စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

(၇၁) ႏွစ္ေျမာက္ ျပည္ ေထာင္စုေန႔ကို ဂုဏ္ျပဳႀကိဳဆို ေသာအားျဖင့္ ျပည္ၿမိဳ႕တြင္း ေျပး ဆြဲသည့္ ျမတ္သီဟယာဥ္လိုင္းက အခမဲ့ေျပးဆြဲခဲ့သည္။

 ျမတ္သီဟ ယာဥ္လိုင္းရွိ လိုက္ထရပ္ယာဥ္ ၅၀ ခန္႔က ေဖေဖာ္ဝါရီ ၁၂ ရက္ (ျပည္ေထာင္စု ေန႔) နံနက္ ၆ နာရီ မွ ညေန ၅ နာရီအထိ ခရီးသြားျပည္သူမ်ားအား အခမဲ့စီးနင္းခြင့္ျပဳခဲ့သည္။

‘‘ၿပီးခဲ့တဲ့ႏွစ္ ျပည္ေထာင္စု ေန႔တုန္းကလည္း လုပ္ခဲ့ပါေသး တယ္။ ဒီႏွစ္နဲ႔ဆို ဒုတိယအႀကိမ္ ပါ။ ေမာ္ေတာ္ယာဥ္ဂိတ္ကေန ငါးမိနစ္ျခား ကားတစ္စီးခ်င္း ေျပး ဆြဲေပးပါတယ္’’ဟု အဆိုပါယာဥ္ လိုင္းမွ ယာဥ္ေမာင္း တစ္ဦးက ေျပာသည္။

ျမတ္သီဟယာဥ္ လိုင္းသည္ ေခတၱရာၿမိဳ႕သစ္ ၁၃ လမ္းရွိ ၾကည္သာေအးျမ ဘုန္းႀကီးေက်ာင္းအနီး ဂိတ္အစမွ နဝေဒးလမ္းမႀကီး၊ ေစ်းႀကီးဂိတ္ဆံုးအထိ ယာဥ္လိုင္း ႏွင့္ အေဝးေျပးကားႀကီးဂိတ္အစမွ ဗိုလ္ခ်ဳပ္လမ္း၊ ဘူတာႏွင့္ ေစ်းႀကီးအထိ အသြားအျပန္ ေျပးဆြဲခဲ့ သည္။

ယာဥ္အတြင္း၊ အျပင္ေနရာ မ်ား၌ အခမဲ့စီးနင္းႏိုင္ေၾကာင္း ပိုစတာမ်ားကပ္ထားၿပီး ႏိုင္ငံေတာ္ အလံလႊင့္ထူကာ ေျပးဆြဲျခင္းျဖစ္ သည္။

 ‘‘ျပည္ၿမိဳ႕မွာက ၿမိဳ႕တြင္း ယာဥ္လုိင္း ေလးခုေလာက္ ရွိ တယ္။ ယာဥ္စီးခကေတာ့ ဂိတ္စ၊ ဂိတ္ဆံုး ႏွစ္ရာက်ပ္ရွိတယ္။ ျပည္ ေထာင္စုေန႔ကို ဂုဏ္ျပဳၿပီး အခမဲ့ ေျပးဆြဲေပးတာဟာ တုိင္းရင္းသား စည္းလံုးညီၫြတ္မႈအတြက္ ေရွး႐ႈ တာမ်ိဳးျဖစ္တာေၾကာင့္ ဝမ္းသာ ပါတယ္’’ဟု ယာဥ္စီးနင္းသူအမ်ိဳး သမီးတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

#Unicode Version#
(၇၁) နှစ်မြောက် ပြည် ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ပြည်မြို့တွင်း ပြေး ဆွဲသည့် မြတ်သီဟယာဉ်လိုင်းက အခမဲ့ပြေးဆွဲခဲ့သည်။

 မြတ်သီဟ ယာဉ်လိုင်းရှိ လိုက်ထရပ်ယာဉ် ၅၀ ခန့်က ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စု နေ့) နံနက် ၆ နာရီ မှ ညနေ ၅ နာရီအထိ ခရီးသွားပြည်သူများအား အခမဲ့စီးနင်းခွင့်ပြုခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ် ပြည်ထောင်စု နေ့တုန်းကလည်း လုပ်ခဲ့ပါသေး တယ်။ ဒီနှစ်နဲ့ဆို ဒုတိယအကြိမ် ပါ။ မော်တော်ယာဉ်ဂိတ်ကနေ ငါးမိနစ်ခြား ကားတစ်စီးချင်း ပြေး ဆွဲပေးပါတယ်’’ဟု အဆိုပါယာဉ် လိုင်းမှ ယာဉ်မောင်း တစ်ဦးက ပြောသည်။

မြတ်သီဟယာဉ် လိုင်းသည် ခေတ္တရာမြို့သစ် ၁၃ လမ်းရှိ ကြည်သာအေးမြ ဘုန်းကြီးကျောင်းအနီး ဂိတ်အစမှ နဝဒေးလမ်းမကြီး၊ ဈေးကြီးဂိတ်ဆုံးအထိ ယာဉ်လိုင်း နှင့် အဝေးပြေးကားကြီးဂိတ်အစမှ ဗိုလ်ချုပ်လမ်း၊ ဘူတာနှင့် ဈေးကြီးအထိ အသွားအပြန် ပြေးဆွဲခဲ့ သည်။

ယာဉ်အတွင်း၊ အပြင်နေရာ များ၌ အခမဲ့စီးနင်းနိုင်ကြောင်း ပိုစတာများကပ်ထားပြီး နိုင်ငံတော် အလံလွှင့်ထူကာ ပြေးဆွဲခြင်းဖြစ် သည်။

 ‘‘ပြည်မြို့မှာက မြို့တွင်း ယာဉ်လိုင်း လေးခုလောက် ရှိ တယ်။ ယာဉ်စီးခကတော့ ဂိတ်စ၊ ဂိတ်ဆုံး နှစ်ရာကျပ်ရှိတယ်။ ပြည် ထောင်စုနေ့ကို ဂုဏ်ပြုပြီး အခမဲ့ ပြေးဆွဲပေးတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် ရှေးရှု တာမျိုးဖြစ်တာကြောင့် ဝမ်းသာ ပါတယ်’’ဟု ယာဉ်စီးနင်းသူအမျိုး သမီးတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top