ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မနက္ျဖန္ တစ္ရက္ေလာက္နားခ်င္းလိုက္တာလို႔ ေျပာမိရာကေန သခင္က လွံနဲ႔ထိုးသတ္ခံလိုက္ရတဲ့ ႏြားတစ္ေကာင္

ႏြားတေကာင္ဟာလယ္ထြန္ၿပီးအိမ္ျပန္လာနားသတဲ့၊ဒါကိုမိတ္ေဆြေခြးကသူ႕ဆီလာလည္ပါတယ္။ႏြားကေခြးကိုေတြ႕ေတာ့…

“ဟူး…မိတ္ေဆြေရ၊က်ေနာ္ေတာ့ဒီေန႔တအားေမာသြားလို႔မနက္ျဖန္တရက္ေလာက္အနားယူခ်င္လိုက္တာဟာ”။

ေခြးကႏြားအိမ္ကေနထြက္လာေတာ့ေၾကာင္ကိုသြားတိုးတယ္၊ဒါနဲ႔ေခြးက“ေဟ့ေကာင္၊ခုနငါႏြားဆီေရာက္တယ္၊သူေျပာေတာ့သူလယ္ထြန္ရတာတအားေမာလို႔တရက္ေလာက္နားခ်င္တာတဲ့ေလ၊ ေအးသခင္ႀကီးကလည္းသူ႕ကိုအလုပ္ၾကမ္းေပးတာမ်ားတာကိုးေနာ့”။

ေၾကာင္ကလဲဒီသတင္းကိုဆိတ္ဆီသြားေျပာျပျပန္သတဲ့“ကိုဆိတ္ေရ၊ႏြားကေတာ့သခင္ကအလုပ္ၾကမ္းေတြတအားဖိေပးလို ့ဆိုၿပီးၿငီးျငဴ ေနတာတဲ့၊သူအလုပ္ခဏနားၿပီးရင္မနက္ျဖန္အလုပ္မလုပ္ေတာ့ဘူးေျပာေနတယ္”။

ဆိတ္ကလည္းၾကက္ဆီသတင္းျပန္ေျပာျပတာေပါ့“ကိုၾကက္ေရ…ႏြားကသခင္ေပးတဲ့အလုပ္တအားၾကမ္းလို႔သူမလုပ္ေတာ့ဘူးေျပာေနတယ္၊ေအးေလ၊ေနာက္ေတြ႕မဲ့သခင္အသစ္သူ႕အေပၚေကာင္းမလားမသိဘူး”။

ကိုၾကက္ကလည္းဝက္ကိုသြားေျပာျပန္တယ္“ႏြားကေတာ့သခင့္အတြက္အလုပ္မလုပ္ေပးႏိုင္ေတာ့ဘူးတဲ့ဗ်ဳိ႕၊တျခားသခင္ဆီသြားရွာေတာ့မယ္ေျပာတယ္၊ေျပာလဲေျပာစရာဘဲ၊ဒီသခင္ကႏြားကိုအလုပ္ၾကမ္းေပးလုပ္ခိုင္းၿပီး၊ႀကိမ္ပြတ္နဲ႔လည္း႐ိုက္ေသးတယ္”။

ညေနေစာင္းမွာေတာ့…

သခင္မႀကီးကေနဝက္စာသြားေႂကြးတဲ့အခါ၊ဝက္က“သခင္မႀကီး၊သခင္မႀကီးကိုတခုေျပာျပခ်င္တယ္၊က်ေနာ္ၾကည့္တာခုတေလာကိုႏြားကသိပ္မဟန္ဘူး၊သူ႕ကိုေသခ်ာေျပာျပထားအံုး၊က်ေနာ္ၾကားတာသူအလုပ္မလုပ္ခ်င္ေတာ့ဘူးတဲ့၊သခင္ႀကီးကသူ႕ကိုအလုပ္ၾကမ္းခိုင္းၿပီး႐ိုက္လို႔တဲ့၊မနက္ျဖန္သူတျခားသခင္ဆီသြားလုပ္ေတာ့မယ္တဲ့”

ဝက္ရဲ႕သတင္းကိုၾကားသိလိုက္တဲ့သခင္မက၊ညေနစာစားတဲ့စားပြဲဝိုင္းမွာသခင္ႀကီးကိုျပန္ေျပာျပလိုက္တယ္“အဘိုးႀကီး၊ရွင့္ႏြားကပုန္ကန္ခ်င္ေနၿပီေနာ္၊သခင္ေျပာင္းေတာ့မယ္တဲ့၊ပုန္ကန္တယ္ဆိုတာခြင့္မလြတ္သင့္ဘူး၊တျခားသူေတြကိုလဲနမူနာျပထားေပးမွရမယ္၊ရွင္ဘယ္လိုဒဏ္ခက္ဖို႔စီစဥ္ထားလဲ?”

သခင္ႀကီးၾကားေတာ့ေဒါသအႀကီးက်ယ္ထြက္ၿပီး၊ “ဒီလိုပုန္ကန္သူေတြကိုေသဒဏ္ကလြဲၿပီးတျခားမရိွဘူး”ဆိုၿပီး၊ေျပာေျပာဆိုဆိုလွံကိုင္ၿပီးထြက္သြားသတ္ပစ္လိုက္ေလေတာ့သတဲ့။

ခ်စ္ေသာမိတ္ေဆြ….

စကားတခြန္းေၾကာင့္လူတေယာက္ကိုရွင္ေစႏိုင္သလိုေသေစႏိုင္ပါတယ္၊ႏြားဟာတဆင့္စကားေဖာင္းႂကြမႈေၾကာင့္ေသခဲ့ရတယ္။ဒီပံုဥပမာေလးအားျဖင့္…

၁၊ေတြ႕သမွ်လူတိုင္းကိုသြားမၿငီးျငဴ ျပေနပါနဲ႔။

၂၊ေတြ႕သမွ်လူေတြေျပာတိုင္းမယံုပါနဲ႔၊စဥ္းစားခ်င့္ခ်ိန္ပါ။

၃၊အေရးႀကီးဆံုးကတဆင့္စကားကိုယ့္ဆီေရာက္လာရင္မေဖာင္းႂကြပါေစနဲ႔။

၄။တဆင့္စကားကိုပိုေသခ်ာေစခ်င္ရင္ကိုယ္တိုင္ကာယကံရွင္ကိုေမးသင့္ပါတယ္။

လၽွာသည္ မီးျဖစ္၏။ ဒုစရိုက္၏ ေလာကဓာတ္လည္းျဖစ္၏။ ထိုသို႔ႏွင့္အညီ၊ လၽွာသည္ငါတို႔၏ အဂၤါတို႔တြင္တည္၍ တကိုယ္လုံးကို ညစ္ညဴးေစ၏။ ဇာတိစက္ကိုလည္းရွို႔တတ္၏။ မိမိသည္လည္း ငရဲမီးရွို႔ျခင္းကိုခံလ်က္ရွိ၏။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: to Ye Min

#Unicode Version#
မနက်ဖြန် တစ်ရက်လောက်နားချင်းလိုက်တာလို့ ပြောမိရာကနေ သခင်က လှံနဲ့ထိုးသတ်ခံလိုက်ရတဲ့ နွားတစ်ကောင်

နွားတကောင်ဟာလယ်ထွန်ပြီးအိမ်ပြန်လာနားသတဲ့၊ဒါကိုမိတ်ဆွေခွေးကသူ့ဆီလာလည်ပါတယ်။နွားကခွေးကိုတွေ့တော့…

“ဟူး…မိတ်ဆွေရေ၊ကျနော်တော့ဒီနေ့တအားမောသွားလို့မနက်ဖြန်တရက်လောက်အနားယူချင်လိုက်တာဟာ”။

ခွေးကနွားအိမ်ကနေထွက်လာတော့ကြောင်ကိုသွားတိုးတယ်၊ဒါနဲ့ခွေးက“ဟေ့ကောင်၊ခုနငါနွားဆီရောက်တယ်၊သူပြောတော့သူလယ်ထွန်ရတာတအားမောလို့တရက်လောက်နားချင်တာတဲ့လေ၊ အေးသခင်ကြီးကလည်းသူ့ကိုအလုပ်ကြမ်းပေးတာများတာကိုးနော့”။

ကြောင်ကလဲဒီသတင်းကိုဆိတ်ဆီသွားပြောပြပြန်သတဲ့“ကိုဆိတ်ရေ၊နွားကတော့သခင်ကအလုပ်ကြမ်းတွေတအားဖိပေးလို့ဆိုပြီးငြီးငြူ နေတာတဲ့၊သူအလုပ်ခဏနားပြီးရင်မနက်ဖြန်အလုပ်မလုပ်တော့ဘူးပြောနေတယ်”။

ဆိတ်ကလည်းကြက်ဆီသတင်းပြန်ပြောပြတာပေါ့“ကိုကြက်ရေ…နွားကသခင်ပေးတဲ့အလုပ်တအားကြမ်းလို့သူမလုပ်တော့ဘူးပြောနေတယ်၊အေးလေ၊နောက်တွေ့မဲ့သခင်အသစ်သူ့အပေါ်ကောင်းမလားမသိဘူး”။

ကိုကြက်ကလည်းဝက်ကိုသွားပြောပြန်တယ်“နွားကတော့သခင့်အတွက်အလုပ်မလုပ်ပေးနိုင်တော့ဘူးတဲ့ဗျို့၊တခြားသခင်ဆီသွားရှာတော့မယ်ပြောတယ်၊ပြောလဲပြောစရာဘဲ၊ဒီသခင်ကနွားကိုအလုပ်ကြမ်းပေးလုပ်ခိုင်းပြီး၊ကြိမ်ပွတ်နဲ့လည်းရိုက်သေးတယ်”။

ညနေစောင်းမှာတော့…

သခင်မကြီးကနေဝက်စာသွားကြွေးတဲ့အခါ၊ဝက်က“သခင်မကြီး၊သခင်မကြီးကိုတခုပြောပြချင်တယ်၊ကျနော်ကြည့်တာခုတလောကိုနွားကသိပ်မဟန်ဘူး၊သူ့ကိုသေချာပြောပြထားအုံး၊ကျနော်ကြားတာသူအလုပ်မလုပ်ချင်တော့ဘူးတဲ့၊သခင်ကြီးကသူ့ကိုအလုပ်ကြမ်းခိုင်းပြီးရိုက်လို့တဲ့၊မနက်ဖြန်သူတခြားသခင်ဆီသွားလုပ်တော့မယ်တဲ့”

ဝက်ရဲ့သတင်းကိုကြားသိလိုက်တဲ့သခင်မက၊ညနေစာစားတဲ့စားပွဲဝိုင်းမှာသခင်ကြီးကိုပြန်ပြောပြလိုက်တယ်“အဘိုးကြီး၊ရှင့်နွားကပုန်ကန်ချင်နေပြီနော်၊သခင်ပြောင်းတော့မယ်တဲ့၊ပုန်ကန်တယ်ဆိုတာခွင့်မလွတ်သင့်ဘူး၊တခြားသူတွေကိုလဲနမူနာပြထားပေးမှရမယ်၊ရှင်ဘယ်လိုဒဏ်ခက်ဖို့စီစဉ်ထားလဲ?”

သခင်ကြီးကြားတော့ဒေါသအကြီးကျယ်ထွက်ပြီး၊ “ဒီလိုပုန်ကန်သူတွေကိုသေဒဏ်ကလွဲပြီးတခြားမရှိဘူး”ဆိုပြီး၊ပြောပြောဆိုဆိုလှံကိုင်ပြီးထွက်သွားသတ်ပစ်လိုက်လေတော့သတဲ့။

ချစ်သောမိတ်ဆွေ….

စကားတခွန်းကြောင့်လူတယောက်ကိုရှင်စေနိုင်သလိုသေစေနိုင်ပါတယ်၊နွားဟာတဆင့်စကားဖောင်းကြွမှုကြောင့်သေခဲ့ရတယ်။ဒီပုံဥပမာလေးအားဖြင့်…

၁၊တွေ့သမျှလူတိုင်းကိုသွားမငြီးငြူ ပြနေပါနဲ့။

၂၊တွေ့သမျှလူတွေပြောတိုင်းမယုံပါနဲ့၊စဉ်းစားချင့်ချိန်ပါ။

၃၊အရေးကြီးဆုံးကတဆင့်စကားကိုယ့်ဆီရောက်လာရင်မဖောင်းကြွပါစေနဲ့။

၄။တဆင့်စကားကိုပိုသေချာစေချင်ရင်ကိုယ်တိုင်ကာယကံရှင်ကိုမေးသင့်ပါတယ်။

လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကိုခံလျက်ရှိ၏။


ဖိုးသူတော် (www.phothutaw.com)
Credit: to Ye Min
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top