AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

နည္းပညာဆိုတာကလည္း အျမဲတမ္းမွန္ကန္ေနတဲ့အရာ မဟုတ္ပါဘူး။ သူတို႔လည္း တစ္ခါတစ္ရံ အမွားေတြ႕တတ္ပါတယ္။ ဒါ့ေၾကာင့္ နည္းပညာေတြကို အယံုအၾကည္လြယ္လုိ႔မရဘဲ ကိုယ္ပုိင္ ခ်င့္ခ်ိန္ဆံုးျဖတ္မႈေတာ့ ျပဳလုပ္ရပါလိမ့္မယ္။

အခုဆိုရင္ေတာ့ GPS စနစ္ရဲ႕ လမ္းညႊန္မႈအတုိင္းကားေမာင္းခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ေပ ၁၀၀ အနက္ရွိတဲ့ ေရကန္ထဲကို ကားနဲ႔အတူ ထုိးဆင္းသြားခဲ့တဲ့ အျဖစ္အပ်က္ကို ၾကံဳေတြ႕ခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကားေမာင္းသူအမ်ိဳးသမီးဟာ ကေနဒီယန္ ကပြဲတစ္ခုကို ညဘက္မွာ သြားေရာက္ဖုိ႔ ျပင္ဆင္ထားခဲ့တာပါ။ ညႀကီးမင္းႀကီး ကားေမာင္းလာၿပီး လမ္းမသိတဲ့အတြက္ေၾကာင့္ သူမဟာ GPS စနစ္ကို ဖြင့္ၿပီး လမ္းရွာေမာင္းခဲ့တယ္လို႔ သိရပါတယ္။

သူမအေနနဲ႔ ေနရာမွားယြင္းေနၿပီဆိုတာ သိရွိေပမယ့္လည္း GPS က ျပထားတဲ့အတိုင္းပဲ ကားေမာင္းခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ ဆင္ေျခေလွ်ာေလးတစ္ခုက လမ္းေလးတစ္ခုလိုေျပေျပေလးျဖစ္ေနတာေၾကာင့္ ေမာင္းဆင္းခဲ့လုိက္ရာမွာ ေရကန္ထဲကို သူ႔ကားေမာင္းမိသြားၿပီျဖစ္ေၾကာင္း သတိျပဳမိလုိက္ၿပီး ကားထဲက ခ်က္ခ်င္းထြက္ၿပီး ကိုယ္လြတ္ရုန္းခဲ့ရပါေတာ့တယ္။

သူမ ေမာင္းလာခဲ့တဲ့ ဆင္ေျခေလွ်ာေလးဟာ ေလွဆိပ္တစ္ခုျဖစ္ၿပီး ေလွဆိုက္ကပ္ထားျခင္းမရွိခဲ့တာေၾကာင့္ လမ္းေလးတစ္ခုလို ျဖစ္ေနခဲ့တာပါ။

မနက္အေရာက္မွာေတာ့ သက္ဆုိင္ရာက ကားကို ကုန္းေပၚကို ျပန္လည္ဆြဲတင္ေပးခဲ့ၿပီး တစ္စံုတစ္ရာ ထိခိုက္ဆံုးရႈံးမႈမရွိခဲ့ဘူးလို႔ သိရပါတယ္။

ဒါ့ေၾကာင့္ GPS မွာ မွားယြင္းေနတဲ့လမ္းေၾကာင္းကို လုိက္ေမာင္းမိခဲ့တဲ့သူမကေတာ့ ေရကန္ထဲကို ကားနဲ႔အတူထုိးက်သြားခဲ့ပါတယ္။ နည္းပညာမွာလည္း အမွားအယြင္းရွိႏုိင္တာမို႔ အားလံုးလည္း သတိျပဳသင့္တယ္လို႔ ရဲတပ္ဖြဲ႕က ေၾကညာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithoolwin
# Unicode Version ျဖင့္ ဖတ္ပါ #
နည်းပညာဆိုတာကလည်း အမြဲတမ်းမှန်ကန်နေတဲ့အရာ မဟုတ်ပါဘူး။ သူတို့လည်း တစ်ခါတစ်ရံ အမှားတွေ့တတ်ပါတယ်။ ဒါ့ကြောင့် နည်းပညာတွေကို အယုံအကြည်လွယ်လို့မရဘဲ ကိုယ်ပိုင် ချင့်ချိန်ဆုံးဖြတ်မှုတော့ ပြုလုပ်ရပါလိမ့်မယ်။

အခုဆိုရင်တော့ GPS စနစ်ရဲ့ လမ်းညွှန်မှုအတိုင်းကားမောင်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကတော့ ပေ ၁၀၀ အနက်ရှိတဲ့ ရေကန်ထဲကို ကားနဲ့အတူ ထိုးဆင်းသွားခဲ့တဲ့ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကားမောင်းသူအမျိုးသမီးဟာ ကနေဒီယန် ကပွဲတစ်ခုကို ညဘက်မှာ သွားရောက်ဖို့ ပြင်ဆင်ထားခဲ့တာပါ။ ညကြီးမင်းကြီး ကားမောင်းလာပြီး လမ်းမသိတဲ့အတွက်ကြောင့် သူမဟာ GPS စနစ်ကို ဖွင့်ပြီး လမ်းရှာမောင်းခဲ့တယ်လို့ သိရပါတယ်။

သူမအနေနဲ့ နေရာမှားယွင်းနေပြီဆိုတာ သိရှိပေမယ့်လည်း GPS က ပြထားတဲ့အတိုင်းပဲ ကားမောင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဆင်ခြေလျှောလေးတစ်ခုက လမ်းလေးတစ်ခုလိုပြေပြေလေးဖြစ်နေတာကြောင့် မောင်းဆင်းခဲ့လိုက်ရာမှာ ရေကန်ထဲကို သူ့ကားမောင်းမိသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်ပြီး ကားထဲက ချက်ချင်းထွက်ပြီး ကိုယ်လွတ်ရုန်းခဲ့ရပါတော့တယ်။

သူမ မောင်းလာခဲ့တဲ့ ဆင်ခြေလျှောလေးဟာ လှေဆိပ်တစ်ခုဖြစ်ပြီး လှေဆိုက်ကပ်ထားခြင်းမရှိခဲ့တာကြောင့် လမ်းလေးတစ်ခုလို ဖြစ်နေခဲ့တာပါ။

မနက်အရောက်မှာတော့ သက်ဆိုင်ရာက ကားကို ကုန်းပေါ်ကို ပြန်လည်ဆွဲတင်ပေးခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် GPS မှာ မှားယွင်းနေတဲ့လမ်းကြောင်းကို လိုက်မောင်းမိခဲ့တဲ့သူမကတော့ ရေကန်ထဲကို ကားနဲ့အတူထိုးကျသွားခဲ့ပါတယ်။ နည်းပညာမှာလည်း အမှားအယွင်းရှိနိုင်တာမို့ အားလုံးလည်း သတိပြုသင့်တယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thithoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top