စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

မီးပူျဖင့္ကပ္ခံရသည့္ ကေလးငယ္၏ ဒဏ္ရာမ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − ပုလဲအရန္မီးသတ္တပ္ဖြဲ႕)

အိမ္မွ ေငြခုိးသည္ဆုိ ကာ အသက္(၁၁)ႏွစ္အရြယ္သား ျဖစ္သူကုိ မိခင္က မီးပူျဖင့္ကပ္ ဆုံးမသျဖင့္ ခႏၶာကုိယ္အႏွံ႔အပူ ေလာင္ဒဏ္ရာမ်ားရရွိေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာ ၀န္ရွိသူတစ္ဦးက ေျပာသည္။

မဂၤလာဒုံၿမိဳ႕နယ္ ၀ါယာ လက္ေပါက္ကုန္းေန စတုတၳတန္း ေက်ာင္းသားသည္ ေဖေဖာ္၀ါရီ ၁၃ ရက္ေန႔လယ္က မီးပူျဖင့္ခႏၶာ ကုိယ္အႏွံ႔ အကပ္ခံရေၾကာင္း ၎ကဆက္လက္ရွင္းျပသည္။

‘‘သူတို႔ေျပာတာေတာ့ က ေလးက ၅၀ လားယူမိတာ။ အဲဒါ ကုိ မီးပူနဲ႔ကပ္တာ။ အဲဒီမိန္းမက လည္း သူ႔သားသမီးေတြကုိ ဆုံးမ တာ နည္းနည္းၾကမ္းတယ္လုိ႔ ပတ္၀န္းက်င္က ေျပာတယ္။ အဲဒီ မိန္းမကုိ စခန္းမွာအမႈဖြင့္ထား တယ္’’ ဟု​ တာ၀န္ရွိသူက ေျပာ သည္။

ကေလး၏ လက္၊ ေက်ာ ကုန္း၊ ရင္ဘတ္ႏွင့္ေပါင္တို႔တြင္ မီးပူေလာင္ဒဏ္ရာမ်ားရရွိသျဖင့္ ေျမာက္ဥကၠလာေဆး႐ံုသုိ႔ တင္ပုိ႔ ၿပီး ထုိမွတစ္ဆင့္ ရန္ကင္းကေလး ေဆး႐ုံသုိ႔ တင္ပုိ႔ကုသထားရ ေၾကာင္း ၎ကဆက္လက္ေျပာ သည္။

ထုိ႔ေၾကာင့္ အသက္(၃၅)ႏွစ္ အရြယ္အမ်ိဳးသမီးကုိ ေဘးျဖစ္ေစ ေသာလက္နက္ျဖင့္ အျပင္းအ ထန္နာက်င္ေစမႈပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း မဂၤလာဒုံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲအရာရွိတစ္ဦးက ေျပာၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#

မီးပူဖြင့်ကပ်ခံရသည့် ကလေးငယ်၏ ဒဏ်ရာများကို တွေ့ရစဉ် (ဓာတ်ပုံ − ပုလဲအရန်မီးသတ်တပ်ဖွဲ့)

အိမ်မှ ငွေခိုးသည်ဆို ကာ အသက်(၁၁)နှစ်အရွယ်သား ဖြစ်သူကို မိခင်က မီးပူဖြင့်ကပ် ဆုံးမသဖြင့် ခန္ဓာကိုယ်အနှံ့အပူ လောင်ဒဏ်ရာများရရှိကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံမြို့နယ် ဝါယာ လက်ပေါက်ကုန်းနေ စတုတ္ထတန်း ကျောင်းသားသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့လယ်က မီးပူဖြင့်ခန္ဓာ ကိုယ်အနှံ့ အကပ်ခံရကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

‘‘သူတို့ပြောတာတော့ က လေးက ၅၀ လားယူမိတာ။ အဲဒါ ကို မီးပူနဲ့ကပ်တာ။ အဲဒီမိန်းမက လည်း သူ့သားသမီးတွေကို ဆုံးမ တာ နည်းနည်းကြမ်းတယ်လို့ ပတ်ဝန်းကျင်က ပြောတယ်။ အဲဒီ မိန်းမကို စခန်းမှာအမှုဖွင့်ထား တယ်’’ ဟု တာဝန်ရှိသူက ပြော သည်။

ကလေး၏ လက်၊ ကျော ကုန်း၊ ရင်ဘတ်နှင့်ပေါင်တို့တွင် မီးပူလောင်ဒဏ်ရာများရရှိသဖြင့် မြောက်ဥက္ကလာဆေးရုံသို့ တင်ပို့ ပြီး ထိုမှတစ်ဆင့် ရန်ကင်းကလေး ဆေးရုံသို့ တင်ပို့ကုသထားရ ကြောင်း ၎င်းကဆက်လက်ပြော သည်။

ထို့ကြောင့် အသက်(၃၅)နှစ် အရွယ်အမျိုးသမီးကို ဘေးဖြစ်စေ သောလက်နက်ဖြင့် အပြင်းအ ထန်နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top