AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ေရွးတုန္းက ဇယေသန ဆိုတဲ့ မင္းသားတစ္ေယာက္
ေတာ္ေတာ္ပညာတတ္တဲ့
ကိုရင္တစ္ပါးဆီ
သူမင္းသားေရာက္လာတယ္။
ေရာက္လာေတာ့
ကိုရင္ၾကီးကို ေမးတယ္။

"ကိုရင္ - သမာဓိရွိရွိနဲ႕
ေနႏိုင္တယ္ဆိုတာ ၊ သမာပတ္ေတြ ဘာေတြဝင္စားႏိုင္တယ္ဆိုတာ
ဟုတ္သလား၊ စိတ္ေတြဟာ
တစ္ခါတည္း အာရုံတစ္ခုတည္းမွာ ထားျပီးေတာ့ ေနႏိုင္တယ္ဆိုတာ ဟုတ္သလား။"

"ဟုတ္တယ္"

"ဒါျဖင့္ က်ဳပ္ကို နည္းနည္း  ေျပာေပးစမ္းပါ"

"ဟင္ - အသင့္ကို ေျပာရမွာျဖင့္ က်ဳပ္က သိပ္ျပီးေတာ့လဲ
ေဝေဝဆာဆာ ေျပာတတ္တာ မဟုတ္ဘူး၊ ဒီေတာ့ က်ဳပ္ေျပာတဲ့ဟာကိုေလ အသင္ သေဘာမက်လို႕ရွိရင္ သေဘာမက်တဲ့အေနနဲ႕ ထားပါေနာ္၊ ထက္ျပီးေတာ့ ေစာဒက မတက္ပါနဲ႕"

" ေကာင္းပါျပီ၊ ေစာဒက မတက္ပါဘူး"

"ျပီးေတာ့ ဘာရယ္ ညာရယ္ မေျပာပါနဲ႕၊"

"မေျပာပါဘူးေလ၊ ကဲ - ေျပာစမ္းပါဦး"

ဒါနဲ႕ သမာဓိရတဲ့ လမ္းစဥ္၊ စ်ာန္သမာပတ္ရတဲ့ လမ္းစဥ္ေတြေျပာျပီးေတာ့ ဇယေသန မင္းသားက သူမ်ားကိုလဲပဲ ငဲ့ညွာတာ မဟုတ္ေတာ့၊ ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူးကိုရင္၊ မဟုတ္တာခ်ည္းပဲ ျဖစ္မွာပဲဆိုျပီးေတာ့ တစ္ခါတည္း အျပစ္ေတြ တင္ျပီးေတာ့ ျပန္သြားေရာ။ ကိုရင္ခမ်ာ ေစာေစာက သေဘာမက်လို႕ရွိရင္ ဘာမွမေျပာပါနဲ႕ေနာ္၊ ေစာဒကတက္႐ံုတင္ မကဘူး၊ အျပစ္ေျပာျပီးေတာ့ ျပန္သြားတယ္။ ဒါနဲ႕ ျမတ္စြာဘုရားဆီ ကိုရင္က သြားျပီးေတာ့ ေလွ်ာက္ေတာ့ ဒီမင္းသားက ေလာကီအာ႐ံု ကာမဂုဏ္ထဲမွာပဲ စိတ္ကေနတာ၊ ေလာကီအာ႐ံု ကာမဂုဏ္ထဲမွာေနတဲ့စိတ္က ေလာကီအာ႐ံု ကာမဂုဏ္ေတြထဲက ခြဲခြါျပီးေတာ့ ဘယ္လိုေနမွ သမာဓိရတယ္ဆိုတဲ့ အေၾကာင္းအရာေတြကို သူဘယ္ႏွယ္လုပ္ျပီးေတာ့ သေဘာေပါက္မလဲ၊ အေၾကာင္းအရာေတြကိုသူ ဘယ္ႏွယ္လုပ္ျပီးေတာ့ သေဘာေပါက္မလဲ၊ သူ႕ေနရာနဲ႕သူေရာက္မွ သေဘာေပါက္ေတာ့မွာေပါ့လို႕ အဲဒီလို ဘုရားရွင္ကိုယ္ေတာ္ျမတ္က ေဟာျပျပီး ဥပမာတစ္ခု အမိန္႕ရွိတယ္။

"သူငယ္ခ်င္း ႏွစ္ေယာက္ ျမိဳ႕ထဲက ထြက္ျပီးေတာ့ ေတာထဲ လည္ၾကတယ္၊ ေတာထဲ လည္ရာက ေတာင္ၾကီးတစ္ခု ေတြေတာ့ သူငယ္ခ်င္းတစ္ေယာက္က ေမာေမာပန္ပန္းနဲ႕ ေတာင္ေျခ ေနရစ္ခဲ့တယ္။ သူငယ္ခ်င္းတစ္ေယာက္ကေတာ့ ေတာင္ေပၚတက္ျပီး ေတာ္ေတာ္ေလးေရာက္ေတာ့ ေအာက္လွမ္းၾကည့္လိုက္တဲ့အခါ သိပ္ၾကည့္လို႕ေကာင္းတာနဲ႕ ေအာက္ကလူကိုလွမ္းၾကည့္လိုက္တယ္။ အား-- မိတ္ေဆြ သိပ္သာယာပါကလား၊ ေတာင္ေပၚက ၾကည့္ရတာ သိပ္ေကာင္းတာပါလား၊ ၾကည့္စမ္း-- ဟိုမွာ ႐ႈေမွ်ာ္ခင္းေတြ ေကာင္းလိုက္တာ၊ တစ္ခါတည္း ဟိုျမစ္ေတြၾကည့္လိုက္ေတာ့လဲ ေရေတြက တစ္ခါတည္း ၾကည့္လို႕ေကာင္းလိုက္တာ၊ ျမိဳ႕ေတြ ၾကည့္လိုက္ေတာ့လဲ တစ္ခါတည္း ဘံုေတြ ဗိမာန္ေတြလိုပဲ၊ ေတာေတြ ၾကည့္လိုက္ျပန္ေတာ့လဲ သစ္ပင္ ေတြက စိမ္းစိမ္းစိုစိုနဲ႕ ၾကည့္လို႕ေကာင္းလိုက္တာလို႕ သူက ေတာင္ေပၚကေနျပီးေတာ့ လွမ္းေျပာတယ္၊ ေတာင္ေအာက္ကလူက အလကား မင္းညာတာ ဘာမွ မဟုတ္ဘူး၊ သူက ေတာင္ေအာက္ကေနျပီး ျငင္းခ်က္ ထုတ္ေနတယ္။ ဒါနဲ႕ ေအာက္ဆင္းျပီး ေျပးလာျပီးေတာ့လာလာဆိုျပီး အတင္းတြဲေခၚျပီးေတာ့ ေတာင္ေပၚ တက္တယ္။ ခုနက သူျမင္တဲ့ ေနရာက ေနျပီးေတာ့ ကဲ-ၾကည့္စမ္း အေနာက္ၾကည့္လိုက္စမ္း၊ ေအး-ဟုတ္တယ္ေဟ့၊ ျမိဳ႕ၾကီး သိပ္သာယာပါကလား၊ ဟို ေတာင္ဘက္ ၾကည့္လိုက္စမ္း အား-ဟုတ္တယ္၊ ေရေတြ၊ တစ္ခါတည္း ျမစ္ေတြ ေခ်ာင္းေတြ သိပ္ၾကည့္လို႕လွတာပဲ၊ ဘယ့္ႏွယ္ေၾကာင့္ သာယာတယ္ေလး ဘာေလး ျဖစ္ကုန္တုန္း၊ ခုနက ငါက ဒီေနရာကိုေရာက္မွ မေရာက္ဘဲကိုကြာ၊ ဒီေနရာကို မေရာက္ေတာ့ ငါကျငင္းမိတာေပါ့။"

အဲသလိုပဲတဲ့၊ ဒီတရားနဲ႕ တန္တဲ့ေနရာေရာက္လို႕ ဒီတရားကိုသိႏိုင္ ျမင္ႏိုင္ေလာက္တဲ့ အက်င့္ကို က်င့္လို႕ရွိရင္ ဒီတရားသိတာျမင္တာပဲ။ ဒီတရားနဲ႕ မတန္ေသးခင္တုန္းကေတာ့ သူမ်ားေျပာတဲ့ဥစၥာ မျငင္းခ်င္လို႕သာ မျငင္းတာ၊ ဒါမွ မဟုတ္ရင္ ေျပာတဲ့လူကို ယုံၾကည္လို႕၊ ဟုတ္မွာပဲ - အဲသလို အေနမ်ိဳးနဲ႕သာ ေနရတာ၊ ဒါေပမယ္ တကယ္ ကိုယ္ေတြ႕ သိျမင္လာတဲ့ အခါက်ေတာ့ ေသေသခ်ာခ်ာ ယုံတာပဲ၊ အဲဒါေၾကာင့္ ဘုရားရွင္ကိုယ္ေတာ္ျမတ္က နိဗၺာန္ကို သိႏိုင္ ျမင္ႏိုင္ေလာက္ေအာင္ နိဗၺာန္နဲ႕ထိုက္တန္ေအာင္က်င့္တဲ့ ပုဂၢိဳလ္မ်ားသာ နိဗၺာန္ရဲ့သေဘာကို ေကာင္းေကာင္း သိမယ္လို႕ အမိန္႕ေတာ္ရွိတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ဇနကာဘိဝံသ

#Unicode Version#
ရှေးတုန်းက ဇယသေန ဆိုတဲ့ မင်းသားတစ်ယောက်
တော်တော်ပညာတတ်တဲ့
ကိုရင်တစ်ပါးဆီ
သူမင်းသားရောက်လာတယ်။
ရောက်လာတော့
ကိုရင်ကြီးကို မေးတယ်။

"ကိုရင် - သမာဓိရှိရှိနဲ့
နေနိုင်တယ်ဆိုတာ ၊ သမာပတ်တွေ ဘာတွေဝင်စားနိုင်တယ်ဆိုတာ
ဟုတ်သလား၊ စိတ်တွေဟာ
တစ်ခါတည်း အာရုံတစ်ခုတည်းမှာ ထားပြီးတော့ နေနိုင်တယ်ဆိုတာ ဟုတ်သလား။"

"ဟုတ်တယ်"

"ဒါဖြင့် ကျုပ်ကို နည်းနည်း  ပြောပေးစမ်းပါ"

"ဟင် - အသင့်ကို ပြောရမှာဖြင့် ကျုပ်က သိပ်ပြီးတော့လဲ
ဝေဝေဆာဆာ ပြောတတ်တာ မဟုတ်ဘူး၊ ဒီတော့ ကျုပ်ပြောတဲ့ဟာကိုလေ အသင် သဘောမကျလို့ရှိရင် သဘောမကျတဲ့အနေနဲ့ ထားပါနော်၊ ထက်ပြီးတော့ စောဒက မတက်ပါနဲ့"

" ကောင်းပါပြီ၊ စောဒက မတက်ပါဘူး"

"ပြီးတော့ ဘာရယ် ညာရယ် မပြောပါနဲ့၊"

"မပြောပါဘူးလေ၊ ကဲ - ပြောစမ်းပါဦး"

ဒါနဲ့ သမာဓိရတဲ့ လမ်းစဉ်၊ ဈာန်သမာပတ်ရတဲ့ လမ်းစဉ်တွေပြောပြီးတော့ ဇယသေန မင်းသားက သူများကိုလဲပဲ ငဲ့ညှာတာ မဟုတ်တော့၊ ဘယ်တော့မှ မဖြစ်နိုင်ဘူးကိုရင်၊ မဟုတ်တာချည်းပဲ ဖြစ်မှာပဲဆိုပြီးတော့ တစ်ခါတည်း အပြစ်တွေ တင်ပြီးတော့ ပြန်သွားရော။ ကိုရင်ခမျာ စောစောက သဘောမကျလို့ရှိရင် ဘာမှမပြောပါနဲ့နော်၊ စောဒကတက်ရုံတင် မကဘူး၊ အပြစ်ပြောပြီးတော့ ပြန်သွားတယ်။ ဒါနဲ့ မြတ်စွာဘုရားဆီ ကိုရင်က သွားပြီးတော့ လျှောက်တော့ ဒီမင်းသားက လောကီအာရုံ ကာမဂုဏ်ထဲမှာပဲ စိတ်ကနေတာ၊ လောကီအာရုံ ကာမဂုဏ်ထဲမှာနေတဲ့စိတ်က လောကီအာရုံ ကာမဂုဏ်တွေထဲက ခွဲခွါပြီးတော့ ဘယ်လိုနေမှ သမာဓိရတယ်ဆိုတဲ့ အကြောင်းအရာတွေကို သူဘယ်နှယ်လုပ်ပြီးတော့ သဘောပေါက်မလဲ၊ အကြောင်းအရာတွေကိုသူ ဘယ်နှယ်လုပ်ပြီးတော့ သဘောပေါက်မလဲ၊ သူ့နေရာနဲ့သူရောက်မှ သဘောပေါက်တော့မှာပေါ့လို့ အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ်က ဟောပြပြီး ဥပမာတစ်ခု အမိန့်ရှိတယ်။

"သူငယ်ချင်း နှစ်ယောက် မြို့ထဲက ထွက်ပြီးတော့ တောထဲ လည်ကြတယ်၊ တောထဲ လည်ရာက တောင်ကြီးတစ်ခု တွေတော့ သူငယ်ချင်းတစ်ယောက်က မောမောပန်ပန်းနဲ့ တောင်ခြေ နေရစ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ကတော့ တောင်ပေါ်တက်ပြီး တော်တော်လေးရောက်တော့ အောက်လှမ်းကြည့်လိုက်တဲ့အခါ သိပ်ကြည့်လို့ကောင်းတာနဲ့ အောက်ကလူကိုလှမ်းကြည့်လိုက်တယ်။ အား-- မိတ်ဆွေ သိပ်သာယာပါကလား၊ တောင်ပေါ်က ကြည့်ရတာ သိပ်ကောင်းတာပါလား၊ ကြည့်စမ်း-- ဟိုမှာ ရှုမျှော်ခင်းတွေ ကောင်းလိုက်တာ၊ တစ်ခါတည်း ဟိုမြစ်တွေကြည့်လိုက်တော့လဲ ရေတွေက တစ်ခါတည်း ကြည့်လို့ကောင်းလိုက်တာ၊ မြို့တွေ ကြည့်လိုက်တော့လဲ တစ်ခါတည်း ဘုံတွေ ဗိမာန်တွေလိုပဲ၊ တောတွေ ကြည့်လိုက်ပြန်တော့လဲ သစ်ပင် တွေက စိမ်းစိမ်းစိုစိုနဲ့ ကြည့်လို့ကောင်းလိုက်တာလို့ သူက တောင်ပေါ်ကနေပြီးတော့ လှမ်းပြောတယ်၊ တောင်အောက်ကလူက အလကား မင်းညာတာ ဘာမှ မဟုတ်ဘူး၊ သူက တောင်အောက်ကနေပြီး ငြင်းချက် ထုတ်နေတယ်။ ဒါနဲ့ အောက်ဆင်းပြီး ပြေးလာပြီးတော့လာလာဆိုပြီး အတင်းတွဲခေါ်ပြီးတော့ တောင်ပေါ် တက်တယ်။ ခုနက သူမြင်တဲ့ နေရာက နေပြီးတော့ ကဲ-ကြည့်စမ်း အနောက်ကြည့်လိုက်စမ်း၊ အေး-ဟုတ်တယ်ဟေ့၊ မြို့ကြီး သိပ်သာယာပါကလား၊ ဟို တောင်ဘက် ကြည့်လိုက်စမ်း အား-ဟုတ်တယ်၊ ရေတွေ၊ တစ်ခါတည်း မြစ်တွေ ချောင်းတွေ သိပ်ကြည့်လို့လှတာပဲ၊ ဘယ့်နှယ်ကြောင့် သာယာတယ်လေး ဘာလေး ဖြစ်ကုန်တုန်း၊ ခုနက ငါက ဒီနေရာကိုရောက်မှ မရောက်ဘဲကိုကွာ၊ ဒီနေရာကို မရောက်တော့ ငါကငြင်းမိတာပေါ့။"

အဲသလိုပဲတဲ့၊ ဒီတရားနဲ့ တန်တဲ့နေရာရောက်လို့ ဒီတရားကိုသိနိုင် မြင်နိုင်လောက်တဲ့ အကျင့်ကို ကျင့်လို့ရှိရင် ဒီတရားသိတာမြင်တာပဲ။ ဒီတရားနဲ့ မတန်သေးခင်တုန်းကတော့ သူများပြောတဲ့ဥစ္စာ မငြင်းချင်လို့သာ မငြင်းတာ၊ ဒါမှ မဟုတ်ရင် ပြောတဲ့လူကို ယုံကြည်လို့၊ ဟုတ်မှာပဲ - အဲသလို အနေမျိုးနဲ့သာ နေရတာ၊ ဒါပေမယ် တကယ် ကိုယ်တွေ့ သိမြင်လာတဲ့ အခါကျတော့ သေသေချာချာ ယုံတာပဲ၊ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က နိဗ္ဗာန်ကို သိနိုင် မြင်နိုင်လောက်အောင် နိဗ္ဗာန်နဲ့ထိုက်တန်အောင်ကျင့်တဲ့ ပုဂ္ဂိုလ်များသာ နိဗ္ဗာန်ရဲ့သဘောကို ကောင်းကောင်း သိမယ်လို့ အမိန့်တော်ရှိတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်ဇနကာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top