×

အသံလွဴတယ္ဆိုတာ တျခားကိုယ္တြင္း အဂၤါေတြ လွဴသလို အသံအိုးႀကီးပါ ျဖဳတ္ေပးလိုက္ရမွာလားေပါ့ 😀 မဟုတ္ပါဘူး။ အသံလွဴတယ္ဆိုတာက မ်က္လံုးမျမင္ရတဲ့ ကေလးေတြကို သူတို႔ သိသင့္သိထိုက္တဲ့ စာေလးေတြ ဥပမာ ပံုျပင္ေတြ၊ အက်ိဳးရွိေစမယ့္ ဗဟုသုတရေစမယ့္ ဝတၳဳေတြ ဖတ္ၿပီး အသံသြင္းထားရတာမ်ိဳး ရွိသလို ေက်ာင္းတက္ေနဆဲ မ်က္မျမင္ ကေလးငယ္ေတြအတြက္လည္း ေက်ာင္းစာအုပ္ထဲက စာေတြကို အသံသြင္းေပးခဲ့ရတာပါ။ အရွင္းဆံုးေျပာရရင္ ကိုယ္စာဖတ္ျပတာကို အသံဖမ္းထားတာေပါ့။ ေတြးၾကည့္ရံုနဲ႔တင္ ပီတိျဖစ္စရာေနာ္..

ကိုယ္ေတြ အားလပ္ရက္ေတြရတယ္ ပိတ္ရက္ေတြရွိတယ္။ ပရဟိတအဖြဲ႕ေတြထဲလည္း ပိုက္ဆံေတာ့ လွဴျဖစ္တယ္ ကိုယ္တုိင္ပါဝင္ဖို႕အခ်ိန္မေပးႏိုင္ဘူး။ တကယ္တမ္း ပရဟိတလုပ္ရတာလည္း ဝါသနာပါတယ္ဆိုုရင္ အေပၚမွာ ေျပာခဲ့သလို အခ်ိန္ေတြလည္း အမ်ားႀကီးေပးစရာမလိုဘဲ အားလပ္ခ်ိန္အနည္းငယ္ေလာက္ ေပးလိုက္ရံုနဲ႔ အျခားသူေတြအတြက္ အမ်ားႀကီး အက်ိဳးရွိႏိုင္မယ့္ အသံလွဴလို႕ရတဲ႕  ေနရာေလးေတြကို ေယာင္းတို႕ဆီ လမ္းညႊန္ေပးပါရေစေနာ္။

    အသံလွဴခ်င္ပါတယ္ ဘယ္လိုလွဴရမလဲ?

အဓိက ကေတာ့ ကိုယ္အားတဲ႔ရက္ကို အသံသြင္းတာဝန္ခံဆီ ဖုန္းဆက္ စာရင္းေပးထားတာက ပိုအဆင္ေျပပါတယ္။ဘယ္ရက္ ဘယ္အခ်ိန္အားတယ္ ဘယ္နွစ္နာရီေလာက္အခ်ိန္ေပးႏုိင္ လဲေပါ့။ တျခားလူေတြလည္း အသံလွဴၾကေတာ့ အခ်ိန္ခြဲႏိုင္ေအာင္လို႕ပါ။ဘယ္ ရက္ ဘယ္အခ်ိန္ လာလွဴမယ္ဆိုၿပီး စာရင္းေပးထားလိုက္ရင္ ရပါတယ္ တစ္ျခား လွဴသူေတြလည္းရွိေတာ့ နွစ္ဦးနွစ္ဖက္ အခ်ိန္ႀကိဳညွိၿပီးမွ သြားတာ ပိုအဆင္ေျပပါတယ္။

    လွဴခ်င္တယ္ ဘာေတြလိုအပ္လဲ?

အဓိက ကေတာ့ စာဖတ္တတ္ရင္ ရပါၿပီ။ မ်က္မျမင္ကေလးေတြ နားေထာင္ဖုိ႕အတြက္ စာအုပ္ေတြကို ျမင္ရတဲ႕ကိုယ္က ၾကားကေန ဖတ္ေပး ရတာပါ။ ကိုယ္ဖတ္ျပတဲ႔အသံကို အသံဖမ္းထားၿပီး ေက်ာင္းသားေတြကို ေပးနားေထာင္တာပါ။ အၾကားအာရံုကိုပဲ အားကိုးရတာဆိုေတာ့ ျဖည္းျဖည္းမွန္မွန္ ဖတ္ျပသြားရင္ ရပါၿပီ။အသံေန အသံထားနဲ႔ဖတ္ေတာ့ ပိုနားေထာင္ေကာင္းတာေပါ့။

    လွဴခ်င္တယ္ ဘယ္လိုစာအုပ္ေတြဖတ္ျပရမလဲ?

ကိုယ္ဖတ္ျပခ်င္တဲ႕စာအုပ္လည္း ယူသြားလို႕ရပါတယ္။ ေပးဖတ္စရာ စာအုပ္မရွိလည္း ေက်ာင္းမွာရွိၿပီးသား စာအုပ္ေတြကို ဖတ္ျပၿပီး အသံသြင္းလို႕ရပါတယ္။ တစ္ဘက္စြန္းေရာက္လြန္းတဲ႔ စာအုပ္ေတြကိုေတာ့ မဖတ္တာ ေကာင္းတာေပါ့။ မဂၢဇင္း ၊ ေဆာင္းပါး ၊ ဝတၳဳတို ၊ ဝတၳဳရွည္ အကုန္ဖတ္ျပလို႕ရပါတယ္။ကိုယ့္မွာ ဖတ္ျပၿပီးသား စာအုပ္ဆို တစ္ျခားစာအုပ္ဖတ္ျပလို႔ရပါတယ္။ သတိထားရမွာကေတာ့ ဘာပဲဖတ္ဖတ္ ျဖည္းျဖည္း မွန္မွန္ဖတ္တတ္ဖို႔ပါပဲ။ ဒါကလည္း သူတို႕ေတြ အတြက္ပိုအဆင္ေျပေအာင္လို႕ပါ။ တစ္အုပ္လံုးၿပီးေအာင္ မဖတ္ေပးႏိုင္လည္း ကိုယ္အခ်ိန္ေပးႏိုင္သေလာက္ ဖတ္လို႔ရပါတယ္။

    လွဴခ်င္တယ္ ဆက္သြယ္ရမဲ႕လိပ္စာက?

”ခဝဲျခံ မ်က္မျမင္ေက်ာင္း”
ဦးသက္လြင္
09-32237848
ဗဟိုလမ္း ၊ ခဝဲျခံမွတ္တိုင္ ၊ မရမ္းကုန္းၿမိဳ႕နယ္ ၊ရန္ကုန္

”ၾကည့္ျမင္တိုင္ မ်က္မျမင္ေက်ာင္း”
ဦးစိန္ဘေဌး
09-420138661
စလင္းကြင္းေက်ာင္းေရွ႕၊ စလင္းကြင္း မွတ္တိုင္ ၊ ႀကည့္ျမင္တုိင္ၿမိဳ႕နယ္၊ရန္ကုန္

တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႕ဆို အျခားေသာ မ်က္မျမင္ေက်ာင္းေတြလည္း အမ်ားႀကီးရွိအံုးမွာပါ။ ေယာင္းတို႕သိထားတဲ့ တစ္ျခားေဒသမွာရွိတဲ႔ေက်ာင္း လိပ္စာေတြကိုလည္း မွ်ေဝေပးလို႕ရပါတယ္ေနာ္။

    အသံပဲလွဴလို႕ရတာလား တစ္ျခားဘာေတြကူညီလို႔ရေသးလဲ?

လိုအပ္ေနတာေတြေတာ့ အမ်ားႀကီးပါ။ အခ်ိန္အနည္းငယ္ပဲ ေပးႏိုင္သူေတြကေတာ့ အသံလွဴေပါ့ တစ္ျခားလိုအပ္တာေတြ ထပ္လုပ္မယ့္ အစီအစဥ္ေတြကို ေက်ာင္းတာဝန္ခံေတြက ေသခ်ာရွင္းျပပါတယ္။ ထမင္းလွဴတာ အဝတ္အစားလွဴတာ ၊ ကေလးေတြကို စာသင္ေပးတဲ႔အပိုင္းေတြ ၊ သီခ်င္းဆိုရတဲ႔အစီအစဥ္ ၊ ပြဲေတြရွိရင္ volunteer အေနနဲ႔ ကူလို႕ရမယ္႔ အစီစဥ္ေတြကို အေသးစိတ္ရွင္းျပေပးပါတယ္။

    လွဴၿပီးေတာ့ ဘာအက်ိဳးရွိလဲ?

ဘာသာေရးေတြ မပါဘဲ ေျပာရမယ္ဆိုရင္ေတာင္ လူသားပီပီ ပီတိေတာ့ ျဖစ္ရပါတယ္။ ကိုယ္က စိတ္ရႈပ္ေနတာျဖစ္ျဖစ္ ၊ စိတ္ဓာတ္က်ေနတာျဖစ္ျဖစ္ ကိုယ့္အခက္အခဲဟာ သူတို႔ဘဝနဲ႔ႏႈိင္းယွဥ္ၾကည့္ရင္ ရယ္စရာတစ္ခုပါပဲ။ ႀကံဖန္ၿပီး မ်က္မျမင္ကေလးေတြကို တစ္ဆင့္နိမ့္အေတြးနဲ႔ ၾကည့္တာမဟုတ္ပါဘူူး။ ၾကည့္စရာအေႀကာင္းလည္းမရွိပါဘူး သနားစရာလည္း မလိုပါဘူး။ သူတို႔ဟာလည္း မသန္ေပမယ့္ စြမ္းၾကတဲ့ သူေတြပဲမဟုတ္လား? ကိုယ္ကူညီလိုက္လို႕ လူသားတစ္ေယာက္ တစ္ဖက္သားအတြက္ အက်ိဳးျဖစ္ထြန္းေစတဲ့ ကိုယ့္ပီတိကို ျမင္ေစခ်င္တာပါ။ ခံစားေစခ်င္တာပါ။ တစ္ဘက္သား ကိုယ့္ေၾကာင့္ အဆင္ေျပသြားတယ္ အက်ိဳးျဖစ္ထြန္းသြားတယ္ဆို တဲ႔ ပီတိ ဝမ္းသာစိတ္က ဘာနဲ႔မွ ႏႈိင္းယွဥ္လို႔ မရဘူး မဟုတ္လား။

ဒါေၾကာင့္ တစ္ရက္ပဲအားသည္ျဖစ္ေစ၊ ေမြးေန႔မွာ အလွဴလုပ္ခ်င္တာျဖစ္ေစ၊ ကိုယ့္ဘက္က အခ်ိန္အနည္းငယ္ပဲ ေပးႏုိင္ခဲ့လို႔ ျဖစ္ေစ ဒီလို အသံလွဴလို႔ရတဲ႔ေနရာေတြရွိေနပါ တယ္လုိ႔  လက္တို႔ပါရေစ။ သူငယ္ခ်င္း အစုလိုက္ႀကီး သြားၿပီးလည္း လွဴလို႔ရတာမို႔ ပရဟိတအဖြဲ႕လိုေလးလည္း ျဖစ္သြားတာေပါ့။ ကဲ.. ေယာင္းတို႔သိထားတဲ့ တျခားကူညီႏုိင္မယ့္သူေတြကိုလည္း လက္တို႔ၿပီး ေျပာျပလိုက္ၾကဦးေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Zin ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
အသံလှူတယ်ဆိုတာ တခြားကိုယ်တွင်း အင်္ဂါတွေ လှူသလို အသံအိုးကြီးပါ ဖြုတ်ပေးလိုက်ရမှာလားပေါ့ 😀 မဟုတ်ပါဘူး။ အသံလှူတယ်ဆိုတာက မျက်လုံးမမြင်ရတဲ့ ကလေးတွေကို သူတို့ သိသင့်သိထိုက်တဲ့ စာလေးတွေ ဥပမာ ပုံပြင်တွေ၊ အကျိုးရှိစေမယ့် ဗဟုသုတရစေမယ့် ဝတ္ထုတွေ ဖတ်ပြီး အသံသွင်းထားရတာမျိုး ရှိသလို ကျောင်းတက်နေဆဲ မျက်မမြင် ကလေးငယ်တွေအတွက်လည်း ကျောင်းစာအုပ်ထဲက စာတွေကို အသံသွင်းပေးခဲ့ရတာပါ။ အရှင်းဆုံးပြောရရင် ကိုယ်စာဖတ်ပြတာကို အသံဖမ်းထားတာပေါ့။ တွေးကြည့်ရုံနဲ့တင် ပီတိဖြစ်စရာနော်..

ကိုယ်တွေ အားလပ်ရက်တွေရတယ် ပိတ်ရက်တွေရှိတယ်။ ပရဟိတအဖွဲ့တွေထဲလည်း ပိုက်ဆံတော့ လှူဖြစ်တယ် ကိုယ်တိုင်ပါဝင်ဖို့အချိန်မပေးနိုင်ဘူး။ တကယ်တမ်း ပရဟိတလုပ်ရတာလည်း ဝါသနာပါတယ်ဆိုုရင် အပေါ်မှာ ပြောခဲ့သလို အချိန်တွေလည်း အများကြီးပေးစရာမလိုဘဲ အားလပ်ချိန်အနည်းငယ်လောက် ပေးလိုက်ရုံနဲ့ အခြားသူတွေအတွက် အများကြီး အကျိုးရှိနိုင်မယ့် အသံလှူလို့ရတဲ့  နေရာလေးတွေကို ယောင်းတို့ဆီ လမ်းညွှန်ပေးပါရစေနော်။

    အသံလှူချင်ပါတယ် ဘယ်လိုလှူရမလဲ?

အဓိက ကတော့ ကိုယ်အားတဲ့ရက်ကို အသံသွင်းတာဝန်ခံဆီ ဖုန်းဆက် စာရင်းပေးထားတာက ပိုအဆင်ပြေပါတယ်။ဘယ်ရက် ဘယ်အချိန်အားတယ် ဘယ်နှစ်နာရီလောက်အချိန်ပေးနိုင် လဲပေါ့။ တခြားလူတွေလည်း အသံလှူကြတော့ အချိန်ခွဲနိုင်အောင်လို့ပါ။ဘယ် ရက် ဘယ်အချိန် လာလှူမယ်ဆိုပြီး စာရင်းပေးထားလိုက်ရင် ရပါတယ် တစ်ခြား လှူသူတွေလည်းရှိတော့ နှစ်ဦးနှစ်ဖက် အချိန်ကြိုညှိပြီးမှ သွားတာ ပိုအဆင်ပြေပါတယ်။

    လှူချင်တယ် ဘာတွေလိုအပ်လဲ?

အဓိက ကတော့ စာဖတ်တတ်ရင် ရပါပြီ။ မျက်မမြင်ကလေးတွေ နားထောင်ဖို့အတွက် စာအုပ်တွေကို မြင်ရတဲ့ကိုယ်က ကြားကနေ ဖတ်ပေး ရတာပါ။ ကိုယ်ဖတ်ပြတဲ့အသံကို အသံဖမ်းထားပြီး ကျောင်းသားတွေကို ပေးနားထောင်တာပါ။ အကြားအာရုံကိုပဲ အားကိုးရတာဆိုတော့ ဖြည်းဖြည်းမှန်မှန် ဖတ်ပြသွားရင် ရပါပြီ။အသံနေ အသံထားနဲ့ဖတ်တော့ ပိုနားထောင်ကောင်းတာပေါ့။

    လှူချင်တယ် ဘယ်လိုစာအုပ်တွေဖတ်ပြရမလဲ?

ကိုယ်ဖတ်ပြချင်တဲ့စာအုပ်လည်း ယူသွားလို့ရပါတယ်။ ပေးဖတ်စရာ စာအုပ်မရှိလည်း ကျောင်းမှာရှိပြီးသား စာအုပ်တွေကို ဖတ်ပြပြီး အသံသွင်းလို့ရပါတယ်။ တစ်ဘက်စွန်းရောက်လွန်းတဲ့ စာအုပ်တွေကိုတော့ မဖတ်တာ ကောင်းတာပေါ့။ မဂ္ဂဇင်း ၊ ဆောင်းပါး ၊ ဝတ္ထုတို ၊ ဝတ္ထုရှည် အကုန်ဖတ်ပြလို့ရပါတယ်။ကိုယ့်မှာ ဖတ်ပြပြီးသား စာအုပ်ဆို တစ်ခြားစာအုပ်ဖတ်ပြလို့ရပါတယ်။ သတိထားရမှာကတော့ ဘာပဲဖတ်ဖတ် ဖြည်းဖြည်း မှန်မှန်ဖတ်တတ်ဖို့ပါပဲ။ ဒါကလည်း သူတို့တွေ အတွက်ပိုအဆင်ပြေအောင်လို့ပါ။ တစ်အုပ်လုံးပြီးအောင် မဖတ်ပေးနိုင်လည်း ကိုယ်အချိန်ပေးနိုင်သလောက် ဖတ်လို့ရပါတယ်။

    လှူချင်တယ် ဆက်သွယ်ရမဲ့လိပ်စာက?

”ခဝဲခြံ မျက်မမြင်ကျောင်း”
ဦးသက်လွင်
09-32237848
ဗဟိုလမ်း ၊ ခဝဲခြံမှတ်တိုင် ၊ မရမ်းကုန်းမြို့နယ် ၊ရန်ကုန်

”ကြည့်မြင်တိုင် မျက်မမြင်ကျောင်း”
ဦးစိန်ဘဌေး
09-420138661
စလင်းကွင်းကျောင်းရှေ့၊ စလင်းကွင်း မှတ်တိုင် ၊ ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အခြားသော မျက်မမြင်ကျောင်းတွေလည်း အများကြီးရှိအုံးမှာပါ။ ယောင်းတို့သိထားတဲ့ တစ်ခြားဒေသမှာရှိတဲ့ကျောင်း လိပ်စာတွေကိုလည်း မျှဝေပေးလို့ရပါတယ်နော်။

    အသံပဲလှူလို့ရတာလား တစ်ခြားဘာတွေကူညီလို့ရသေးလဲ?

လိုအပ်နေတာတွေတော့ အများကြီးပါ။ အချိန်အနည်းငယ်ပဲ ပေးနိုင်သူတွေကတော့ အသံလှူပေါ့ တစ်ခြားလိုအပ်တာတွေ ထပ်လုပ်မယ့် အစီအစဉ်တွေကို ကျောင်းတာဝန်ခံတွေက သေချာရှင်းပြပါတယ်။ ထမင်းလှူတာ အဝတ်အစားလှူတာ ၊ ကလေးတွေကို စာသင်ပေးတဲ့အပိုင်းတွေ ၊ သီချင်းဆိုရတဲ့အစီအစဉ် ၊ ပွဲတွေရှိရင် volunteer အနေနဲ့ ကူလို့ရမယ့် အစီစဉ်တွေကို အသေးစိတ်ရှင်းပြပေးပါတယ်။

    လှူပြီးတော့ ဘာအကျိုးရှိလဲ?

ဘာသာရေးတွေ မပါဘဲ ပြောရမယ်ဆိုရင်တောင် လူသားပီပီ ပီတိတော့ ဖြစ်ရပါတယ်။ ကိုယ်က စိတ်ရှုပ်နေတာဖြစ်ဖြစ် ၊ စိတ်ဓာတ်ကျနေတာဖြစ်ဖြစ် ကိုယ့်အခက်အခဲဟာ သူတို့ဘဝနဲ့နှိုင်းယှဉ်ကြည့်ရင် ရယ်စရာတစ်ခုပါပဲ။ ကြံဖန်ပြီး မျက်မမြင်ကလေးတွေကို တစ်ဆင့်နိမ့်အတွေးနဲ့ ကြည့်တာမဟုတ်ပါဘူူး။ ကြည့်စရာအကြောင်းလည်းမရှိပါဘူး သနားစရာလည်း မလိုပါဘူး။ သူတို့ဟာလည်း မသန်ပေမယ့် စွမ်းကြတဲ့ သူတွေပဲမဟုတ်လား? ကိုယ်ကူညီလိုက်လို့ လူသားတစ်ယောက် တစ်ဖက်သားအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ကိုယ့်ပီတိကို မြင်စေချင်တာပါ။ ခံစားစေချင်တာပါ။ တစ်ဘက်သား ကိုယ့်ကြောင့် အဆင်ပြေသွားတယ် အကျိုးဖြစ်ထွန်းသွားတယ်ဆို တဲ့ ပီတိ ဝမ်းသာစိတ်က ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူး မဟုတ်လား။

ဒါကြောင့် တစ်ရက်ပဲအားသည်ဖြစ်စေ၊ မွေးနေ့မှာ အလှူလုပ်ချင်တာဖြစ်စေ၊ ကိုယ့်ဘက်က အချိန်အနည်းငယ်ပဲ ပေးနိုင်ခဲ့လို့ ဖြစ်စေ ဒီလို အသံလှူလို့ရတဲ့နေရာတွေရှိနေပါ တယ်လို့  လက်တို့ပါရစေ။ သူငယ်ချင်း အစုလိုက်ကြီး သွားပြီးလည်း လှူလို့ရတာမို့ ပရဟိတအဖွဲ့လိုလေးလည်း ဖြစ်သွားတာပေါ့။ ကဲ.. ယောင်းတို့သိထားတဲ့ တခြားကူညီနိုင်မယ့်သူတွေကိုလည်း လက်တို့ပြီး ပြောပြလိုက်ကြဦးနော်…

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Zin ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top