မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

နယ္သာလန္ႏုိင္ငံ အမ္စတာဒမ္ၿမိဳ႕ရဲ႕ လမ္းက်ဥ္းေလးေတြေပၚမွာ ႏွင္းေတြက်ေနတဲ့ ရက္တရက္ ည ၁၁ ေလာက္မွာ အမ်ိဳးသား ၂ ဦးဟာ ကမာၻေပၚမွာ လိင္နယ္ေျမအျဖစ္ အေက်ာ္ၾကားဆံုးေနရာက ျပတင္းေပါက္အျမင့္ႀကီးေတြကို လွမ္းျပေနၾကပါတယ္။

မွန္ျပတင္းေပါက္ႀကီးေတြရဲ႕ ေနာက္မွာ အမ်ိဳးသမီး ၃ ဦးက အတြင္းခံေလးေတြသာ ဝတ္ဆင္ထားၿပီး တဦးက ဖုန္းသံုးေနကာ အမ်ိဳးသားေတြရဲ႕ အၾကည့္ကုိ ဘယ္လုိမွမေနဘဲ ေနာက္တဦးက ႏႈတ္ခမ္းနီ ဆုိးေနပါတယ္။ တတိယအမ်ိဳးသမီးကေတာ့ အၿပံဳးမ်က္ႏွာနဲ႔ တဖက္နဲ႔တဖက္ကို ျငင္ျငင္သာသာ ယိမ္းထုိးေနပါတယ္။

အမ်ိဳးသားေတြ ၾကည့္ရတာ ၿဗိတိန္လူမ်ိဳးေတြ ျဖစ္ဟန္တူၿပီး သူတုိ႔ေတြက အားလပ္ရက္ ဒါမွမဟုတ္ စေန၊ တနဂၤေႏြ ပိတ္ရက္မွာ အမ္စတာဒမ္ၿမိဳ႕ ျပည့္တန္ဆာ႐ံု ျပတင္းေပါက္ေနာက္က ျပည့္တန္ဆာအမ်ိဳးသမီးေတြကို ၾကည့္ဖုိ႔ ေရာက္လာၾကတာပါ။

အမ္စတာဒမ္ၿမိဳ႕ရဲ႕ ျပည့္တန္ဆာ႐ံုေတြရွိတဲ့ ဒီေဝါလန္းခ႐ိုင္မွာ ျပည့္တန္ဆာလုပ္ငန္းက တရားဝင္ျဖစ္ၿပီး နာမည္ဆုိးနဲ႔ ေက်ာ္ၾကားတဲ့ ျပတင္းေပါက္ေနာက္ကြယ္က အမ်ိဳးသမီးေတြကို ေပ်ာ္ပါးဖုိ႔ အေႂကြးကတ္ေတြနဲ႔လည္း လက္ခံတယ္လုိ႔ ဆုိပါတယ္။

အလုပ္မ်ားတဲ့ေန႔ေတြဆုိ ျပည့္တန္ဆာအမ်ိဳးသမီးေတြရဲ႕ တေန႔ဝင္ေငြက ေပါင္ ၃၅၀ ထိ ရွိၿပီး ေပ်ာ္ရႊင္ေနတဲ့ ျပည့္တန္ဆာ အမ်ိဳးသမီးေတြကို ဒီလုိေဟာင္းႏြမ္းေနတဲ့ လမ္းေတြထဲ ရွိခြင့္ျပဳထားတာက ဒီဝင္ေငြေၾကာင့္လည္း တစိတ္တပုိင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ သူတုိ႔ရဲ႕ စိတ္ပ်က္ရြံရွာစရာနဲ႔ အႏၱရာယ္မ်ားတဲ့ တကယ့္အမွန္ဘဝကုိ သည္ေမးအြန္ဆန္းေဒး သတင္းဌာနက ထုတ္ေဖာ္ခဲ့ပါတယ္။

ျပတင္းမွန္ထဲက အၿပံဳးမ်က္ႏွာနဲ႔ မိန္းကေလးေတြဟာ ရက္စက္တဲ့ ျပည့္တန္ဆာေခါင္းေတြရဲ႕ ဥေရာပအေရွ႕ပုိင္းကေန ေခၚေဆာင္ျခင္းကို ခံခဲ့ရတာပါ။

အမ္စတာဒမ္ကုိ အတင္းအဓမၼ ေခၚေဆာင္ခံရတဲ့ မိန္းကေလးတဦးက “က်မတုိ႔ကုိ ေစ်းဆုိင္တခုက ပစၥည္းေတြလုိ ေရာင္းခ်ျခင္းခံရတယ္” လို႔ သည္ေမးလ္အြန္ဆန္းေဒး သတင္းႀကီးကို ထုတ္ေဖာ္ေျပာလိုက္ပါတယ္။

႐ိုေမးနီးယားလူမ်ိဳး အန္ဂ်လီကာဆုိတဲ့ မိန္းကေလးဟာ ရည္ရြယ္ခ်က္ႀကီးမားၿပီး ဆယ္ေက်ာ္သက္တဦးျဖစ္တဲ့ သူမ အသက္ ၁၇ ႏွစ္အရြယ္မွာ သူမခ်စ္သူဆုိတဲ့ အမ်ိဳးသားတဦးရဲ႕ ျမႇဴဆြယ္မႈကိုခံရၿပီး ဝင္ေငြေကာင္းတဲ့ ဆံပင္ညႇပ္အလုပ္ လုပ္ကိုင္ဖုိ႔ အဂၤလန္ႏုိင္ငံကို ေရာက္လာခဲ့ပါတယ္။

အဲဒီေနာက္ သူမရဲ႕ ႏုိင္ငံကူးလက္မွတ္ကုိ သိမ္းၿပီး အမ္စတာဒမ္က ျပည့္တန္ဆာ႐ံုကို ေရာင္းစားခံခဲ့ရကာ ျပတင္းမွန္ေတြရဲ႕အေနာက္မွာ ျပထားၿပီး လိင္အလုပ္သမားအျဖစ္ ၅ ႏွစ္ေလာက္ အတင္းအဓမၼ လုပ္ကိုင္ခံခဲ့ရတယ္လုိ႔ ဆုိပါတယ္။

သူမရဲ႕ တေန႔ဝင္ေငြက ေပါင္ ၃၅၀ ရွိေပမယ့္ ျပည့္တန္ဆာေခါင္းက သူမကို အစားအစာအတြက္ တေန႔ ၉ ေပါင္ပဲေပးၿပီး အဓမၼျပဳက်င့္ခဲ့သလုိ ႐ိုက္လည္း ႐ိုက္တယ္လုိ႔ ဆုိပါတယ္။

အဓမၼ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းလည္း ခံခဲ့ရၿပီး တႀကိမ္က ျငင္းဆန္မိခဲ့လုိ႔ ျပည့္တန္ဆာေခါင္းက သူမရဲ႕မ်က္ႏွာကုိ ဓားနဲ႔လွီးခဲ့တယ္၊ အကယ္၍ ေနာက္တခါ ထပ္ျငင္းရင္ ဒီထက္ပုိဆုိးမယ္လုိ႔ ၿခိမ္းေျခာက္ခံရတယ္လုိ႔လည္း သူမက ဖြင့္ေျပာခဲ့ပါတယ္။

“ျပည့္တန္ဆာေခါင္းေတြက ဒါက တရားဝင္လုပ္ငန္းလုိ႔ က်မကို ေျပာမယ္။ ရဲေတြက သူတုိ႔ဘက္မွာရွိၿပီး က်မဘက္မွာ မရွိလုိ႔ က်မကို သူတုိ႔ လုပ္ခ်င္သလုိ လုပ္လုိ႔ရတယ္” လုိ႔ သူမက ျဖည့္ေျပာခဲ့ပါတယ္။

ခုခ်ိန္မွာေတာ့ လိင္ကုန္ကူးမႈကို နယ္သာလန္ႏုိင္ငံရဲ႕ လႈံ႕ေဆာ္သူေတြနဲ႔ ႏုိင္ငံေရးသမား ေတာ္ေတာ္မ်ားမ်ားက ဆန္႔က်င္မႈေတြ ျမင့္တက္လာၿပီလုိ႔ သိရပါတယ္။

ဥပေဒအသစ္ကုိ ေနာက္ႏွစ္မွာ ထုတ္ျပန္ႏုိင္ၿပီး ရင္းႏွီးကၽြမ္းဝင္တဲ့ ျပည့္တန္ဆာနဲ႔ လိင္ေပ်ာ္ပါးသူေတြကုိ ဒါမွမဟုတ္ လူကုန္ကူး သံသယရွိသူကို ရာဇဝတ္မႈအျဖစ္သတ္မွတ္ၿပီး ေထာင္ဒဏ္ ၄ ႏွစ္အထိ က်ခံရမယ္လုိ႔ ဆုိထားေၾကာင္း ေဒးလီးေမးလ္သတင္းမွာ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရဲ့ လမ်းကျဉ်းလေးတွေပေါ်မှာ နှင်းတွေကျနေတဲ့ ရက်တရက် ည ၁၁ လောက်မှာ အမျိုးသား ၂ ဦးဟာ ကမ္ဘာပေါ်မှာ လိင်နယ်မြေအဖြစ် အကျော်ကြားဆုံးနေရာက ပြတင်းပေါက်အမြင့်ကြီးတွေကို လှမ်းပြနေကြပါတယ်။

မှန်ပြတင်းပေါက်ကြီးတွေရဲ့ နောက်မှာ အမျိုးသမီး ၃ ဦးက အတွင်းခံလေးတွေသာ ဝတ်ဆင်ထားပြီး တဦးက ဖုန်းသုံးနေကာ အမျိုးသားတွေရဲ့ အကြည့်ကို ဘယ်လိုမှမနေဘဲ နောက်တဦးက နှုတ်ခမ်းနီ ဆိုးနေပါတယ်။ တတိယအမျိုးသမီးကတော့ အပြုံးမျက်နှာနဲ့ တဖက်နဲ့တဖက်ကို ငြင်ငြင်သာသာ ယိမ်းထိုးနေပါတယ်။

အမျိုးသားတွေ ကြည့်ရတာ ဗြိတိန်လူမျိုးတွေ ဖြစ်ဟန်တူပြီး သူတို့တွေက အားလပ်ရက် ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ အမ်စတာဒမ်မြို့ ပြည့်တန်ဆာရုံ ပြတင်းပေါက်နောက်က ပြည့်တန်ဆာအမျိုးသမီးတွေကို ကြည့်ဖို့ ရောက်လာကြတာပါ။

အမ်စတာဒမ်မြို့ရဲ့ ပြည့်တန်ဆာရုံတွေရှိတဲ့ ဒီဝေါလန်းခရိုင်မှာ ပြည့်တန်ဆာလုပ်ငန်းက တရားဝင်ဖြစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြတင်းပေါက်နောက်ကွယ်က အမျိုးသမီးတွေကို ပျော်ပါးဖို့ အကြွေးကတ်တွေနဲ့လည်း လက်ခံတယ်လို့ ဆိုပါတယ်။

အလုပ်များတဲ့နေ့တွေဆို ပြည့်တန်ဆာအမျိုးသမီးတွေရဲ့ တနေ့ဝင်ငွေက ပေါင် ၃၅၀ ထိ ရှိပြီး ပျော်ရွှင်နေတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေကို ဒီလိုဟောင်းနွမ်းနေတဲ့ လမ်းတွေထဲ ရှိခွင့်ပြုထားတာက ဒီဝင်ငွေကြောင့်လည်း တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ရဲ့ စိတ်ပျက်ရွံရှာစရာနဲ့ အန္တရာယ်များတဲ့ တကယ့်အမှန်ဘဝကို သည်မေးအွန်ဆန်းဒေး သတင်းဌာနက ထုတ်ဖော်ခဲ့ပါတယ်။

ပြတင်းမှန်ထဲက အပြုံးမျက်နှာနဲ့ မိန်းကလေးတွေဟာ ရက်စက်တဲ့ ပြည့်တန်ဆာခေါင်းတွေရဲ့ ဥရောပအရှေ့ပိုင်းကနေ ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ။

အမ်စတာဒမ်ကို အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ မိန်းကလေးတဦးက “ကျမတို့ကို ဈေးဆိုင်တခုက ပစ္စည်းတွေလို ရောင်းချခြင်းခံရတယ်” လို့ သည်မေးလ်အွန်ဆန်းဒေး သတင်းကြီးကို ထုတ်ဖော်ပြောလိုက်ပါတယ်။

ရိုမေးနီးယားလူမျိုး အန်ဂျလီကာဆိုတဲ့ မိန်းကလေးဟာ ရည်ရွယ်ချက်ကြီးမားပြီး ဆယ်ကျော်သက်တဦးဖြစ်တဲ့ သူမ အသက် ၁၇ နှစ်အရွယ်မှာ သူမချစ်သူဆိုတဲ့ အမျိုးသားတဦးရဲ့ မြှူဆွယ်မှုကိုခံရပြီး ဝင်ငွေကောင်းတဲ့ ဆံပင်ညှပ်အလုပ် လုပ်ကိုင်ဖို့ အင်္ဂလန်နိုင်ငံကို ရောက်လာခဲ့ပါတယ်။

အဲဒီနောက် သူမရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းပြီး အမ်စတာဒမ်က ပြည့်တန်ဆာရုံကို ရောင်းစားခံခဲ့ရကာ ပြတင်းမှန်တွေရဲ့အနောက်မှာ ပြထားပြီး လိင်အလုပ်သမားအဖြစ် ၅ နှစ်လောက် အတင်းအဓမ္မ လုပ်ကိုင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူမရဲ့ တနေ့ဝင်ငွေက ပေါင် ၃၅၀ ရှိပေမယ့် ပြည့်တန်ဆာခေါင်းက သူမကို အစားအစာအတွက် တနေ့ ၉ ပေါင်ပဲပေးပြီး အဓမ္မပြုကျင့်ခဲ့သလို ရိုက်လည်း ရိုက်တယ်လို့ ဆိုပါတယ်။

အဓမ္မ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလည်း ခံခဲ့ရပြီး တကြိမ်က ငြင်းဆန်မိခဲ့လို့ ပြည့်တန်ဆာခေါင်းက သူမရဲ့မျက်နှာကို ဓားနဲ့လှီးခဲ့တယ်၊ အကယ်၍ နောက်တခါ ထပ်ငြင်းရင် ဒီထက်ပိုဆိုးမယ်လို့ ခြိမ်းခြောက်ခံရတယ်လို့လည်း သူမက ဖွင့်ပြောခဲ့ပါတယ်။

“ပြည့်တန်ဆာခေါင်းတွေက ဒါက တရားဝင်လုပ်ငန်းလို့ ကျမကို ပြောမယ်။ ရဲတွေက သူတို့ဘက်မှာရှိပြီး ကျမဘက်မှာ မရှိလို့ ကျမကို သူတို့ လုပ်ချင်သလို လုပ်လို့ရတယ်” လို့ သူမက ဖြည့်ပြောခဲ့ပါတယ်။

ခုချိန်မှာတော့ လိင်ကုန်ကူးမှုကို နယ်သာလန်နိုင်ငံရဲ့ လှုံ့ဆော်သူတွေနဲ့ နိုင်ငံရေးသမား တော်တော်များများက ဆန့်ကျင်မှုတွေ မြင့်တက်လာပြီလို့ သိရပါတယ်။

ဥပဒေအသစ်ကို နောက်နှစ်မှာ ထုတ်ပြန်နိုင်ပြီး ရင်းနှီးကျွမ်းဝင်တဲ့ ပြည့်တန်ဆာနဲ့ လိင်ပျော်ပါးသူတွေကို ဒါမှမဟုတ် လူကုန်ကူး သံသယရှိသူကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီး ထောင်ဒဏ် ၄ နှစ်အထိ ကျခံရမယ်လို့ ဆိုထားကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top