AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အလုပ္ရွင္ေတြ ႏွိပ္စက္ညွဥ္းပန္းတာ ခံေနရတဲ့ အိမ္အကူလုပ္သား သန္းခ်ီရွိပါတယ္။ အိမ္အကူေတြကုိ ႏွိပ္စက္ေပမယ့္ အျပစ္ေပးအေရးယူ မခံရတဲ့ အိမ္ရွင္ေတြ အမ်ားႀကီးပါပဲ။ တခ်ဳိ႕အေျခအေနေတြမွာ အိမ္ရွင္ေတြရဲ႕ မတရားႏွိပ္စက္မႈေၾကာင့္ အိမ္အကူလုပ္သားေတြ အသက္ဆုံး႐ႈံးတဲ့အထိ ျဖစ္ၾကပါတယ္။ မေလးရွားႏုိင္ငံက အိမ္အကူ အမ်ဳိးသမီးတစ္ဦးလည္း အိမ္ရွင္ေတြရဲ႕ လူမဆန္တဲ့လုပ္ရပ္ေၾကာင့္ ေသဆုံးခဲ့ရပါတယ္။

တာမန္ကုိတာပါမုိင္အိမ္ရာဝင္းထဲက ႏွစ္ထပ္အိမ္ တစ္လုံးရဲ႕ ၿခံေပါက္ဝမွာ အိမ္အကူ အမ်ဳိးသမီးတစ္ဦး အိပ္စက္ေနတာ
တစ္လေလာက္ရွိမွန္း သတိထားမိသြားတဲ့ အိမ္နီးနားခ်င္းေတြက သတင္းေထာက္တစ္ေယာက္ကုိ ေျပာခဲ့ပါတယ္။ အဲဒီသတင္းေထာက္ကေန ေဒသခံလႊတ္ေတာ္အမတ္ကုိ အေၾကာင္းၾကားခဲ့ပါတယ္။

”အဲဒီအိမ္ကုိ ေရာက္သြားေတာ့ သူ႔ကုိ ၿခံေပါက္ဝမွာ ေတြ႕ရတာပါ။ ကၽြန္ေတာ္တုိ႔ ေမးတာကုိ သူ ျပန္မေျဖပါဘူး။ ေခါင္းပဲ ခါျပပါတယ္။ အဲဒါနဲ႔ အိမ္နီးခ်င္းေတြကုိ ေမးျမန္းၾကည့္ေတာ့ တစ္ခါတေလ အိမ္ရွင္ေတြက ေအာ္ႀကီးဟစ္က်ယ္ ဆူေငါက္တတ္တယ္လုိ႔ ေျဖၾကပါတယ္”လုိ႔ ကယ္ဆယ္ေရးအဖြဲ႕မွာပါသူတစ္ေယာက္က ေျပာပါတယ္။

ႏွိပ္စက္ညွဥ္းပန္းခံရတဲ့ အိမ္အကူဟာ အသက္ ၂၁ ႏွစ္အရြယ္ရွိတဲ့ လီဆာအုိျဖစ္ပါတယ္။ သူဟာ အဲဒီအိမ္မွာ ေမြးထားတဲ့ေခြးနဲ႔အတူ
ၿခံျပင္မွာ အိပ္စက္ခဲ့ရလုိ႔ ညဘက္မွာ ေအးခဲမႈဒဏ္ ခံစားခဲ့ရပါတယ္။ ဒါ့အျပင္ ႐ုိက္ႏွိပ္ညွဥ္းပမ္းခံရဖြယ္ရွိတဲ့ ဒဏ္ရာေတြ ေတြ႕ရတယ္လုိ႔ သတင္းေတြက ေဖာ္ျပပါတယ္။ လီဆာအုိကုိ ရဲတပ္ဖြဲ႕က ကယ္တင္ႏုိင္ခဲ့ၿပီး အနီးဆုံးေဆး႐ုံ တင္ပုိ႔ခဲ့ၾကေပမယ့္ ေနာက္ပုိင္းေဆး႐ုံမွာ ကြယ္လြန္သြားခဲ့ပါတယ္။ ေသမႈေသခင္း စစ္ေဆးတဲ့ ရလဒ္ေတြ ေစာင့္ဆုိင္းေနတုန္း အိမ္ရွင္ႏွစ္ဦးကုိ လူသတ္မႈနဲ႔ သံသယရွိလုိ႔ဖမ္းဆီးထိန္းသိမ္းထားတယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PTH
# Unicode Version ျဖင့္ ဖတ္ပါ #
အလုပ်ရှင်တွေ နှိပ်စက်ညှဉ်းပန်းတာ ခံနေရတဲ့ အိမ်အကူလုပ်သား သန်းချီရှိပါတယ်။ အိမ်အကူတွေကို နှိပ်စက်ပေမယ့် အပြစ်ပေးအရေးယူ မခံရတဲ့ အိမ်ရှင်တွေ အများကြီးပါပဲ။ တချို့အခြေအနေတွေမှာ အိမ်ရှင်တွေရဲ့ မတရားနှိပ်စက်မှုကြောင့် အိမ်အကူလုပ်သားတွေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ကြပါတယ်။ မလေးရှားနိုင်ငံက အိမ်အကူ အမျိုးသမီးတစ်ဦးလည်း အိမ်ရှင်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့် သေဆုံးခဲ့ရပါတယ်။

တာမန်ကိုတာပါမိုင်အိမ်ရာဝင်းထဲက နှစ်ထပ်အိမ် တစ်လုံးရဲ့ ခြံပေါက်ဝမှာ အိမ်အကူ အမျိုးသမီးတစ်ဦး အိပ်စက်နေတာ
တစ်လလောက်ရှိမှန်း သတိထားမိသွားတဲ့ အိမ်နီးနားချင်းတွေက သတင်းထောက်တစ်ယောက်ကို ပြောခဲ့ပါတယ်။ အဲဒီသတင်းထောက်ကနေ ဒေသခံလွှတ်တော်အမတ်ကို အကြောင်းကြားခဲ့ပါတယ်။

”အဲဒီအိမ်ကို ရောက်သွားတော့ သူ့ကို ခြံပေါက်ဝမှာ တွေ့ရတာပါ။ ကျွန်တော်တို့ မေးတာကို သူ ပြန်မဖြေပါဘူး။ ခေါင်းပဲ ခါပြပါတယ်။ အဲဒါနဲ့ အိမ်နီးချင်းတွေကို မေးမြန်းကြည့်တော့ တစ်ခါတလေ အိမ်ရှင်တွေက အော်ကြီးဟစ်ကျယ် ဆူငေါက်တတ်တယ်လို့ ဖြေကြပါတယ်”လို့ ကယ်ဆယ်ရေးအဖွဲ့မှာပါသူတစ်ယောက်က ပြောပါတယ်။

နှိပ်စက်ညှဉ်းပန်းခံရတဲ့ အိမ်အကူဟာ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ လီဆာအိုဖြစ်ပါတယ်။ သူဟာ အဲဒီအိမ်မှာ မွေးထားတဲ့ခွေးနဲ့အတူ
ခြံပြင်မှာ အိပ်စက်ခဲ့ရလို့ ညဘက်မှာ အေးခဲမှုဒဏ် ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ရိုက်နှိပ်ညှဉ်းပမ်းခံရဖွယ်ရှိတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ လီဆာအိုကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပြီး အနီးဆုံးဆေးရုံ တင်ပို့ခဲ့ကြပေမယ့် နောက်ပိုင်းဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သေမှုသေခင်း စစ်ဆေးတဲ့ ရလဒ်တွေ စောင့်ဆိုင်းနေတုန်း အိမ်ရှင်နှစ်ဦးကို လူသတ်မှုနဲ့ သံသယရှိလို့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PTH
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top