စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အမ်ဳိးသမီးေသြးဆံုးတာကို လူေတြသိျမင္ တာ လြယ္ကူတယ္။ အသက္ ၁ဝ ႏွစ္ ေက်ာ္ ရာသီစလာခ်ိန္ကစလို႔ အသက္(၄၅-၅ဝ)ႏွစ္ အထိ မီးယပ္ေသြး လစဥ္လာတဲ့ကာလဟာ အမ်ဳိးသမီး ကိုယ္ဝန္ရႏိုင္တဲ့ ကာလျဖစ္တယ္။ အမ်ဳိးသမီးမ်ား ရာသီ ဆံုးတာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီဘူး။ မိခင္ မ်ဳိး႐ိုးနဲ႔ဆိုင္တယ္။ မိခင္၊ အဘြားလုပ္သူက အသက္ ၅ဝ ေရာက္မွေသြးဆံုးရင္ မိမိလည္း ၅ဝမွာ ေသြးဆံုးႏိုင္ တယ္။ မီးယပ္ၿပီးဆံုးခ်ိန္ စိတ္ခံစားခ်က္ခ်င္း မတူညီၾက ဘူး။ တခ်ဳိ႕က မစြမ္းေဆာင္ႏိုင္ေတာ့ဘူး စသျဖင့္ စိတ္ က်ေရာဂါရကာ အဘြားအိုပံုစံေနထိုင္လာတယ္။ တခ်ဳိ႕ က အသိပညာတိုးပြားလို႔ တတ္စြမ္းတဲ့ပညာနဲ႔ လူ႔ဘဝ စတင္ၿပီလို႔ခံယူကာ အမ်ားေကာင္းက်ဳိး၊ မိသားစုေကာင္း က်ဳိး ပိုမိုေဆာင္ရြက္ႏိုင္တာ ေတြ႕ရတယ္။

မေဟာ္မုန္း

မေဟာ္မုန္းအီစထ႐ိုဂ်င္ထုတ္လုပ္မႈေႏွး ေကြးလာလို႔ ခႏၶာကိုယ္အားအင္ယုတ္ေလ်ာ့ကာ ေသြးဆံုးမီးယပ္လကၡဏာမ်ား ေပၚလာတယ္။ ခ်က္ခ်င္းပူ လိုက္၊ ေအးလိုက္ျဖစ္ၿပီး အိပ္မေပ်ာ္ ေခါင္းကိုက္ကာ စိတ္တို၊ ေဒါသထြက္တာမ်ားရင္ ေသြးဆံုးလကၡဏာမ်ား ေပၚလာတယ္ဆိုတယ္။ အေရျပားက်ဳံ႕ႏိုင္၊ ဆန္႔ႏိုင္မႈ ေပ်ာက္ကာ သတိေမ့တတ္တယ္။ အလိုမက်တာေတြ မ်ားတယ္။

ဓာတ္စာ

ေသြးဆံုးမီးယပ္ဓာတ္စာေတြက ဆန္လံုးညိဳ၊ ေဂၚဖီထုပ္၊ မုန္လာဥနီ၊ ပဲေတာင့္၊ ပဲသီး၊ မုန္လာဥဝါ၊ ေရွာက္၊ သံပုရာ၊ ေျပာင္းမႈန္႔၊ ျမင္းစားဂ်ဳံမႈန္႔၊ အာလူး၊ စမုန္နက္၊ ပဲပိစပ္တို႔ပါတဲ့အစားအစာ စားသင့္တယ္။ ပဲပိစပ္မွာ ဂ်င္နီစတိန္း (Genistein) ဓာတ္ပါဝင္တာ၊ အီစထ႐ိုဂ်င္ဓာတ္ အမ်ားႀကီးပါဝင္တယ္။ ယင္းဓာတ္ ဟာ အီစထ႐ိုဂ်င္လိုပဲ အသက္အရြယ္ႀကီး လို႔ျဖစ္တဲ့ အ႐ိုးပြေရာဂါနဲ႔ အျခားေရာဂါမျဖစ္ေအာင္ ကာကြယ္ ေပးတယ္။ အျခားပဲသီး၊ ပဲေတာင့္၊ ပဲေစ့ေတြလည္းပါတယ္။ ေန႔စဥ္နာရီဝက္ေလ့က်င့္ခန္း၊ အေျပးလမ္းေလွ်ာက္၊ စက္ဘီးစီး လုပ္သင့္ပါတယ္။

အမ်ဳိးသမီးမီးယပ္ဆံုးခ်ိန္

အမ်ဳိးသမီးေတြ ကာမဆႏၵ က်ဆင္းယုတ္ေလ်ာ့သြားတယ္။ က်ဆင္းရတာက အီ စထ႐ိုဂ်င္၊ တက္စထ႐ိုစတုန္းေဟာ္မုန္းမ်ား ေလ်ာ့က် သြားလို႔ျဖစ္တယ္။ သည္ျဖစ္စဥ္ပံ့ပိုးေနတဲ့အေၾကာင္း ေတြထဲမွာ စိတ္ဖိစီးမႈ၊ ပင္ပန္းႏြမ္းနယ္မႈ၊ ကိုယ့္ပံုရိပ္ ကိုယ္ေဖာ္ရမွာညံ့ဖ်င္းမႈနဲ႔ အသက္အရြယ္ႀကီးရင့္တဲ့ ခင္ပြန္းသည္ျဖစ္ေနမႈတို႔လို႔ ဆိုထားတယ္။ ေဟာ္မုန္း ဓာတ္ေၾကာင့္ ကာမဆႏၵေလ်ာ့နည္းကာမျဖစ္ဖို႔ 'မ' ဆႏၵ အားေဆး (Fenicnineesire)ေ ဆးၫႊန္းႏိုင္တယ္။ ေဟာ္ မုန္း (Endocrne) ထုတ္လုပ္မႈကို လႈံ႔ေဆာ္ေပးသလို ခြန္အားစြမ္းပကားနဲ႔ သဘာဝဆႏၵျဖစ္လာေအာင္ လႈံ႔ ေဆာ္ေပးတယ္။ ဆိတ္ေခ်းပင္ (Homy Goat Seed) အပင္ဟာ အင္ဒ႐ိုဂ်င္နဲ႔တူတဲ့ဓာတ္ပါလို႔ က်ားေရာ၊ မပါ သံုးႏိုင္တယ္။ ကာမလႈံ႔ေဆာ္မႈ အားေပးတယ္။

က်ားဘဝ

အမ်ဳိးသားေသြးဆံုးခ်ိန္ဟာ အသက္၄၅-၅၅ႏွစ္ အတြင္းျဖစ္တတ္တယ္။ ပ်မ္းမွ်၅၁ႏွစ္သတ္မွတ္ တယ္။ အမ်ဳိးသားတစ္ေယာက္ ၁၂-၁၄ႏွစ္အရြယ္ သုက္ စတင္တဲ့အရြယ္ကစၿပီး အိမ္ေထာင္က်ၿပီးခ်ိန္မွစ၍ လိင္ ကိစၥအသံုးခ်မ်ားရင္ ေယာက်္ားေသြးဆံုးခ်ိန္ေစာၿပီး ခံစားရတယ္။ အမ်ဳိးသားေဟာ္မုန္းထြက္ႏႈန္းဟာ တစ္ ႏွစ္မွာ ၁-၁ဝရာခိုင္ႏႈန္းေလ်ာ့နည္းၿပီး တခ်ဳိ႕ အသက္ ၆ဝ-၇ဝအထိ စြမ္းရည္မက်တတ္ဘဲ (သို႔)ေဟာ္မုန္းေလ်ာ့ နည္းခ်ိန္မ်ားရင္ အမ်ဳိးသားေသြးဆံုးခ်ိန္ျဖစ္ႏိုင္ေျခမ်ား တယ္။ အမ်ဳိးသားေသြးဆံုးခ်ိန္ဟာ တျဖည္းျဖည္းခ်င္း သာခံစားရလို႔ ခ်က္ခ်င္းသတိမထားမိဘူး။ အိုမင္းျခင္း နဲ႔ဆက္ႏႊယ္ေနတဲ့ အမ်ဳိးသားေသြးဆံုးေဝဒနာဟာ အ မ်ဳိးသားစြမ္းအားကို 'ဖြဲတစ္ဆုပ္ႏိုင္ရင္ျဖစ္တယ္'ဆို စကားရွိတာနဲ႔အညီ ေသဆံုးခ်ိန္အထိ သုက္ရည္ထြက္ ႏိုင္ၿပီး အသက္ႀကီးလာတာ နဲ႔အမွ် အႀကိမ္နည္းလာ ျခင္း၊ Sperm စပန္းသုက္ ေကာင္အေရအတြက္ နည္း လာျခင္းျဖစ္လာတယ္။

ဆီးက်ိတ္

အသက္၆ဝ ေက်ာ္ရင္ ဆီးက်ိတ္ရာခိုင္ ႏႈန္း ၆ဝ ႀကီးတယ္။ အ သက္၇ဝမွ ရာခိုင္ႏႈန္း ၇ဝ ခန္႔ အသက္ ၈ဝ-၉ဝမွာ ဆီးက်ိတ္၈ဝ-၉၅ရာခိုင္ ႏႈန္း ဆီးက်ိတ္ႀကီးလာၾက တယ္။ ဆီးက်ိတ္ႀကီးလို႔ ကာမဆက္ဆံလိုစိတ္ မ်ား တတ္တယ္။ ယင္းေရာဂါ ျဖစ္ၿပီး ကင္ဆာမျဖစ္ခင္ ခြဲစိတ္ထားဖို႔ လိုတယ္။ ေရာဂါေၾကာင့္ ကာမဆက္ ဆံခ်င္တာကို အမ်ဳိးသမီး နဲ႔ မိသားစုဝင္မ်ားက သ ေဘာမေပါက္၊ မကုဘဲ ထားရင္ အသက္ႀကီးမွ မု ဒိမ္းမႈက်ဴးလြန္တဲ့အထိ ေဘးထြက္ဆိုးက်ဳိးခံစား ရရွိေစတယ္။

ေသြးဆံုးလကၡဏာမ်ား

ေသြးဆံုးလကၡဏာမ်ား မွာ ႐ူပ႐ုပ္သြင္ေျပာင္းျခင္း၊ စိတ္ပိုင္းဆိုင္ရာေျပာင္း ျခင္းျဖစ္တယ္။ ႐ုပ္အသြင္ ေျပာင္းျခင္းမွာ သြားလာ လုပ္ကိုင္မႈ ေႏွးေကြးျခင္း၊ ေခါင္းမူး ေခါင္းကိုက္ျခင္း၊ ကိုယ္လက္မအီမသာျဖစ္ ျခင္း၊ လိင္ပိုင္းဆိုင္ရာဆႏၵ ေလ်ာ့နည္းျခင္း၊ လိင္ကိစၥ ၿပီးဆံုးေအာင္ မေဆာင္ရြက္ႏိုင္ျခင္း၊ ပန္းေသ ပန္းညိႇဳး ေရာဂါျဖစ္ျခင္း၊ အားမရွိသကဲ့သို႔ခံစားရျခင္း၊ ေမာပန္း လြယ္ျခင္းတို႔ ျဖစ္ေစတယ္။ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲ ျခင္းမွာ စိတ္ကေယာက္ကယက္ျဖစ္ျခင္း၊ ေမ့လြယ္ျခင္း၊ စိတ္ဆိုးလြယ္၊ ေဒါသျဖစ္လြယ္ျခင္း၊ အိုမင္းလာသည့္ အတြက္ အိမ္ေထာင္ဖက္မွ စိတ္ဝင္စားမႈ ေလ်ာ့နည္း လာမည္ကိုစိုးရိမ္ၿပီး အိမ္ေထာင္ဖက္အား စိတ္မခ်ျခင္း၊အျခားေယာက်္ားႏွင့္ ေပါင္းသင္းေျပာဆိုမႈ၌ မေက်နပ္ ျခင္း၊ မိမိကိုယ္မိမိစြမ္းေဆာင္ရည္မရွိေတာ့ဟုထင္ၿပီး စိတ္ဓာတ္က်ျခင္း၊ အလြန္အမင္းေဒါသထြက္ကာ စိတ္ လိုက္မာန္ပါျပဳလုပ္တတ္ျခင္းတို႔ျဖစ္ရာ မိသားစုအသိုင္း အဝိုင္းက နားလည္စြာျဖင့္ ဝိုင္းဝန္းကူညီေဖးမေစာင့္ ေရွာက္ဖို႔လိုပါတယ္။ စိတ္ပိုင္းဆိုင္ရာဆိုးရြား (အိပ္မ ေပ်ာ္)ရင္ ဆရာဝန္ႏွင့္ျပသကုသမႈခံသင့္ တယ္။ ကုသမႈ မခံရင္ ေနာက္ဆံုးပန္းေသပန္းညိႇဳးျခင္း၊ စိတ္ဓာတ္က် ျခင္း၊ စိတၱဇေရာဂါရ အိပ္မေပ်ာ္ျခင္းျဖစ္တယ္။

ဓာတ္စာ

အမ်ဳိးသားအားအင္ကုန္ခန္းမႈ(သို႔)က်ား ေသြးဆံုးမႈကို ဆတ္ခ်ဳိႏု၊ ဂ်င္ဆင္းျမစ္၊ ရဲယိုျမစ္၊တ႐ုတ္ဆယ္နဂါး(အေစးျဖဴထြက္)နဲ႔ ေသြးလွည့္ပတ္မႈ ေကာင္းေအာင္ ေဝွးေစ့ရဲ႕လုပ္ငန္းလႈံ႔ေဆာ္ေပးေအာင္ ေဟာ္မုန္းစနစ္လႈံ႔ေဆာ္ေပးေအာင္ သံုးတတ္ၾကတယ္။ အင္ဒ႐ိုဂ်င္နဲ႔တူတဲ့ဓာတ္ပါလို႔ စားသင့္တယ္။ ေယာက်္ား အဂၤါထူေထာင္ဖို႔မျဖစ္တဲ့သူမ်ားအတြက္ ႏွလံုးေသြးလႊတ္ ေၾကာမ်ား က်န္းမာေရး၊ ေသြးလွည့္ပတ္မႈေကာင္းဖို႔ ေန႔ စဥ္တစ္နာရီခန္႔ ေလ့က်င့္ခန္း(အေျပး၊ လမ္းေလွ်ာက္၊ စက္ဘီးစီး)လုပ္သင့္တယ္။ စိတ္ဖိစီးမႈေလွ်ာ့ခ်ၿပီး အိပ္ ေရးဝဝ အိပ္သင့္တယ္။

ဓာတ္စာ

ကမာ၊ ေရႊဖ႐ုံေစ့၊ ေနၾကာေစ့၊ ေျမပဲဆန္၊ သီ ဟိုဠ္ေစ့၊ ပဲသီး၊ ပဲေတာင့္၊ ဆန္လံုးညိဳနဲ႔ ဂ်ဳံပင္ေပါက္ စားေပးႏိုင္တယ္။ ဗစ္ရာဂလာ (Viagra) ကာမေဆး သံုးသင့္ သံုးရမယ္။ အစားအစာနဲ႔ ျပင္ယူသင့္တယ္။

သံုးသပ္ျခင္း။အမ်ဳိးသမီးျဖစ္ေစ၊အမ်ဳိးသားျဖစ္ေစ ေသြးဆံုးေရာဂါျဖစ္မွန္းမသိျဖစ္တတ္တဲ့ေရာဂါျဖစ္ရင္ ေသြးသားေၾကာင့္ စိတ္ေဖာက္ျပန္မႈက အိမ္ေထာင္ ေရး မသင့္မတင့္ျဖစ္ေစကာ အမ်ဳိးသမီးေသြးဆံုးခ်ိန္ နားလည္ေပးသလို အမ်ဳိးသားေသြးဆံုးခ်ိန္ေရာဂါျဖစ္ ေနေၾကာင္း နားလည္ခြင့္လႊတ္ေပးသင့္တယ္။

ဆးဝါးကုသျခင္း၊ တစ္ဦးနဲ႔တစ္ဦး ေႏြးေထြး စြာဆက္ဆံျခင္းျဖင့္ ကုသသလို မိသားစုဆရာဝန္ႏွင့္ တိုင္ပင္ကာ က်န္းမာေရးအသိပညာႏွင့္ ပူးေပါင္းေစာင့္ ေရွာက္ျခင္းအျပင္ ဘာသာေရးလိုက္စားျခင္းနဲ႔ စိတ္ ၿငိမ္စြာထားသင့္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin

#Unicode Version#
အမျိုးသမီးသွေးဆုံးတာကို လူတွေသိမြင် တာ လွယ်ကူတယ်။ အသက် ၁ဝ နှစ် ကျော် ရာသီစလာချိန်ကစလို့ အသက်(၄၅-၅ဝ)နှစ် အထိ မီးယပ်သွေး လစဉ်လာတဲ့ကာလဟာ အမျိုးသမီး ကိုယ်ဝန်ရနိုင်တဲ့ ကာလဖြစ်တယ်။ အမျိုးသမီးများ ရာသီ ဆုံးတာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘူး။ မိခင် မျိုးရိုးနဲ့ဆိုင်တယ်။ မိခင်၊ အဘွားလုပ်သူက အသက် ၅ဝ ရောက်မှသွေးဆုံးရင် မိမိလည်း ၅ဝမှာ သွေးဆုံးနိုင် တယ်။ မီးယပ်ပြီးဆုံးချိန် စိတ်ခံစားချက်ချင်း မတူညီကြ ဘူး။ တချို့က မစွမ်းဆောင်နိုင်တော့ဘူး စသဖြင့် စိတ် ကျရောဂါရကာ အဘွားအိုပုံစံနေထိုင်လာတယ်။ တချို့ က အသိပညာတိုးပွားလို့ တတ်စွမ်းတဲ့ပညာနဲ့ လူ့ဘဝ စတင်ပြီလို့ခံယူကာ အများကောင်းကျိုး၊ မိသားစုကောင်း ကျိုး ပိုမိုဆောင်ရွက်နိုင်တာ တွေ့ရတယ်။

မဟော်မုန်း

မဟော်မုန်းအီစထရိုဂျင်ထုတ်လုပ်မှုနှေး ကွေးလာလို့ ခန္ဓာကိုယ်အားအင်ယုတ်လျော့ကာ သွေးဆုံးမီးယပ်လက္ခဏာများ ပေါ်လာတယ်။ ချက်ချင်းပူ လိုက်၊ အေးလိုက်ဖြစ်ပြီး အိပ်မပျော် ခေါင်းကိုက်ကာ စိတ်တို၊ ဒေါသထွက်တာများရင် သွေးဆုံးလက္ခဏာများ ပေါ်လာတယ်ဆိုတယ်။ အရေပြားကျုံ့နိုင်၊ ဆန့်နိုင်မှု ပျောက်ကာ သတိမေ့တတ်တယ်။ အလိုမကျတာတွေ များတယ်။

ဓာတ်စာ

သွေးဆုံးမီးယပ်ဓာတ်စာတွေက ဆန်လုံးညို၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပဲတောင့်၊ ပဲသီး၊ မုန်လာဥဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်းမှုန့်၊ မြင်းစားဂျုံမှုန့်၊ အာလူး၊ စမုန်နက်၊ ပဲပိစပ်တို့ပါတဲ့အစားအစာ စားသင့်တယ်။ ပဲပိစပ်မှာ ဂျင်နီစတိန်း (Genistein) ဓာတ်ပါဝင်တာ၊ အီစထရိုဂျင်ဓာတ် အများကြီးပါဝင်တယ်။ ယင်းဓာတ် ဟာ အီစထရိုဂျင်လိုပဲ အသက်အရွယ်ကြီး လို့ဖြစ်တဲ့ အရိုးပွရောဂါနဲ့ အခြားရောဂါမဖြစ်အောင် ကာကွယ် ပေးတယ်။ အခြားပဲသီး၊ ပဲတောင့်၊ ပဲစေ့တွေလည်းပါတယ်။ နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း၊ အပြေးလမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်ပါတယ်။

အမျိုးသမီးမီးယပ်ဆုံးချိန်

အမျိုးသမီးတွေ ကာမဆန္ဒ ကျဆင်းယုတ်လျော့သွားတယ်။ ကျဆင်းရတာက အီ စထရိုဂျင်၊ တက်စထရိုစတုန်းဟော်မုန်းများ လျော့ကျ သွားလို့ဖြစ်တယ်။ သည်ဖြစ်စဉ်ပံ့ပိုးနေတဲ့အကြောင်း တွေထဲမှာ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ ကိုယ့်ပုံရိပ် ကိုယ်ဖော်ရမှာညံ့ဖျင်းမှုနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ခင်ပွန်းသည်ဖြစ်နေမှုတို့လို့ ဆိုထားတယ်။ ဟော်မုန်း ဓာတ်ကြောင့် ကာမဆန္ဒလျော့နည်းကာမဖြစ်ဖို့ 'မ' ဆန္ဒ အားဆေး (Fenicnineesire)ေ ဆးညွှန်းနိုင်တယ်။ ဟော် မုန်း (Endocrne) ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသလို ခွန်အားစွမ်းပကားနဲ့ သဘာဝဆန္ဒဖြစ်လာအောင် လှုံ့ ဆော်ပေးတယ်။ ဆိတ်ချေးပင် (Homy Goat Seed) အပင်ဟာ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ ကျားရော၊ မပါ သုံးနိုင်တယ်။ ကာမလှုံ့ဆော်မှု အားပေးတယ်။

ကျားဘဝ

အမျိုးသားသွေးဆုံးချိန်ဟာ အသက်၄၅-၅၅နှစ် အတွင်းဖြစ်တတ်တယ်။ ပျမ်းမျှ၅၁နှစ်သတ်မှတ် တယ်။ အမျိုးသားတစ်ယောက် ၁၂-၁၄နှစ်အရွယ် သုက် စတင်တဲ့အရွယ်ကစပြီး အိမ်ထောင်ကျပြီးချိန်မှစ၍ လိင် ကိစ္စအသုံးချများရင် ယောကျ်ားသွေးဆုံးချိန်စောပြီး ခံစားရတယ်။ အမျိုးသားဟော်မုန်းထွက်နှုန်းဟာ တစ် နှစ်မှာ ၁-၁ဝရာခိုင်နှုန်းလျော့နည်းပြီး တချို့ အသက် ၆ဝ-၇ဝအထိ စွမ်းရည်မကျတတ်ဘဲ (သို့)ဟော်မုန်းလျော့ နည်းချိန်များရင် အမျိုးသားသွေးဆုံးချိန်ဖြစ်နိုင်ခြေများ တယ်။ အမျိုးသားသွေးဆုံးချိန်ဟာ တဖြည်းဖြည်းချင်း သာခံစားရလို့ ချက်ချင်းသတိမထားမိဘူး။ အိုမင်းခြင်း နဲ့ဆက်နွှယ်နေတဲ့ အမျိုးသားသွေးဆုံးဝေဒနာဟာ အ မျိုးသားစွမ်းအားကို 'ဖွဲတစ်ဆုပ်နိုင်ရင်ဖြစ်တယ်'ဆို စကားရှိတာနဲ့အညီ သေဆုံးချိန်အထိ သုက်ရည်ထွက် နိုင်ပြီး အသက်ကြီးလာတာ နဲ့အမျှ အကြိမ်နည်းလာ ခြင်း၊ Sperm စပန်းသုက် ကောင်အရေအတွက် နည်း လာခြင်းဖြစ်လာတယ်။

ဆီးကျိတ်

အသက်၆ဝ ကျော်ရင် ဆီးကျိတ်ရာခိုင် နှုန်း ၆ဝ ကြီးတယ်။ အ သက်၇ဝမှ ရာခိုင်နှုန်း ၇ဝ ခန့် အသက် ၈ဝ-၉ဝမှာ ဆီးကျိတ်၈ဝ-၉၅ရာခိုင် နှုန်း ဆီးကျိတ်ကြီးလာကြ တယ်။ ဆီးကျိတ်ကြီးလို့ ကာမဆက်ဆံလိုစိတ် များ တတ်တယ်။ ယင်းရောဂါ ဖြစ်ပြီး ကင်ဆာမဖြစ်ခင် ခွဲစိတ်ထားဖို့ လိုတယ်။ ရောဂါကြောင့် ကာမဆက် ဆံချင်တာကို အမျိုးသမီး နဲ့ မိသားစုဝင်များက သ ဘောမပေါက်၊ မကုဘဲ ထားရင် အသက်ကြီးမှ မု ဒိမ်းမှုကျူးလွန်တဲ့အထိ ဘေးထွက်ဆိုးကျိုးခံစား ရရှိစေတယ်။

သွေးဆုံးလက္ခဏာများ

သွေးဆုံးလက္ခဏာများ မှာ ရူပရုပ်သွင်ပြောင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်း ခြင်းဖြစ်တယ်။ ရုပ်အသွင် ပြောင်းခြင်းမှာ သွားလာ လုပ်ကိုင်မှု နှေးကွေးခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ လိင်ပိုင်းဆိုင်ရာဆန္ဒ လျော့နည်းခြင်း၊ လိင်ကိစ္စ ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခြင်း၊ ပန်းသေ ပန်းညှိုး ရောဂါဖြစ်ခြင်း၊ အားမရှိသကဲ့သို့ခံစားရခြင်း၊ မောပန်း လွယ်ခြင်းတို့ ဖြစ်စေတယ်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲ ခြင်းမှာ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်ခြင်း၊ အိုမင်းလာသည့် အတွက် အိမ်ထောင်ဖက်မှ စိတ်ဝင်စားမှု လျော့နည်း လာမည်ကိုစိုးရိမ်ပြီး အိမ်ထောင်ဖက်အား စိတ်မချခြင်း၊အခြားယောကျ်ားနှင့် ပေါင်းသင်းပြောဆိုမှု၌ မကျေနပ် ခြင်း၊ မိမိကိုယ်မိမိစွမ်းဆောင်ရည်မရှိတော့ဟုထင်ပြီး စိတ်ဓာတ်ကျခြင်း၊ အလွန်အမင်းဒေါသထွက်ကာ စိတ် လိုက်မာန်ပါပြုလုပ်တတ်ခြင်းတို့ဖြစ်ရာ မိသားစုအသိုင်း အဝိုင်းက နားလည်စွာဖြင့် ဝိုင်းဝန်းကူညီဖေးမစောင့် ရှောက်ဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုးရွား (အိပ်မ ပျော်)ရင် ဆရာဝန်နှင့်ပြသကုသမှုခံသင့် တယ်။ ကုသမှု မခံရင် နောက်ဆုံးပန်းသေပန်းညှိုးခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ စိတ္တဇရောဂါရ အိပ်မပျော်ခြင်းဖြစ်တယ်။

ဓာတ်စာ

အမျိုးသားအားအင်ကုန်ခန်းမှု(သို့)ကျား သွေးဆုံးမှုကို ဆတ်ချိုနု၊ ဂျင်ဆင်းမြစ်၊ ရဲယိုမြစ်၊တရုတ်ဆယ်နဂါး(အစေးဖြူထွက်)နဲ့ သွေးလှည့်ပတ်မှု ကောင်းအောင် ဝှေးစေ့ရဲ့လုပ်ငန်းလှုံ့ဆော်ပေးအောင် ဟော်မုန်းစနစ်လှုံ့ဆော်ပေးအောင် သုံးတတ်ကြတယ်။ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ စားသင့်တယ်။ ယောကျ်ား အင်္ဂါထူထောင်ဖို့မဖြစ်တဲ့သူများအတွက် နှလုံးသွေးလွှတ် ကြောများ ကျန်းမာရေး၊ သွေးလှည့်ပတ်မှုကောင်းဖို့ နေ့ စဉ်တစ်နာရီခန့် လေ့ကျင့်ခန်း(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး)လုပ်သင့်တယ်။ စိတ်ဖိစီးမှုလျှော့ချပြီး အိပ် ရေးဝဝ အိပ်သင့်တယ်။

ဓာတ်စာ

ကမာ၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲဆန်၊ သီ ဟိုဠ်စေ့၊ ပဲသီး၊ ပဲတောင့်၊ ဆန်လုံးညိုနဲ့ ဂျုံပင်ပေါက် စားပေးနိုင်တယ်။ ဗစ်ရာဂလာ (Viagra) ကာမဆေး သုံးသင့် သုံးရမယ်။ အစားအစာနဲ့ ပြင်ယူသင့်တယ်။

သုံးသပ်ခြင်း။အမျိုးသမီးဖြစ်စေ၊အမျိုးသားဖြစ်စေ သွေးဆုံးရောဂါဖြစ်မှန်းမသိဖြစ်တတ်တဲ့ရောဂါဖြစ်ရင် သွေးသားကြောင့် စိတ်ဖောက်ပြန်မှုက အိမ်ထောင် ရေး မသင့်မတင့်ဖြစ်စေကာ အမျိုးသမီးသွေးဆုံးချိန် နားလည်ပေးသလို အမျိုးသားသွေးဆုံးချိန်ရောဂါဖြစ် နေကြောင်း နားလည်ခွင့်လွှတ်ပေးသင့်တယ်။

ဆးဝါးကုသခြင်း၊ တစ်ဦးနဲ့တစ်ဦး နွေးထွေး စွာဆက်ဆံခြင်းဖြင့် ကုသသလို မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကျန်းမာရေးအသိပညာနှင့် ပူးပေါင်းစောင့် ရှောက်ခြင်းအပြင် ဘာသာရေးလိုက်စားခြင်းနဲ့ စိတ် ငြိမ်စွာထားသင့်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top