×












By – KSM

credit MUNA

Ref:The Sun

Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
နောက်ကျောတွင် ဓါးထိုးခံထားရသည့် အသက်၂၂နှစ်အရွယ် ဘရာဇီးလူငယ် အယ်လီနာဒိုမှာ ထူးထူးခြားခြား စိတ်လှုပ်ရှားမှုမရှိပဲ ငြိမ်နေခဲ့သည်ကို တွေ့ရသည်။

ဓါးထိုးခံရသူ အယ်လီနာဒိုမှာ ဘရာဇီးကျေးလက်ဒေသရှိ ဘရာစီးလီးယားမြို့လေးတွင် သူငယ်ချင်းများနှင့်အတူ အရက်သောက်နေစဉ် တစ်စုံတစ်ဦးက ပြေးလာပြီးနောက်ကျောသို့ အားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်သည်ဟု ဒေသခံသတင်းများတွင် ဖော်ပြသည်။

အယ်လီနာဒိုက ယင်းတိုက်ခိုက်မှုနောက်ကွယ်မှ ကိုယ်ထိလက်ရောက် ကျူ းလွန်သူကို မသိခဲ့ကြောင်းနှင့် ထိုညက မည်သူနှင့်မှ အချင်းများခဲ့ခြင်းမရှိဟု ပြောကြားသည်။

ဖေဖော်ဝါရီ ၉ရက်နေ့က အခင်းဖြစ်ပွားမှုကို ပြသသည့်ဗီဒီယိုတွင် အလုပ်ကြမ်းသမားတစ်ဦးက သစ်သားရိုးပါသည်ဓါးဖြင့် ထိုးခဲ့ပြီးနောက် အင်္ကျ ီပေါ်သို့ သွေးများစီးကျလာသည်ကို တွေ့ရသည်။

ဒေသခံများက လူနာတင်ကားထွက်လာနေသည်ကို လူနာအား ပြောပြပြီးနောက် စိတ်သက်သာရာရခဲ့သည်။ အယ်လီနာဒိုမှာ ရီယိုဘရန်ကိုဆေးရုံတွင် ဓါးကိုခွဲစိတ်ဖယ်ရှားပေးခဲ့ပြီးနောက် သက်သာလာပြီဟု The Sun ကဖော်ပြသည်။

“ကျွန်တော် ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာ မသိပါဘူး။ ကျွန်တော် ရန်ဖြစ်တာ စကားများတာလည်း မရှိခဲ့ဘူး။ ကျွန်တော် စားသောက်ဆိုင်ထဲကနေ အပြင်ကသူငယ်ချင်းနဲ့ စကားပြောဖို့ ထွက်လာချိန်မှာ လက်ထဲက အရက်ခွင်ကိုသောက်နေတုန်း လူတစ်ယောက်ပြေးလာတယ်။ နောက်ကျောကိုဓါးနဲ့ထိုးပြီးတော့ ထွက်ပြေးသွားတယ်။ သူကျွန်တော့်အနား ကပ်လာတာလည်း မသိလိုက်ဘူး။နောက်ကျောကို စူးဝင်သွားတာကို ခံစားလိုက်ရပြီး ဒူးထောက်လဲကျမတန့် ယိုင်သွားပါတယ်”ဟု အယ်လီနာဒိုက ပြောကြားခဲ့သည်။

ခွဲစိတ်ဆရာဝန်များက သူ၏နောက်ကျောတွင် ကံအားလျော်စွာ အဓိကခန္တာကိုယ်အတွင်းပိုင်း အစိတ်အပိုင်းများနှင့် ကျောရိုးကိုသီသီလေးလွဲချော်ကာ စိုက်ဝင်နေသော ဓါးကို အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားပေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်လာသောအခါ လူနာမှာ ကုလားထိုင်ပေါ်ထိုင်နိုင်ပြီး လူနာတင်ကားစောင့်နေစဉ် ခြေလှမ်းအနည်းငယ်ပင် လမ်းလျှောက်နိုင်သည်။

စုံထောက် ကာလက်ဆိုက ”ကျွန်တော်တို့ လူနာကိုတွေ့တော့ အံသြနေခဲ့ပြီး အထိတ်တလန့် မဖြစ်ခဲ့ဘူး။ သူ့ရဲ့ စိတ်တည်ငြိမ်မှုက သူအသက်ဆက်ရှင်နိုင်ဖို့ အထောက်အကူဖြစ်ခဲ့တယ်။ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ နဲ့သူ စကားလည်းပြောနိုင်ပြီးတော့ ကနဦးစစ်ဆေးချက်တွေအရ သူ့ကိုထိုးလိုက်တဲ့ ဓါးက မကြာခင်ကမှ ဝယ်လာတဲ့ ဓါးအသစ်ပဲ”ဟု ပြောကြားခဲ့သည်။

စုံထောက်ကဆက်လက်၍ “ဒီတိုက်ခိုက်မှုဖြစ်တဲ့အချိန် အယ်လီနာဒိုဘာလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှသေချာမသိတော့ ဘယ်သူမှ ထွက်ပြေးခဲ့တာမရှိဘူး။ ကျွန်တော်တို့ ဒီအမှုကို လူသတ်ရန်အားထုတ်မှု အဖြစ်သတ်မှတ်ပြီးတော့ သံသယရှိသူကိုလည်း သိထားပြီးပါပြီ။ သူ့ကိုဖမ်းဝရမ်းထုတ်ထားပါတယ်”ဟု ရှင်းပြခဲ့သည်။

ဆရာဝန်များက အယ်လီနာဒိုမှာ လမ်းလျောက်နိုင်ပြီး ဒီတိုက်ခိုက်ခံရမှုကြောင့် ရေရှည်ထိခိုက်မှုနှင့် နောက်ထပ်ထိခိုက်မှုမရှိကြောင်းပြောကြားသည်။

By – KSM

credit MUNA

Ref:The Sun

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top