ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လား႐ိႈးၿမိဳ႕ ႐ိုးမဘဏ္ ေရွ႕တြင္ ျဖစ္ပြားေသာ မိုင္းေပါက္ ကြဲမႈ၌ က်ဴးလြန္သူဟု သံသယ ရွိသူကို စီစီတီဗီမွတ္တမ္္းတြင္ ေတြ႕ရွိရၿပီး ဖမ္းဆီးႏိုင္ေရး စံုစမ္းေဖာ္ထုတ္ေနေၾကာင္း ရွမ္းျပည္ နယ္ရဲတပ္ဖြဲ႕က ေျပာသည္။

‘‘သံသယျဖစ္ဖြယ္ အမ်ိဳး သားတစ္ေယာက္ရဲ႕ လႈပ္ရွားမႈကို ေတြ႕တာ။ ဒါကို စံုစမ္းေနတယ္’’ ဟု ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွ ရဲအ ရာရွိတစ္ဦးက ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ေျပာသည္။

စီစီတီဗီမွတ္တမ္းတြင္ ေတြ႕ ရေသာ သံသယျဖစ္ဖြယ္ အမ်ိဳး သားတစ္ဦး၏ ပံုသည္ ေျခလ်င္ အေနအထားျဖင့္ ေတြ႕ရျခင္းျဖစ္ ၿပီး အေသးစိတ္ကိုမူ ရဲတပ္ဖြဲ႕က ေျပာၾကားျခင္းမရွိေသးေပ။

လား႐ိႈးၿမိဳ႕ ႐ိုးမဘဏ္ေရွ႕ တြင္ ေဖေဖာ္ဝါရီ ၂၁ ရက္ ညေန ၄ နာရီ မိနစ္ ၄၀ က ျဖစ္ပြားခဲ့ ေသာ ျပင္းထန္သည့္ မိုင္းေပါက္ ကြဲမႈေၾကာင့္ ႐ိုးမဘဏ္ဝန္ထမ္း ႏွစ္ဦးေသဆံုးၿပီး ဘဏ္ဝန္ထမ္း ႏွင့္ လမ္းသြားလမ္းလာမ်ားအပါ အဝင္ ၂၂ ဦး ဒဏ္ရာရခဲ့သည္။ ႐ိုးမဘဏ္ႏွင့္ ကပ္လ်က္ဧရာဝတီ ဘဏ္တြင္လည္း ပ်က္စီးမႈအခ်ိဳ႕ ရွိခဲ့သည္။ ယင္းမိုင္းေဖာက္ခြဲမႈ လုပ္ရပ္သည္ အၾကမ္းဖက္လုပ္ ရပ္ျဖစ္ကာ အစိုးရက အစဥ္တစိုက္ ႀကိဳးပမ္းေဆာင္ရြက္ေနေသာ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ ေရးလုပ္ငန္းစဥ္ကို ႀကီးမားစြာ ထိခိုက္ေစၿပီး ျပင္းထန္စြာ ႐ႈတ္ခ် ေၾကာင္း၊ ဥပေဒႏွင့္အညီ ထိထိေရာက္ေရာက္အေရးယူမည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတင္းထုတ္ျပန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
လားရှိုးမြို့ ရိုးမဘဏ် ရှေ့တွင် ဖြစ်ပွားသော မိုင်းပေါက် ကွဲမှု၌ ကျူးလွန်သူဟု သံသယ ရှိသူကို စီစီတီဗီမှတ်တမ်းတွင် တွေ့ရှိရပြီး ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်နေကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့က ပြောသည်။

‘‘သံသယဖြစ်ဖွယ် အမျိုး သားတစ်ယောက်ရဲ့ လှုပ်ရှားမှုကို တွေ့တာ။ ဒါကို စုံစမ်းနေတယ်’’ ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောသည်။

စီစီတီဗီမှတ်တမ်းတွင် တွေ့ ရသော သံသယဖြစ်ဖွယ် အမျိုး သားတစ်ဦး၏ ပုံသည် ခြေလျင် အနေအထားဖြင့် တွေ့ရခြင်းဖြစ် ပြီး အသေးစိတ်ကိုမူ ရဲတပ်ဖွဲ့က ပြောကြားခြင်းမရှိသေးပေ။

လားရှိုးမြို့ ရိုးမဘဏ်ရှေ့ တွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ မိနစ် ၄၀ က ဖြစ်ပွားခဲ့ သော ပြင်းထန်သည့် မိုင်းပေါက် ကွဲမှုကြောင့် ရိုးမဘဏ်ဝန်ထမ်း နှစ်ဦးသေဆုံးပြီး ဘဏ်ဝန်ထမ်း နှင့် လမ်းသွားလမ်းလာများအပါ အဝင် ၂၂ ဦး ဒဏ်ရာရခဲ့သည်။ ရိုးမဘဏ်နှင့် ကပ်လျက်ဧရာဝတီ ဘဏ်တွင်လည်း ပျက်စီးမှုအချို့ ရှိခဲ့သည်။ ယင်းမိုင်းဖောက်ခွဲမှု လုပ်ရပ်သည် အကြမ်းဖက်လုပ် ရပ်ဖြစ်ကာ အစိုးရက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေသော အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးလုပ်ငန်းစဉ်ကို ကြီးမားစွာ ထိခိုက်စေပြီး ပြင်းထန်စွာ ရှုတ်ချ ကြောင်း၊ ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတင်းထုတ်ပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top