ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အခါးအရသာနဲ႕ ႀကက္ဟင္းခါးသီးကို အစားအစာတစ္ခုအေနနဲ႕သာမဟုတ္ဘဲ ေဆးတစ္ခြက္အေနနဲ႕ပါ တြင္တြင္က်ယ္က်ယ္အသံုးျပဳေနႀကပါတယ္။ ႀကက္ဟင္းခါးသီးတြင္ ပရိုတင္း၊ ကာဗိုဟိုက္ဒရိုတ္၊ ကယ္လ္စီယမ္၊ သံဓာတ္၊ ေဖာ့စ္ေဖာရပ္စ္၊ မဂၢနီဆီယမ္၊ ေဖာ့လစ္တုိ႕ႏွင့္ ဗီတာမင္မ်ိဳးစံုေပါင္းစပ္ပါ၀င္ပါတယ္။

ႀကက္ဟင္းခါးသီးကို သူ႕ရဲ႕အခါးအရသာေႀကာင့္ ဟင္းခ်က္တဲ့အခါမွာ အမ်ိဳးမ်ိဳးခ်က္ျပဳတ္စားသံုးႀကပါတယ္။ ဒါ့အျပင္ အသီး၊ အရြက္၊ ရိုးတံ တုိ႕ကိုလည္း လက္ဖက္ရည္ႀကမ္းလုပ္ၿပီး ေသာက္သံုးႏုိင္ပါေသးတယ္။

ႀကက္ဟင္းခါးသီးေဖ်ာ္ရည္ ျပင္ဆင္ပံုအဆင့္ဆင့္

၁။ အလယ္အလတ္အရြယ္အစားရွိတဲ့ ႀကက္ဟင္းခါးသီး တစ္လံုး သို႕မဟုတ္ ႏွစ္လံုးကို ေရေဆးေပးပါ။

၂။ အလယ္ကေနဓားနဲ႕ထက္ျခမ္းခြဲၿပီး အေစ့ေတြနဲ႕ အသားကို ဇြန္းနဲ႕ေကာ္ထုတ္ပါ။

၃။ ၿပီးရင္ ႀကက္ဟင္းခါးသီးကို အေနေတာ္အရြယ္အစားေလးေတြလွီးေပးပါ။

၄။ လွီးၿပီးသား ႀကက္ဟင္းခါးသီးေတြကို ေရထဲတြင္ မိနစ္ ၂၀ မွ ၃၀ ခန္႕စိမ္ေပးပါ။

၅။ အခ်ိန္ျပည့္သြားလွ်င္ ႀကက္ဟင္းခါးသီးေတြကို စိမ္ထားသည့္ေရႏွင့္အတူႀကိတ္ေပးပါ။

၆။ အဖတ္ေတြကိုဖယ္ထုတ္ၿပီး အရည္ကိုစစ္ပစ္ပါ။

၇။ အရသာအတြက္ ပ်ားရည္၊ ငရုပ္ေကာင္းမႈန္႕၊ သံပယိုရည္ သို႕မဟုတ္ ဂ်င္းရည္ကိုေပါင္းထည့္ေပးပါ။

ႀကက္ဟင္းခါးသီးေဖ်ာ္ရည္ရဲ႕အက်ိဳးေက်းဇူးမ်ား

၁။ ဆီးခ်ိဳထိန္းေပးျခင္း

ကက္ဟင္းခါးသီးသည္ ေသြးအတြင္းရွိဂလူးကို႕စ္ေလွ်ာ့ခ်ေပးတဲ့ သက္ေရာက္မႈရွိတာေႀကာင့္ ဆီးခ်ိဳကိုထိန္းခ်ဳပ္ေပးႏိုင္ကာ အဆင့္ ၁ ႏွင့္ အဆင့္ ၂ ရွိဆီးခ်ိဳအတြက္ အလြန္အက်ိဳးရွိပါတယ္။ မနက္တိုင္း ႀကက္ဟင္းခါးသီးေဖ်ာ္ရည္တစ္ခြက္ကို အစာမစားခင္ေသာက္သံုးေပးပါ။

၂။ ေသြးကိုသန္႕စင္ေပးျခင္း

ေသြးမသန္႕ျခင္းေႀကာင့္ မႀကာခဏေခါင္းကိုက္ျခင္း၊ ဓာတ္မတည့္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ကိုယ္ခံအားနည္းျခင္းတုိ႕လို ေရာဂါလကၡဏာေတြကိုျဖစ္လာေစႏိုင္ပါတယ္။ ႀကက္ဟင္းခါးသီးေဖ်ာ္ရည္တစ္ခြက္ထဲကို သံပယိုရည္၊ ပ်ားရည္အနည္းငယ္ထည့္ကာ ေျခာက္လႀကာသည္အထိ အစာမစားခင္ ေန႕စဥ္မွန္မွန္ေသာက္သံုးေပးပါ။

၃။ အသည္းက်န္းမာေရးကိုေထာက္ပံ့ေပးျခင္း

အသည္းရဲ႕စစ္ထုတ္ႏိုင္မႈစြမ္းအားကို အားျဖည့္ေပးတာေႀကာင့္ ေသြးကိုသန္႕စင္ေပးျခင္း၊ အသည္းအတြင္းရွိ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးရာတို႕တြင္ အလြန္အေထာက္အပံ့ျဖစ္ေစပါတယ္။ အသည္းမွန္မွန္အလုပ္လုပ္သည့္အခါ အ၀လြန္ျခင္း၊ ပင္ပန္းမူးေ၀ျခင္း၊ ေခါင္းကိုက္ျခင္း၊ အစာမေႀကျခင္း စတဲ့ျပႆနာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ႀကက္ဟင္းခါးသီးတစ္ခြက္ကို အနည္းဆံုးေတာ့ တစ္ေန႕တစ္ႀကိမ္မွန္မွန္ေသာက္သံုးေပးပါ။

၄။ ကိုလက္စထေရာေလွ်ာ့ခ်ေပးျခင္း

ႏွလံုးဆိုင္ရာျပႆနာမ်ားကို ျဖစ္ေပၚေစႏုိင္ေသာ ခႏၶာကိုယ္အတြင္းရွိ မေကာင္းေသာကိုလက္စထေရာမ်ားကို ဖယ္ရွားေပးကာ ေကာင္းသည့္ကိုလက္စထေရာမ်ားကို ေပါက္ဖြားေစပါတယ္။ ဒါေႀကာင့္ ႀကက္ဟင္းခါးသီးကို စားသံုးေပးသည့္အက်င့္ကို ေမြးျမဴေပးပါ။

၅။ ကိုယ္ခံအားျမွင့္တင္ေပးျခင္း

ႀကက္ဟင္းခါးသီးကို မွန္မွန္စားသံုးေပးျခင္းက ကိုယ္ခံအားကို ေကာင္းမြန္ေစကာ ေရာဂါမ်ားကိုတိုက္ထုတ္ႏိုင္တဲ့ ခႏၶာကိုယ္စြမ္းရည္ကို တိုးတက္ေစပါတယ္။

၆။ ကင္ဆာကာကြယ္ေပးျခင္း

ႀကက္ဟင္းခါးသီးတြင္ပါ၀င္တဲ့ antioxidants ေတြက ကင္ဆာေရာဂါအမ်ိဳးမ်ိဳးကိုျဖစ္ေစႏုိင္တဲ့ ေရဒီယိုသတၱိလိႈင္းေတြကို တိုက္ထုတ္ရာတြင္ ကူညီေပးပါတယ္။

၇။ ၀ိတ္က်ရန္ကူညီေပးျခင္း

ေပ်ာ္၀င္ႏိုင္သည့္ဖိုက္ဘာျမင့္မားၿပီး ကယ္လိုရီပါ၀င္မႈနည္းပါးလုိ႕ ခႏၶာကိုယ္အတြင္း အဆီစုေ၀းမႈနည္းပါးမွာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle
#Unicode Version#
အခါးအရသာနဲ့ ကြက်ဟင်းခါးသီးကို အစားအစာတစ်ခုအနေနဲ့သာမဟုတ်ဘဲ ဆေးတစ်ခွက်အနေနဲ့ပါ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။ ကြက်ဟင်းခါးသီးတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖောရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဖော့လစ်တို့နှင့် ဗီတာမင်မျိုးစုံပေါင်းစပ်ပါဝင်ပါတယ်။

ကြက်ဟင်းခါးသီးကို သူ့ရဲ့အခါးအရသာကြောင့် ဟင်းချက်တဲ့အခါမှာ အမျိုးမျိုးချက်ပြုတ်စားသုံးကြပါတယ်။ ဒါ့အပြင် အသီး၊ အရွက်၊ ရိုးတံ တို့ကိုလည်း လက်ဖက်ရည်ကြမ်းလုပ်ပြီး သောက်သုံးနိုင်ပါသေးတယ်။

ကြက်ဟင်းခါးသီးဖျော်ရည် ပြင်ဆင်ပုံအဆင့်ဆင့်

၁။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကြက်ဟင်းခါးသီး တစ်လုံး သို့မဟုတ် နှစ်လုံးကို ရေဆေးပေးပါ။

၂။ အလယ်ကနေဓားနဲ့ထက်ခြမ်းခွဲပြီး အစေ့တွေနဲ့ အသားကို ဇွန်းနဲ့ကော်ထုတ်ပါ။

၃။ ပြီးရင် ကြက်ဟင်းခါးသီးကို အနေတော်အရွယ်အစားလေးတွေလှီးပေးပါ။

၄။ လှီးပြီးသား ကြက်ဟင်းခါးသီးတွေကို ရေထဲတွင် မိနစ် ၂၀ မှ ၃၀ ခန့်စိမ်ပေးပါ။

၅။ အချိန်ပြည့်သွားလျှင် ကြက်ဟင်းခါးသီးတွေကို စိမ်ထားသည့်ရေနှင့်အတူကြိတ်ပေးပါ။

၆။ အဖတ်တွေကိုဖယ်ထုတ်ပြီး အရည်ကိုစစ်ပစ်ပါ။

၇။ အရသာအတွက် ပျားရည်၊ ငရုပ်ကောင်းမှုန့်၊ သံပယိုရည် သို့မဟုတ် ဂျင်းရည်ကိုပေါင်းထည့်ပေးပါ။

ကြက်ဟင်းခါးသီးဖျော်ရည်ရဲ့အကျိုးကျေးဇူးများ

၁။ ဆီးချိုထိန်းပေးခြင်း

ကက်ဟင်းခါးသီးသည် သွေးအတွင်းရှိဂလူးကို့စ်လျှော့ချပေးတဲ့ သက်ရောက်မှုရှိတာကြောင့် ဆီးချိုကိုထိန်းချုပ်ပေးနိုင်ကာ အဆင့် ၁ နှင့် အဆင့် ၂ ရှိဆီးချိုအတွက် အလွန်အကျိုးရှိပါတယ်။ မနက်တိုင်း ကြက်ဟင်းခါးသီးဖျော်ရည်တစ်ခွက်ကို အစာမစားခင်သောက်သုံးပေးပါ။

၂။ သွေးကိုသန့်စင်ပေးခြင်း

သွေးမသန့်ခြင်းကြောင့် မကြာခဏခေါင်းကိုက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့လို ရောဂါလက္ခဏာတွေကိုဖြစ်လာစေနိုင်ပါတယ်။ ကြက်ဟင်းခါးသီးဖျော်ရည်တစ်ခွက်ထဲကို သံပယိုရည်၊ ပျားရည်အနည်းငယ်ထည့်ကာ ခြောက်လကြာသည်အထိ အစာမစားခင် နေ့စဉ်မှန်မှန်သောက်သုံးပေးပါ။

၃။ အသည်းကျန်းမာရေးကိုထောက်ပံ့ပေးခြင်း

အသည်းရဲ့စစ်ထုတ်နိုင်မှုစွမ်းအားကို အားဖြည့်ပေးတာကြောင့် သွေးကိုသန့်စင်ပေးခြင်း၊ အသည်းအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးရာတို့တွင် အလွန်အထောက်အပံ့ဖြစ်စေပါတယ်။ အသည်းမှန်မှန်အလုပ်လုပ်သည့်အခါ အဝလွန်ခြင်း၊ ပင်ပန်းမူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း စတဲ့ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးတစ်ခွက်ကို အနည်းဆုံးတော့ တစ်နေ့တစ်ကြိမ်မှန်မှန်သောက်သုံးပေးပါ။

၄။ ကိုလက်စထရောလျှော့ချပေးခြင်း

နှလုံးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်သော ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောကိုလက်စထရောများကို ဖယ်ရှားပေးကာ ကောင်းသည့်ကိုလက်စထရောများကို ပေါက်ဖွားစေပါတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီးကို စားသုံးပေးသည့်အကျင့်ကို မွေးမြူပေးပါ။

၅။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ကြက်ဟင်းခါးသီးကို မှန်မှန်စားသုံးပေးခြင်းက ကိုယ်ခံအားကို ကောင်းမွန်စေကာ ရောဂါများကိုတိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်စွမ်းရည်ကို တိုးတက်စေပါတယ်။

၆။ ကင်ဆာကာကွယ်ပေးခြင်း

ကြက်ဟင်းခါးသီးတွင်ပါဝင်တဲ့ antioxidants တွေက ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်တဲ့ ရေဒီယိုသတ္တိလှိုင်းတွေကို တိုက်ထုတ်ရာတွင် ကူညီပေးပါတယ်။

၇။ ဝိတ်ကျရန်ကူညီပေးခြင်း

ပျော်ဝင်နိုင်သည့်ဖိုက်ဘာမြင့်မားပြီး ကယ်လိုရီပါဝင်မှုနည်းပါးလို့ ခန္ဓာကိုယ်အတွင်း အဆီစုဝေးမှုနည်းပါးမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top