ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ကိုထိန္းညွိဖို႔အတြက္ ေခၽြးထြက္ရတာပါ။ ဒါေပမယ့္ ညဘက္အိပ္ေနရင္း ေခၽြးထြက္ရင္ အိပ္ေနတာကို အေႏွာင့္အယွက္ျဖစ္ႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ေခၽြးထြက္ရျခင္းရဲ႕ အေၾကာင္းအရင္းေတြကို ေ၀မွ်ခ်င္ပါတယ္။

Menopause

Menopause ကေတာ့ အမ်ိဳးသမီးေတြမွာ ျဖစ္ေလ့ပိုမ်ားပါတယ္။ ေဟာ္မႈန္းအေျပာင္းအလဲေတြ ျမန္ဆန္မႈေၾကာင့္ျဖစ္ပါတယ္။ ၾကာလာရင္ အသက္ရွဴၾကပ္တာ၊ ႏွလံုး ခုန္ႏႈန္း တည္ၿငိမ္မႈမရွိတာ၊ ေကာင္းစြာမအိပ္ႏိုင္တာတုိ႔ ျဖစ္ႏိုင္ပါတယ္။

ဒီလိုအေျခအေနျဖစ္တာၾကာလာရင္ ဆရာ၀န္ကို ျပသင့္ပါတယ္။ အဲ့ဒီအျပင္ ေအးျမၿပီး ေလ၀င္ေလထြက္ေကာင္းတဲ့ေနရာ၊ သဘာ၀ ပစၥည္းေတြနဲ႔လုပ္ထားတဲ့ အိပ္ရာ နဲ႔ သက္ေတာင့္သက္သာ ျဖစ္ေစတဲ့ အ၀တ္အစားေတြ ၀တ္ဆင္သင့္ပါတယ္။

ေဆး၀ါးတခိ်ဳ႕ေၾကာင့္

ေရာဂါတစ္ခုခုေၾကာင့္ ေဆးေတြေသာက္ေနရရင္လည္း အဲ့ဒီေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။

ေဆး၀ါးေတြေၾကာင့္ စိတ္လႈပ္ရွားတာ၊ စိတ္ဓာတ္က်တာေတြျဖစ္ေစၿပီး ဒါေတါက ေခၽြးထြက္ေစပါတယ္။

ေဟာ္မႈန္းနဲ႔ ပတ္သက္တဲ့ ေရာဂါ၊ ေသြးအတြင္း သၾကားဓာတ္နည္းေအာင္ နဲ႔ စတီြဳင္းရိုက္ (Steroid) နဲ႔ပတ္သက္တဲ့ ေဆး၀ါးေတြေသာက္သံုးေနရတဲ့အခ်ိန္မွာျဖစ္တတ္ပါတယ္။

တီဘီေရာဂါ

တီဘီေရာဂါကလည္း ညဘက္ေခၽြးထြက္မ်ားတာနဲ႔ ဆက္စပ္ေနပါတယ္။ တီဘီေရာဂါက ေသခ်ာသိရင္ ကုသလို႔ရတဲ့ ေရာဂါတစ္မ်ိဳးပါ။

အဖ်ားႀကီးရင္၊ ရင္ဘတ္ေအာင့္ရင္၊ ေခ်ာင္းဆိုးေသြးပါျခင္းနဲ႔ အသက္ရွဴရခက္ခဲျခင္းတို႔က လကၡဏာေတြျဖစ္ပါတယ္။

သြိဳင္းရိုက္ေရာဂါမ်ား

Hyperthyroidism နဲ႔ Hyperhidrosis တို႔က ေခၽြးထြက္မ်ားေစပါတယ္။ ေဟာ္မႈန္းထုတ္လုပ္မႈကို အေႏွာင့္အယွက္ေပးတဲ့ေရာဂါျဖစ္တာေၾကာင့္ မနက္ေကာ၊ညဘက္မွာ အုိက္စက္ ေခၽြးထြက္မ်ားေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyHealth Myanmar.
# Unicode Version ျဖင့္ ဖတ္ပါ #
ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုထိန်းညှိဖို့အတွက် ချွေးထွက်ရတာပါ။ ဒါပေမယ့် ညဘက်အိပ်နေရင်း ချွေးထွက်ရင် အိပ်နေတာကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ချွေးထွက်ရခြင်းရဲ့ အကြောင်းအရင်းတွေကို ဝေမျှချင်ပါတယ်။

Menopause

Menopause ကတော့ အမျိုးသမီးတွေမှာ ဖြစ်လေ့ပိုများပါတယ်။ ဟော်မှုန်းအပြောင်းအလဲတွေ မြန်ဆန်မှုကြောင့်ဖြစ်ပါတယ်။ ကြာလာရင် အသက်ရှူကြပ်တာ၊ နှလုံး ခုန်နှုန်း တည်ငြိမ်မှုမရှိတာ၊ ကောင်းစွာမအိပ်နိုင်တာတို့ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေဖြစ်တာကြာလာရင် ဆရာဝန်ကို ပြသင့်ပါတယ်။ အဲ့ဒီအပြင် အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာ၊ သဘာ၀ ပစ္စည်းတွေနဲ့လုပ်ထားတဲ့ အိပ်ရာ နဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။

ဆေးဝါးတချို့ကြောင့်

ရောဂါတစ်ခုခုကြောင့် ဆေးတွေသောက်နေရရင်လည်း အဲ့ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်နိုင်ပါတယ်။

ဆေးဝါးတွေကြောင့် စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျတာတွေဖြစ်စေပြီး ဒါတေါက ချွေးထွက်စေပါတယ်။

ဟော်မှုန်းနဲ့ ပတ်သက်တဲ့ ရောဂါ၊ သွေးအတွင်း သကြားဓာတ်နည်းအောင် နဲ့ စတွီုင်းရိုက် (Steroid) နဲ့ပတ်သက်တဲ့ ဆေးဝါးတွေသောက်သုံးနေရတဲ့အချိန်မှာဖြစ်တတ်ပါတယ်။

တီဘီရောဂါ

တီဘီရောဂါကလည်း ညဘက်ချွေးထွက်များတာနဲ့ ဆက်စပ်နေပါတယ်။ တီဘီရောဂါက သေချာသိရင် ကုသလို့ရတဲ့ ရောဂါတစ်မျိုးပါ။

အဖျားကြီးရင်၊ ရင်ဘတ်အောင့်ရင်၊ ချောင်းဆိုးသွေးပါခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့က လက္ခဏာတွေဖြစ်ပါတယ်။

သွိုင်းရိုက်ရောဂါများ

Hyperthyroidism နဲ့ Hyperhidrosis တို့က ချွေးထွက်များစေပါတယ်။ ဟော်မှုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ပေးတဲ့ရောဂါဖြစ်တာကြောင့် မနက်ကော၊ညဘက်မှာ အိုက်စက် ချွေးထွက်များစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyHealth Myanmar.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top