ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္တုိင္းေဒသၾကီး လိႈင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္(၂)၊ ဦးထြန္းညိဳလမ္းတြင္ ဓားျဖင့္ထိုး၍ လူသတ္မႈ က်ဴးလြန္ၿပီး ထြက္ေျပးသြား သူအား ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕က အခ်ိန္တိုအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိခ့ဲေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီ ၂၂ ရက္ေန႔ ည ၇ နာရီအခ်ိန္ လိႈင္သာယာၿမိဳ႕နယ္ ျပည္သူ႕ေဆးရုံတြင္ ဓားထိုးခံရသည့္ လူနာ တစ္ဦးေရာက္ရွိေနေၾကာင္း သတင္းအရ လိႈင္သာယာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္မ်ားက သြားေရာက္ စစ္ေဆးရာ လိႈင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္(၂)၊ ဦးထြန္းညိဳလမ္းေန အစ္ကိုျဖစ္သူထံ လာေရာက္ လည္ပတ္ သည့္ မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္၊ လက္ပံတုန္းေက်းရြာေန ဇြဲမာန္ဟိန္း (၁၇)ႏွစ္ ျဖစ္ေၾကာင္း သိရသည္။

၎သည္ လိႈင္သာယာၿမိဳ႕နယ္၊ ဦးထြန္းညိဳလမ္း၊ ဖိုး၀အထည္ခ်ဳပ္စက္ရုံေရွ႕တြင္ အမည္မသိ အမ်ိဳးသား တစ္ဦးမွ ဓားျဖင့္ထိုး၍ ၀မ္းဗိုက္၀ဲဘက္ျခမ္းတြင္ ထိုးသြင္းဒဏ္တစ္ခ်က္ ရရွိခ့ဲေၾကာင္းသိရွိခ့ဲရသျဖင့္ လိႈင္သာယာ ၿမိဳ႕မရဲစခန္း (ပ) ၇၂၂/၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္လွစ္အေရးယူေဆာင္ရြက္ခ့ဲရာ ည ၁၁း၁၅ အခ်ိန္တြင္ ဇြဲမာန္ဟိန္းမွာ ရရွိဒဏ္ရာျဖင့္ ေသဆုံး သြားသျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ မွ ၃၀၂ သို႔ ေျပာင္းလဲ ဖြင့္လွစ္၍ တရားခံဖမ္းဆီးရမိေရး စုံစမ္းေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရးအတြက္ လိႈင္သာယာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္မ်ားက စုံစမ္းခ့ဲရာ ျပစ္မႈက်ဴးလြန္သူမွာ လိႈင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္(၃)၊ ဗန္ေမာ္အတြင္း၀န္လမ္းေန ၀င္းေဇာ္လတ္ (၁၉)ႏွစ္ႏွင့္ ၎၏သူငယ္ခ်င္းျဖစ္သူ လိႈင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္(၃)၊ ေရဥကၠံေက်းရြာေန ကိုမင္း(ခ)ႏိုင္၀င္းဗိုလ္ တို႔ျဖစ္ေၾကာင္း စုံစမ္းသိရွိခ့ဲရပါသည္။

ျပစ္မႈက်ဴးလြန္သူ ၀င္းေဇာ္လတ္ႏွင့္ ကိုမင္း(ခ)ႏိုင္၀င္းဗိုလ္တို႔အား ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္ လိႈင္သာယာၿမိဳ႕နယ္၊ ၀ဇီရာရုပ္ရွင္ရုံအနီးရွိ လက္ဖက္ရည္ဆိုင္တြင္ ေရာက္ရွိေနေၾကာင္း သတင္းရရွိသျဖင့္ လိႈင္သာယာၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားက သြားေရာက္ဖမ္းဆီးရာ ကိုမင္း(ခ)ႏိုင္၀င္းဗိုလ္အား ဖမ္းဆီးရမိခ့ဲၿပီး ၀င္းေဇာ္လတ္မွာ တိမ္းေရွာင္သြားေၾကာင္း သိရွိခ့ဲရပါသည္။

ဖမ္းဆီးရမိသူ ကိုမင္း(ခ)ႏိုင္၀င္းဗုိလ္အား စစ္ေဆးရာ ေဖေဖာ္၀ါရီ ၂၂ ရက္ေန႔ ညေန ၆ နာရီခြဲအခ်ိိန္ သူငယ္ ခ်င္းျဖစ္သူ ၀င္းေဇာ္လတ္ႏွင့္အတူ အစ္မ၀မ္းကြဲမ်ားအား အထည္ခ်ဳပ္စက္ရုံမွ သြားေရာက္ႀကိဳၿပီး ျပန္လာစဥ္ ဦးထြန္းညိဳလမ္းအေရာက္ လူငယ္(၃)ဦးႏွင့္ေတြ႔ၿပီး ရည္းစားကိစၥစကားမ်ားရာမွ ကိုမင္း(ခ)ႏိုင္၀င္းဗိုလ္မွ ေသဆုံးသူအား ဓားႏွင့္ထိုးခ့ဲၿပီး ၀င္းေဇာ္လတ္ႏွင့္အတူ စက္ဘီးျဖင့္ ထြက္ေျပးခ့ဲေၾကာင္း၊ ထိုုသို႔ထြက္ေျပးၿပီး လိႈင္သာယာၿမိဳ႕နယ္၊ ၀ဇီရာရုပ္ရွင္ရုံအနီးရွိ လက္ဖက္ရည္ ဆိုင္တြင္ ထိုင္ၿပီး ထြက္ေျပးရန္ တိုင္ပင္ခ့ဲေၾကာင္း၊ ၀င္းေဇာ္လတ္မွာ ေနအိမ္သုိ႔ ျပန္မည္ဟုေျပာဆို၍ ထြက္သြားခ့ဲေၾကာင္း၊ ၎မွာ လက္ဖက္ရည္ဆိုင္၌ ထိုင္ေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ေပၚေပါက္ခ့ဲသည္။

ေပၚေပါက္ခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခ့ဲသည့္ သက္ေသခံဓားအား သိမ္းဆည္းႏိုင္ခ့ဲကာ ျပစ္မႈက်ဴးလြန္သူ ကိုမင္း(ခ)ႏိုင္၀င္းဗိုလ္အား ထိေရာက္ျပစ္ဒဏ္ရရွိေရးေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ တိမ္းေရွာင္သြားသူ ၀င္းေဇာ္လတ္အား ဖမ္းဆီးရမိေရးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Police
https://www.facebook.com/yangonpolice

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးထွန်းညိုလမ်းတွင် ဓားဖြင့်ထိုး၍ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးသွား သူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ည ၇ နာရီအချိန် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဓားထိုးခံရသည့် လူနာ တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးထွန်းညိုလမ်းနေ အစ်ကိုဖြစ်သူထံ လာရောက် လည်ပတ် သည့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လက်ပံတုန်းကျေးရွာနေ ဇွဲမာန်ဟိန်း (၁၇)နှစ် ဖြစ်ကြောင်း သိရသည်။

၎င်းသည် လှိုင်သာယာမြို့နယ်၊ ဦးထွန်းညိုလမ်း၊ ဖိုးဝအထည်ချုပ်စက်ရုံရှေ့တွင် အမည်မသိ အမျိုးသား တစ်ဦးမှ ဓားဖြင့်ထိုး၍ ဝမ်းဗိုက်ဝဲဘက်ခြမ်းတွင် ထိုးသွင်းဒဏ်တစ်ချက် ရရှိခဲ့ကြောင်းသိရှိခဲ့ရသဖြင့် လှိုင်သာယာ မြို့မရဲစခန်း (ပ) ၇၂၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ရာ ည ၁၁း၁၅ အချိန်တွင် ဇွဲမာန်ဟိန်းမှာ ရရှိဒဏ်ရာဖြင့် သေဆုံး သွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲ ဖွင့်လှစ်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)၊ ဗန်မော်အတွင်းဝန်လမ်းနေ ဝင်းဇော်လတ် (၁၉)နှစ်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)၊ ရေဥက္ကံကျေးရွာနေ ကိုမင်း(ခ)နိုင်ဝင်းဗိုလ် တို့ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။

ပြစ်မှုကျူးလွန်သူ ဝင်းဇော်လတ်နှင့် ကိုမင်း(ခ)နိုင်ဝင်းဗိုလ်တို့အား ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် လှိုင်သာယာမြို့နယ်၊ ဝဇီရာရုပ်ရှင်ရုံအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ ကိုမင်း(ခ)နိုင်ဝင်းဗိုလ်အား ဖမ်းဆီးရမိခဲ့ပြီး ဝင်းဇော်လတ်မှာ တိမ်းရှောင်သွားကြောင်း သိရှိခဲ့ရပါသည်။

ဖမ်းဆီးရမိသူ ကိုမင်း(ခ)နိုင်ဝင်းဗိုလ်အား စစ်ဆေးရာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် သူငယ် ချင်းဖြစ်သူ ဝင်းဇော်လတ်နှင့်အတူ အစ်မဝမ်းကွဲများအား အထည်ချုပ်စက်ရုံမှ သွားရောက်ကြိုပြီး ပြန်လာစဉ် ဦးထွန်းညိုလမ်းအရောက် လူငယ်(၃)ဦးနှင့်တွေ့ပြီး ရည်းစားကိစ္စစကားများရာမှ ကိုမင်း(ခ)နိုင်ဝင်းဗိုလ်မှ သေဆုံးသူအား ဓားနှင့်ထိုးခဲ့ပြီး ဝင်းဇော်လတ်နှင့်အတူ စက်ဘီးဖြင့် ထွက်ပြေးခဲ့ကြောင်း၊ ထိုုသို့ထွက်ပြေးပြီး လှိုင်သာယာမြို့နယ်၊ ဝဇီရာရုပ်ရှင်ရုံအနီးရှိ လက်ဖက်ရည် ဆိုင်တွင် ထိုင်ပြီး ထွက်ပြေးရန် တိုင်ပင်ခဲ့ကြောင်း၊ ဝင်းဇော်လတ်မှာ နေအိမ်သို့ ပြန်မည်ဟုပြောဆို၍ ထွက်သွားခဲ့ကြောင်း၊ ၎င်းမှာ လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံဓားအား သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ ကိုမင်း(ခ)နိုင်ဝင်းဗိုလ်အား ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် တိမ်းရှောင်သွားသူ ဝင်းဇော်လတ်အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Police
https://www.facebook.com/yangonpolice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top