iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻေပၚမွာ တစ္ႏိုင္ငံနဲ႔တစ္ႏုိင္ငံ ဒါမွမဟုတ္ လူမ်ိဳးစုတစ္စုခ်င္းအလိုက္ လက္ထပ္ထိမ္းျမားျခင္း ဓေလ့ေတြကမတူၾကပါဘူး။ တခ်ိဳ႕ဓေလ့ေတြက လူမ်ိဳးရဲ႕ဂုဏ္သိကၡာကိုဂုဏ္ေဆာင္ေဖာ္ညႊန္းႏိုင္ၾကေပ မယ့္ တခ်ိဳ႕ဓေလ့ေတြကေတာ့ ဆက္လက္မက်င့္သံုးသင့္ေတာ့ဘဲ လက္ထပ္ထိမ္းျမားျခင္းကိုေတာင္ အခက္အခဲျဖစ္ေစတာေတြရွိပါတယ္။ ဒါ့အျပင္ ဓေလ့ေတြရဲ႕အဓိပၸာယ္ကိုေျပာင္းျပန္ေဖာ္ေဆာင္ေန တဲ့ထံုးစံေတြကလည္းအခုထိရွိေနတုန္းပါပဲ။

မဂၤလာေဆာင္ရင္ သတို႔သားဘက္ကဘယ္ေလာက္၊ သတို႔သမီးဘက္ကဘယ္ေလာက္ဆိုၿပီး ခန္းဝင္ပစၥည္းဖိုးခ်ီးျမႇင့္ရတာက လူမ်ိဳးတိုင္းလိုလိုမွာရွိၾကေပမယ့္ တခ်ိဳ႕က်ေတာ့ သတို႔သားဘက္ ပဲေပးရတာမ်ိဳး၊ သတို႔သမီးဘက္ကပဲေပးရတာမ်ိဳးေတြလည္းကြဲျပားၾကပါေသးတယ္။

အိႏၵိယႏိုင္ငံမွာ သတို႔သမီးဘက္က သတို႔သားဘက္ကိုခန္းဝင္ပစၥည္းဖိုးနဲ႔တင္ေတာင္းရတဲ့ ဓေလ့ကို ၁၉၆၁ခုႏွစ္က တည္းက ဖ်က္သိမ္းခဲ့ေပမယ့္ အဲဒီဓေလ့ထံုးထမ္းဟာ ယေန႔အခ်ိန္အထိ အသက္ဝင္ေန ဆဲျဖစ္ပါတယ္။ဒီဓေလ့ဟာ ေငြေၾကးတတ္ႏုိင္တဲ့မိသားစုေတြအတြက္ ျပႆနာမရွိေပမယ့္ မရွိဆင္းရဲ သားေတြအတြက္ေတာ့ ခန္းဝင္ပစၥည္းဖိုးမတတ္ႏိုင္လို႔ အမ်ိဳးသမီးေတြမွာ မဂၤလာမေဆာင္ႏိုင္ျဖစ္ၾကၿပီး လုပ္ေကၽြးေစာင့္ေရွာက္မယ့္ ကူေဖာ္ေလာင္ဖက္အိမ္ေထာင္ဖက္မရွိဘဲ တစ္ကိုယ္တည္းရုန္းကန္ၾကရ ပါတယ္။ ဒါေၾကာင့္ ဒီဓေလ့ဟာ မရွိဆင္းရဲသားေတြအတြက္ေတာ့ ႏွစ္ဦးသေဘာတူခ်စ္ႀကိဳက္ပါလ်က္ လက္မထပ္ႏိုင္ေအာင္ တမင္ညႇင္းပန္းႏွိပ္စက္ထားသလိုမ်ိဳးျဖစ္ေစတယ္လို႔ေတာင္ဆိုၾကပါတယ္။

မၾကာေသးမီက အိႏၵိယႏိုင္ငံမွာ ၁၂ႏွစ္ၾကာအိမ္ေထာင္သက္အတြင္း ဒီဥပေဒ ဓေလ့ထံုးထမ္းေၾကာင့္ ဇနီးသည္ျဖစ္သူ Rita Sarkar ဆိုသူအမ်ိဳးသမီးဟာ ခင္ပြန္းသည္ရဲ႕ မတရားညႇင္းပန္းႏွိပ္စက္မႈကို အၾကင္နာကင္းမဲ့စြာခံလိုက္ရပါတယ္။
အဲဒါကေတာ့ ခင္ပြန္းျဖစ္သူအမ်ိဳးသားက ဇနီးသည္ဘက္ကရစရာက်န္ေသးတဲ့ ခန္းဝင္ပစၥည္းဖိုး ရူပီး ႏွစ္သိန္းဖိုးကိုရယူတဲ့အေနနဲ႔ ဇနီးသည္ရဲ႕ေက်ာက္ကပ္ကိုခိုးယူၿပီး ေရာင္းခ်ခဲ့ပါတယ္။ဒီခိုးယူမႈဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္ ၂၀၁၆ခုႏွစ္ေလာက္ကျဖစ္ခဲ့ၿပီး အျဖစ္မွန္ကို မၾကာေသးမီလပိုင္းကမွသိရွိေဖာ္ ထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလားေဒသရဲ႕ၿမိဳ႕ေတာ္ ကိုလ္ကတၱားၿမိဳ႕ရွိေနအိမ္မွာ အသက္ ၂၈ႏွစ္အရြယ္ Rita Sarkarဟာ ဝမ္းဗိုက္မွာျပင္းထန္တဲ့နာက်င္မႈေဝဒနာကိုခံစားရတဲ့အတြက္ခင္ပြန္းျဖစ္သူက သူမကိုေနအိမ္မွာပဲ ဆရာဝန္ေခၚၿပီးျပဳစုေစာင့္ေရွာက္ေပးခဲ့ပါတယ္။

“ကၽြန္မကို ဆရာဝန္က အူအတက္ခြဲစိတ္မႈခ်က္ခ်င္းလုပ္ဖို႔လိုတယ္လို႔ေျပာတယ္။ ေနာက္တစ္ေန႔ ခြဲစိတ္ၿပီးေတာ့ ကၽြန္မေက်ာကုန္းကေတာ္ေတာ္ျပင္းျပင္းထန္ထန္နာေနတယ္” လို႔ ရီတာ ကေျပာ ပါတယ္။

“ကၽြန္မအမ်ိဳးသားက အိမ္မွာအခုလိုခြဲစိတ္တာကို ဘယ္သူ႔မွေလွ်ာက္မေျပာနဲ႔လို႔ေျပာတယ္။ ကၽြန္မ လည္း ေက်ာကေတာ္ေတာ္နာေနလို႔ ဆရာဝန္နဲ႔ျပေပးပါလို႔ အမ်ိဳးသားကိုေျပာတယ္၊ ဒါေပမဲ့သူက မသိခ်င္ေယာင္ေဆာင္ေနခဲ့တယ္” လို႔သူမထပ္မံေျပာပါတယ္။

ခင္ပြန္းျဖစ္သူက သူမရဲ႕ေဝဒနာကိုလ်စ္လ်ဴရႈၿပီး အိမ္ထဲမွာပဲ လေပါင္းမ်ားစြာၾကာေအာင္ေနေစ ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သံုးလခန္႔ကမွ ေဆြမ်ိဳးေတြကေနတစ္ဆင့္သူမရဲ႕မိဘေတြကသူမအေျခအေနကိုသိသြားခဲ့ၿပီး ဘဂၤလားေျမာက္ပိုင္းေဒသကအႀကီးဆံုးက်န္းမာေရးေစာင့္ေရွာက္မႈဌာနျဖစ္တဲ့ North Bengal Medical College and Hospital ကိုေခၚယူျပသခဲ့ပါတယ္။

ေဆးရံုရဲ႕စမ္းသပ္စစ္ေဆးမႈမွာ အိမ္မွာျပဳလုပ္ခဲ့တဲ့ ခြဲစိတ္မႈနဲ႔ အျဖစ္အပ်က္ေတြကို ေဖာ္ထုတ္အေျဖရွာ တဲ့အခါ သူမရဲ႕ ညာဘက္ ေက်ာက္ကပ္မရွိေတာ့တာကိုေတြ႕ရၿပီး ဘယ္ဘက္ေက်ာက္ကပ္ကလည္း ေရာဂါပိုးကူးစက္ခံေနရတယ္ဆိုတာသိလိုက္ရပါေတာ့တယ္။

ဒီလိုဇနီးျဖစ္သူရဲ႕ေက်ာက္ကပ္ခိုးယူမႈနဲ႔ပတ္သက္ၿပီး ရီတာရဲ႕ခင္ပြန္းျဖစ္သူက ဇနီးသည္အေနနဲ႔ သူမရဲ႕ေက်ာက္ကပ္ကိုလိုလိုလားလားပဲလွဴခဲ့တာျဖစ္ေၾကာင္း ဒါကိုလည္းတရားဝင္လက္မွတ္ထိုး လွဴတန္းထားေၾကာင္းထြက္ဆိုခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူရဲ႕ လိမ္ညာထြက္ဆိုခ်က္ကို ရီတာက  ျငင္းဆိုခဲ့ပါတယ္။

“ကၽြန္မတကယ္ရင္နာတယ္။ အခုေတာ့ ကၽြန္မနားလည္သြားၿပီ။ ကၽြန္မေယာက္်ားကဘာလို႔ ကၽြန္မကိုခြဲစိတ္ခဲ့တယ္ဆိုတာကၽြန္မသိသြားၿပီ။ ကၽြန္မရဲ႕ေက်ာက္ကပ္ကို သူတို႔မိသားစုကိုေပးစရာ က်န္ေနတဲ့ ခန္းဝင္ပစၥည္းဖိုးအတြက္ေရာင္းလိုက္ၾကၿပီ” လို႔ သူမကဆိုပါတယ္။

ဒီလို လူခႏၶာကိုယ္အစိတ္အပိုင္းေတြေရာင္းခ်မႈဟာ ရာဇဝတ္မႈေျမာက္တဲ့အတြက္ ယခုေက်ာက္ကပ္ခိုး ယူေရာင္းခ်မႈကိုလည္း စံုစမ္းစစ္ေဆးေရးအဖြဲ႕ေတြက စံုစမ္းေဖာ္ထုတ္ေနၿပီျဖစ္ပါတယ္။

၂၀၀၅ခုႏွစ္မွာ  Rita Sarkarနဲ႔ခင္ပြန္းျဖစ္သူတို႔လက္ထပ္ခဲ့ၾကၿပီး ရီတာ့ ဖခင္က သတို႔သားဘက္ကို ေရႊ၊ ေငြနဲ႔ ပိုက္ဆံ ရူပီး တစ္သိန္းရွစ္ေသာင္းလက္ဖြဲ႕ခဲ့ပါတယ္။ ဒါေပမဲ့ သတို႔သားမိသားစုဘက္က ဒီခန္းဝင္ပစၥည္းဖိုးပမာဏကိုသိပ္ၿပီးမေက်နပ္ဘဲ ထပ္ၿပီးလိုခ်င္ခဲ့တာပဲျဖစ္ပါတယ္။

“ရီတာရဲ႕အမ်ိဳးသားက သူ႔အေဖကကားေတြအမ်ားႀကီးပိုင္ဆိုင္ထားသလို ေငြေၾကးလည္းျပည့္စံုတယ္၊ ကၽြန္ေတာ္တို႔မွာေတာ့ဘာမွမရွိဘူးဆိုၿပီး မၾကာခဏေျပာေလ့ရွိတယ္”လို႔ ရီတာရဲ႕ဖခင္ျဖစ္သူ ကထပ္မံေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာပေါ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဒါမှမဟုတ် လူမျိုးစုတစ်စုချင်းအလိုက် လက်ထပ်ထိမ်းမြားခြင်း ဓလေ့တွေကမတူကြပါဘူး။ တချို့ဓလေ့တွေက လူမျိုးရဲ့ဂုဏ်သိက္ခာကိုဂုဏ်ဆောင်ဖော်ညွှန်းနိုင်ကြပေ မယ့် တချို့ဓလေ့တွေကတော့ ဆက်လက်မကျင့်သုံးသင့်တော့ဘဲ လက်ထပ်ထိမ်းမြားခြင်းကိုတောင် အခက်အခဲဖြစ်စေတာတွေရှိပါတယ်။ ဒါ့အပြင် ဓလေ့တွေရဲ့အဓိပ္ပာယ်ကိုပြောင်းပြန်ဖော်ဆောင်နေ တဲ့ထုံးစံတွေကလည်းအခုထိရှိနေတုန်းပါပဲ။

မင်္ဂလာဆောင်ရင် သတို့သားဘက်ကဘယ်လောက်၊ သတို့သမီးဘက်ကဘယ်လောက်ဆိုပြီး ခန်းဝင်ပစ္စည်းဖိုးချီးမြှင့်ရတာက လူမျိုးတိုင်းလိုလိုမှာရှိကြပေမယ့် တချို့ကျတော့ သတို့သားဘက် ပဲပေးရတာမျိုး၊ သတို့သမီးဘက်ကပဲပေးရတာမျိုးတွေလည်းကွဲပြားကြပါသေးတယ်။

အိန္ဒိယနိုင်ငံမှာ သတို့သမီးဘက်က သတို့သားဘက်ကိုခန်းဝင်ပစ္စည်းဖိုးနဲ့တင်တောင်းရတဲ့ ဓလေ့ကို ၁၉၆၁ခုနှစ်က တည်းက ဖျက်သိမ်းခဲ့ပေမယ့် အဲဒီဓလေ့ထုံးထမ်းဟာ ယနေ့အချိန်အထိ အသက်ဝင်နေ ဆဲဖြစ်ပါတယ်။ဒီဓလေ့ဟာ ငွေကြေးတတ်နိုင်တဲ့မိသားစုတွေအတွက် ပြဿနာမရှိပေမယ့် မရှိဆင်းရဲ သားတွေအတွက်တော့ ခန်းဝင်ပစ္စည်းဖိုးမတတ်နိုင်လို့ အမျိုးသမီးတွေမှာ မင်္ဂလာမဆောင်နိုင်ဖြစ်ကြပြီး လုပ်ကျွေးစောင့်ရှောက်မယ့် ကူဖော်လောင်ဖက်အိမ်ထောင်ဖက်မရှိဘဲ တစ်ကိုယ်တည်းရုန်းကန်ကြရ ပါတယ်။ ဒါကြောင့် ဒီဓလေ့ဟာ မရှိဆင်းရဲသားတွေအတွက်တော့ နှစ်ဦးသဘောတူချစ်ကြိုက်ပါလျက် လက်မထပ်နိုင်အောင် တမင်ညှင်းပန်းနှိပ်စက်ထားသလိုမျိုးဖြစ်စေတယ်လို့တောင်ဆိုကြပါတယ်။

မကြာသေးမီက အိန္ဒိယနိုင်ငံမှာ ၁၂နှစ်ကြာအိမ်ထောင်သက်အတွင်း ဒီဥပဒေ ဓလေ့ထုံးထမ်းကြောင့် ဇနီးသည်ဖြစ်သူ Rita Sarkar ဆိုသူအမျိုးသမီးဟာ ခင်ပွန်းသည်ရဲ့ မတရားညှင်းပန်းနှိပ်စက်မှုကို အကြင်နာကင်းမဲ့စွာခံလိုက်ရပါတယ်။
အဲဒါကတော့ ခင်ပွန်းဖြစ်သူအမျိုးသားက ဇနီးသည်ဘက်ကရစရာကျန်သေးတဲ့ ခန်းဝင်ပစ္စည်းဖိုး ရူပီး နှစ်သိန်းဖိုးကိုရယူတဲ့အနေနဲ့ ဇနီးသည်ရဲ့ကျောက်ကပ်ကိုခိုးယူပြီး ရောင်းချခဲ့ပါတယ်။ဒီခိုးယူမှုဟာ လွန်ခဲ့တဲ့နှစ်နှစ် ၂၀၁၆ခုနှစ်လောက်ကဖြစ်ခဲ့ပြီး အဖြစ်မှန်ကို မကြာသေးမီလပိုင်းကမှသိရှိဖော် ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားဒေသရဲ့မြို့တော် ကိုလ်ကတ္တားမြို့ရှိနေအိမ်မှာ အသက် ၂၈နှစ်အရွယ် Rita Sarkarဟာ ဝမ်းဗိုက်မှာပြင်းထန်တဲ့နာကျင်မှုဝေဒနာကိုခံစားရတဲ့အတွက်ခင်ပွန်းဖြစ်သူက သူမကိုနေအိမ်မှာပဲ ဆရာဝန်ခေါ်ပြီးပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

“ကျွန်မကို ဆရာဝန်က အူအတက်ခွဲစိတ်မှုချက်ချင်းလုပ်ဖို့လိုတယ်လို့ပြောတယ်။ နောက်တစ်နေ့ ခွဲစိတ်ပြီးတော့ ကျွန်မကျောကုန်းကတော်တော်ပြင်းပြင်းထန်ထန်နာနေတယ်” လို့ ရီတာ ကပြော ပါတယ်။

“ကျွန်မအမျိုးသားက အိမ်မှာအခုလိုခွဲစိတ်တာကို ဘယ်သူ့မှလျှောက်မပြောနဲ့လို့ပြောတယ်။ ကျွန်မ လည်း ကျောကတော်တော်နာနေလို့ ဆရာဝန်နဲ့ပြပေးပါလို့ အမျိုးသားကိုပြောတယ်၊ ဒါပေမဲ့သူက မသိချင်ယောင်ဆောင်နေခဲ့တယ်” လို့သူမထပ်မံပြောပါတယ်။

ခင်ပွန်းဖြစ်သူက သူမရဲ့ဝေဒနာကိုလျစ်လျူရှုပြီး အိမ်ထဲမှာပဲ လပေါင်းများစွာကြာအောင်နေစေ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးလခန့်ကမှ ဆွေမျိုးတွေကနေတစ်ဆင့်သူမရဲ့မိဘတွေကသူမအခြေအနေကိုသိသွားခဲ့ပြီး ဘင်္ဂလားမြောက်ပိုင်းဒေသကအကြီးဆုံးကျန်းမာရေးစောင့်ရှောက်မှုဌာနဖြစ်တဲ့ North Bengal Medical College and Hospital ကိုခေါ်ယူပြသခဲ့ပါတယ်။

ဆေးရုံရဲ့စမ်းသပ်စစ်ဆေးမှုမှာ အိမ်မှာပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုနဲ့ အဖြစ်အပျက်တွေကို ဖော်ထုတ်အဖြေရှာ တဲ့အခါ သူမရဲ့ ညာဘက် ကျောက်ကပ်မရှိတော့တာကိုတွေ့ရပြီး ဘယ်ဘက်ကျောက်ကပ်ကလည်း ရောဂါပိုးကူးစက်ခံနေရတယ်ဆိုတာသိလိုက်ရပါတော့တယ်။

ဒီလိုဇနီးဖြစ်သူရဲ့ကျောက်ကပ်ခိုးယူမှုနဲ့ပတ်သက်ပြီး ရီတာရဲ့ခင်ပွန်းဖြစ်သူက ဇနီးသည်အနေနဲ့ သူမရဲ့ကျောက်ကပ်ကိုလိုလိုလားလားပဲလှူခဲ့တာဖြစ်ကြောင်း ဒါကိုလည်းတရားဝင်လက်မှတ်ထိုး လှူတန်းထားကြောင်းထွက်ဆိုခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ လိမ်ညာထွက်ဆိုချက်ကို ရီတာက  ငြင်းဆိုခဲ့ပါတယ်။

“ကျွန်မတကယ်ရင်နာတယ်။ အခုတော့ ကျွန်မနားလည်သွားပြီ။ ကျွန်မယောက်ျားကဘာလို့ ကျွန်မကိုခွဲစိတ်ခဲ့တယ်ဆိုတာကျွန်မသိသွားပြီ။ ကျွန်မရဲ့ကျောက်ကပ်ကို သူတို့မိသားစုကိုပေးစရာ ကျန်နေတဲ့ ခန်းဝင်ပစ္စည်းဖိုးအတွက်ရောင်းလိုက်ကြပြီ” လို့ သူမကဆိုပါတယ်။

ဒီလို လူခန္ဓာကိုယ်အစိတ်အပိုင်းတွေရောင်းချမှုဟာ ရာဇဝတ်မှုမြောက်တဲ့အတွက် ယခုကျောက်ကပ်ခိုး ယူရောင်းချမှုကိုလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်နေပြီဖြစ်ပါတယ်။

၂၀၀၅ခုနှစ်မှာ  Rita Sarkarနဲ့ခင်ပွန်းဖြစ်သူတို့လက်ထပ်ခဲ့ကြပြီး ရီတာ့ ဖခင်က သတို့သားဘက်ကို ရွှေ၊ ငွေနဲ့ ပိုက်ဆံ ရူပီး တစ်သိန်းရှစ်သောင်းလက်ဖွဲ့ခဲ့ပါတယ်။ ဒါပေမဲ့ သတို့သားမိသားစုဘက်က ဒီခန်းဝင်ပစ္စည်းဖိုးပမာဏကိုသိပ်ပြီးမကျေနပ်ဘဲ ထပ်ပြီးလိုချင်ခဲ့တာပဲဖြစ်ပါတယ်။

“ရီတာရဲ့အမျိုးသားက သူ့အဖေကကားတွေအများကြီးပိုင်ဆိုင်ထားသလို ငွေကြေးလည်းပြည့်စုံတယ်၊ ကျွန်တော်တို့မှာတော့ဘာမှမရှိဘူးဆိုပြီး မကြာခဏပြောလေ့ရှိတယ်”လို့ ရီတာရဲ့ဖခင်ဖြစ်သူ ကထပ်မံပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top