iMyanmarHouse.com - Best Property Website for Myanmar
×

ရိဒ္ေရကန္ ( Rih Lake) သည္ ျမန္မာႏိုင္ငံ၊ ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္တြင္ တည္ရွိသည့္ အသည္းပုံသ႑ာန္ ေရကန္တစ္ခု ျဖစ္သည္။ အထူးသျဖင့္ အိႏၵိယ – ျမန္မာ နယ္စပ္ ႏွင့္ပို၍ နီးသည္။ နယ္စပ္ မ်ဥ္းႏွင္ ၂ မိုင္သာေဝးသည္။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ေပေပါင္း ၂၉၆၆ေပအျမင့္တြင္ ထူးျခားစြာျဖစ္ေပၚေနေသာ ေရကန္ျဖစ္သည္။ အိႏၵိယႏိုင္ငံဘက္ ႀကံဖိုင္းၿမိဳ႕ ႏွင့္ မိုင္ (၂၀) ေဝးၿပီး မီဇိုရမ္ျပည္နယ္ရွိ ၿမိဳ႕ေတာ္ အိုက္ေဇာႏွင့္လည္း မိုင္(၁၃၀) သာေဝးသည္။ သို႔အတြက္ ရိဒ္ေရကန္ႀကီးသို႔ လာေရာက္ လည္ပတ္ သူမ်ားမွာလည္း အိႏၵိယႏိုင္ငံ ဘက္မွသာ မ်ားသည္။

ျမန္မာႏိုင္ငံ၊ ကေလးၿမိဳ႕မွ တစ္ဆင့္ ခ်င္းေတာင္တန္းႀကီး၏ အျမင့္ဆုံးေနရာျဖစ္ေသာ ကေနဒီေတာင္ (၈၈၇၀) ေပအျမင့္ကို အဆင့္ဆင့္ေက်ာ္ျဖတ္ၿပီးမွ မိုင္ (၆၀) နီးပါးေဝးေသာ တီးတိန္ၿမိဳ႕ကို ေရာက္မည္ျဖစ္သည္။ တီးတိန္ၿမိဳ႕မွတဆင့္ မဏိပူရျမစ္ကို ျဖတ္ေက်ာ္ေဆာက္လုပ္ထားသည့္ မံေဆာင္းႀကိဳးတံတားကို ျဖတ္သန္းသြားကာ တီးတိန္ၿမိဳ႕မွ (၃၂) မိုင္ခန္႔အကြာရွိ ရိဒ္ေရကန္ (Rih Lake) ရွိေသာ ရိဒ္ေခါဒါရ္ၿမိဳ႕ကေလးကို ေရာက္ရွိႏိုင္သည္။

ရိဒ္ေရကန္သို႔ အမ်ားဆုံး လာေရာက္ၾကသည္မွာ အိႏၵိယႏိုင္ငံဘက္မွ ျဖစ္သည္။ ၎တို႔အေနျဖင့္ ထိုသို႔ အလားမ်ားရသည္မွာ “၎တို႔၏ ေဆြမ်ိဳး သားခ်င္းမ်ား၏ ဝိညာဥ္မ်ားသည္လည္း ရိဒ္ေရကန္ႀကီးတြင္ လာေရာက္မွီခိုေနထိုင္ၾကသည္” ဟူေသာ အယူအဆ တစ္ရပ္ အရ အထြတ္အျမတ္ထားရာ ေနရာအျဖစ္ လာေရာက္ ၾကျခင္းျဖစ္သည္။ သို႔ရာတြင္ ယခုအခါတြင္ေတာ့ ရိဒ္ေရကန္ႀကီးအတြင္း အေပ်ာ္စီးေလွမ်ား စီးနင္းႏိုင္ေအာင္ စီစဥ္ ေပးထားျခင္းႏွင့္ ညအိပ္ တန္းခိုႏိုင္ ရန္ပင္ ဘန္ဂလိုမ်ား စီစဥ္ေပးထား ျခင္းတို႔ေၾကာင့္ ရိဒ္ေရကန္ႀကီးမွာ အေပ်ာ္စီး ေလွလာေရာက္ စီးနင္းသည့္ ေတာင္ေပၚ သားမ်ားႏွင့္ ပ်ားရည္ဆန္း ခရီးထြက္သူမ်ား ျဖင့္ပါ စည္ကားေန ေလ့ရွိေပသည္။

ပုံသ႑ာန္ႏွင့္ အေနအထား

ထိုမၽွ ဒ႑ာရီဆန္ေသာ အတိတ္သမိုင္းမ်ား ၊ ဆန္းျပားေသာ ယုံၾကည္ခ်က္မ်ားႏွင့္ ထူးျခားခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနေသာ ရိဒ္ေရကန္ႀကီးမွာ ပတ္လည္ အက်ယ္ ၂.၅ မိုင္ရွိေသာ ေတာင္ေပၚ ေရကန္ႀကီးတစ္ခု ျဖစ္သည္။ ထိုပတ္လည္ အနားတစ္ေလၽွာက္တြင္လည္း ေဒသခံတို႔ကဝိညာဥ္ၿခံစည္း႐ိုးပင္ ဟုေခၚဆိုၾကသည့္ မိုးမခပင္မ်ားက ၿခံစည္း႐ိုး ရွည္ႀကီးသဖြယ္ သဘာဝ အေလ်ာက္ စီတန္းကာ ေပါက္ေရာက္ ေနျပန္ရာ အဆိုပါ မိုးမခ ပင္တန္းႀကီးကို ခ်င္းလူမ်ိဳးတို႔က (၎တို႔၏ ယုံၾကည္ ခ်က္အရ ဝိညာဥ္ ၿခံစည္း ႐ိုးဟု ကင္ပြန္း တတ္ထားၾက ေလသည္။)

အိုင္၏ဧရိယာအက်ယ္အဝန္း ၈၃၂ ဧက ရွိသည္။ ကန္အတြင္း ေရျပင္၏ ပၽွမ္းမၽွ အနက္မွာေပ (၅၀) ရွိၿပီးအနက္ဆုံး ေနရာမ်ား တြင္မူ ေပ (၆၀) အထိ ရွိသည္။ ေရအေရာင္မွာ ျပာလဲ့လဲ့ရွိၿပီး ကန္အတြင္းတြင္ ၾကာျဖဴ ၊ ၾကာနီ ႏွင့္ ေဗဒါမ်ား ဖူးပြင့္ေနေလ့ရွိသည္။ အလားတူပင္ ေရကန္ပတ္လည္ရွိ မိုးမခပင္မ်ား ထက္တြင္ လည္း သစ္ခြပင္မ်ား ေပါက္ ေရာက္ေနျပန္ရာ ရိဒ္ေရကန္ႀကီးမွာ ေတာင္ေပၚေဒသမွ စာပန္းခ်ီျခယ္သ မကုန္ႏိုင္သည့္ ႐ႈခင္းႀကီး တစ္ခုသဖြယ္ ျဖစ္ေန ပါေတာ့သည္။

ဒ႑ာရီဆန္ေသာ ျဖစ္တည္မႈသမိုင္း

ရိဒ္ေရကန္ႀကီး၏ ျဖစ္တည္မႈ သမိုင္းကား အလြန္ပင္ ဒ႑ာရီဆန္လွသည္။ သို႔ရာတြင္ ထိုသို႔ ဒ႑ာရီ ဆန္လြန္းလွသည့္တိုင္ အဆိုပါ ျဖစ္တည္မႈ သမိုင္းကို ေတာ့ ခ်င္းလူမ်ိဳးတို႔က ယေန႔တိုင္ အခိုင္အမာ ယုံၾကည္ေန ၾကဆဲျဖစ္သည္။ အဆိုပါ ျဖစ္တည္မႈ ဒ႑ာရီႀကီး၏ အစကား လြန္ခဲ့ေသာ ႏွစ္ေပါင္း ငါးရာေက်ာ္ ၊ ေျခာက္ရာ နီးပါး ကာလ၊ မီဇို ခ်င္းလူမ်ိဳးတို႔၏ အေျခခ် ေနထိုင္ ခဲ့သည့္ အခ်ိန္မွ ပင္ျဖစ္ေပသည္။ ခ်င္းအႏြယ္ဝင္ မီဇိုလူမ်ိဳးႏွင့္ ဟြာလ္ငိုး (Hualngo) ႏြယ္ဝင္ တို႔သည္ ၁၄၅၀ ခုႏွစ္ခန္႔ မွစတင္၍ ခ်င္းေတာင္တန္း ေပၚတြင္ ၿမိဳ႕ျပ တည္ေထာင္ကာ အေျခခ် ေနထိုင္ ခဲ့ၾကသည္။

ဤ သို႔ေနထိုင္ လာခဲ့ရာမွ တစ္ေန႔ေသာ အခါတြင္မူ ဒုတိယေျမာက္ ေဆြးပြီးၿမိဳ႕သူႀကီး ဟြာထန္ (Huathana) သည္ အိပ္မက္တစ္ခုအား ျမင္မက္ေလေတာ့သည္။ ယင္း အိပ္မက္တြင္ မုတ္ဆိတ္ေမြး ဖားဖားႏွင့္ အလြန္တရာမွပင္ က်က္ သေရ ရွိလွေသာ နတ္မင္းႀကီး တစ္ပါးက ဟြာလ္ထန္အား ကိုယ္ေရာင္ျပၿပီး ” ငါသည္ ဝိညာဥ္ေစာင့္နတ္မင္းႀကီး ပူးရိဒ္ ျဖစ္ေပသည္။ သင္တို႔၏ ဝိညာဥ္မ်ား အားေစာင့္ေရွာက္ရန္အလို႔ငွာ ငါသည္ ႏြားေနာက္ျဖဴ အသြင္ဖန္ဆင္းကာ ေကာင္းကင္ ခရီး ျဖင့္လာခဲ့ရာ သင္တို႔၏ သင္တို႔အရပ္၏ အေနာက္ ေျမာက္ဖက္ခရီး အတန္ငယ္ေဝးေသာ ေနရာတြင္ ေနရာတစ္ခုကို ေတြ႕ရွိခဲ့ေပသည္။ ငါသည္ ထိုေနရာ၌ စံစားေနထိုင္ရန္ အလို႔ငွာ ထိုေနရာအား လူတို႔၏ အသည္းႏွလုံးပုံ တိတိက်က် ရွိေသာ ေရအိုင္ႀကီးတစ္ခု အျဖစ္ဖန္ဆင္းလိုက္ေပသည္။ ထိုေရအိုင္ႀကီး တြင္ယေန႔မွ စ၍ ငါကိုယ္ေတာ္စံစားမည္ ျဖစ္သလို .. ေသေသာသူအားလုံးတို႔၏ ဝိညာဥ္မ်ားသည္လည္း မျဖစ္မေန ငါထံသို႔ လာၾကရေပမည္ ” ေျပာဆိုမိန္႔ၾကားသြားခဲ့ေလသည္။

ထိုအိပ္မက္အရ ဟြာလ္ထန္သည္ သူ၏ မူးမတ္မ်ားအား လႊတ္၍ ေရအိုင္ႀကီးကို ရွာေဖြေစခဲ့ရာ ခုႏွစ္ရက္တိတိ ျပည့္ေျမာက္ေသာ ေန႔မွာပင္ ထိုေရအိုင္ႀကီးအား ေတြ႕ရွိခဲ့ၿပီး ယင္းသို႔ေတြ႕ရွိခ်ိန္မွ အစျပဳ၍ ထိုေရကန္ႀကီးအား ရိဒ္ေရကန္ (RIH-DIL) ဟုေခၚဆို ၾကေလသည္။ ရိဒ္ဆိုသည္မွာ ရိဒ္နတ္မင္းႀကီးအား ကိုယ္စားျပဳၿပီး (DIL) မွာေရကန္ဟု အဓိပၸါယ္ ရေလသည္။ ဆိုလိုရင္းမွာ ရိဒ္နတ္မင္းစံစားရာ ေရအိုင္ပင္ျဖစ္ေလသည္။

ခ်င္းလူမ်ိဳးတို႔၏ ယုံၾကည္မႈ

ရိဒ္ေရကန္ႀကီးႏွင့္ ပတ္သက္ၿပီး မီးဇိုခ်င္းမ်ားက လူတစ္ေယာက္ ေသဆုံးသြားသည့္ အခါတြင္ ထိုေသဆုံးသူ၏ ဝိညာဥ္သည္ ဘဝတစ္ပါးသို႔ ကူးေျပာင္း ႏိုင္ရန္ ေနာက္ဆံတင္းစြာျဖင့္ ရိဒ္ေရကန္ သို႔လာၾကရၿပီး ေရကန္သို႔ ေရာက္ေသာအခါမွ လုံးလိုေသြး (Longlotui) ေခၚ အတိတ္ဘဝ ေမ့ေစႏိုင္သည့္ စမ္းေရၾကည္ကို ေသာက္ကာ ဟိုလ္လိုပါးရ္ (Hoilopar) ေခၚ ေနာက္မလွည့္ပန္း ကို ပန္ဆင္ၾကရသည္။ ထိုအခါ တြင္မွေသသူ၏ ဝိညာဥ္မ်ားမွာ အတိတ္ဘဝအား တမ္းတစိတ္ မ်ားေပ်ာက္ကြယ္ကာ ဘဝသစ္သို႔ ကူးေျပာင္း သြားႏိုင္ရန္ အတြက္ ေရကန္ႀကီး အတြင္းသို႔ စိတ္ေျဖာင့္ လက္ေျဖာင့္ ဆင္းသြားႏိုင္ၾကသည္ဟု ယုံၾကည္ထားၾကည္ ထားၾကသည္။

အဆိုပါယုံၾကည္မႈ အရလည္း ခ်င္းလူမ်ိဳး တို႔မွာ ပြင့္လင္းရာသီေရာက္တိုင္း ရိဒ္ေရကန္ႀကီးသို႔ လာေရာက္ လည္ပတ္ကာ ရက္လည္ ၊ ႏွစ္လည္ပြဲကဲ့သို႔ေသာ နာေရးပြဲမ်ားကို က်င္းပေလ့ရွိသည္။ ယင္းပြဲမ်ားတြင္ ဘုန္းေတာ္ႀကီးမ်ားက ေရကန္တြင္းမွကို လက္ခုပ္ႏွင့္ ခပ္ကာ သရဇၨယ္ ၾကေလ့ရွိၿပီး ကန္အတြင္းသို႔ ေငြအေႂကြစမ်ား ႏွင့္အေမႊးနံ႔သာမ်ား ပက္ႀကဲကာ ေရကန္အနီးရွိ အရိပ္ေကာင္းေသာ ေညာင္ပင္ႀကီးေအာက္တြင္ တရားေပးေလ့ရွိၾကသည္ဟု ဆိုသည္။

ထူးျခားခ်က္မ်ား

ကမၻာအဝွမ္းတြင္ ရွိရွိသမၽွေသာ ေရကန္မ်ားအနက္ အသည္းပုံႏွင့္အတူဆုံး ေရကန္ျဖစ္သည္။ အျမင့္ေပ (၁၉၀၀) ေက်ာ္ေသာ ေတာင္တန္းေပၚတြင္ တည္ရွိသည့္ ေရကန္လည္းျဖစ္သည္။ ထိုအခ်က္မ်ားထက္ ပို၍ထူးျခားသည္မွာ ခ်င္းျပည္နယ္၏ ၿမိဳ႕ေတာ္ ျဖစ္ေသာ ဟားခါးတြင္ အပူခ်ိန္ (ေရခဲမွတ္ေအာက္) အႏႈတ္ (၃) ဒီဂရီေရာက္ေနခ်ိန္၌ ရိဒ္ေရကန္ႀကီးအတြင္း ထူးျခားစြာ အေႏြးဓါတ္ရရွိေနျခင္းပင္ ျဖစ္ေပသည္။

ထိုမွ တျဖန္ အထူးျခားဆုံးဟု ဆိုရမည့္အခ်က္ကား ရိဒ္ေရကန္ႀကီးအတြင္းသို႔ ေခ်ာင္းေရ ၊ ေျမာင္းေရ လည္း စီးမဝင္ ၊ မိုးလည္းမ႐ြာသည့္ ဒီဇင္ဘာလကုန္ပိုင္း ႏွင့္ ဇန္နဝါရီ လဆန္းကဲ့သို႔ ေဆာင္းႏွင္းထန္သည့္ ကာလမ်ားတြင္ ကန္ေရ ျပင္မွာ အလိုအေလ်ာက္ ေနာက္က်ိေနတတ္ျခင္းပင္ျဖစ္သည္။

Via : Myanmar Wikipedia

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone
# Unicode Version ျဖင့္ ဖတ္ပါ #
ရိဒ်ရေကန် ( Rih Lake) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တည်ရှိသည့် အသည်းပုံသဏ္ဍာန် ရေကန်တစ်ခု ဖြစ်သည်။ အထူးသဖြင့် အိန္ဒိယ – မြန်မာ နယ်စပ် နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင် ၂ မိုင်သာဝေးသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၂၉၆၆ပေအမြင့်တွင် ထူးခြားစွာဖြစ်ပေါ်နေသော ရေကန်ဖြစ်သည်။ အိန္ဒိယနိုင်ငံဘက် ကြံဖိုင်းမြို့ နှင့် မိုင် (၂၀) ဝေးပြီး မီဇိုရမ်ပြည်နယ်ရှိ မြို့တော် အိုက်ဇောနှင့်လည်း မိုင်(၁၃၀) သာဝေးသည်။ သို့အတွက် ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ် သူများမှာလည်း အိန္ဒိယနိုင်ငံ ဘက်မှသာ များသည်။

မြန်မာနိုင်ငံ၊ ကလေးမြို့မှ တစ်ဆင့် ချင်းတောင်တန်းကြီး၏ အမြင့်ဆုံးနေရာဖြစ်သော ကနေဒီတောင် (၈၈၇၀) ပေအမြင့်ကို အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ မိုင် (၆၀) နီးပါးဝေးသော တီးတိန်မြို့ကို ရောက်မည်ဖြစ်သည်။ တီးတိန်မြို့မှတဆင့် မဏိပူရမြစ်ကို ဖြတ်ကျော်ဆောက်လုပ်ထားသည့် မံဆောင်းကြိုးတံတားကို ဖြတ်သန်းသွားကာ တီးတိန်မြို့မှ (၃၂) မိုင်ခန့်အကွာရှိ ရိဒ်ရေကန် (Rih Lake) ရှိသော ရိဒ်ခေါဒါရ်မြို့ကလေးကို ရောက်ရှိနိုင်သည်။

ရိဒ်ရေကန်သို့ အများဆုံး လာရောက်ကြသည်မှာ အိန္ဒိယနိုင်ငံဘက်မှ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုသို့ အလားများရသည်မှာ “၎င်းတို့၏ ဆွေမျိုး သားချင်းများ၏ ဝိညာဉ်များသည်လည်း ရိဒ်ရေကန်ကြီးတွင် လာရောက်မှီခိုနေထိုင်ကြသည်” ဟူသော အယူအဆ တစ်ရပ် အရ အထွတ်အမြတ်ထားရာ နေရာအဖြစ် လာရောက် ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်တော့ ရိဒ်ရေကန်ကြီးအတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် စီစဉ် ပေးထားခြင်းနှင့် ညအိပ် တန်းခိုနိုင် ရန်ပင် ဘန်ဂလိုများ စီစဉ်ပေးထား ခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီးမှာ အပျော်စီး လှေလာရောက် စီးနင်းသည့် တောင်ပေါ် သားများနှင့် ပျားရည်ဆန်း ခရီးထွက်သူများ ဖြင့်ပါ စည်ကားနေ လေ့ရှိပေသည်။

ပုံသဏ္ဍာန်နှင့် အနေအထား

ထိုမျှ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက်များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေသော ရိဒ်ရေကန်ကြီးမှာ ပတ်လည် အကျယ် ၂.၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခု ဖြစ်သည်။ ထိုပတ်လည် အနားတစ်လျှောက်တွင်လည်း ဒေသခံတို့ကဝိညာဉ်ခြံစည်းရိုးပင် ဟုခေါ်ဆိုကြသည့် မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝ အလျောက် စီတန်းကာ ပေါက်ရောက် နေပြန်ရာ အဆိုပါ မိုးမခ ပင်တန်းကြီးကို ချင်းလူမျိုးတို့က (၎င်းတို့၏ ယုံကြည် ချက်အရ ဝိညာဉ် ခြံစည်း ရိုးဟု ကင်ပွန်း တတ်ထားကြ လေသည်။)

အိုင်၏ဧရိယာအကျယ်အဝန်း ၈၃၂ ဧက ရှိသည်။ ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ (၅၀) ရှိပြီးအနက်ဆုံး နေရာများ တွင်မူ ပေ (၆၀) အထိ ရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိပြီး ကန်အတွင်းတွင် ကြာဖြူ ၊ ကြာနီ နှင့် ဗေဒါများ ဖူးပွင့်နေလေ့ရှိသည်။ အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင် လည်း သစ်ခွပင်များ ပေါက် ရောက်နေပြန်ရာ ရိဒ်ရေကန်ကြီးမှာ တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သ မကုန်နိုင်သည့် ရှုခင်းကြီး တစ်ခုသဖွယ် ဖြစ်နေ ပါတော့သည်။

ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုသမိုင်း

ရိဒ်ရေကန်ကြီး၏ ဖြစ်တည်မှု သမိုင်းကား အလွန်ပင် ဒဏ္ဍာရီဆန်လှသည်။ သို့ရာတွင် ထိုသို့ ဒဏ္ဍာရီ ဆန်လွန်းလှသည့်တိုင် အဆိုပါ ဖြစ်တည်မှု သမိုင်းကို တော့ ချင်းလူမျိုးတို့က ယနေ့တိုင် အခိုင်အမာ ယုံကြည်နေ ကြဆဲဖြစ်သည်။ အဆိုပါ ဖြစ်တည်မှု ဒဏ္ဍာရီကြီး၏ အစကား လွန်ခဲ့သော နှစ်ပေါင်း ငါးရာကျော် ၊ ခြောက်ရာ နီးပါး ကာလ၊ မီဇို ချင်းလူမျိုးတို့၏ အခြေချ နေထိုင် ခဲ့သည့် အချိန်မှ ပင်ဖြစ်ပေသည်။ ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့် ဟွာလ်ငိုး (Hualngo) နွယ်ဝင် တို့သည် ၁၄၅၀ ခုနှစ်ခန့် မှစတင်၍ ချင်းတောင်တန်း ပေါ်တွင် မြို့ပြ တည်ထောင်ကာ အခြေချ နေထိုင် ခဲ့ကြသည်။

ဤ သို့နေထိုင် လာခဲ့ရာမှ တစ်နေ့သော အခါတွင်မူ ဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန် (Huathana) သည် အိပ်မက်တစ်ခုအား မြင်မက်လေတော့သည်။ ယင်း အိပ်မက်တွင် မုတ်ဆိတ်မွေး ဖားဖားနှင့် အလွန်တရာမှပင် ကျက် သရေ ရှိလှသော နတ်မင်းကြီး တစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး ” ငါသည် ဝိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေသည်။ သင်တို့၏ ဝိညာဉ်များ အားစောင့်ရှောက်ရန်အလို့ငှာ ငါသည် နွားနောက်ဖြူ အသွင်ဖန်ဆင်းကာ ကောင်းကင် ခရီး ဖြင့်လာခဲ့ရာ သင်တို့၏ သင်တို့အရပ်၏ အနောက် မြောက်ဖက်ခရီး အတန်ငယ်ဝေးသော နေရာတွင် နေရာတစ်ခုကို တွေ့ရှိခဲ့ပေသည်။ ငါသည် ထိုနေရာ၌ စံစားနေထိုင်ရန် အလို့ငှာ ထိုနေရာအား လူတို့၏ အသည်းနှလုံးပုံ တိတိကျကျ ရှိသော ရေအိုင်ကြီးတစ်ခု အဖြစ်ဖန်ဆင်းလိုက်ပေသည်။ ထိုရေအိုင်ကြီး တွင်ယနေ့မှ စ၍ ငါကိုယ်တော်စံစားမည် ဖြစ်သလို .. သေသောသူအားလုံးတို့၏ ဝိညာဉ်များသည်လည်း မဖြစ်မနေ ငါထံသို့ လာကြရပေမည် ” ပြောဆိုမိန့်ကြားသွားခဲ့လေသည်။

ထိုအိပ်မက်အရ ဟွာလ်ထန်သည် သူ၏ မူးမတ်များအား လွှတ်၍ ရေအိုင်ကြီးကို ရှာဖွေစေခဲ့ရာ ခုနှစ်ရက်တိတိ ပြည့်မြောက်သော နေ့မှာပင် ထိုရေအိုင်ကြီးအား တွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိချိန်မှ အစပြု၍ ထိုရေကန်ကြီးအား ရိဒ်ရေကန် (RIH-DIL) ဟုခေါ်ဆို ကြလေသည်။ ရိဒ်ဆိုသည်မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL) မှာရေကန်ဟု အဓိပ္ပါယ် ရလေသည်။ ဆိုလိုရင်းမှာ ရိဒ်နတ်မင်းစံစားရာ ရေအိုင်ပင်ဖြစ်လေသည်။

ချင်းလူမျိုးတို့၏ ယုံကြည်မှု

ရိဒ်ရေကန်ကြီးနှင့် ပတ်သက်ပြီး မီးဇိုချင်းများက လူတစ်ယောက် သေဆုံးသွားသည့် အခါတွင် ထိုသေဆုံးသူ၏ ဝိညာဉ်သည် ဘဝတစ်ပါးသို့ ကူးပြောင်း နိုင်ရန် နောက်ဆံတင်းစွာဖြင့် ရိဒ်ရေကန် သို့လာကြရပြီး ရေကန်သို့ ရောက်သောအခါမှ လုံးလိုသွေး (Longlotui) ခေါ် အတိတ်ဘဝ မေ့စေနိုင်သည့် စမ်းရေကြည်ကို သောက်ကာ ဟိုလ်လိုပါးရ် (Hoilopar) ခေါ် နောက်မလှည့်ပန်း ကို ပန်ဆင်ကြရသည်။ ထိုအခါ တွင်မှသေသူ၏ ဝိညာဉ်များမှာ အတိတ်ဘဝအား တမ်းတစိတ် များပျောက်ကွယ်ကာ ဘဝသစ်သို့ ကူးပြောင်း သွားနိုင်ရန် အတွက် ရေကန်ကြီး အတွင်းသို့ စိတ်ဖြောင့် လက်ဖြောင့် ဆင်းသွားနိုင်ကြသည်ဟု ယုံကြည်ထားကြည် ထားကြသည်။

အဆိုပါယုံကြည်မှု အရလည်း ချင်းလူမျိုး တို့မှာ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ်ကာ ရက်လည် ၊ နှစ်လည်ပွဲကဲ့သို့သော နာရေးပွဲများကို ကျင်းပလေ့ရှိသည်။ ယင်းပွဲများတွင် ဘုန်းတော်ကြီးများက ရေကန်တွင်းမှကို လက်ခုပ်နှင့် ခပ်ကာ သရဇ္ဇယ် ကြလေ့ရှိပြီး ကန်အတွင်းသို့ ငွေအကြွေစများ နှင့်အမွှေးနံ့သာများ ပက်ကြဲကာ ရေကန်အနီးရှိ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်တွင် တရားပေးလေ့ရှိကြသည်ဟု ဆိုသည်။

ထူးခြားချက်များ

ကမ္ဘာအဝှမ်းတွင် ရှိရှိသမျှသော ရေကန်များအနက် အသည်းပုံနှင့်အတူဆုံး ရေကန်ဖြစ်သည်။ အမြင့်ပေ (၁၉၀၀) ကျော်သော တောင်တန်းပေါ်တွင် တည်ရှိသည့် ရေကန်လည်းဖြစ်သည်။ ထိုအချက်များထက် ပို၍ထူးခြားသည်မှာ ချင်းပြည်နယ်၏ မြို့တော် ဖြစ်သော ဟားခါးတွင် အပူချိန် (ရေခဲမှတ်အောက်) အနှုတ် (၃) ဒီဂရီရောက်နေချိန်၌ ရိဒ်ရေကန်ကြီးအတွင်း ထူးခြားစွာ အနွေးဓါတ်ရရှိနေခြင်းပင် ဖြစ်ပေသည်။

ထိုမှ တဖြန် အထူးခြားဆုံးဟု ဆိုရမည့်အချက်ကား ရိဒ်ရေကန်ကြီးအတွင်းသို့ ချောင်းရေ ၊ မြောင်းရေ လည်း စီးမဝင် ၊ မိုးလည်းမရွာသည့် ဒီဇင်ဘာလကုန်ပိုင်း နှင့် ဇန်နဝါရီ လဆန်းကဲ့သို့ ဆောင်းနှင်းထန်သည့် ကာလများတွင် ကန်ရေ ပြင်မှာ အလိုအလျောက် နောက်ကျိနေတတ်ခြင်းပင်ဖြစ်သည်။

Via : Myanmar Wikipedia

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top