ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





 # Unicode Version ဖြင့် ဖတ်ပါ #

 မင်းသမီးချော ခိုင်နှင်းဝေကတော့ ပရိသတ်ကြီးကို မျက်လှည့်ပြလိုက်ပါတယ်။ အရင်မြင်နေကျ သူမရဲ့ ပုံစံနဲ့ လုံးဝကွဲထွက်နေတဲ့ စတိုင်သစ်၊ ပုံစံသစ်တစ်မျိုး ပြောင်းလဲခဲ့တာပါ။ လူမှားသွားရလောက်အောင် ဘာဘီအရုပ်မလေးလို ပြောင်းလဲသွားတာပါ။

ဆံပင်ကာလာနဲ့ရှေ့ကိုချထားတဲ့ စတိုင်လေးရယ်၊ Natural ပုံစံ ပြင်ဆင်ထားတဲ့ မိတ်ကပ်၊ ဝတ်ထားတဲ့ အဝတ်အစား အားလုံးက လုံးဝလိုက်ဖက်နေတာပါ။ ခိုင်နှင်းဝေက ပုံလေးတွေကို စာရေးဆရာမ မာရင်ရင်ရဲ့စာသားနဲ့ အတူ တင်ထားတာပါ။ ဒီပုံလေးကတော့ Cele Chit Chat အစီအစဉ် ရိုက်ကူးရေးလုပ်တုန်းက ပုံလေးတွေပါ။

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေတင်မဟုတ်ပဲ သူမတတ်နိုင်တဲ့ ဘက်ကနေ၊ တက်နိုင်သလောက် ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေသူပါ။ တလောကလည်း အရိုးကင်ဆာရောဂါခံစားနေရတဲ့ သမီးလေးကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ခိုင်နှင်းဝေက သနားစရာကောင်းတဲ့ ကလေးငယ်ကို ဆေးကုသဖို့ ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ခိုင်နှင်းဝေရဲ့

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top