×

ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက သ႐ုပ္ေဆာင္ ဒိန္းပိုပိုေဒါင္အား အသေရဖ်က္မႈ ျဖစ္သည့္ ပုဒ္မ- ၅ဝဝ ျဖင့္ စမ္းေခ်ာင္းၿမိဳ႕နယ္တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထားကာ ျပန္လည္တရားစြဲ ဆိုလိုက္ေၾကာင္း ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက မဇၥ်ိမသို႔ ေျပာသည္။

အဆိုပါ အသေရဖ်က္မႈ- ပုဒ္မ ၅ဝဝ မွာ ရဲအေရးမပိုင္သည့္ ပုဒ္မျဖစ္သည့္အတြက္ ေဗဒင္ဆရာေအာင္ခ်စ္ပိုက ဒိန္းပိုပိုေဒါင္အား ေဖေဖာ္ဝါရီလ ၂ဝ ရက္ေန႔တြင္ တရား႐ုံး ဦးတိုက္ေလွ်ာက္ကာ တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ဒိန္းပိုပိုေဒါင္က ေဗဒင္ဆရာေအာင္ခ်စ္ပိုအား စြပ္စြဲေျပာဆိုထားသည့္ ႐ုပ္သံဗီြဒီယိုဖိုင္ႏွင့္အတူ တရား႐ုံးတြင္ အစစ္ခံကာ တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဟုတ္ပါတယ္ အသေရဖ်က္မႈ ပုဒ္မ ၅ဝဝ နဲ႔ ဖြင့္လိုက္တယ္။ တရား႐ုံးမွာ အစစ္ခံၿပီး သက္ေသခံ ႐ုပ္သံဖိုင္ နဲ႔အတူ ဦးတိုက္ေလွ်ာက္ၿပီး တရားစြဲလုိက္တာေပါ့။ ဘာေၾကာင့္တရားစြဲလည္း ဆိုရင္ေတာ့ ညီေလးတို႔ စဥ္း စားၾကည့္ေလကြာ။ ဘာေၾကာင့္ျပန္ဖြင့္လည္း မင္းတို႔ဘာသာစဥ္းစားၾကည့္ေလ ဟုတ္တယ္မလား”ဟု ေဗဒင္ ဆရာေအာင္ခ်စ္ပိုက ေျပာသည္။

ေဗဒင္ဆရာ ေအာင္ခ်စ္ပိုအား သ႐ုပ္ေဆာင္ဒိန္းေဒါင္၏သမီးျဖစ္သူ ဒိန္းပိုပိုေဒါင္(ခ) မျမတ္ႏိုးဦးက စမ္းေခ်ာင္း ၿမိဳ႕မရဲစခန္းတြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔က ကာယိေျႏၵပ်က္စီးေစရန္ လက္ေရာက္က်ဴးလြန္မႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃၅၄၊ ရာဇဝတ္မကင္းေသာ ေျခာက္လွန္႔မႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၅ဝ၆ ျဖင့္ အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

ေဗဒင္ဆရာ ေအာင္ခ်စ္ပိုမွာ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္း၊ ကိုးထပ္ႀကီး ဘုရားတြင္ ေဗဒင္ေဟာ ခန္း ဖြင့္ထားသူျဖစ္ၿပီး ေဗဒင္လာေမးသည့္ အမ်ိဳးသမီးမ်ားကို မဖြယ္မရာျပဳလုပ္ခဲ့ေၾကာင္း အမ်ိဳးသမီးအမည္ျဖင့္ ေဖ့ဘုတ္စ္အေကာင့္အခ်ိဳ႕က လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားတင္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက အမ်ိဳးသမီးမ်ားကို ယၾတာေခ်ေပးမည္ဟုဆိုကာ မဖြယ္မရာျပဳလုပ္ခဲ့သည္ဟု လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားမႈမ်ားေၾကာင့္ ကိုးထပ္ႀကီးဘုရားရွိ ေဗဒင္ေဟာခန္းမွာ အပိတ္ခံခဲ့ရၿပီး Channel 9 ႐ုပ္သံလိုင္းတြင္လည္း ေဗဒင္ေဟာစာတမ္းထုတ္လႊင့္မႈအစီအစဥ္ပါ ရပ္ဆိုင္းခံခဲ့ရေၾကာင္း သိရ သည္။

ထို႔ေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ၎ႏွင့္ ပတ္သက္ၿပီး ေရးသားတင္ခဲ့သူတစ္ဦးျဖစ္သည့္ Phyo Wai Win အေကာင့္ပိုင္ရွင္ကို ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၇ ရက္ေန႔က စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းတြင္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) ျဖင့္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက အမႈဖြင့္ကာ စတင္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

ဇန္နဝါရီလ ၂၉ ရက္တြင္ ေကခိုင္ျမင့္ျမတ္အေကာင့္ပိုင္ရွင္က ေဗဒင္ဆရာေအာင္ခ်စ္ပိုအား စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းတြင္ မိန္းမ၏ ကာယိ ေျႏၵပ်က္စီးေစရန္ အၾကံျဖင့္ လက္ေရာက္မႈက်ဴးလြန္ျခင္း ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃၅၄ ျဖင့္ ၿပီးခဲ့သည့္ အမႈဖြင့္ တိုင္ၾကားခဲ့သည္။

ထိုသို႔ အမႈဖြင့္တိုင္ၾကားမႈႏွင့္ပတ္သက္ၿပီး ေဗဒင္ဆရာေအာင္ခ်စ္ပိုက ေဖေဖာ္ဝါရီလ ၃ ရက္ေန႔တြင္ ေကခိုင္ ျမင့္ျမတ္အား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) ျဖင့္ စမ္းေခ်ာင္းၿမိဳ႕မရဲ စခန္းတြင္ ျပန္လည္ အမႈဖြင့္တိုင္ ၾကားထားသည္။

ေဗဒင္ဆရာေအာင္ခ်စ္ပိုကမူ ထိုသို႔ စြပ္စြဲမႈမ်ား အားလံုးကို ျငင္းဆိုထားၿပီး ၎၏ ေအာင္ျမင္မႈမ်ားကို မနာလို သူမ်ားက တိုက္ခိုက္ျခင္းသာျဖစ္သည္ဟု ေျပာဆိုထားမႈမ်ားရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ဗေဒင်ဆရာ အောင်ချစ်ပိုက သရုပ်ဆောင် ဒိန်းပိုပိုဒေါင်အား အသရေဖျက်မှု ဖြစ်သည့် ပုဒ်မ- ၅ဝဝ ဖြင့် စမ်းချောင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ ပြန်လည်တရားစွဲ ဆိုလိုက်ကြောင်း ဗေဒင်ဆရာ အောင်ချစ်ပိုက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အသရေဖျက်မှု- ပုဒ်မ ၅ဝဝ မှာ ရဲအရေးမပိုင်သည့် ပုဒ်မဖြစ်သည့်အတွက် ဗေဒင်ဆရာအောင်ချစ်ပိုက ဒိန်းပိုပိုဒေါင်အား ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် တရားရုံး ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒိန်းပိုပိုဒေါင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စွပ်စွဲပြောဆိုထားသည့် ရုပ်သံဗွီဒီယိုဖိုင်နှင့်အတူ တရားရုံးတွင် အစစ်ခံကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ် အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ ဖွင့်လိုက်တယ်။ တရားရုံးမှာ အစစ်ခံပြီး သက်သေခံ ရုပ်သံဖိုင် နဲ့အတူ ဦးတိုက်လျှောက်ပြီး တရားစွဲလိုက်တာပေါ့။ ဘာကြောင့်တရားစွဲလည်း ဆိုရင်တော့ ညီလေးတို့ စဉ်း စားကြည့်လေကွာ။ ဘာကြောင့်ပြန်ဖွင့်လည်း မင်းတို့ဘာသာစဉ်းစားကြည့်လေ ဟုတ်တယ်မလား”ဟု ဗေဒင် ဆရာအောင်ချစ်ပိုက ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုအား သရုပ်ဆောင်ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်(ခ) မမြတ်နိုးဦးက စမ်းချောင်း မြို့မရဲစခန်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကာယိနြေ္ဒပျက်စီးစေရန် လက်ရောက်ကျူးလွန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၆ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီး ဘုရားတွင် ဗေဒင်ဟော ခန်း ဖွင့်ထားသူဖြစ်ပြီး ဗေဒင်လာမေးသည့် အမျိုးသမီးများကို မဖွယ်မရာပြုလုပ်ခဲ့ကြောင်း အမျိုးသမီးအမည်ဖြင့် ဖေ့ဘုတ်စ်အကောင့်အချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗေဒင်ဆရာ အောင်ချစ်ပိုက အမျိုးသမီးများကို ယတြာချေပေးမည်ဟုဆိုကာ မဖွယ်မရာပြုလုပ်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမှုများကြောင့် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဟောခန်းမှာ အပိတ်ခံခဲ့ရပြီး Channel 9 ရုပ်သံလိုင်းတွင်လည်း ဗေဒင်ဟောစာတမ်းထုတ်လွှင့်မှုအစီအစဉ်ပါ ရပ်ဆိုင်းခံခဲ့ရကြောင်း သိရ သည်။

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းနှင့် ပတ်သက်ပြီး ရေးသားတင်ခဲ့သူတစ်ဦးဖြစ်သည့် Phyo Wai Win အကောင့်ပိုင်ရှင်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က စမ်းချောင်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဗေဒင်ဆရာ အောင်ချစ်ပိုက အမှုဖွင့်ကာ စတင်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၉ ရက်တွင် ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းတွင် မိန်းမ၏ ကာယိ နြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ ဖြင့် ပြီးခဲ့သည့် အမှုဖွင့် တိုင်ကြားခဲ့သည်။

ထိုသို့ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်ပြီး ဗေဒင်ဆရာအောင်ချစ်ပိုက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကေခိုင် မြင့်မြတ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စမ်းချောင်းမြို့မရဲ စခန်းတွင် ပြန်လည် အမှုဖွင့်တိုင် ကြားထားသည်။

ဗေဒင်ဆရာအောင်ချစ်ပိုကမူ ထိုသို့ စွပ်စွဲမှုများ အားလုံးကို ငြင်းဆိုထားပြီး ၎င်း၏ အောင်မြင်မှုများကို မနာလို သူများက တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ပြောဆိုထားမှုများရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top