စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×

# ZawGyi Version ဖြင့်ဖတ်ရန် #



ကြက်ဥကတ်များအတွင်း လောက်ကောင်များရှိနေခြင်းကို ဈေးဝယ်သူများက တိုင်ကြားပြောဆိုမှု မရှိခဲ့သော်လည်း အချို့ ဝန်ထမ်းများက နောက်ပိုင်းတွင် သတိပြုမိခဲ့ခြင်းဖြစ်ကြောင်း Gaint စူပါမားကက်၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။




Credit: အကုန်သိ
# Unicode Version ဖြင့်ဖတ်ရန် #
စင်္ကာပူနိုင်ငံရှိ စူပါမားကတ်ကြီးတစ်ခုမှ ကြက်ဥကတ်များထဲတွင် လောက်များစွာတွေ့ရှိခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းဖြစ်ရပ်အတွက် စူပါမားကတ်က ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုကို facebook လူမှုကွန်ရက်ပေါ်တွင် တနင်္ဂနွေနေ့ကတင်ခဲ့ပြီး ဗီဒီယိုထဲတွင် လောက်ကောင်များသည် ကြက်ဥများကြားတွင်သွားလာနေကြသည်ကို တွေ့ခဲ့ရသည်။

ကြက်ဥကတ်များအတွင်း လောက်ကောင်များရှိနေခြင်းကို ဈေးဝယ်သူများက တိုင်ကြားပြောဆိုမှုှ မရှိခဲ့သော်လည်း အချို့ဝန်ထမ်းများက နောက်ပိုင်းတွင် သတိပြုမိခဲ့ခြင်းဖြစ်ကြောင်း Gaint စူပါမားကက်၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

“လောက်ကောင်တွေရှိနေတဲ့ ကတ် ၆ ကတ်နဲ့လောက်ကောင်တွေမရှိတဲ့ အနီးအနားရှိ အခြား ကတ်တွေကိုလည်း ချက်ချင်းဖယ်ရှားပစ်ခဲ့ပါပြီ။ အဲဒီနေရာမှာ ရှင်းလင်းခဲ့ပြီး သန့်သန့်ပြန့်ပြန့်ဖြစ်သွားပါပြီ” ဟု စတိုးဆိုင်လုပ်ငန်း၏အဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် Giant စတိုးဆိုင်ကြီးများအားလုံးရှိ ကြက်ဥကတ်များကို “ချက်ချင်းစစ်ဆေးမှု” များဆောင်ရွက်ရန် အသိပေးခဲ့ပြီး အခြားသောနေရာများတွင်မူ အလားတူဖြစ်စဉ်မျိုးမရှိခဲ့ကြောင်း သိရသည်။ လက်လီလက်ကားရောင်းချသူများက ယင်းကြက်ဥများနှင့် တစ်သုတ်တည်းမှာယူခဲ့သော အခြားကြက်ဥများလည်း စိတ်ချလုံခြုံစွာ စားသုံးနိုင်ပါပြီ ဟု ပြောဆိုထားခဲ့ကြောင်း သိရသည်။

ကြက်ဥကွဲတစ်လုံးကြောင့် ယင်းသို့သော လောက်ကောင်များ ပေါက်ဖွားရှင်သန်လာခြင်း ဖြစ်နိုင်ကြောင်း စူပါမားကက်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အကုန်သိ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top