×

# ZawGyi Version ဖြင့်ဖတ်ရန် #





ဓာတ်ပုံ – ပြည်ထဲရေး

Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ အမျိုးသားတဦး တူမီးသေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့နယ်၊ ရန်ရှင်း (၃) ရွာနေ ကိုဆေသ (၂၂-နှစ်)ဟာ ဖခင်နဲ့အတူ တောင်ယာလုပ်ကိုင်နေရာက တောင်ယာတဲထဲမှာ တူမီးသေနတ်ပြောင်း ပါးစပ်ထဲ ထည့်ပြီး ခလုတ်ကို ယာခြေမနဲ့ဖိကာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ် သေကြောင်းကြံစည်ခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုကြောင့် ပါးစပ်ညိုမည်း ဒဏ်ရာတွေ (စိုးရိမ်ရ) ရရှိခဲ့လို့ တာချီလိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။

ကိုဆေသအား တာချီလိတ်မြို့မရဲစခန်း ရာဇသတ်ကြီး ပုဒ်မ ၃၀၉ (သေကြောင်း ကြံစည်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

ဓာတ်ပုံ – ပြည်ထဲရေး

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top