မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×





Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
မိမိရဲ့ငယ်ပါကို မိမိကိုယ်တိုင် သင်းကွပ်ပါက ဘုရားသခင်ထံသို့ အမြန်ဆုံး ရောက်သွားနိုင်တယ်လို့ဆိုကာ အိန္ဒိယ ဂုရုဆရာကြီး တစ်ယောက်ရဲ့ တိုက် တွန်းခြင်းကိုခံခဲ့ရတဲ့ အမျိုးသား အယောက် ၄၀၀ ရဲ့ အတွေ့အကြုံကို ယ နေ့မှာ ကမ္ဘာ့သတင်းမီဒီယာသို့ ပထမဆုံးအကြိမ် ဖွင့်ဟပြောပြခဲ့ကြပါ တယ်။

နိုင်ငံတစ်လွှားပြည်သူတွေ သန်းငါးဆယ်နီးပါးက ယုံကြည်ကိုးစားနောက် လိုက်နေတဲ့ ဂုရုဆရာကြီး ရမ်ရမ်ဟီဆင့်ဟ်ရဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ၂၀၀၀ ပြည့်နှစ်ကာလအတွင်းက အမျိုးသား အယောက် ၄၀၀ ကျော်ကို ဂွေးသင်း ကွပ်ခြင်းနှင့် ပတ်သက်ဆက်နွယ်မှုရှိတဲ့ လိင်ပိုင်းဆိုင်ရာ လိမ်လည်အကြမ်း ဖက်မှုများကို ဖော်ထုတ်လိုက်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြ ထားပါတယ်။

ဆစ်ဒနီနေ့စဉ်သတင်းစာရဲ့ ရေးသားဖော်ပြချက်မှာဆိုရင် ယင်းဂုရုဆရာကြီး က ပိုင်ဆိုင်မှု ငွေကြေး စတာလင်ပေါင် ၂၆ သန်းကျော်ရှိပြီး သူ့ရဲ့ နောက်ကို လိုက်ကာ သူ့ကိုကိုးစားယုံကြည်မယ့်သူများကို ယင်းငွေများဖြင့် ထောက်ပံ့ ပေးနေလေ့တယ်လို့ရေးသားဖော်ပြထားပါတယ်။

အိန္ဒိယမြို့တော် ဗျူရိုရဲ့ စုံစမ်းချက်ဆေးချက်အရ ထိုသို့သော အမျိုးသား၊ အမျိုးသမီးများစွာထံမှလိင်ပိုင်းဆိုင်ရာ အတင်းအဓ္ဓမရယူခြင်းတွေအတွက် သူဆောက်လုပ်ထားသည့် ကိုယ်ပိုင်ဆေးရုံတစ်လုံးမှာ ကျူးလွန်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top