×
(8) သင်ပြောတဲ့စကားကိုဂရုတစိုက်နားထောင်ပေးခြင်း
# Unicode Version ဖြင့် ဖတ်ပါ #
အချို့က တကယ်ချစ်တဲ့ယောကျာ်းလေးဆိုတာ ပန်းစည်းအကြီးကြီးနှင့် ကျောက်မျက်ရတနာများ ယူလာပေးသင့်တယ်လို့ ထင်ကြပါတယ်။ အဲလိုမပေးတဲ့အခါမိန်းကလေးများကစိတ်ပျက်လာပြီးသင်ကိုမချစ်ဘူးလို့ထင်လားတတ်ကြပါတယ်။ အမှန်တကယ်တော့ တကယ်ချစ်မချစ်ဆိုတာ ဈေးကြီးတန်ပစ္စည်းများပေးတာနှင့်မဆိုင်ပါဘူး။ တကယ်ချစ်တဲ့ယောကျ်ားလေးဆိုတာသင့်ကိုချစ်တယ်လို့ဖွင့်မပြောရင်တောင်အပြုအမူများနှင့်ထုတ်ပြပါလိမ့်မယ်။ ဒါကြောင့်တကယ်ချစ်မချစ်သိစေနိုင်တဲ့အချက်များကိုဖော်ပြပေးလိုက်ရပါတယ်။
(8) သင်ပြောတဲ့စကားကိုဂရုတစိုုက်နားထောင်ပေးခြင်း
တကယ်အချစ်စစ်ကစိတ်ဝင်စားမှုနှင့်မျှဝေခံစားခြင်းဖြစ်တဲ့အတွက်သင်ပြောတဲ့စကားကိုစိတ်ပါဝင်စားစွာနားထောင်ပြီးမေးခွန်းများမေးရပါမယ်။
(7) သင့်သူငယ်ချင်းနှင့်မိသားစုကိုဂရုစိုက်ခြင်း
သူတို့ကသင့်ရဲ့ဘဝတစိတ်တပိုင်းဖြစ်တဲ့အတွက်သင့်ကိုတကယ်ချစ်တဲ့သူကသင့်မိသားစုနှင့်သူငယ်ချင်းများကိုနှလုံးသားထဲတွင်မှတ်ထားတတ်ပါတယ်။ သူတို့ကိုမကြိုက်နှစ်သက်ရင်တောင် သင် သူတို့နှင့်အဆက်အသွယ်လုပ်တာကိုတားမြစ်မှာမဟုတ်ပါဘူး။ သူရဲ့အကူအညီလိုရင်တောင်အမြဲတမ်းအသင့်ရှိနေပါလိမ့်မယ်။
(6) စကားဝိုင်းဖွဲ့ပြောတဲ့အခါသင့်ကိုဖယ်ကျန်မထားခြင်း
သင့်ကိုတကယ်ချစ်တဲ့သူကစကားဝိုင်းဖွဲ့ပြောတဲ့အခါဖယ်ကျန်ထားမှာမဟုတ်ပါဘူး။ သင်ကိုအခြားသူများနှင့်တန်းတူဆက်ဆံပြီးသင့်အမြင်ကိုထုတ်ပြောပြတာကိုလဲပိတ်ပင်မှာမဟုတ်ပါဘူး။
(5)သင့်အောင်မြင်မှုကိုအမြဲတမ်းဂုဏ်ယူခြင်းနှင့်အခြားသူများကိုလဲအလွယ်တကူထုတ်ပြောပြခြင်း
မိန်းကလေးများအောင်မြင်မှုရရှိတာကိုယောကျာ်းလေးအများစုကမကြိုက်နှစ်သက်ကြပါဘူး။ အထူးသဖြင့်သူတို့ကိုယ်တိုင်အောင်မြင်မှုမရရှိတဲ့အခါမျိုးမှာ။ ဒါပေမဲ့တကယ်ချစ်တဲ့သူဆိုရင်သင်က သူ့ဘဝရဲ့တစိတ်တပိုင်းအဖြစ်သတ်မှတ်ထားတဲ့အတွက် သင်အောင်မြင်တဲ့အခါဝမ်းသာပါလိမ့်မယ်။ သင့်အောင်မြင်တဲ့အကြောင်းကိုထုတ်ပြောတဲ့အခါမှာလဲတုံ့ဆိုင်းမနေပါဘူး။
(4) သင့်ကိုကျေးဇူးတင်ပြီးအားပေးနှစ်သိမ့်ပေးခြင်း
မိန်းကလေးတစ်ယောက်ကသူကိုတကယ်ချစ်တဲ့ချစ်သူနှင့်အတူရှိနေရင်သူကအရေးပါတယ်လို့ခံစားရပါလိမ့်မယ်။ သူမကအမြဲတမ်းကျေးဇူးတင်စကားကိုကြားရပြီးသူမကိုဘယ်လိုတန်ဖိုးထားလဲဆိုတာသိရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
(3)သင့်တစ်ခုခုကိုမတောင်းဆိုရင်အလျှော့ပေးတတ်ခြင်း
တခါတရံအနစ်အနာခံရတာလဲရှိပါတယ်။ တကယ်ချစ်တဲ့ကောင်လေးကသင့်အပေါ်စိတ်ဝင်စားမှုရှိတယ်ဆိုတာကိုပြသဖို့အမြဲတမ်းအဆင်သင့်ဖြစ်ပါတယ်။ သူအဲလိုလုပ်နေရတာကိုပျော်နေတတ်သူဖြစ်ပါတယ်။
(2)သူ့အယူအဆနှင့်ကွဲပြားနေရင်တော့သင်ကိုလေးစားပြီးလက်ခံပေးခြင်း
ယောကျ်ားလေးတစ်ယောက်ကအခြားသူများရဲ့အမြင်ကိုလက်ခံဖို့ခေါင်းမာတတ်သူဖြစ်ရင်တောင်တကယ်ချစ်တဲ့မိန်းကလေးကိုတွေ့တဲ့အခါအရာရာတိုင်းပြောင်းလဲသွားတတ်ပါတယ်။နားလည်ပေးဖို့အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
(1)သင့်ကသူရဲ့မရှိမဖြစ်အရေးပါမှု
တကယ်ချစ်တဲ့သူကသင့်ကိုငဲ့ကွက်ပြီးဆုံးဖြတ်ချက်ချပါလိမ့်မယ်။ သင့်ရဲ့စိတ်ဝင်စားမှုကိုလဲစဉ်းစားပေးပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top