ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
#Unicode Version#
အစာအိမ် ရောင်တဲ့အခါ နာကျင်ပြီး နေရထိုင်ရ ခက်တဲ့အပြင် နောက်ပိုင်းမှာ အစာအိမ်ကင်ဆာအထိ ဖြစ်နိုင်တဲ့အတွက် တတ်နိုင်သလောက် မဖြစ်အောင် ကာကွယ်ရပါမယ်။ အစာအိမ်ရောင်ခြင်းကို ထိရောက်စွာ ကုသနိုင်ဖို့ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
●        အဦးဆုံးအနေနဲ့ ဆေးလိပ်ဖြတ်ပြီး အရက်ကို လျှော့သောက်ရပါမယ်။
●        အစာအိမ် ရောင်စေတတ်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပြီး အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးပါ။
●        စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ။
●        အကိုက်အခဲ ပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ အသုံးပြုတာကို လျှော့ပါ။
●        အစာမစားခင် နွယ်ချို စားပေးပါ။ အစာ ကြေစေနိုင်ပါတယ်။ ဒါပေမဲ့ နွယ်ချိုက သွေးတိုးစေနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။
●        ချင်း (ဂျင်း) စားပေးခြင်းက အစာအိမ်အတွက် ကောင်းပါတယ်။
●        ရေများများ သောက်ပါ။ (အနည်းဆုံး တစ်နေ့ 8 ဖန်ခွက်)
          ဒီအချက်တွေဟာ အစာအိမ်ရောင်ခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။ စားသောက်နေထိုင်ပုံကို ပြောင်းလဲပြီး ဒီလိုသဘာဝနည်းလမ်းကောင်းများကို ကျင့်သုံးပေးခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို မြန်မြန်သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top