ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဘာဂါ၊ ေဟာ့ေဒါ့နဲ႔အာလူးေခ်ာင္းေၾကာ္ေတြစားတဲ့အခါ မပါမျဖစ္တဲ့ ခရမ္းခ်ဥ္သီးေဆာ့စ္ေတြကို အရသာေကာင္းဖို႔အတြက္ပဲစားၾကတယ္လို႔ေတြးမိၾကေပမယ့္ ခရမ္းခ်ဥ္သီးရဲ႕ေကာင္းက်ဳိးနဲ႔ ဆက္စပ္ၿပီး က်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ ခရမ္းခ်ဥ္သီးေဆာ့စ္က ေကာင္းက်ဳိး ျပဳေပမယ့္ သူနဲ႔တြဲဖက္စားတဲ့အရာေတြက ကိုယ္အေလးခ်ိန္တက္ၿပီး အဝလြန္ေအာင္အားေပးတာ ေတြျဖစ္တာေၾကာင့္ အာဟာရတန္ဖိုးအတြက္ ကိုယ္တိုင္ခ်င့္ခ်ိန္စားသံုးရမွာပါ။

ခရမ္းခ်ဥ္သီးေဆာ့စ္ေတြဟာ ကယ္လိုရီပမာဏနည္းတဲ့အတြက္ အစားအေသာက္ေတြမွာ ထပ္ေဆာင္းစားတာ ခႏၶာကိုယ္အတြက္ျပႆနာမရွိပါဘူး။ မ႐ိုးနိစ္တစ္ဇြန္းမွာ ၁၀၀ ကယ္လိုရီပါ ေပမယ့္ ေဆာ့စ္တစ္ဇြန္းမွာေတာ့ ၁၅ ကယ္လိုရီပဲပါပါတယ္။

ေနာက္ၿပီး ခရမ္းခ်ဥ္သီးေဆာ့စ္မွာအဆီဓာတ္မပါသေလာက္နည္းတဲ့အတြက္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါျဖစ္တာမ်ဳိးေတြမရွိႏိုင္ပါဘူး။ ေနာက္ၿပီး ကစီဓာတ္လည္းနည္းတဲ့အတြက္ ဘာဘီက်ဴေဆာ့စ္လိုမ်ဳိး၊ မ႐ိုးနိစ္လိုမ်ဳိးေတြထက္ ခရမ္းခ်ဥ္သီးေဆာ့စ္ကိုေရြးခ်ယ္သင့္ပါတယ္။

ခရမ္းခ်ဥ္သီးမွာပါတဲ့ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိေၾကာင့္လည္း ခႏၶာကိုယ္တြင္းဆဲလ္ေတြ ပ်က္စီးျခင္းကုိ ကာကြယ္ေပးႏိုင္ပါတယ္။ အေမရိကန္ကင္ဆာအဖြဲ႕အစည္းရဲ႕အဆိုအရ ခရမ္း ခ်ဥ္သီးထဲက လိုင္ကိုပင္းဓာတ္ဟာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ကိုလက္စထေရာအဆင့္ကို ထိန္းေပးၿပီး ဆီးအိမ္ကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာ၊ ပေရာ့စတိတ္ကင္ဆာ၊ အဆုတ္နဲ႔အစာအိမ္ ကင္ဆာေတြမျဖစ္ပြားေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔သိရပါတယ္။

ခရမ္းခ်ဥ္သီးေဆာ့စ္မွာ ဗီတာမင္ေအလည္း  ႂကြယ္ဝျပန္တာေၾကာင့္ မ်က္စိက်န္းမာေရး၊ အေရျပား၊ သြားနဲ႔အ႐ိုးေတြ    က်န္းမာေရးအတြက္ပါ အေထာက္အကူျပဳတယ္လို႔   ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version#
ဘာဂါ၊ ဟော့ဒေါ့နဲ့အာလူးချောင်းကြော်တွေစားတဲ့အခါ မပါမဖြစ်တဲ့ ခရမ်းချဉ်သီးဆော့စ်တွေကို အရသာကောင်းဖို့အတွက်ပဲစားကြတယ်လို့တွေးမိကြပေမယ့် ခရမ်းချဉ်သီးရဲ့ကောင်းကျိုးနဲ့ ဆက်စပ်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ခရမ်းချဉ်သီးဆော့စ်က ကောင်းကျိုး ပြုပေမယ့် သူနဲ့တွဲဖက်စားတဲ့အရာတွေက ကိုယ်အလေးချိန်တက်ပြီး အဝလွန်အောင်အားပေးတာ တွေဖြစ်တာကြောင့် အာဟာရတန်ဖိုးအတွက် ကိုယ်တိုင်ချင့်ချိန်စားသုံးရမှာပါ။

ခရမ်းချဉ်သီးဆော့စ်တွေဟာ ကယ်လိုရီပမာဏနည်းတဲ့အတွက် အစားအသောက်တွေမှာ ထပ်ဆောင်းစားတာ ခန္ဓာကိုယ်အတွက်ပြဿနာမရှိပါဘူး။ မရိုးနိစ်တစ်ဇွန်းမှာ ၁၀၀ ကယ်လိုရီပါ ပေမယ့် ဆော့စ်တစ်ဇွန်းမှာတော့ ၁၅ ကယ်လိုရီပဲပါပါတယ်။

နောက်ပြီး ခရမ်းချဉ်သီးဆော့စ်မှာအဆီဓာတ်မပါသလောက်နည်းတဲ့အတွက် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်တာမျိုးတွေမရှိနိုင်ပါဘူး။ နောက်ပြီး ကစီဓာတ်လည်းနည်းတဲ့အတွက် ဘာဘီကျူဆော့စ်လိုမျိုး၊ မရိုးနိစ်လိုမျိုးတွေထက် ခရမ်းချဉ်သီးဆော့စ်ကိုရွေးချယ်သင့်ပါတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့်လည်း ခန္ဓာကိုယ်တွင်းဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့အဆိုအရ ခရမ်း ချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကိုလက်စထရောအဆင့်ကို ထိန်းပေးပြီး ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ပရော့စတိတ်ကင်ဆာ၊ အဆုတ်နဲ့အစာအိမ် ကင်ဆာတွေမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

ခရမ်းချဉ်သီးဆော့စ်မှာ ဗီတာမင်အေလည်း  ကြွယ်ဝပြန်တာကြောင့် မျက်စိကျန်းမာရေး၊ အရေပြား၊ သွားနဲ့အရိုးတွေ    ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတယ်လို့   ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top