခံဘူး။ သူတို႔ဘက္ကေတာင္းပန္တယ္ဆိုရင္ ဒီအမႈကေပၚေပါက္လာစရာမရွိဘူး။ အခုတရားသူႀကီးကလည္းမွန္မွန္ကန္ကန္နဲ႔ အႏိုင္ဒီဂရီေပးလို႔ ေက်နပ္ပါတယ္။ အခုေတာ့ ကြ်န္မအေဖမွာ လူ႔အသိုင္းအ၀ိုင္းၾကားမွာ ကဲ့ရဲ႕ေ၀ဖန္ခံရမႈေတြလည္း ကင္းေ၀းသြားၿပီ”ဟု တရားလိုလူနာရွင္၏ သမီးျဖစ္သူ မသီတာ၀င္းက ေျပာၾကားခဲ့သည္။

“ေဆးရံုကကြ်န္မအေဖလူနာကို HIVပိုးရွိတယ္။ ေနာက္ဆံုးအေျခအေနပဲ။ ဒါေၾကာင့္ ခုတင္၃၀၀ဆံ့ ေဆးရံုကိုေျပာင္းဖို႔ေျပာတယ္။ ကြ်န္မတို႔လည္းေျပာတဲ့အတိုင္းလုပ္ခဲ့ပါတယ္။ အေဖ့အေနနဲ႔ ဒီလိုေရာဂါရဖို႔အျပဳအမူမရွိပါဘဲအခုလိုေဆးစစ္ခ်က္ထြက္လာေတာ့အ့ံၾသမိတယ္။ ရြာမွာလည္းအေဖကိုHIVေရာဂါသည္ဆိုၿပီးအထင္ေသးကဲ့ရဲ႕ ခံခဲ့ရတယ္။ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲခန္း(NHL)ရဲ႕အေျဖနဲ႔ သူတုိ႔ေဆးရံုကအေျဖစာရြက္ေတြနဲ႔ ေပါင္းၿပီးအမႈဖြင့္ခဲ့တာ”ဟု ၎ကဆက္လက္ေျပာၾကားခဲ့သည္။

လူနာမွာ မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံခရိုင္ ေတာင္သာၿမိဳ႕နယ္ ဘုရားလွေက်းရြာတြင္ ေနထိုင္သည့္ ေတာင္သူဦးဝင္းတင္ျဖစ္ၿပီး ၂၀၁၅ခုႏွစ္၊ ေအာက္တိုဘာလပိုင္းကေနထိုင္မေကာင္းသျဖင့္ အဆိုပါ ေဆးရံုတြင္တက္ေရာက္ကုသစဥ္ အထက္ပါျဖစ္စဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ၿပီးခဲ့တဲ့အပတ္ရံုးခ်ိန္းမွာ ႏွစ္ဖက္ေလ်ာက္လဲခ်က္ေတြကိုတရားရံုးကၾကားနာၿပီးေတာ့ ဒီေန႔မွာအၿပီးသတ္အမိန္႕ခ်တယ္။ တရားသူႀကီးရဲ႕အမိန္႔ခ်မွတ္မႈကလည္းမွ်တမႈရွိပါတယ္”ဟုတရားလို၏အထက္တန္းေရွ႕ေနေဒၚခိုင္ဇာဦးကေျပာၾကားသည္။

“အခု ကြ်န္မအေနနဲ႔ အေရးေပၚအစည္းအေ၀းတက္ေရာက္ေနပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီးေတာ့ဘာမွ ေျပာစရာမရွိပါဘူး။ တရားရံုးကခ်မွတ္တဲ့အတိုင္းလုပ္ေဆာင္သြားမွာပါ။ အျခားေတာ့ဆက္လက္ လုပ္ေဆာင္သြားဖို႔မရွိပါဘူး”ဟုၿမိဳ႕ေတာ္ေဆးရံုမွ ေဆးရံုအုပ္ႀကီးေဒၚႏြယ္ႏြယ္၀င္းကေျပာသည္။

တရားလိုဦး၀င္းတင္အေနျဖင့္ အသက္(၆၀)ေက်ာ္ရွိရာက်န္းမာေရးေကာင္းမြန္ေသာ္လည္းအသက္အရြယ္အရခရီးသြားလာမႈအဆင္မေျပသျဖင့္ ယင္းအမႈကိုသမီးျဖစ္သူမသီတာ၀င္းမွ ဦးေဆာင္ကာ ၿမိဳ႕ေတာ္ေဆးရံုးအားနစ္နာေၾကးအျဖစ္ေငြက်ပ္သိန္း(၃၀၀)႐ွိလိုမႈျဖင့္ ၂၀၁၆၊ေအာက္တိုဘာလမွစတင္၍ မႏၲေလးခရိုင္တရားရံုးသို႔ ဦးတိုက္ေလွ်ာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးရာဇ (News Watch )
# Unicode Version ဖြင့်ဖတ်ရန် #
လူနာတဦးအားစမ်းသပ်ရာတွင် HIV Positive အဖြစ် မှားယွင်းစွာအဖြေထုတ်ခဲ့မှုကြောင့်လူနာမိသားစုကမန္တလေးမြို့တော်ဆေးရုံကိုတရားစွဲထားသည့်အမှုကိုယနေ့ (ဖေဖော်ဝါရီ၂၀)နံနက်ပိုင်းကခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချရာလူနာရှင်မိသားစုအားတရားရုံးစရိတ်နှင့်နစ်နာကြေးအဖြစ် ငွေကျပ်သိန်းသုံးရာပေးအပ်ရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

မန္တလေးမြို့တော်ဆေးရုံအနေဖြင့် ဆေးရုံတက်ရောက်ကုသနေလူနာအားဆေးရုံ၏ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ HIVရောဂါပိုးတွေ့ရှိပြီးရောဂါပိုးမှာမြင့်မား၍ အဆုတ်အတွင်းသို့ရောက်ရှိကြောင်းမှားယွင်းစွာဖော်ပြခဲ့မှုကြောင့် လူနာနှင့်အတူယင်းတို့၏ မိသားစုဘဝမှာစိတ်ဆင်းရဲမှုများနှင့် နစ်နာမှုများရှိခဲ့သဖြင့် မြို့တော်ဆေးရုံကိုနစ်နာကြေးရရှိလိုမှုဖြင့်တရားစွဲဆိုခဲ့သောအမှုဖြစ်သည်။

“ကျွန်မတို့အနေနဲ့ ဒီငွေသိန်းသုံးရာရရှိဖို့တရားစွဲတာမဟုတ်ဘူး။ သူတို့ဆေးရုံရဲ့ တာဝန်ယူမှုမရှိတာတွေ၊ အဖေ့ကိုဆေးကုလို့မြေတကွက်ကုန်ရင်ခင်ဗျားတို့နောက်ထပ်မြေတကွက်ဖိုးတတ်နိုင်ရင် ဆေးရုံကိုတရားစွဲလိုက်ပါလို့ပြောတာကိုမခံချင်လို့ တရားစွဲတာ။ တရားမစွဲခင်မှာဆေးရုံကိုသွားပြီးညှိနှိုင်းပါသော်လည်းဘဲလက်မခံဘူး။ သူတို့ဘက်ကတောင်းပန်တယ်ဆိုရင် ဒီအမှုကပေါ်ပေါက်လာစရာမရှိဘူး။ အခုတရားသူကြီးကလည်းမှန်မှန်ကန်ကန်နဲ့ အနိုင်ဒီဂရီပေးလို့ ကျေနပ်ပါတယ်။ အခုတော့ ကျွန်မအဖေမှာ လူ့အသိုင်းအဝိုင်းကြားမှာ ကဲ့ရဲ့ဝေဖန်ခံရမှုတွေလည်း ကင်းဝေးသွားပြီ”ဟု တရားလိုလူနာရှင်၏ သမီးဖြစ်သူ မသီတာဝင်းက ပြောကြားခဲ့သည်။

“ဆေးရုံကကျွန်မအဖေလူနာကို HIVပိုးရှိတယ်။ နောက်ဆုံးအခြေအနေပဲ။ ဒါကြောင့် ခုတင်၃၀၀ဆံ့ ဆေးရုံကိုပြောင်းဖို့ပြောတယ်။ ကျွန်မတို့လည်းပြောတဲ့အတိုင်းလုပ်ခဲ့ပါတယ်။ အဖေ့အနေနဲ့ ဒီလိုရောဂါရဖို့အပြုအမူမရှိပါဘဲအခုလိုဆေးစစ်ချက်ထွက်လာတော့အံ့သြမိတယ်။ ရွာမှာလည်းအဖေကိုHIVရောဂါသည်ဆိုပြီးအထင်သေးကဲ့ရဲ့ ခံခဲ့ရတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း(NHL)ရဲ့အဖြေနဲ့ သူတို့ဆေးရုံကအဖြေစာရွက်တွေနဲ့ ပေါင်းပြီးအမှုဖွင့်ခဲ့တာ”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လူနာမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှကျေးရွာတွင် နေထိုင်သည့် တောင်သူဦးဝင်းတင်ဖြစ်ပြီး ၂၀၁၅ခုနှစ်၊ အောက်တိုဘာလပိုင်းကနေထိုင်မကောင်းသဖြင့် အဆိုပါ ဆေးရုံတွင်တက်ရောက်ကုသစဉ် အထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ နှစ်ဖက်လျောက်လဲချက်တွေကိုတရားရုံးကကြားနာပြီးတော့ ဒီနေ့မှာအပြီးသတ်အမိန့်ချတယ်။ တရားသူကြီးရဲ့အမိန့်ချမှတ်မှုကလည်းမျှတမှုရှိပါတယ်”ဟုတရားလို၏အထက်တန်းရှေ့နေဒေါ်ခိုင်ဇာဦးကပြောကြားသည်။

“အခု ကျွန်မအနေနဲ့ အရေးပေါ်အစည်းအဝေးတက်ရောက်နေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ဘာမှ ပြောစရာမရှိပါဘူး။ တရားရုံးကချမှတ်တဲ့အတိုင်းလုပ်ဆောင်သွားမှာပါ။ အခြားတော့ဆက်လက် လုပ်ဆောင်သွားဖို့မရှိပါဘူး”ဟုမြို့တော်ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါ်နွယ်နွယ်ဝင်းကပြောသည်။

တရားလိုဦးဝင်းတင်အနေဖြင့် အသက်(၆၀)ကျော်ရှိရာကျန်းမာရေးကောင်းမွန်သော်လည်းအသက်အရွယ်အရခရီးသွားလာမှုအဆင်မပြေသဖြင့် ယင်းအမှုကိုသမီးဖြစ်သူမသီတာဝင်းမှ ဦးဆောင်ကာ မြို့တော်ဆေးရုံးအားနစ်နာကြေးအဖြစ်ငွေကျပ်သိန်း(၃၀၀)ရှိလိုမှုဖြင့် ၂၀၁၆၊အောက်တိုဘာလမှစတင်၍ မန္တလေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးရာဇ (News Watch )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top