ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

သားဖြားမီးယပ္ ကုသေဆာင္မွာ မီးဖြားၿပီး မိခင္ေတြ ေဆး႐ုံေပၚက မဆင္းခင္ ခ်ဳပ္႐ိုးေျဖဖို႔ လိုတဲ့ အခါ ဆရာဝန္ေတြက ခ်ဳပ္႐ိုး ေျဖေပးရ ပါတယ္။

ဥပမာ မီးဖြားစဥ္ ေမြးလမ္းေၾကာင္းကို ကပ္ေၾကးနဲ႔ ညႇပ္ကာ ခ်ဲ႕ထားတဲ့ အခါ အဲဒီ ေမြးလမ္းေၾကာင္းကို ခ်ဳပ္ႀကိဳးေတြနဲ႔ ျပန္ခ်ဳပ္ေပး ရတယ္ ။

တခ်ိဳ႕ ခ်ဳပ္ႀကိဳးေတြက ေျဖဖို႔ မလိုအပ္ေပမယ့္ (တျဖည္းျဖည္း အသားထဲ ေပ်ာ္ဝင္သြားႏိုင္ လို႔ပါ ) .. တခ်ိဳ႕က ေတာ့ ေျဖေပးဖို႔ လိုအပ္ပါတယ္။

သည္ေန႔ ေဆး႐ုံက ဆင္းခြင့္ ရတဲ့ မိခင္ေတြကို ကြၽန္ေတာ္က ခ်ဳပ္႐ိုး ေျဖေပးရ ပါတယ္ ။ (လုံၿခဳံၿပီး ပိုးသတ္ထားတဲ့ အခန္းထဲ မွာပါ ။ အခန္းထဲမွာ က်ေနာ္ ၊ သူနာျပဳ ဆရာမနဲ႔ လူနာ စုစုေပါင္း သုံးေယာက္ပဲ ရွိပါတယ္။ တျခား ခ်ဳပ္႐ိုးေျဖရမယ့္ လူနာေတြက အခန္းအျပင္က ေစာင့္ေနၾကရ တာပါ)

ပထမဆုံး ခ်ဳပ္႐ိုးေျဖရမယ့္ မိခင္ တစ္ဦးကို ကုတင္ေပၚ တက္ခိုင္း လိုက္တယ္။

” ဒူးေထာင္ ေပါင္ကားၿပီး ထဘီကို ေအာက္စ သိမ္းထား ”

” ရွင္ ”

ကေလး မိခင္က ရွက္႐ြံ႕ေနတဲ့ အမူအရာ နဲ႔ တုန္တုန္ ယီယီ ျဖစ္ေနတယ္ ။ ဟုတ္ေတာ့ ဟုတ္ပါတယ္။ ကိုယ့္ရဲ႕ ရွက္ရွက္ကို ျပဖို႔ဆိုတာ အေတာ္ မလြယ္တဲ့ ကိစၥေလ။

ဒါေပမယ့္ ဒါက က်န္းမာေရး ကိစၥေလ။ က်န္းမာေရး ကိစၥေတြ မွာ ရွက္လို႔ မွ မရတာ။ ရွက္ၾကေသး ဆို ဆရာဝန္ ဆိုတဲ့ ဂုဏ္ပုဒ္ကို ေဘးခ်ိတ္လိုက္ရင္ လူပ်ိဳျဖစ္တဲ့ က်ေနာ္ ကေတာင္ ပိုရွက္ရ ဦးမယ္။

” ေၾသာ္ .. ဒူးေထာင္ ေပါင္ကားၿပီး ထဘီကို ေအာက္စ သိမ္းထား။ ခ်ဳပ္႐ိုး ေျဖရမယ္။ အနာက်က္မွ ေဆး႐ုံ က ဆင္းခြင့္ ရမယ္ေလ ။ မရွက္နဲ႔ ။ က်န္းမာေရး ကိစၥေလ ။ ျမန္ျမန္ေလး။ အေနာက္မွာ လူနာေတြ က်န္ေသးတယ္ဗ် ”

မိခင္က ရွက္႐ြံ႕ေနတဲ့ အမူအရာ နဲ႔ ထဘီကို ျဖည္းျဖည္းခ်င္း ေအာက္စ သိမ္းတယ္။
ကြၽန္ေတာ္ လည္း လက္အိတ္ ဝတ္ ၊ ခ်ဳပ္႐ိုးေျဖေပးဖို႔ လိုအပ္တဲ့ ပစၥည္းေလးေတြ ယူၿပီး ကေလးမိခင္ရဲ႕ အမ်ိဳးသမီး အဂၤါ တစ္ဝိုက္ ကို ၾကည့္လိုက္တယ္။
အို … ေတာ္ေတာ္ေလးကို လွပ ေသသပ္တဲ့ ခ်ဳပ္႐ိုးေပ်ာက္ နည္းနဲ႔ ခ်ဳပ္ထားတာပဲ ။ ဒဏ္ရာကို မေတြ႕ရဘူး ။

ဘယ္သူ ခ်ဳပ္ထားတာ လဲ မသိဘူး။ ကပ္ေၾကးနဲ႔ ညႇပ္ထားတဲ့ အေရျပားကို ပုံမွန္ အတိုင္းျဖစ္ေအာင္ ျပန္ခ်ဳပ္ဖို႔ဆိုတာ အေတြ႕ အႀကဳံ ေတာ္ေတာ္ ရွိထားမွ ျဖစ္မွာ။

အထူးကု အစ္မ ကိုယ္တိုင္ မ်ား ခ်ဳပ္ေပးထား တာလား ။ ဒဏ္ရာ အစအနကို ရွာလို႔ မရဘူးဗ်ာ။ ေနာက္ေန႔က် အစ္မကို ဒီခ်ဳပ္နည္း သင္ခိုင္းရ ဦးမယ္။
အဲ .. ေနပါဦး…. ။

ခ်ဳပ္႐ိုးေပ်ာက္ဆို ခ်ဳပ္ထားတဲ့ ဒဏ္ရာကို မေတြ႕ရလည္း ႀကိဳးစေလး ကိုေတာ့ ေတြ႕ရမွာပဲ ။
ဒီလူနာက ႀကိဳးစကို မေတြ႕ရ ဘူး ။ ႀကိဳးက သူ႔ဘာသာ ေျပသြားတာ မ်ားလား ။
ဒါမွမဟုတ္ ေမြးလမ္းေၾကာင္း မညႇပ္ဘဲ ေမြးထားတာ မ်ားလား။

” မ ……… ။ ကေလး ေမြးတုန္းက ေမြးလမ္းေၾကာင္း မညႇပ္ထားရ ဘူးလား ”

” ကြၽန္မက ဗိုက္ခြဲၿပီး ေမြးတာ ဆရာ ”

“ငင္….Sorry,ေတာင္းပန္ပါတယ္ဗ်ာ”

ေသၿပီ ဆရာ ။ ဒီလူနာက ဗိုက္ခြဲၿပီး ေမြးထားတဲ့ လူနာမို႔ ခ်ဳပ္႐ိုးက ဗိုက္မွာပဲ ရွိမွာေပါ့ ။

” ဟား ဟား ဟား ဟား ”

ကြၽန္ေတာ္ နဲ႔ သူနာျပဳ ဆရာမႀကီးနဲ႔ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ၿပီး အားရပါးရ ရယ္မိၾကတယ္။ မွားတဲ့ အခါလည္း မွားေပ မေပါ့ဗ်ာ။

” အဲတာကို အစ ကတည္းက ဗိုက္ခြဲၿပီး ေမြးထားတာ လို႔ ဘာလို႔ မေျပာတာလဲ ” လို႔
က်ေနာ္က ေမးေတာ့ သူမက

” မသိဘူးေလ။ ဆရာပဲ ဒူးေထာင္ ေပါင္ကားၿပီး ထဘီကို ေအာက္စ သိမ္းထား ဆိုလို႔ ” တဲ့ေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: HanSai

# Unicode Version ဖြင့်ဖတ်ရန် #
သားဖွားမီးယပ် ကုသဆောင်မှာ မီးဖွားပြီး မိခင်တွေ ဆေးရုံပေါ်က မဆင်းခင် ချုပ်ရိုးဖြေဖို့ လိုတဲ့ အခါ ဆရာဝန်တွေက ချုပ်ရိုး ဖြေပေးရ ပါတယ်။

ဥပမာ မီးဖွားစဉ် မွေးလမ်းကြောင်းကို ကပ်ကြေးနဲ့ ညှပ်ကာ ချဲ့ထားတဲ့ အခါ အဲဒီ မွေးလမ်းကြောင်းကို ချုပ်ကြိုးတွေနဲ့ ပြန်ချုပ်ပေး ရတယ် ။

တချို့ ချုပ်ကြိုးတွေက ဖြေဖို့ မလိုအပ်ပေမယ့် (တဖြည်းဖြည်း အသားထဲ ပျော်ဝင်သွားနိုင် လို့ပါ ) .. တချို့က တော့ ဖြေပေးဖို့ လိုအပ်ပါတယ်။

သည်နေ့ ဆေးရုံက ဆင်းခွင့် ရတဲ့ မိခင်တွေကို ကျွန်တော်က ချုပ်ရိုး ဖြေပေးရ ပါတယ် ။ (လုံခြုံပြီး ပိုးသတ်ထားတဲ့ အခန်းထဲ မှာပါ ။ အခန်းထဲမှာ ကျနော် ၊ သူနာပြု ဆရာမနဲ့ လူနာ စုစုပေါင်း သုံးယောက်ပဲ ရှိပါတယ်။ တခြား ချုပ်ရိုးဖြေရမယ့် လူနာတွေက အခန်းအပြင်က စောင့်နေကြရ တာပါ)

ပထမဆုံး ချုပ်ရိုးဖြေရမယ့် မိခင် တစ်ဦးကို ကုတင်ပေါ် တက်ခိုင်း လိုက်တယ်။

” ဒူးထောင် ပေါင်ကားပြီး ထဘီကို အောက်စ သိမ်းထား ”

” ရှင် ”

ကလေး မိခင်က ရှက်ရွံ့နေတဲ့ အမူအရာ နဲ့ တုန်တုန် ယီယီ ဖြစ်နေတယ် ။ ဟုတ်တော့ ဟုတ်ပါတယ်။ ကိုယ့်ရဲ့ ရှက်ရှက်ကို ပြဖို့ဆိုတာ အတော် မလွယ်တဲ့ ကိစ္စလေ။

ဒါပေမယ့် ဒါက ကျန်းမာရေး ကိစ္စလေ။ ကျန်းမာရေး ကိစ္စတွေ မှာ ရှက်လို့ မှ မရတာ။ ရှက်ကြသေး ဆို ဆရာဝန် ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘေးချိတ်လိုက်ရင် လူပျိုဖြစ်တဲ့ ကျနော် ကတောင် ပိုရှက်ရ ဦးမယ်။

” သြော် .. ဒူးထောင် ပေါင်ကားပြီး ထဘီကို အောက်စ သိမ်းထား။ ချုပ်ရိုး ဖြေရမယ်။ အနာကျက်မှ ဆေးရုံ က ဆင်းခွင့် ရမယ်လေ ။ မရှက်နဲ့ ။ ကျန်းမာရေး ကိစ္စလေ ။ မြန်မြန်လေး။ အနောက်မှာ လူနာတွေ ကျန်သေးတယ်ဗျ ”

မိခင်က ရှက်ရွံ့နေတဲ့ အမူအရာ နဲ့ ထဘီကို ဖြည်းဖြည်းချင်း အောက်စ သိမ်းတယ်။
ကျွန်တော် လည်း လက်အိတ် ဝတ် ၊ ချုပ်ရိုးဖြေပေးဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ယူပြီး ကလေးမိခင်ရဲ့ အမျိုးသမီး အင်္ဂါ တစ်ဝိုက် ကို ကြည့်လိုက်တယ်။
အို … တော်တော်လေးကို လှပ သေသပ်တဲ့ ချုပ်ရိုးပျောက် နည်းနဲ့ ချုပ်ထားတာပဲ ။ ဒဏ်ရာကို မတွေ့ရဘူး ။

ဘယ်သူ ချုပ်ထားတာ လဲ မသိဘူး။ ကပ်ကြေးနဲ့ ညှပ်ထားတဲ့ အရေပြားကို ပုံမှန် အတိုင်းဖြစ်အောင် ပြန်ချုပ်ဖို့ဆိုတာ အတွေ့ အကြုံ တော်တော် ရှိထားမှ ဖြစ်မှာ။

အထူးကု အစ်မ ကိုယ်တိုင် များ ချုပ်ပေးထား တာလား ။ ဒဏ်ရာ အစအနကို ရှာလို့ မရဘူးဗျာ။ နောက်နေ့ကျ အစ်မကို ဒီချုပ်နည်း သင်ခိုင်းရ ဦးမယ်။
အဲ .. နေပါဦး…. ။

ချုပ်ရိုးပျောက်ဆို ချုပ်ထားတဲ့ ဒဏ်ရာကို မတွေ့ရလည်း ကြိုးစလေး ကိုတော့ တွေ့ရမှာပဲ ။
ဒီလူနာက ကြိုးစကို မတွေ့ရ ဘူး ။ ကြိုးက သူ့ဘာသာ ပြေသွားတာ များလား ။
ဒါမှမဟုတ် မွေးလမ်းကြောင်း မညှပ်ဘဲ မွေးထားတာ များလား။

” မ ……… ။ ကလေး မွေးတုန်းက မွေးလမ်းကြောင်း မညှပ်ထားရ ဘူးလား ”

” ကျွန်မက ဗိုက်ခွဲပြီး မွေးတာ ဆရာ ”

“ငင်….Sorry,တောင်းပန်ပါတယ်ဗျာ”

သေပြီ ဆရာ ။ ဒီလူနာက ဗိုက်ခွဲပြီး မွေးထားတဲ့ လူနာမို့ ချုပ်ရိုးက ဗိုက်မှာပဲ ရှိမှာပေါ့ ။

” ဟား ဟား ဟား ဟား ”

ကျွန်တော် နဲ့ သူနာပြု ဆရာမကြီးနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အားရပါးရ ရယ်မိကြတယ်။ မှားတဲ့ အခါလည်း မှားပေ မပေါ့ဗျာ။

” အဲတာကို အစ ကတည်းက ဗိုက်ခွဲပြီး မွေးထားတာ လို့ ဘာလို့ မပြောတာလဲ ” လို့
ကျနော်က မေးတော့ သူမက

” မသိဘူးလေ။ ဆရာပဲ ဒူးထောင် ပေါင်ကားပြီး ထဘီကို အောက်စ သိမ်းထား ဆိုလို့ ” တဲ့လေ။

ဖိုးသူတော် (www.phothutaw.com)
Credit: HanSai
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top