ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×


ဖြစ်စဉ်မှာ ကန်ကြီးကုန်းရွာမှ တရားလိုသည် ဖေဖော်ဝါရီလ ၂၁ရက် ညနေ ၄ နာရီက သမီးကြီး မ--(၁၃နှစ်တစ်လ)၊ သမီးငယ်ဖြစ်သူ မ---(၁ဝနှစ်ကိုးလ)တို့အား နေ အိမ်တွင်ထားကာ ငါးသွားရှာခဲ့ ကြောင်း၊ ယမန်နေ့တွင် ရာအိမ်မှူး ဦးမျိုးအောင်ကဖုန်းဆက်အကြောင်း ကြားသဖြင့် ယခုလ၂၁ရက်ည ၉ နာရီက သမီးဖြစ်သူ မ---နှင့် မ--ညီအစ်မနှစ်ဦးမှာ နေအိမ်တွင် မအိပ်ရဲသဖြင့် အိမ်ချင်းကပ်လျက် ရှိသော အောင်ကိုဦး(၃၁နှစ်)နှင့် ဇနီးဖြစ်သူ မအေးခိုင်တို့အိမ်တွင် သွားရောက်အိပ်စက်ခဲ့ကြောင်း၊ ည ၉နာရီတွင် ဇနီးဖြစ်သူ မအေးခိုင် အိမ်ခန်းတွင် ဝင်ရောက်အိပ်သွားပြီး မ---တို့ညီအစ်မနှစ်ဦးမှာ ဘုရား ခန်းတွင် ခြင်ထောင်ထောင်၍အိပ် ခဲ့ကြောင်း၊ ၄င်းအချိန် အောင်ကိုဦး မှာ ၄င်းတို့ ခြင်ထောင်ခြေရင်းတွင် ဖုန်းပွတ်နေရာမှ မ----၏ ခြေ ထောက်ကိုဆွဲကာ ခြင်ထောင် အပြင်သို့ဆွဲထုတ်ခဲ့ကြောင်း၊ ပါးစပ် မှလည်း မအော်နဲ့ အော်ရင်လည် ပင်းညှစ်သတ်ပစ်မည်ဟုဆိုကာ မ--အား သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် အောင်ကိုဦးထသွားစဉ် မ--မှာ အိမ်ပေါ်မှပြေးဆင်းကာ အဒေါ်ဖြစ်သူထံ သွားရောက် ပြောပြခဲ့ကြောင်း သိရှိရသဖြင့် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ အောင်ကိုဦးအား ဥက္ကံရဲစခန်းမှ (ပ)၃၂/ ၂ဝ၁၈ ရာဇသတ်ကြီးဥပဒေ ၃၇၆ ဖြင့် ယမန်နေ့တွင် အမှုဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

The Union Daily

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ကန်ကလေးအေးကျေး ရွာအုပ်စုကန်ကြီးကုန်းကျေးရွာတွင် မ----(၁၃နှစ်နှင့်တစ်လ)အား ဖေဖော်ဝါရီလ ၂၁ရက် ည ၉နာရီက အိမ်ရှင်ကခြိမ်းခြောက်ကာ သား မယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ဥက္ကံရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ကန်ကြီးကုန်းရွာမှ တရားလိုသည် ဖေဖော်ဝါရီလ ၂၁ရက် ညနေ ၄ နာရီက သမီးကြီး မ--(၁၃နှစ်တစ်လ)၊ သမီးငယ်ဖြစ်သူ မ---(၁ဝနှစ်ကိုးလ)တို့အား နေ အိမ်တွင်ထားကာ ငါးသွားရှာခဲ့ ကြောင်း၊ ယမန်နေ့တွင် ရာအိမ်မှူး ဦးမျိုးအောင်ကဖုန်းဆက်အကြောင်း ကြားသဖြင့် ယခုလ၂၁ရက်ည ၉ နာရီက သမီးဖြစ်သူ မ---နှင့် မ--ညီအစ်မနှစ်ဦးမှာ နေအိမ်တွင် မအိပ်ရဲသဖြင့် အိမ်ချင်းကပ်လျက် ရှိသော အောင်ကိုဦး(၃၁နှစ်)နှင့် ဇနီးဖြစ်သူ မအေးခိုင်တို့အိမ်တွင် သွားရောက်အိပ်စက်ခဲ့ကြောင်း၊ ည ၉နာရီတွင် ဇနီးဖြစ်သူ မအေးခိုင် အိမ်ခန်းတွင် ဝင်ရောက်အိပ်သွားပြီး မ---တို့ညီအစ်မနှစ်ဦးမှာ ဘုရား ခန်းတွင် ခြင်ထောင်ထောင်၍အိပ် ခဲ့ကြောင်း၊ ၎င်းအချိန် အောင်ကိုဦး မှာ ၎င်းတို့ ခြင်ထောင်ခြေရင်းတွင် ဖုန်းပွတ်နေရာမှ မ----၏ ခြေ ထောက်ကိုဆွဲကာ ခြင်ထောင် အပြင်သို့ဆွဲထုတ်ခဲ့ကြောင်း၊ ပါးစပ် မှလည်း မအော်နဲ့ အော်ရင်လည် ပင်းညှစ်သတ်ပစ်မည်ဟုဆိုကာ မ--အား သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် အောင်ကိုဦးထသွားစဉ် မ--မှာ အိမ်ပေါ်မှပြေးဆင်းကာ အဒေါ်ဖြစ်သူထံ သွားရောက် ပြောပြခဲ့ကြောင်း သိရှိရသဖြင့် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ အောင်ကိုဦးအား ဥက္ကံရဲစခန်းမှ (ပ)၃၂/ ၂ဝ၁၈ ရာဇသတ်ကြီးဥပဒေ ၃၇၆ ဖြင့် ယမန်နေ့တွင် အမှုဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net/
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top