×

အသည္းဟာ ခႏၶာကိုယ္အတြက္ အေရးပါၿပီး ႏုနယ္တဲ့ အဂၤါအစိတ္အပိုင္းတစ္ခုပဲ ျဖစ္ပါတယ္။ အသည္းဟာ အဆိပ္အေတာက္ေတြကို ေခ်ဖ်က္ေပးျခင္း၊ သည္းေျခရည္ ထုတ္ေပးျခင္း၊ ကစီဓာတ္၊ အသားဓာတ္၊ အဆီဓာတ္နဲ႔ ဗီတာမင္ဓာတ္ေတြကို ေျပာင္းလဲျပဳျပင္ေပးျခင္း စတဲ့ လုပ္ငန္းေဆာင္တာမ်ားကို ေဆာင္ရြက္ေပးပါတယ္။  အသည္းကို ေသခ်ာဂ႐ုတစိုက္ ထိန္းသိမ္းႏိုင္ရဲ႕လား? တစ္ခါတစ္ရံ မသိလိုက္ဘဲ ျပဳလုပ္မိတာေတြ၊ ေနထိုင္စားေသာက္မႈပံုစံေတြဟာ ခႏၶာကိုယ္ကို ထိခိုက္ေစႏိုင္တာမ်ိဳးေတြ ရွိတတ္ပါတယ္။

အသည္းကို ဘာေတြက ထိခိုက္ေစႏိုင္သလဲ?

အသည္းဟာ ခႏၶာကိုယ္မွာ မရွိမျဖစ္ အစိတ္အပိုင္းတစ္ခု ျဖစ္တဲ့အတြက္ အမွားအယြင္းေလးတစ္ခု ျဖစ္တာနဲ႔တင္ အက်ိဳးဆက္ေတြကို ခံစားရတတ္ပါတယ္။

ဒါ့အျပင္ အသည္းေရာဂါ ရွိေနသူေတြမွာလည္း ဘယ္လိုအစားအစာေတြကို အသည္းကို ျပင္ဆင္ေပးႏိုင္တယ္ဆိုတာကို သိထားဖို႔ အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ေအာက္ပါအခ်က္ေတြကို သိထားရပါမယ္။

1.ကိုလက္စထေရာ မ်ားျခင္း

ကိုလက္စထေရာဟာ အသည္းက ထုတ္လုပ္ေပးတဲ့ အဆီတစ္မ်ိဳးျဖစ္ၿပီး ခႏၶာကိုယ္ရဲ႕ဆဲလ္ေတြက လိုအပ္ပါတယ္။ ဒါေပမဲ့ တန္ေဆ းလြန္ေဘးဆိုတာလိုပဲ ပိုလွ်ံလာတဲ့အခါ အသည္းက မဖ်က္ဆီးႏိုင္ေတာ့ဘဲ ဒဏ္ပိလာႏိုင္ပါတယ္။ ဒီလို ပိုလွ်ံလာတဲ့အခါ အသည္း အဆီဖံုးတဲ့ေရာဂါမ်ိဳးေတြ ျဖစ္လာပါေတာ့တယ္။ 

ဒါေၾကာင့္ အသား၊ အဆီ၊ အခ်ိဳမ်ားတဲ့ အစားအစာေတြ၊ ၾကက္ဥအႏွစ္၊ ဆားမ်ားတဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ၿပီး အသီးအရြက္နဲ႔ ႏွံေျပာင္းေတြကို စားသံုးသင့္ပါတယ္။

2.ည အိပ္ခ်ိန္နဲ႔ ထခ်ိန္ ေနာက္က်ျခင္း

ကေလးဘဝမွာ မိဘေတြက ေစာေစာ အိပ္ခိုင္းတတ္တာကို မွတ္မိၾကမွာပါ။ ဒါေပမဲ့ ႀကီးလာတာနဲ႔အမွ် တာဝန္ဝတၱရားေတြေၾကာင့္ ေသာ္လည္းေကာင္း၊ အက်င့္ပါေနလို႔ ေသာ္လည္းေကာင္း ညအိပ္ခ်ိန္ေတြ ေနာက္က်လာပါတယ္။ ဒါေပမဲ့ အသည္းဟာ ညအိပ္ခ်ိန္မွာ အဆိပ္အေတာက္ေတြကို ေခ်ဖ်က္တဲ့အလုပ္ကို လုပ္ေပးပါတယ္။ ျပန္ရည္ေၾကာေတြက အဆိပ္ေတြကို အရင္စြန္႔ပစ္ပါတယ္။ ညဘက္ 12 နာရီမွ 2 နာရီအတြင္းမွာ အသည္း အဆိပ္ထုတ္လုပ္ငန္း စတင္ပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနမွသာ လုပ္ေဆာင္ႏိုင္တာ ျဖစ္တဲ့အတြက္ မၾကာခဏ ညဥ့္နက္ေအာင္ေနတဲ့အခါ ခႏၶာကိုယ္က စတင္ေျပာင္းလဲလာပါတယ္။ ဒါေၾကာင့္ ပံုမွန္အခ်ိန္ဇယားအတိုင္း လုပ္ကိုင္ၿပီး အိပ္ေရးဝဝအိပ္ဖို႔ အေရးႀကီးပါတယ္။

3.မနက္အိပ္ရာႏိုးခ်ိန္ ဆီးမသြားျခင္း

 မနက္ဘက္မွာ ေရးႀကီသုတ္ျပာနဲ႔ အလုပ္သြားၿပီး အလုပ္ေရာက္မွ အိမ္သာတက္ျခင္းဟာ အႏၲရာယ္မ်ားတဲ့ အက်င့္တစ္ခုပဲ ျဖစ္ပါတယ္။ ဆီးေအာင့္ထားျခင္းဟာ အသည္းကိုေရာ ေက်ာက္ကပ္ကိုပါ ဒုကၡေရာက္ေစႏိုင္ပါတယ္။

4. မနက္စာ မစားျခင္း

မနက္ခင္းအိပ္ရာက ႏိုးထလာတဲ့အခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ အခ်ိဳဓာတ္ဟာ နည္းပါးေနပါတယ္။ ဒီအခ်ိန္မွာ အသည္းဟာ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေဆာင္တာမ်ားကို မလုပ္ကိုင္ေတာ့ပါဘူး။ လုအမ်ားစုဟာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ခ်င္လို႔ျဖစ္ေစ၊ အခ်ိန္မရ၍ျဖစ္ေစ မနက္စာ မစားျဖစ္တတ္ၾကပါဘူး။ လံုးဝမနက္စာကို မေရွာင္ပါနဲ႔။ မနက္ခင္းမွာ ေန႔သစ္တစ္ေန႔ကို စတင္ဖို႔အတြက္ ခႏၶာကိုယ္၊ အသည္းနဲ႔ ဦးေႏွာက္ေတြက အစာအာဟာရကို လိုအပ္ပါတယ္။

5.က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအစာမ်ား

တစ္ခါတစ္ရံမွာ အခ်ိန္မရလို႔ျဖစ္ျဖစ္၊ အလုပ္တာဝန္ေတြေၾကာင့္ျဖစ္ျဖစ္ အလြယ္တကူ စားသံုးႏိုင္တဲ့ အျပင္စာေတြကို စားမိတတ္ၾကပါတယ္။ ဒါေပမဲ့ ၾကာလာတဲအခါ ကယ္လိုရီေတြ၊ အခ်ိဳေတြ၊ အငန္ေတြနဲ႔ အဆီေတြက ေသြးတိုးနဲ႔ ေသြးတြင္းအဆီဓာတ္ကို မ်ားေစႏိုင္ၿပီး အသည္း အဆီဖံုးေစႏိုင္ပါတယ္။ သတိထားဖို႔က အသည္းပ်က္ရတာဟာ အဆီနဲ႔ က်န္းမာေရးကို ထိခိုက္ေစတဲ အစားအစာေတြေၾကာင့္ ဆိုတာကို မေမ့သင့္ပါဘူး။

အရက္က အသည္းကို ထိခိုက္ေစႏုိင္တယ္ဆိုတာ ကေလးကအစ သိပါတယ္။ အရက္ဟာ အသည္းက ေခ်ဖ်က္ဖို႔ ခက္ခဲၿပီး အသည္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို အေႏွာင့္အယွက္ေပးပါတယ္။ အသည္းရဲ႕ ဖြဲ႕စည္းမႈေတြကို ကေမာက္ကမ ျဖစ္ေစပါတယ္။ အသည္းဆဲလ္ေတြကို ဖ်က္စီးပါတယ္။ အသည္းအဆီဖံုးျခင္း၊ အသည္းေရာင္ျခင္းနဲ႔ အသည္းေျခာက္ျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ တစ္ေန႔ကို ဝိုင္တစ္ခြက္မွ် ေသာက္ျခင္းက ေကာင္းေပမယ့္ ဒီထက္ေတာ့ မမ်ားသင့္ပါဘူး။

ဒီအခ်က္ကေလးေတြကို ျပဳျပင္လိုက္နာသြားမယ္ဆိုရင္ က်န္းမာလွပတဲ့ ဘဝနဲ႔ခႏၶာကို ပိုင္ဆိုင္ရမွာပါ။ ဒါေၾကာင့္ အသည္းကို ၾကင္နာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အသည်းဟာ ခန္ဓာကိုယ်အတွက် အရေးပါပြီး နုနယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အသည်းဟာ အဆိပ်အတောက်တွေကို ချေဖျက်ပေးခြင်း၊ သည်းခြေရည် ထုတ်ပေးခြင်း၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တွေကို ပြောင်းလဲပြုပြင်ပေးခြင်း စတဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးပါတယ်။  အသည်းကို သေချာဂရုတစိုက် ထိန်းသိမ်းနိုင်ရဲ့လား? တစ်ခါတစ်ရံ မသိလိုက်ဘဲ ပြုလုပ်မိတာတွေ၊ နေထိုင်စားသောက်မှုပုံစံတွေဟာ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

အသည်းကို ဘာတွေက ထိခိုက်စေနိုင်သလဲ?

အသည်းဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အတွက် အမှားအယွင်းလေးတစ်ခု ဖြစ်တာနဲ့တင် အကျိုးဆက်တွေကို ခံစားရတတ်ပါတယ်။

ဒါ့အပြင် အသည်းရောဂါ ရှိနေသူတွေမှာလည်း ဘယ်လိုအစားအစာတွေကို အသည်းကို ပြင်ဆင်ပေးနိုင်တယ်ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်တွေကို သိထားရပါမယ်။

1.ကိုလက်စထရော များခြင်း

ကိုလက်စထရောဟာ အသည်းက ထုတ်လုပ်ပေးတဲ့ အဆီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ဆဲလ်တွေက လိုအပ်ပါတယ်။ ဒါပေမဲ့ တန်ဆေ းလွန်ဘေးဆိုတာလိုပဲ ပိုလျှံလာတဲ့အခါ အသည်းက မဖျက်ဆီးနိုင်တော့ဘဲ ဒဏ်ပိလာနိုင်ပါတယ်။ ဒီလို ပိုလျှံလာတဲ့အခါ အသည်း အဆီဖုံးတဲ့ရောဂါမျိုးတွေ ဖြစ်လာပါတော့တယ်။ 

ဒါကြောင့် အသား၊ အဆီ၊ အချိုများတဲ့ အစားအစာတွေ၊ ကြက်ဥအနှစ်၊ ဆားများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး အသီးအရွက်နဲ့ နှံပြောင်းတွေကို စားသုံးသင့်ပါတယ်။

2.ည အိပ်ချိန်နဲ့ ထချိန် နောက်ကျခြင်း

ကလေးဘဝမှာ မိဘတွေက စောစော အိပ်ခိုင်းတတ်တာကို မှတ်မိကြမှာပါ။ ဒါပေမဲ့ ကြီးလာတာနဲ့အမျှ တာဝန်ဝတ္တရားတွေကြောင့် သော်လည်းကောင်း၊ အကျင့်ပါနေလို့ သော်လည်းကောင်း ညအိပ်ချိန်တွေ နောက်ကျလာပါတယ်။ ဒါပေမဲ့ အသည်းဟာ ညအိပ်ချိန်မှာ အဆိပ်အတောက်တွေကို ချေဖျက်တဲ့အလုပ်ကို လုပ်ပေးပါတယ်။ ပြန်ရည်ကြောတွေက အဆိပ်တွေကို အရင်စွန့်ပစ်ပါတယ်။ ညဘက် 12 နာရီမှ 2 နာရီအတွင်းမှာ အသည်း အဆိပ်ထုတ်လုပ်ငန်း စတင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှသာ လုပ်ဆောင်နိုင်တာ ဖြစ်တဲ့အတွက် မကြာခဏ ညဉ့်နက်အောင်နေတဲ့အခါ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပါတယ်။ ဒါကြောင့် ပုံမှန်အချိန်ဇယားအတိုင်း လုပ်ကိုင်ပြီး အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။

3.မနက်အိပ်ရာနိုးချိန် ဆီးမသွားခြင်း

 မနက်ဘက်မှာ ရေးကြီသုတ်ပြာနဲ့ အလုပ်သွားပြီး အလုပ်ရောက်မှ အိမ်သာတက်ခြင်းဟာ အန္တရာယ်များတဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ဆီးအောင့်ထားခြင်းဟာ အသည်းကိုရော ကျောက်ကပ်ကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။

4. မနက်စာ မစားခြင်း

မနက်ခင်းအိပ်ရာက နိုးထလာတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ အချိုဓာတ်ဟာ နည်းပါးနေပါတယ်။ ဒီအချိန်မှာ အသည်းဟာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများကို မလုပ်ကိုင်တော့ပါဘူး။ လုအများစုဟာ ကိုယ်အလေးချိန် လျှော့ချချင်လို့ဖြစ်စေ၊ အချိန်မရ၍ဖြစ်စေ မနက်စာ မစားဖြစ်တတ်ကြပါဘူး။ လုံးဝမနက်စာကို မရှောင်ပါနဲ့။ မနက်ခင်းမှာ နေ့သစ်တစ်နေ့ကို စတင်ဖို့အတွက် ခန္ဓာကိုယ်၊ အသည်းနဲ့ ဦးနှောက်တွေက အစာအာဟာရကို လိုအပ်ပါတယ်။

5.ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ

တစ်ခါတစ်ရံမှာ အချိန်မရလို့ဖြစ်ဖြစ်၊ အလုပ်တာဝန်တွေကြောင့်ဖြစ်ဖြစ် အလွယ်တကူ စားသုံးနိုင်တဲ့ အပြင်စာတွေကို စားမိတတ်ကြပါတယ်။ ဒါပေမဲ့ ကြာလာတဲအခါ ကယ်လိုရီတွေ၊ အချိုတွေ၊ အငန်တွေနဲ့ အဆီတွေက သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်ကို များစေနိုင်ပြီး အသည်း အဆီဖုံးစေနိုင်ပါတယ်။ သတိထားဖို့က အသည်းပျက်ရတာဟာ အဆီနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ အစားအစာတွေကြောင့် ဆိုတာကို မမေ့သင့်ပါဘူး။

အရက်က အသည်းကို ထိခိုက်စေနိုင်တယ်ဆိုတာ ကလေးကအစ သိပါတယ်။ အရက်ဟာ အသည်းက ချေဖျက်ဖို့ ခက်ခဲပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးပါတယ်။ အသည်းရဲ့ ဖွဲ့စည်းမှုတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ အသည်းဆဲလ်တွေကို ဖျက်စီးပါတယ်။ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းနဲ့ အသည်းခြောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို ဝိုင်တစ်ခွက်မျှ သောက်ခြင်းက ကောင်းပေမယ့် ဒီထက်တော့ မများသင့်ပါဘူး။

ဒီအချက်ကလေးတွေကို ပြုပြင်လိုက်နာသွားမယ်ဆိုရင် ကျန်းမာလှပတဲ့ ဘဝနဲ့ခန္ဓာကို ပိုင်ဆိုင်ရမှာပါ။ ဒါကြောင့် အသည်းကို ကြင်နာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top