×

Facebook မွာ ေတြ႕ဆုံရင္းႏွီးခဲ့တဲ့ အမ်ဳိးသမီးကုိ ၎ရဲ႕ေနအိမ္သုိ႕ ဖိတ္ေခၚခဲ့ၿပီးေနာက္ သတ္ပစ္ခဲ့တဲ့ အိႏၵိယအမ်ဳိးသားတစ္ဦးကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။

မြမ္ဘုိင္းၿမဳိ႕မွာေနထုိင္တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ Haridas Nirgude က Facebook မွာ ၎နဲ႕ခင္မင္ရင္းႏွီးခဲ့တဲ့ အမ်ဳိးသမီးကုိ ေနအိမ္သုိ႕ဖိတ္ၾကားခဲ့ၿပီးေနာက္ လိင္ဆက္ဆံရန္ေတာင္းဆုိခဲ့ရာ မလုိက္ေလ်ာခဲ့တဲ့အတြက္ လည္ပင္းညွစ္သတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆုိခဲ့ေၾကာင္း Press Trust of India သတင္းဌာနက ေျပာပါတယ္။

အသတ္ခံရတဲ့ အမ်ဳိးသမီးဟာ မုဒိမ္းက်င့္ခံခဲ့ရျခင္း႐ွိ မ႐ွိ သိႏုိင္ရန္အတြက္ ရဲတပ္ဖြဲ႕က အေလာင္းစစ္ေဆးမႈရလဒ္ကို ေစာင့္ဆုိင္းေနေၾကာင္း သိရပါတယ္။ အသတ္ခံရတဲ့ အမ်ဳိးသမီးဟာ Haridas Nirgude နဲ႕ Facebook မွာ လတ္တေလာ သူငယ္ခ်င္းျဖစ္ခဲ့ၿပီးေနာက္ ထုိအမ်ဳိးသားကုိေတြ႕ရန္ ေနအိမ္ကုိသြားေရာက္ခဲ့တယ္လုိ႕ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

 အိႏၵိယမွာ အမ်ဳိးသမီးမ်ား အၾကမ္းဖက္ခံရမႈကုိ ဆႏၵျပစဥ္

အသတ္ခံရတဲ့ အမ်ဳိးသမီးအေလာင္းကုိ Haridas Nirgude ရဲ႕ တိုက္ခန္းေလွကားမွာ အိမ္နီးခ်င္းေတြက စတင္ေတြ႕႐ွိခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

အိမ္နီးခ်င္းေတြရဲ႕ ထြက္ဆုိခ်က္အရ အသတ္ခံရတဲ့ အမ်ဳိးသမီးဟာ Haridas Nirgude ရဲ႕ တုိက္ခန္းအတြင္း ဝင္သြားခဲ့တာကုိ အေစာပုိင္းမွာ ေတြ႕ခဲ့ရေၾကာင္း အိမ္နီးခ်င္းေတြက ထြက္ဆုိခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က Haridas Nirgude ရဲ႕ တုိက္ခန္းအတြင္း ဝင္ေရာက္႐ွာေဖြရာ အသတ္ခံတဲ့အမ်ဳိးသမီးရဲ႕ မုိဘုိင္းဖုန္းနဲ႕ လက္ကုိင္အိတ္တုိ႕ကုိ ေတြ႕႐ွိခဲ့ရပါတယ္။ အိႏၵိယမွာ အမ်ဳိးသမီးမ်ားကုိ အၾကမ္းဖက္မႈေတြ ကာလ႐ွည္ၾကာ ျဖစ္ပြားေနခဲ့ပါတယ္။

ခ်စ္ေရးဆုိမႈ ျငင္းပယ္ခံရသူမ်ား၊ သဝန္တုိသူ လက္တြဲေဖာ္မ်ား သို႕မဟုတ္ တစ္ဖက္သတ္ ခ်စ္ႀကဳိက္ေနမ်ား အစ႐ွိတဲ့ အမ်ဳိးသားေတြက အမ်ဳိးသမီးေတြကုိ အၾကမ္းဖက္ေလ့႐ွိေၾကာင္း သိရပါတယ္။

၂၀၁၂ ခုႏွစ္အတြင္းက ေဒလီဘတ္စ္ကားတစ္စီးေပၚမွာ ေက်ာင္းသူတစ္ဦးကုိ အုပ္စုဖြဲ႕မုဒိမ္းက်င့္ သတ္ျဖတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယအစုိးရက လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြကုိ ပုိမုိျပင္းထန္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ တုိးျမွင့္လုပ္ေဆာင္လာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
Facebook မှာ တွေ့ဆုံရင်းနှီးခဲ့တဲ့ အမျိုးသမီးကို ၎င်းရဲ့နေအိမ်သို့ ဖိတ်ခေါ်ခဲ့ပြီးနောက် သတ်ပစ်ခဲ့တဲ့ အိန္ဒိယအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မွမ်ဘိုင်းမြို့မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် Haridas Nirgude က Facebook မှာ ၎င်းနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ အမျိုးသမီးကို နေအိမ်သို့ဖိတ်ကြားခဲ့ပြီးနောက် လိင်ဆက်ဆံရန်တောင်းဆိုခဲ့ရာ မလိုက်လျောခဲ့တဲ့အတွက် လည်ပင်းညှစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း Press Trust of India သတင်းဌာနက ပြောပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးဟာ မုဒိမ်းကျင့်ခံခဲ့ရခြင်းရှိ မရှိ သိနိုင်ရန်အတွက် ရဲတပ်ဖွဲ့က အလောင်းစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးဟာ Haridas Nirgude နဲ့ Facebook မှာ လတ်တလော သူငယ်ချင်းဖြစ်ခဲ့ပြီးနောက် ထိုအမျိုးသားကိုတွေ့ရန် နေအိမ်ကိုသွားရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 အိန္ဒိယမှာ အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို ဆန္ဒပြစဉ်

အသတ်ခံရတဲ့ အမျိုးသမီးအလောင်းကို Haridas Nirgude ရဲ့ တိုက်ခန်းလှေကားမှာ အိမ်နီးချင်းတွေက စတင်တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်းတွေရဲ့ ထွက်ဆိုချက်အရ အသတ်ခံရတဲ့ အမျိုးသမီးဟာ Haridas Nirgude ရဲ့ တိုက်ခန်းအတွင်း ဝင်သွားခဲ့တာကို အစောပိုင်းမှာ တွေ့ခဲ့ရကြောင်း အိမ်နီးချင်းတွေက ထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က Haridas Nirgude ရဲ့ တိုက်ခန်းအတွင်း ဝင်ရောက်ရှာဖွေရာ အသတ်ခံတဲ့အမျိုးသမီးရဲ့ မိုဘိုင်းဖုန်းနဲ့ လက်ကိုင်အိတ်တို့ကို တွေ့ရှိခဲ့ရပါတယ်။ အိန္ဒိယမှာ အမျိုးသမီးများကို အကြမ်းဖက်မှုတွေ ကာလရှည်ကြာ ဖြစ်ပွားနေခဲ့ပါတယ်။

ချစ်ရေးဆိုမှု ငြင်းပယ်ခံရသူများ၊ သဝန်တိုသူ လက်တွဲဖော်များ သို့မဟုတ် တစ်ဖက်သတ် ချစ်ကြိုက်နေများ အစရှိတဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို အကြမ်းဖက်လေ့ရှိကြောင်း သိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်းက ဒေလီဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအစိုးရက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top