ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

နေမာတႆ ဘဂ၀ေတာ အရဟေတာ သမၼာသသမၺဳဒၶႆ။

ဗုဒၶ၏ အမည္နာမေတာ္
ျပႆနာ = တင့္တယ္ေသာ ရူပကာယ။
ေမးေလွ်ာက္သူ = ဥပက (တကၠတြန္း)။

ေနာင္အခ်ိန္တြင္ မဆာ၀ါႏွင့္ ညား၍မုဆိုးႀကီး၏ သမက္ျဖစ္လတၱံ႔သူ ဥပကအမည္ရွိေသာ ဦးျပည္းေခါင္းတံုးႏွင့္ ဖန္ရည္ဆုိးေသာ အ၀တ္ကုိ ၀တ္ထားသူ တကၠတြန္းသည္ ပယာသီအရပ္မွ မဟာေဗာဓိဘက္သို႔ ေရွးရႈ၍ တစ္ေယာက္တည္း ေလွ်ာက္လာေနသည္။

ထိုအခ်ိန္မွာပင္ ဘုရားအျဖစ္သို႔ ေရာက္ေတာ္မူ၍ လ, သားမွ်သာ ရွိေသးေသာ ျမတ္စြာဘုရားကလည္း မဟာေဗာဓိမွ မိဂဒါ၀ုန္ေတာရွိရာ ဗာရာဏသီဘက္သို႔ တစ္ပါးတည္း ထြက္ၾကြေတာ္မူလ်က္ ရွိေနသည္။

တစ္ေနရာ၌ ဗုဒၶျမတ္စြာႏွင့္ ဥပကတို႔ ဆံုမိၾကေလ၏။ အသြင္ေတာ္တစ္မ်ဳိးျဖင့္ ၿပိဳးၿပိဳးျပက္ျပက္ တလက္လက္ ေရာင္ျခည္ေတာ္ ကြန္႔ျမဴးကာ အထူးတင့္တယ္သပၸာယ္လွေသာ ဗုဒၶ၏အသြင္ေတာ္ကို ဖူးျမင္ရေသာအခါ ဥပကတကၠတြန္းသည္ ရႊန္းရႊန္းစားစား ေငးၾကည့္ေနမိသည္။ ဤသို႔ေသာအသြင္ထူးကို တစ္ခါဖူးမွ် မေတြ႔ဖူးသျဖင့္ အလြန္လည္း အံ့ၾသေနမိသည္။ ေနာက္ သူကပင္ စတင္၍ ႏႈတ္ခြန္းဆက္ေလ၏။

ေမး။ ငါ့ရွင္ရဟန္းႀကီး၊ သင္ကား ဣေျႏၵရွိစြ။ သင္၏ အသြင္သည္ လြန္စြာတင့္တယ္၍ ၾကည္ညိဳဖြယ္ေကာင္းေလစြ။ ပလွ်မ္းေတာက္ေျပာင္ေသာ ကိုယ္ေရာင္ကိုယ္၀ါလည္း ရွိေပ၏။ အသင္သည္ အဘယ္သူကို ရည္မွန္း၍ရဟန္းျပဳဘိသနည္း။ သင္၏ ဆရာကား အသူျဖစ္ပါသနည္း။

ေျဖ။ အို-ဥပက၊ ငါကား မၾကာေသးေသာအခ်ိန္က ကိေလသာကို တြန္းလွန္၍ ေအာင္ပြဲခံလာခဲ့သူတည္း။ တဏွာ၏ကုန္ရာ နိဗၺာန္ဘံုကို အာရံုျပဳၿပီးေသာ ငါ၊ သစၥာေလးပါးကို ငါ၏ ထုိးထြင္းဉာဏ္ျဖင့္ အမွန္သိၿပီးေသာ ဘုရားစင္စစ္ျဖစ္ေသာေၾကာင့္ ငါက အဘယ္သူ႔ကို ဆရာတင္မည္နည္း။ ငါ့မွာဆရာမရွိ။ ေလာကဓာတ္၀န္းက်င္၌ ငါႏွင့္တူသူ တစ္ေယာက္မွ် မရွိ။

အို-ဥပက၊ ေလာက သံုးပါး၌ ပူေဇာ္အထူးခံ ဘုရားရဟႏၲာတည္း။ ရုိင္းပ်ရုန္႕ၾကမ္းသူတို႔အား ယဥ္ပါးလာေအာင္ ငါဆံုးမႏုိင္၏။ နတ္၊ လူ၊ ဦးခိုက္ ဆရာကား ငါျဖစ္၏။ ငါ့ကို တုဘက္ၿပိဳင္ႏုိင္သူမရွိ။ ၿပိဳင္ဘက္မျပဴ ငါကား တစ္ဆူတည္းေသာ ဘုရားျဖစ္သည္ ဥပက။

(ထုိစဥ္အခါ ဥပက ေခါင္းညိတ္၍-)
ေမး။ ၾသ - ဟုတ္ေပလိမ့္မည္။ အသင္၏ ရုပ္လကၡဏာကို ေထာက္ေသာအားျဖင့္ အသင္ဆုိေသာ စကားသည္ မွန္ေလာက္စရာ ရွိပါသည္။ ဒါထက္ ငါ့ရွင္၊ သင္၏အမည္နာမကို ေျပာမျပႏုိင္ေပဘူးလား။ ကြ်ႏ္ုပ္ သိခ်င္ပါသည္။ သင့္အမည္က ဘယ္လိုေခၚပါသလဲ။

ေျဖ။ အုိ-ဥပက၊ ဘုရားအဆူဆူ ပြင့္ေတာ္မူသြားကုန္ၿပီ။ ငါကဲ့သုိ႔ပင္ ဘုရားႏွင္ႏွင္ျဖစ္ကုန္ေသာ ထုိျမတ္ဘုရားတုိ႔၏ အမည္ေတာ္ကား “ဇိန” ဟူ၍တြင္ကုန္၏။ ငါသည္ မာရ္ငါးပါးကို ေအာင္ႏုိင္သူျဖစ္ရကား ေရွးဘုရားတုိ႔၏ အမည္နာမေတာ္ႏွင့္ အလားတူ ငါ့အမည္သည္လည္း “ဇိန” မည္ေပသတည္း။

ေမး။ ၾသ-ဦးဇိန၊ ဟုတ္စ။
ေျဖ။ မွန္၏ ဥပက၊ ငါ့အမည္ ဦးဇိန။
ေမး။ အရွင္ဦးဇိန၊ ယခု ဘယ္ၾကြမည္လို႔ပါနည္း။
ေျဖ။ အို-ဥပက၊ ငါ မိဂဒါ၀ုန္ေတာ္သို႔ သြားအံ့။ ပဥၥ၀ဂၢီရဟန္းတို႔အား ငါသြား၍ တရားေဟာအံ့။
ေမး။ ေနာက္တစ္ေန႔တြင္ ငါ့ရွင္ႏွင့္ ေတြ႕လိုပါေသး၏။
ေျဖ။ ေကာင္း၏ ဥပက၊ သင္ ေတြ႕လိုေသာအခါ ငါ့ထဲလာခဲ့ေလာ့။
ဤသို႔ ေမးေျဖျပဳၾကၿပီး ဗုဒၶႏွင့္ ဥပက ထုိေနရာမွ လမ္းခြဲၾကေလ၏။

(၀ိနယပိဋက မဟာ၀ါပါဠိေတာ္။ မဟာခႏၶာက)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သမိုင္းအေၾကာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
နမောတဿ ဘဂဝတော အရဟတော သမ္မာသသမ္ဗုဒ္ဓဿ။

ဗုဒ္ဓ၏ အမည်နာမတော်
ပြဿနာ = တင့်တယ်သော ရူပကာယ။
မေးလျှောက်သူ = ဥပက (တက္ကတွန်း)။

နောင်အချိန်တွင် မဆာဝါနှင့် ညား၍မုဆိုးကြီး၏ သမက်ဖြစ်လတ္တံ့သူ ဥပကအမည်ရှိသော ဦးပြည်းခေါင်းတုံးနှင့် ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ထားသူ တက္ကတွန်းသည် ပယာသီအရပ်မှ မဟာဗောဓိဘက်သို့ ရှေးရှု၍ တစ်ယောက်တည်း လျှောက်လာနေသည်။

ထိုအချိန်မှာပင် ဘုရားအဖြစ်သို့ ရောက်တော်မူ၍ လ, သားမျှသာ ရှိသေးသော မြတ်စွာဘုရားကလည်း မဟာဗောဓိမှ မိဂဒါဝုန်တောရှိရာ ဗာရာဏသီဘက်သို့ တစ်ပါးတည်း ထွက်ကြွတော်မူလျက် ရှိနေသည်။

တစ်နေရာ၌ ဗုဒ္ဓမြတ်စွာနှင့် ဥပကတို့ ဆုံမိကြလေ၏။ အသွင်တော်တစ်မျိုးဖြင့် ပြိုးပြိုးပြက်ပြက် တလက်လက် ရောင်ခြည်တော် ကွန့်မြူးကာ အထူးတင့်တယ်သပ္ပာယ်လှသော ဗုဒ္ဓ၏အသွင်တော်ကို ဖူးမြင်ရသောအခါ ဥပကတက္ကတွန်းသည် ရွှန်းရွှန်းစားစား ငေးကြည့်နေမိသည်။ ဤသို့သောအသွင်ထူးကို တစ်ခါဖူးမျှ မတွေ့ဖူးသဖြင့် အလွန်လည်း အံ့သြနေမိသည်။ နောက် သူကပင် စတင်၍ နှုတ်ခွန်းဆက်လေ၏။

မေး။ ငါ့ရှင်ရဟန်းကြီး၊ သင်ကား ဣနြေ္ဒရှိစွ။ သင်၏ အသွင်သည် လွန်စွာတင့်တယ်၍ ကြည်ညိုဖွယ်ကောင်းလေစွ။ ပလျှမ်းတောက်ပြောင်သော ကိုယ်ရောင်ကိုယ်ဝါလည်း ရှိပေ၏။ အသင်သည် အဘယ်သူကို ရည်မှန်း၍ရဟန်းပြုဘိသနည်း။ သင်၏ ဆရာကား အသူဖြစ်ပါသနည်း။

ဖြေ။ အို-ဥပက၊ ငါကား မကြာသေးသောအချိန်က ကိလေသာကို တွန်းလှန်၍ အောင်ပွဲခံလာခဲ့သူတည်း။ တဏှာ၏ကုန်ရာ နိဗ္ဗာန်ဘုံကို အာရုံပြုပြီးသော ငါ၊ သစ္စာလေးပါးကို ငါ၏ ထိုးထွင်းဉာဏ်ဖြင့် အမှန်သိပြီးသော ဘုရားစင်စစ်ဖြစ်သောကြောင့် ငါက အဘယ်သူ့ကို ဆရာတင်မည်နည်း။ ငါ့မှာဆရာမရှိ။ လောကဓာတ်ဝန်းကျင်၌ ငါနှင့်တူသူ တစ်ယောက်မျှ မရှိ။

အို-ဥပက၊ လောက သုံးပါး၌ ပူဇော်အထူးခံ ဘုရားရဟန္တာတည်း။ ရိုင်းပျရုန့်ကြမ်းသူတို့အား ယဉ်ပါးလာအောင် ငါဆုံးမနိုင်၏။ နတ်၊ လူ၊ ဦးခိုက် ဆရာကား ငါဖြစ်၏။ ငါ့ကို တုဘက်ပြိုင်နိုင်သူမရှိ။ ပြိုင်ဘက်မပြူ ငါကား တစ်ဆူတည်းသော ဘုရားဖြစ်သည် ဥပက။

(ထိုစဉ်အခါ ဥပက ခေါင်းညိတ်၍-)
မေး။ သြ - ဟုတ်ပေလိမ့်မည်။ အသင်၏ ရုပ်လက္ခဏာကို ထောက်သောအားဖြင့် အသင်ဆိုသော စကားသည် မှန်လောက်စရာ ရှိပါသည်။ ဒါထက် ငါ့ရှင်၊ သင်၏အမည်နာမကို ပြောမပြနိုင်ပေဘူးလား။ ကျွန်ုပ် သိချင်ပါသည်။ သင့်အမည်က ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ အို-ဥပက၊ ဘုရားအဆူဆူ ပွင့်တော်မူသွားကုန်ပြီ။ ငါကဲ့သို့ပင် ဘုရားနှင်နှင်ဖြစ်ကုန်သော ထိုမြတ်ဘုရားတို့၏ အမည်တော်ကား “ဇိန” ဟူ၍တွင်ကုန်၏။ ငါသည် မာရ်ငါးပါးကို အောင်နိုင်သူဖြစ်ရကား ရှေးဘုရားတို့၏ အမည်နာမတော်နှင့် အလားတူ ငါ့အမည်သည်လည်း “ဇိန” မည်ပေသတည်း။

မေး။ သြ-ဦးဇိန၊ ဟုတ်စ။
ဖြေ။ မှန်၏ ဥပက၊ ငါ့အမည် ဦးဇိန။
မေး။ အရှင်ဦးဇိန၊ ယခု ဘယ်ကြွမည်လို့ပါနည်း။
ဖြေ။ အို-ဥပက၊ ငါ မိဂဒါဝုန်တော်သို့ သွားအံ့။ ပဉ္စဝဂ္ဂီရဟန်းတို့အား ငါသွား၍ တရားဟောအံ့။
မေး။ နောက်တစ်နေ့တွင် ငါ့ရှင်နှင့် တွေ့လိုပါသေး၏။
ဖြေ။ ကောင်း၏ ဥပက၊ သင် တွေ့လိုသောအခါ ငါ့ထဲလာခဲ့လော့။
ဤသို့ မေးဖြေပြုကြပြီး ဗုဒ္ဓနှင့် ဥပက ထိုနေရာမှ လမ်းခွဲကြလေ၏။

(ဝိနယပိဋက မဟာဝါပါဠိတော်။ မဟာခန္ဓာက)

ဖိုးသူတော် (www.phothutaw.com)
Credit: သမိုင်းအကြောင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top