ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဆံပင္ဆိုတာ တို႔မိန္းကေလးေတြရဲ႕ ဒုတိယမ်က္ႏွာတဲ႔။ ဒီဒုတိယမ်က္ႏွာေလး လွပေနဖို႔အတြက္ တို႕ဆံပင္ေလးေတြကိုအၿမဲျပင္ဆင္ၾကရင္း မလိုလားအပ္တဲ႔ ဆံသားျပႆနာေလးေတြၾကံဳလာၾကရတယ္ကြယ္။ အဲ႔လိုဆိုၿပီး မျပဳျပင္ဘဲလည္း မေနႏိုင္ဘူးေလ။ ဆံပင္ေျဖာင့္ေျဖာင့္စင္းစင္းေယာင္းေလးေတြက အလိပ္လိပ္ပံုစံအမ်ိဳးမ်ိဳးနဲ႔ ဆံပင္ေကာက္ေလးေတြကိုလိုခ်င္ၾကသလို Yuki တို႔လို နဂိုေကာက္မေလးေတြကလည္း ဆံပင္ကိုေျဖာင့္ေျဖာင့္စင္းစင္းေလးသိပ္ျဖစ္ခ်င္ၾကတာကလား ။ ၿပီးေတာ႔ ကိုးရီးယားမင္းသမီးေလးေတြ ေဟာလိဝုဒ္နာမည္ေက်ာ္မေလးေတြကလည္း ဆံပင္ကိုတစ္ေန႔တစ္မ်ိဳးမရိုးရေအာင္ ျပင္လာၾကေတာ႔ တို႔ေတြလည္း သူတို႔လိုလွလွေလးျဖစ္ေအာင္ ေဆးဆိုးၾက အပူေတြေပးၿပီး ေကာက္ၾကေျဖာင့္ၾကတာေပါ့။ ဒီအခါ ၾကံဳလာရတဲ႔ျပႆနာႀကီးတစ္ခုကေတာ့ ဆံပင္ႏွစ္ခြျဖစ္ျခင္းပါပဲ။
ဆံပင္ႏွစ္ခြေတြ

(၁) သစ္ကိုင္းသစ္ခက္ေလးေတြလို ဆံသားေလးေတြ ႏွစ္ခြကြဲထြက္လာတာ ဘာျဖစ္လို႔ပါလိမ္႔??

သိပၸံပညာရွင္ေတြကေတာ႔ ရာသီဥတုေၾကာင့္နဲ႔ သဘာဝမဟုတ္တဲ႔နည္းေတြနဲ႔ေဆးဆိုးတာေၾကာင့္ ဆံပင္ရဲ႕အေပၚယံလႊာေတြ ထိခိုက္ပ်က္စီးၿပီး က်ိဳးပဲ႔ပ်က္စီးဖို႔ ႏွစ္ခြေတြ ကြဲထြက္ကုန္တာလို႔ ေျပာၾကပါတယ္။ ဆံပင္ႏွစ္ခြျဖစ္ေစတဲ႔တျခားအဓိက အေၾကာင္းအရင္းေတြကေတာ႔ အပူ ဓာတုပစၥည္းေတြနဲ႔ အလြန္အကၽြံ ေခါင္းေလွ်ာ္ျခင္းတို႔ပါပဲ။ တို႔ေတြရဲ႕ ေျဖာင့္ၿပီးသား ေကာက္ၿပီးသား ဆံပင္ေလးေတြ ပံုက်လွပေနေစဖို႔ စက္ဆြဲတာတို႔ ပံုသြင္းတာတို႔ခဏခဏလုပ္ၾကတယ္ဟုတ္? ဒီအခါမွာ ဆံသားေလးေတြမွာ ရွိသင့္တဲ႔ အဆီေတြ အစိုဓာတ္ေတြ ခန္းေျခာက္ကုန္ၿပီး ၾကြပ္ဆတ္ဆတ္နဲ႔ ကြဲထြက္ကုန္ေတာ႔တာေပါ့။ ၿပီးေတာ႔ ဆံပင္မည္းႀကီးနဲ႔ဆို ရင့္သြားမွာစိုးလို႔ အေရာင္ေလးေတြသြင္းၾကတဲ႔အခါမွာ ဆံပင္ဆိုးေဆးထဲမွာပါတဲ႔ ဓာတုပစၥည္းေတြေၾကာင့္လည္း ဆံပင္ႏွစ္ခြေလးေတြျဖစ္လာပါတတ္ပါတယ္။ ၿပီးေတာ႔ တစ္ခ်ိဳ႕ ေယာင္းေလးေတြဆို ေခါင္းမွာေခၽြးေတြ ဆီေတြ ဖုန္ေတြကပ္ေနမွာစိုးလို႔ ေန႔တိုင္းေခါင္းေလွ်ာ္ၾကတဲ႔အခါ ဆံပင္အတြက္လိုအပ္တဲ႔အဆီဓာတ္ေလးေတြပါသြားၿပီး ဆံသားေျခာက္ေသြ႕ရာက ဆံပင္ႏွစ္ခြျပႆနာစလာေတာ႔တာပါပဲ။ ေနာက္တစ္ခုကေတာ႔ ေခါင္းၿဖီးလို႔ပါပဲ။ အျမဲတမ္းသပ္ရပ္ေနေအာင္ေခါင္းၿဖီးပါတယ္ ဆိုမွေခါင္းၿဖီးလို႔ ဆံပင္ႏွစ္ခြကြဲထြက္ကုန္တယ္ဆိုရင္ ဘယ္လိုလုပ္ၾကမလဲေနာ္။ ေနာက္တစ္ခုကေတာ႔ မ်ိဳးရိုးဗီဇေၾကာင့္ပါတဲ႔။ ကဲ… ဒါဆို ႏွစ္ခြကြဲထြက္ေနတဲ႔ဆံႏြယ္ေလးေတြကိုဘယ္လိုျပဳျပင္ထိန္းသိမ္းၾကမလဲ။

(၂) ဆံပင္ညွပ္ေပးပါ။

ႏွစ္ခြကြဲၿပီးသား ဆံပင္ဖ်ားေလးေတြဟာ နဂိုအတိုင္းျဖစ္ေအာင္ျပန္လုပ္လို႔ မရႏိုင္ေတာ့တဲ႔အတြက္ ညွပ္ထုတ္ပစ္လိုက္တာ အေကာင္းဆံုးပါပဲ။ ဒီအေၾကာင္းေလးကိုေတာ႔ ေယာင္းတို႔သိၿပီးသားျဖစ္မွာဆိုေပမယ္႔ သတိထားညွပ္ျဖစ္ေအာင္ေျပာျပတာပါ။ ဒီေတာ႔ ဆံပင္ေလးတိုသြားမွာေၾကာက္လို႔ဆိုၿပီး မညွပ္ဘဲမေနနဲ႔ေနာ္။ ဆိုင္ေကာင္းေကာင္းေလးသြားၿပီး အဖ်ားေလးေတြ ဒီလိုျဖစ္ေနလို႔ ညွပ္ထုတ္ေပးပါလို႔ေျပာပါ။ အရမ္းတိုမသြားေအာင္သူတို႔ညွပ္တတ္ပါတယ္။ အေကာင္းဆံုးကေတာ႔ ၈ ပတ္တစ္ခါ ဆံပင္ႏွစ္ခြေတြအထက္ကေန ၁ လက္မခြဲေလာက္ညွပ္ေပးတာပါတဲ႔။ အံမယ္ေလး ႏွေျမာေတာ႔ ႏွေျမာစရာပါ။ ဒါေပမယ္႔ ဆံပင္ႏွစ္ခြကြဲေလးေတြကုန္ေအာင္အကုန္ညွပ္ထုတ္ျပီးမွ က်န္းမာတဲ႔ဆံသားေလးေတြရေအာင္ျပန္ျပဳျပင္ရမွာမို႔ ဆံပင္ပံုေလးလည္းျပန္ေျပာင္းရင္း နည္းနည္းျဖစ္ျဖစ္ညွပ္ျဖစ္ေအာင္ညွပ္လိုက္ၾကေနာ္ ေယာင္းတို႔ေရ။

(၃) ေခါင္းေလွ်ာ္တဲ႔အခါနဲ႔ ေလွ်ာ္ၿပီးတဲ႔အခါေတြကို ဂရုစိုက္ပါ။

ဆံသားကို မထိခိုက္ေစတဲ႔ ေခါင္းေလွ်ာ္ရည္ ေပ်ာ့ေပ်ာ့ေလးေတြကိုေရြးခ်ယ္ပါ။ ၿပီးေတာ႔ ေခါင္းေလွ်ာ္တဲ႔အခါ ဆံပင္အဖ်ားေလးေတြကို Conditioner ေလးေသခ်ာထည့္ေပးေနာ္။ ဆံပင္ေပါင္းေဆးေကာင္းေကာင္းေလးေတြသံုးၿပီးေတာ႔လည္း ဆံပင္ကိုၾကာၾကာေလး ေပါင္းေဆးနဲ႔ ႏွပ္ထားေပးသင့္ပါတယ္။ dryer မဆြဲခင္ (စက္နဲ႔ အေျခာက္မခံခင္) အေမြးပြသဘက္နဲ႔ သုတ္တဲ႔အခါမွာလည္း ဆံပင္ကို လက္နဲ႔ဟိုဘက္ဒီဘက္ ပြတ္ဆြဲၿပီးမသုတ္ဘဲ ဆံပင္ကိုအလႊာလိုက္ေလးေတြခြဲၿပီး အေပၚကဖိ သုတ္ေပးပါေနာ္။ တို႔ေတြ ေခါင္းသုတ္ရင္လုပ္ေနၾကအတိုင္း သဘက္ထဲဆံပင္ထည့္ လက္နဲ႔ဟိုဘက္ဒီဘက္ဆြဲသုတ္ရင္ ဆံပင္ေတြဖြာလန္ၾကဲလာတတ္ပါတယ္။ ေျဖာင့္ထားတဲ႔ဆံပင္ေတြဆိုပိုသိသာပါတယ္ေနာ္။ dryer (ဒရိုင္ယာ) ဆြဲတဲ႔အခါမွာလဲ အပူခ်ိန္ကိုအနိမ္႔ဆံုးထားၿပီး ဆံပင္နဲ႔နည္းနည္းခြာၿပီး ဆြဲေပးသင့္တယ္ေနာ္။ အရမ္းေျခာက္သြားတဲ႔ထိမဆြဲေတာ့ဘဲ ဆံပင္အဖ်ားေလးေတြကို သံလြင္ဆီ အုန္းဆီ ဒါမွမဟုတ္ haircoat (ေခါင္းလိမ္းဆီ) ေလးကို ဆံပင္အဖ်ားေလးေတြထဲစိမ္ဝင္သြားေအာင္ လိမ္းေပးသင့္ပါတယ္။ ဂရုစိုက္သင့္တာက ထိပ္မွာဆံပင္ေတြေထာင္ေနတယ္ဆိုၿပီး ငယ္ထိပ္ကို ဆီေတြ haircoat ေတြအမ်ားၾကီးစြတ္ထည့္တာမ်ိဳးမလုပ္ရဘူးေနာ္။ ဆံပင္အရင္းေလးေတြမွာ ဦးေရျပားကထြက္တဲ႔သဘာဝအဆီေလးေတြရွိၿပီးသားမို႔ ဆီထည့္စရာသိပ္မလိုဘူးရွင့္။ ႏွစ္ခြကြဲတတ္တဲ႔ အဖ်ားေလးေတြကိုပဲ မေျခာက္ေသြ႕ေအာင္ ဆီေလးေသခ်ာလိမ္းေပးရမွာပါ။ shampoo ေလးေတြ haircoat ေလးေတြကိုလည္း ျပတ္ထြက္လြယ္တဲ႔ဆံပင္ေတြအတြက္သီးသန္႔ထုတ္လုပ္ထားတာေလးေတြသံုးသင့္ပါတယ္ေနာ္။

(၄) ကဲ ေခါင္းၿဖီးတဲ႔အခါမွာလည္းဂရုစိုက္ရမွာေလးေတြရွိပါတယ္ကြယ္။

အလုပ္ေတြအရမ္းမ်ားေနလို႔ မၿဖီးလို႔လည္းမျဖစ္လို႔ ကမန္းတတန္းေခါင္းၿဖီးၾကရတဲ႔အခါ ဆံပင္နည္းနည္းထံုးေနတာေလးမ်ားရွိရင္ အတင္းဖိဆြဲၿပီး ၿဖီးၾကတယ္မလား သပ္ရပ္သြားရင္ ၾကည့္ေကာင္းသြားရင္ၿပီးေရာဆိုၿပီးေတာ႔ေလ။ ဒီအခါနဂိုကမွ ျပတ္ခ်င္ခ်င္ဆံပင္ေလးေတြက ျဗဳတ္ခနဲကိုျပဳတ္ထြက္ကုန္ၾကေတာ႔တာပါပဲ။ ကိုယ့္ဆံပင္သားေလးက နဂိုအားနည္းေနတဲ႔အခါမ်ိဳးေတြ၊ ေဆးဆိုး ေျဖာင့္ ေကာက္ထားတာေလးေတြရွိတဲ႔အခါမ်ိဳးေတြမွာ ပိုဂရုစိုက္ၿပီး ေခါင္းၿဖီးေပးသင့္ပါတယ္ကြယ္။ ေခါင္းဖီးတဲ႔အခါမွာ တို႔ေတြ သံုးေနက် ရိုးရိုးဘီးေတြက ဆံပင္ေတြကိုျပတ္ထြက္ေစပါတယ္တဲ႔။ ကိုယ္က နဂိုဆံပင္အံုထူေပမယ္႔ ဆံပင္အလယ္နားေလာက္ကစၿပီး ပါးသြားတယ္ ဆိုတာ ဒါေၾကာင့္ေပါ့။ ကဲ ဒါဆိုဘယ္လိုဘီးမ်ိဳးသံုးၾကမလဲ။ အသြားစိတ္မညီတဲ႔ဘီးေလးေတြ အထူးသျဖင့္ ပလတ္စတစ္တန္းအသြားတန္းေလးေတြအလယ္မွာ ဝက္မွင္တန္းေလးေတြပါေနတဲ႔ဘီးမ်ိဳးေတြ ေခ်ာမြတ္ေနတဲ႔အသြားစိတ္ေလးေတြပါတဲ႔ ဘီးႀကဲႀကဲေလးေတြကို သံုးသင့္ပါတယ္ေနာ္။

(၅) သဘာဝနည္းေလးေတြနဲ႔ဂရုစိုက္ၾကမယ္။

ဆိုင္မွာဓာတုေဆးေတြသံုးၿပီး ဆံပင္ကို ျပဳျပင္ထိန္းသိမ္းတာထက္ ေစ်းထဲမွာအလြယ္တကူဝယ္ႏိုင္တဲ႔ သဘာဝပစၥည္းေလးေတြသံုးၿပီး ျပဳျပင္ထိန္းသိမ္းတာက ဆံပင္အတြက္ပိုထိေရာက္ပါတယ္။ ကဲ ဒါဆို ဆံပင္ႏွစ္ခြ ေယာင္းတို႔အတြက္သဘာဝထိန္းသိမ္းနည္းေလးေတြေျပာျပမယ္ေနာ္။

    သံလြင္ဆီေလးသံုးၾကမယ္။

သံလြင္ဆီဟာ ေျခာက္ေသြ႕တဲ႔ဆံသားေတြကိုအားျဖည့္ေပးႏိုင္ပါတယ္။ ဒီေတာ႔ဆံပင္ေျခာက္ေသြ႕လို႔ျဖစ္တဲ႔ ဆံပင္ႏွစ္ခြေတြကို ေကာင္းေကာင္းကာကြယ္ေပးႏိုင္ပါတယ္။ နည္းေလးကေတာ႔ လြယ္ပါတယ္ေနာ္။ အရြယ္အေနေတာ္ခြက္ရဲ႕ေလးပံုတစ္ပံုေလာက္ရွိတဲ႔ သံလြင္ဆီေလးကို အပူေပးလိုက္ပါ။ အပူေပးတယ္ဆိုေပမယ္႔ မပူေစနဲ႔ေနာ္။ ေႏြးတယ္ဆိုရံုေလးဆိုေတာ္ပါၿပီ။ ၿပီးရင္ဆံသားအရင္းေလးေတြကိုေရွာင္ၿပီး ဆံပင္အလယ္ ဆံပင္အဖ်ားေလးေတြကို ေသခ်ာစိမ့္ဝင္ေအာင္လိမ္းေပးပါ။ ေရခ်ိဳးတဲ႔အခါသံုးတဲ႔ေခါင္းစြပ္ေလးအုပ္ၿပီး မိနစ္ ၂၀ ကေနတစ္နာရီေလာက္ေပါင္းထားပါေနာ္။ ၿပီးရင္ေတာ့ ဆီေတြအကုန္ေျပာင္သြားေအာင္ ေခါင္းေလွ်ာ္ပစ္လိုက္ရံုပါပဲ။

    သံလြင္ဆီ hair mask ေလးလုပ္ၾကမယ္။

သံလြင္ဆီစားပြဲတင္ဇြန္းႏွစ္ဇြန္းရယ္ အုန္းဆီတစ္ဇြန္းရယ္ ၾကက္ဥတစ္လံုးရယ္ကိုေရာေမႊၿပီး ေစာေစာကလို ဆံပင္အရင္းေလးကိုေရွာင္ၿပီးလိမ္းေပးေနာ္။ ၿပီးရင္ေခါင္းစြပ္ေလးစြပ္ထားၿပီး နာရီဝက္ၾကာရင္ ေရေအးေလးနဲ႔ေခါင္းေလွ်ာ္လို႔ရပါၿပီ။

     ပ်ားရည္ hair mask ေလးလုပ္ၾကစို႔။

ပ်ားရည္တစ္ဇြန္းရယ္ အုန္းဆီစားပြဲတင္ဇြန္းႏွစ္ဇြန္းရယ္ကိုေရာၿပီး ဆံပင္ဖ်ားေလးေတြထဲ စိမ္႔ဝင္သြားေအာင္လိမ္းေပးေနာ္။ ေခါင္းစြပ္ေလးနဲ႔အုပ္ထားၿပီး နာရီဝက္ကေန တစ္နာရီေလာက္ၾကာတဲ႔အခါ ဆီေတြေျပာင္ေအာင္ေခါင္းေလွ်ာ္လိုက္ပါကြယ္။

    ေထာပတ္သီး Hair mask ေလးလည္းလုပ္ၾကည့္မယ္။

ဒီနည္းေလးကေတာ႔ နည္းနည္းလက္ဝင္မယ္ေနာ္.. ေထာပတ္သီးတစ္လံုးကို အခြံေတြခြာ အေစ႔ကိုထုတ္ ၿပီးရင္ပါးစပ္ထဲထည့္ အဲေလ အႏွစ္ေလးေတြျဖစ္ေအာင္ေခ်ၿပီး ၾကက္ဥအကာ စားပြဲတင္ဇြန္းႏွစ္ဇြန္းရယ္ သံလြင္ဆီသံုးဇြန္းရယ္ေရာလို႔ အႏွစ္ေလးျဖစ္လာတဲ႔အထိ ႏံွ႕ေအာင္ေမႊေပးရမယ္ေနာ္။ ရလာတဲ့အႏွစ္ေလးေတြကို ဆံပင္ဖ်ားေလးေတြကိုႏွံ႕ေအာင္လိမ္းလို႔ ၄၅ မိနစ္ကေန တစ္နာရီေလာက္ထိ ေခါင္းစြပ္ေလးနဲ႔စြပ္ထားလိုက္ၿပီး ေခါင္းေလွ်ာ္လိုက္ရံုပဲေပါ့။

ကဲ အေပၚက Yuki ေျပာခဲ႔တဲ႔နည္းေလးေတြကို ေခါင္းမေလွ်ာ္ခင္ တစ္ပတ္တစ္ခါေလာက္ျဖစ္ျဖစ္လုပ္ေပးႏိုင္ပါတယ္။ သဘာဝက ရတဲ႔ ပစၥည္းေတြျဖစ္တဲ႔အျပင္ ပ်ားရည္တို႔ အုန္းဆီတို႔ သံလြင္ဆီတို႔ဟာ ေဆးဆိုင္ေတြမွာေတာင္ရႏိုင္တာမို႔ အရမ္းလြယ္ပါတယ္။ ၾကက္ဥနဲ႔ ေထာပတ္သီးကလည္း ေစ်းကဝယ္လာလို႔ရလို႔ လုပ္ျဖစ္ေအာင္လုပ္ၾကည့္လိုက္ပါေနာ္။

အေပၚမွာ Yuki ေျပာခဲ႔တဲ႔ အရာေတြကိုလည္း ဂရုစိုက္ေပးဖို႔မေမ႔နဲ႔ဦးေနာ္။ တစ္ခ်ိဳ႕ဟာေလးေတြကေယာင္းတို႔သိၿပီးသားဆိုေပမယ္႔ ေသခ်ာဂရုစိုက္လုပ္ျဖစ္ေအာင္ ျပန္ေျပာျပေပးတာပါ။ ဒီနည္းေလးေတြလည္းလုပ္၊ ၾကက္ဥ ဟင္းသီးဟင္းရြက္စတဲ႔ ဗီတာမင္ နဲ႔ ပရိုတင္းဓာတ္ပါတာေလးေတြလည္းစား အျပင္သြားရင္လည္း ထီးေလးေသခ်ာေဆာင္းသြားေပါ့။ ေၾသာ္ ေမ႔ေတာ႔မလို႔ ဆံပင္ႏွစ္ခြေတြကြဲေနၿပီ ဆံပင္ဖ်ားေလးေတြပ်က္စီးေနၿပီဆိုရင္ေတာ႔ ဆံပင္အေရာင္ဆိုးတာတို႔ ေျဖာင့္တာ ေကာက္တာ စက္ဆြဲတာေတြ မလုပ္ေတာ့တာ အေကာင္းဆံုးပဲေနာ္။ ၿပီးေတာ့ silicon sulfate နဲ႔ paraben တို႔ပါတဲ႔ ဆံပင္အလွကုန္ေတြဟာ ႏွစ္ခြေတြကို ပိုဆိုးေစလို႔ လံုးဝမသံုးသင့္ဘူးပါဘူးကြယ္။ ေနာက္ဆံုးတစ္ခ်က္ကေတာ႔ ဆံပင္ႏွစ္ခြေလးေတြကိုဆြဲဆြဲျဖဳတ္တဲ႔အက်င့္ေလးမလုပ္မိေစနဲ႔ေနာ္။ တို႔ေတြရဲ႕ဆံပင္ေလးေတြကိုပါးလာေစတဲ႔အျပင္ ပိုၿပီးထိခိုက္ေစႏိုင္လို႔ပါ။
ေယာင္းေလးတို႔ က်န္းမာလွပၾကပါေစ။

ခ်စ္ျခင္းမ်ားစြာျဖင့္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Miyiki (forhermyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ဆံပင်ဆိုတာ တို့မိန်းကလေးတွေရဲ့ ဒုတိယမျက်နှာတဲ့။ ဒီဒုတိယမျက်နှာလေး လှပနေဖို့အတွက် တို့ဆံပင်လေးတွေကိုအမြဲပြင်ဆင်ကြရင်း မလိုလားအပ်တဲ့ ဆံသားပြဿနာလေးတွေကြုံလာကြရတယ်ကွယ်။ အဲ့လိုဆိုပြီး မပြုပြင်ဘဲလည်း မနေနိုင်ဘူးလေ။ ဆံပင်ဖြောင့်ဖြောင့်စင်းစင်းယောင်းလေးတွေက အလိပ်လိပ်ပုံစံအမျိုးမျိုးနဲ့ ဆံပင်ကောက်လေးတွေကိုလိုချင်ကြသလို Yuki တို့လို နဂိုကောက်မလေးတွေကလည်း ဆံပင်ကိုဖြောင့်ဖြောင့်စင်းစင်းလေးသိပ်ဖြစ်ချင်ကြတာကလား ။ ပြီးတော့ ကိုးရီးယားမင်းသမီးလေးတွေ ဟောလိဝုဒ်နာမည်ကျော်မလေးတွေကလည်း ဆံပင်ကိုတစ်နေ့တစ်မျိုးမရိုးရအောင် ပြင်လာကြတော့ တို့တွေလည်း သူတို့လိုလှလှလေးဖြစ်အောင် ဆေးဆိုးကြ အပူတွေပေးပြီး ကောက်ကြဖြောင့်ကြတာပေါ့။ ဒီအခါ ကြုံလာရတဲ့ပြဿနာကြီးတစ်ခုကတော့ ဆံပင်နှစ်ခွဖြစ်ခြင်းပါပဲ။
ဆံပင်နှစ်ခွတွေ

(၁) သစ်ကိုင်းသစ်ခက်လေးတွေလို ဆံသားလေးတွေ နှစ်ခွကွဲထွက်လာတာ ဘာဖြစ်လို့ပါလိမ့်??

သိပ္ပံပညာရှင်တွေကတော့ ရာသီဥတုကြောင့်နဲ့ သဘာဝမဟုတ်တဲ့နည်းတွေနဲ့ဆေးဆိုးတာကြောင့် ဆံပင်ရဲ့အပေါ်ယံလွှာတွေ ထိခိုက်ပျက်စီးပြီး ကျိုးပဲ့ပျက်စီးဖို့ နှစ်ခွတွေ ကွဲထွက်ကုန်တာလို့ ပြောကြပါတယ်။ ဆံပင်နှစ်ခွဖြစ်စေတဲ့တခြားအဓိက အကြောင်းအရင်းတွေကတော့ အပူ ဓာတုပစ္စည်းတွေနဲ့ အလွန်အကျွံ ခေါင်းလျှော်ခြင်းတို့ပါပဲ။ တို့တွေရဲ့ ဖြောင့်ပြီးသား ကောက်ပြီးသား ဆံပင်လေးတွေ ပုံကျလှပနေစေဖို့ စက်ဆွဲတာတို့ ပုံသွင်းတာတို့ခဏခဏလုပ်ကြတယ်ဟုတ်? ဒီအခါမှာ ဆံသားလေးတွေမှာ ရှိသင့်တဲ့ အဆီတွေ အစိုဓာတ်တွေ ခန်းခြောက်ကုန်ပြီး ကြွပ်ဆတ်ဆတ်နဲ့ ကွဲထွက်ကုန်တော့တာပေါ့။ ပြီးတော့ ဆံပင်မည်းကြီးနဲ့ဆို ရင့်သွားမှာစိုးလို့ အရောင်လေးတွေသွင်းကြတဲ့အခါမှာ ဆံပင်ဆိုးဆေးထဲမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း ဆံပင်နှစ်ခွလေးတွေဖြစ်လာပါတတ်ပါတယ်။ ပြီးတော့ တစ်ချို့ ယောင်းလေးတွေဆို ခေါင်းမှာချွေးတွေ ဆီတွေ ဖုန်တွေကပ်နေမှာစိုးလို့ နေ့တိုင်းခေါင်းလျှော်ကြတဲ့အခါ ဆံပင်အတွက်လိုအပ်တဲ့အဆီဓာတ်လေးတွေပါသွားပြီး ဆံသားခြောက်သွေ့ရာက ဆံပင်နှစ်ခွပြဿနာစလာတော့တာပါပဲ။ နောက်တစ်ခုကတော့ ခေါင်းဖြီးလို့ပါပဲ။ အမြဲတမ်းသပ်ရပ်နေအောင်ခေါင်းဖြီးပါတယ် ဆိုမှခေါင်းဖြီးလို့ ဆံပင်နှစ်ခွကွဲထွက်ကုန်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲနော်။ နောက်တစ်ခုကတော့ မျိုးရိုးဗီဇကြောင့်ပါတဲ့။ ကဲ… ဒါဆို နှစ်ခွကွဲထွက်နေတဲ့ဆံနွယ်လေးတွေကိုဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲ။

(၂) ဆံပင်ညှပ်ပေးပါ။

နှစ်ခွကွဲပြီးသား ဆံပင်ဖျားလေးတွေဟာ နဂိုအတိုင်းဖြစ်အောင်ပြန်လုပ်လို့ မရနိုင်တော့တဲ့အတွက် ညှပ်ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီအကြောင်းလေးကိုတော့ ယောင်းတို့သိပြီးသားဖြစ်မှာဆိုပေမယ့် သတိထားညှပ်ဖြစ်အောင်ပြောပြတာပါ။ ဒီတော့ ဆံပင်လေးတိုသွားမှာကြောက်လို့ဆိုပြီး မညှပ်ဘဲမနေနဲ့နော်။ ဆိုင်ကောင်းကောင်းလေးသွားပြီး အဖျားလေးတွေ ဒီလိုဖြစ်နေလို့ ညှပ်ထုတ်ပေးပါလို့ပြောပါ။ အရမ်းတိုမသွားအောင်သူတို့ညှပ်တတ်ပါတယ်။ အကောင်းဆုံးကတော့ ၈ ပတ်တစ်ခါ ဆံပင်နှစ်ခွတွေအထက်ကနေ ၁ လက်မခွဲလောက်ညှပ်ပေးတာပါတဲ့။ အံမယ်လေး နှမြောတော့ နှမြောစရာပါ။ ဒါပေမယ့် ဆံပင်နှစ်ခွကွဲလေးတွေကုန်အောင်အကုန်ညှပ်ထုတ်ပြီးမှ ကျန်းမာတဲ့ဆံသားလေးတွေရအောင်ပြန်ပြုပြင်ရမှာမို့ ဆံပင်ပုံလေးလည်းပြန်ပြောင်းရင်း နည်းနည်းဖြစ်ဖြစ်ညှပ်ဖြစ်အောင်ညှပ်လိုက်ကြနော် ယောင်းတို့ရေ။

(၃) ခေါင်းလျှော်တဲ့အခါနဲ့ လျှော်ပြီးတဲ့အခါတွေကို ဂရုစိုက်ပါ။

ဆံသားကို မထိခိုက်စေတဲ့ ခေါင်းလျှော်ရည် ပျော့ပျော့လေးတွေကိုရွေးချယ်ပါ။ ပြီးတော့ ခေါင်းလျှော်တဲ့အခါ ဆံပင်အဖျားလေးတွေကို Conditioner လေးသေချာထည့်ပေးနော်။ ဆံပင်ပေါင်းဆေးကောင်းကောင်းလေးတွေသုံးပြီးတော့လည်း ဆံပင်ကိုကြာကြာလေး ပေါင်းဆေးနဲ့ နှပ်ထားပေးသင့်ပါတယ်။ dryer မဆွဲခင် (စက်နဲ့ အခြောက်မခံခင်) အမွေးပွသဘက်နဲ့ သုတ်တဲ့အခါမှာလည်း ဆံပင်ကို လက်နဲ့ဟိုဘက်ဒီဘက် ပွတ်ဆွဲပြီးမသုတ်ဘဲ ဆံပင်ကိုအလွှာလိုက်လေးတွေခွဲပြီး အပေါ်ကဖိ သုတ်ပေးပါနော်။ တို့တွေ ခေါင်းသုတ်ရင်လုပ်နေကြအတိုင်း သဘက်ထဲဆံပင်ထည့် လက်နဲ့ဟိုဘက်ဒီဘက်ဆွဲသုတ်ရင် ဆံပင်တွေဖွာလန်ကြဲလာတတ်ပါတယ်။ ဖြောင့်ထားတဲ့ဆံပင်တွေဆိုပိုသိသာပါတယ်နော်။ dryer (ဒရိုင်ယာ) ဆွဲတဲ့အခါမှာလဲ အပူချိန်ကိုအနိမ့်ဆုံးထားပြီး ဆံပင်နဲ့နည်းနည်းခွာပြီး ဆွဲပေးသင့်တယ်နော်။ အရမ်းခြောက်သွားတဲ့ထိမဆွဲတော့ဘဲ ဆံပင်အဖျားလေးတွေကို သံလွင်ဆီ အုန်းဆီ ဒါမှမဟုတ် haircoat (ခေါင်းလိမ်းဆီ) လေးကို ဆံပင်အဖျားလေးတွေထဲစိမ်ဝင်သွားအောင် လိမ်းပေးသင့်ပါတယ်။ ဂရုစိုက်သင့်တာက ထိပ်မှာဆံပင်တွေထောင်နေတယ်ဆိုပြီး ငယ်ထိပ်ကို ဆီတွေ haircoat တွေအများကြီးစွတ်ထည့်တာမျိုးမလုပ်ရဘူးနော်။ ဆံပင်အရင်းလေးတွေမှာ ဦးရေပြားကထွက်တဲ့သဘာဝအဆီလေးတွေရှိပြီးသားမို့ ဆီထည့်စရာသိပ်မလိုဘူးရှင့်။ နှစ်ခွကွဲတတ်တဲ့ အဖျားလေးတွေကိုပဲ မခြောက်သွေ့အောင် ဆီလေးသေချာလိမ်းပေးရမှာပါ။ shampoo လေးတွေ haircoat လေးတွေကိုလည်း ပြတ်ထွက်လွယ်တဲ့ဆံပင်တွေအတွက်သီးသန့်ထုတ်လုပ်ထားတာလေးတွေသုံးသင့်ပါတယ်နော်။

(၄) ကဲ ခေါင်းဖြီးတဲ့အခါမှာလည်းဂရုစိုက်ရမှာလေးတွေရှိပါတယ်ကွယ်။

အလုပ်တွေအရမ်းများနေလို့ မဖြီးလို့လည်းမဖြစ်လို့ ကမန်းတတန်းခေါင်းဖြီးကြရတဲ့အခါ ဆံပင်နည်းနည်းထုံးနေတာလေးများရှိရင် အတင်းဖိဆွဲပြီး ဖြီးကြတယ်မလား သပ်ရပ်သွားရင် ကြည့်ကောင်းသွားရင်ပြီးရောဆိုပြီးတော့လေ။ ဒီအခါနဂိုကမှ ပြတ်ချင်ချင်ဆံပင်လေးတွေက ဗြုတ်ခနဲကိုပြုတ်ထွက်ကုန်ကြတော့တာပါပဲ။ ကိုယ့်ဆံပင်သားလေးက နဂိုအားနည်းနေတဲ့အခါမျိုးတွေ၊ ဆေးဆိုး ဖြောင့် ကောက်ထားတာလေးတွေရှိတဲ့အခါမျိုးတွေမှာ ပိုဂရုစိုက်ပြီး ခေါင်းဖြီးပေးသင့်ပါတယ်ကွယ်။ ခေါင်းဖီးတဲ့အခါမှာ တို့တွေ သုံးနေကျ ရိုးရိုးဘီးတွေက ဆံပင်တွေကိုပြတ်ထွက်စေပါတယ်တဲ့။ ကိုယ်က နဂိုဆံပင်အုံထူပေမယ့် ဆံပင်အလယ်နားလောက်ကစပြီး ပါးသွားတယ် ဆိုတာ ဒါကြောင့်ပေါ့။ ကဲ ဒါဆိုဘယ်လိုဘီးမျိုးသုံးကြမလဲ။ အသွားစိတ်မညီတဲ့ဘီးလေးတွေ အထူးသဖြင့် ပလတ်စတစ်တန်းအသွားတန်းလေးတွေအလယ်မှာ ဝက်မှင်တန်းလေးတွေပါနေတဲ့ဘီးမျိုးတွေ ချောမွတ်နေတဲ့အသွားစိတ်လေးတွေပါတဲ့ ဘီးကြဲကြဲလေးတွေကို သုံးသင့်ပါတယ်နော်။

(၅) သဘာဝနည်းလေးတွေနဲ့ဂရုစိုက်ကြမယ်။

ဆိုင်မှာဓာတုဆေးတွေသုံးပြီး ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာထက် ဈေးထဲမှာအလွယ်တကူဝယ်နိုင်တဲ့ သဘာဝပစ္စည်းလေးတွေသုံးပြီး ပြုပြင်ထိန်းသိမ်းတာက ဆံပင်အတွက်ပိုထိရောက်ပါတယ်။ ကဲ ဒါဆို ဆံပင်နှစ်ခွ ယောင်းတို့အတွက်သဘာဝထိန်းသိမ်းနည်းလေးတွေပြောပြမယ်နော်။

    သံလွင်ဆီလေးသုံးကြမယ်။

သံလွင်ဆီဟာ ခြောက်သွေ့တဲ့ဆံသားတွေကိုအားဖြည့်ပေးနိုင်ပါတယ်။ ဒီတော့ဆံပင်ခြောက်သွေ့လို့ဖြစ်တဲ့ ဆံပင်နှစ်ခွတွေကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ နည်းလေးကတော့ လွယ်ပါတယ်နော်။ အရွယ်အနေတော်ခွက်ရဲ့လေးပုံတစ်ပုံလောက်ရှိတဲ့ သံလွင်ဆီလေးကို အပူပေးလိုက်ပါ။ အပူပေးတယ်ဆိုပေမယ့် မပူစေနဲ့နော်။ နွေးတယ်ဆိုရုံလေးဆိုတော်ပါပြီ။ ပြီးရင်ဆံသားအရင်းလေးတွေကိုရှောင်ပြီး ဆံပင်အလယ် ဆံပင်အဖျားလေးတွေကို သေချာစိမ့်ဝင်အောင်လိမ်းပေးပါ။ ရေချိုးတဲ့အခါသုံးတဲ့ခေါင်းစွပ်လေးအုပ်ပြီး မိနစ် ၂၀ ကနေတစ်နာရီလောက်ပေါင်းထားပါနော်။ ပြီးရင်တော့ ဆီတွေအကုန်ပြောင်သွားအောင် ခေါင်းလျှော်ပစ်လိုက်ရုံပါပဲ။

    သံလွင်ဆီ hair mask လေးလုပ်ကြမယ်။

သံလွင်ဆီစားပွဲတင်ဇွန်းနှစ်ဇွန်းရယ် အုန်းဆီတစ်ဇွန်းရယ် ကြက်ဥတစ်လုံးရယ်ကိုရောမွှေပြီး စောစောကလို ဆံပင်အရင်းလေးကိုရှောင်ပြီးလိမ်းပေးနော်။ ပြီးရင်ခေါင်းစွပ်လေးစွပ်ထားပြီး နာရီဝက်ကြာရင် ရေအေးလေးနဲ့ခေါင်းလျှော်လို့ရပါပြီ။

     ပျားရည် hair mask လေးလုပ်ကြစို့။

ပျားရည်တစ်ဇွန်းရယ် အုန်းဆီစားပွဲတင်ဇွန်းနှစ်ဇွန်းရယ်ကိုရောပြီး ဆံပင်ဖျားလေးတွေထဲ စိမ့်ဝင်သွားအောင်လိမ်းပေးနော်။ ခေါင်းစွပ်လေးနဲ့အုပ်ထားပြီး နာရီဝက်ကနေ တစ်နာရီလောက်ကြာတဲ့အခါ ဆီတွေပြောင်အောင်ခေါင်းလျှော်လိုက်ပါကွယ်။

    ထောပတ်သီး Hair mask လေးလည်းလုပ်ကြည့်မယ်။

ဒီနည်းလေးကတော့ နည်းနည်းလက်ဝင်မယ်နော်.. ထောပတ်သီးတစ်လုံးကို အခွံတွေခွာ အစေ့ကိုထုတ် ပြီးရင်ပါးစပ်ထဲထည့် အဲလေ အနှစ်လေးတွေဖြစ်အောင်ချေပြီး ကြက်ဥအကာ စားပွဲတင်ဇွန်းနှစ်ဇွန်းရယ် သံလွင်ဆီသုံးဇွန်းရယ်ရောလို့ အနှစ်လေးဖြစ်လာတဲ့အထိ နံှ့အောင်မွှေပေးရမယ်နော်။ ရလာတဲ့အနှစ်လေးတွေကို ဆံပင်ဖျားလေးတွေကိုနှံ့အောင်လိမ်းလို့ ၄၅ မိနစ်ကနေ တစ်နာရီလောက်ထိ ခေါင်းစွပ်လေးနဲ့စွပ်ထားလိုက်ပြီး ခေါင်းလျှော်လိုက်ရုံပဲပေါ့။

ကဲ အပေါ်က Yuki ပြောခဲ့တဲ့နည်းလေးတွေကို ခေါင်းမလျှော်ခင် တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်။ သဘာဝက ရတဲ့ ပစ္စည်းတွေဖြစ်တဲ့အပြင် ပျားရည်တို့ အုန်းဆီတို့ သံလွင်ဆီတို့ဟာ ဆေးဆိုင်တွေမှာတောင်ရနိုင်တာမို့ အရမ်းလွယ်ပါတယ်။ ကြက်ဥနဲ့ ထောပတ်သီးကလည်း ဈေးကဝယ်လာလို့ရလို့ လုပ်ဖြစ်အောင်လုပ်ကြည့်လိုက်ပါနော်။

အပေါ်မှာ Yuki ပြောခဲ့တဲ့ အရာတွေကိုလည်း ဂရုစိုက်ပေးဖို့မမေ့နဲ့ဦးနော်။ တစ်ချို့ဟာလေးတွေကယောင်းတို့သိပြီးသားဆိုပေမယ့် သေချာဂရုစိုက်လုပ်ဖြစ်အောင် ပြန်ပြောပြပေးတာပါ။ ဒီနည်းလေးတွေလည်းလုပ်၊ ကြက်ဥ ဟင်းသီးဟင်းရွက်စတဲ့ ဗီတာမင် နဲ့ ပရိုတင်းဓာတ်ပါတာလေးတွေလည်းစား အပြင်သွားရင်လည်း ထီးလေးသေချာဆောင်းသွားပေါ့။ သြော် မေ့တော့မလို့ ဆံပင်နှစ်ခွတွေကွဲနေပြီ ဆံပင်ဖျားလေးတွေပျက်စီးနေပြီဆိုရင်တော့ ဆံပင်အရောင်ဆိုးတာတို့ ဖြောင့်တာ ကောက်တာ စက်ဆွဲတာတွေ မလုပ်တော့တာ အကောင်းဆုံးပဲနော်။ ပြီးတော့ silicon sulfate နဲ့ paraben တို့ပါတဲ့ ဆံပင်အလှကုန်တွေဟာ နှစ်ခွတွေကို ပိုဆိုးစေလို့ လုံးဝမသုံးသင့်ဘူးပါဘူးကွယ်။ နောက်ဆုံးတစ်ချက်ကတော့ ဆံပင်နှစ်ခွလေးတွေကိုဆွဲဆွဲဖြုတ်တဲ့အကျင့်လေးမလုပ်မိစေနဲ့နော်။ တို့တွေရဲ့ဆံပင်လေးတွေကိုပါးလာစေတဲ့အပြင် ပိုပြီးထိခိုက်စေနိုင်လို့ပါ။
ယောင်းလေးတို့ ကျန်းမာလှပကြပါစေ။

ချစ်ခြင်းများစွာဖြင့်

ဖိုးသူတော် (www.phothutaw.com)
Credit: Miyiki(forhermyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top