×

အိႏၵိယႏုိင္ငံအေ႐ွ႕ပိုင္း Odisha ျပည္နယ္မွာ မၾကာခင္က လက္ထပ္ခဲ့တဲ့ သတုိ႕သားနဲ႕ ၎ရဲ႕အဘြားျဖစ္သူတုိ႕ မဂၤလာေဆာင္လက္ဖြဲ႕တစ္ခုကို ဖြင့္ေဖာက္ၾကည့္စဥ္ ေပါက္ကြဲမႈျဖစ္ၿပီး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေသာၾကာေန႕ (ေဖေဖၚဝါရီ ၂၃ ရက္) မွာ ျဖစ္ပြားခဲ့တဲ့ အဆုိပါ မဂၤလာေဆာင္လက္ဖြဲ႕ ေပါက္ကြဲမႈအတြင္း သတုိ႕သမီးလည္း ဒဏ္ရာရျပင္းထန္စြာရခဲ့ေၾကာင္း သိရပါတယ္။

Soumya Sekhar နဲ႕ Reema Sahu တုိ႕ဟာ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီ ၁၈ ရက္မွာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ယခု ေပါက္ကြဲမႈျဖစ္တဲ့ မဂၤလာလက္ဖြဲ႕ကုိ မဂၤလာဧည့္ခံပြဲအၿပီး ရက္အနည္းငယ္ၾကာမွာ လက္ခံရ႐ွိခဲ့ၾကတာ ျဖစ္ပါတယ္။

မဂၤလာေဆာင္လက္ဖြဲ႕ဟာ ပါဆယ္ဗုံးတစ္လုံး ျဖစ္ခဲ့ေၾကာင္းနဲ႕ ေပးပုိ႕သူရဲ႕လိပ္စာကုိ အဆုိပါ လက္ဖြဲ႕ပါဆယ္ဘူးေပၚမွာ ေရးထားျခင္းမ႐ွိဘူးလို႕ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

မဂၤလာလက္ဖြဲ႕ ပါဆယ္ဘူးကုိ ဖြင့္ေဖာက္လုိက္တာနဲ႕ ေပါက္ကြဲခဲ့ေၾကာင္း ေဆြမ်ဳိးသားခ်င္းေတြက ေဒသခံမီဒီယာေတြကုိ ေျပာခဲ့ပါတယ္။

ေပါက္ကြဲမႈအတြင္း သတုိ႕သားရဲ႕ အဘြားအျဖစ္သူ အသက္ ၈၅ ႏွစ္အ႐ြယ္ Jemamani Sahu ဟာ ရ႐ွိခဲ့တဲ့ ဒဏ္ရာမ်ားနဲ႕ ေဆး႐ုံမွာ ေသဆုံးခဲ့တယ္လို႕ ဆုိပါတယ္။

မဂၤလာလက္ဖြဲ႕ ပါဆယ္ဘူးထဲမွာ ဗုံးထည့္ၿပီးတုိက္ခိုက္ခဲ့တဲ့ အေၾကာင္းအရင္းကုိ မသိႏုိင္ေသးေၾကာင္း၊ သုိ႕ေသာ့္ ထုိသုိ႕တုိက္ခိုက္ခဲ့သူဟာ သတုိ႕သား ေနထုိင္ရာေဒသတြင္းမွ တစ္စုံတစ္ဦးျဖစ္မယ္လုိ႕ ရဲတပ္ဖြဲ႕က ေကာက္ခ်က္ခ်ထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်မှာ မကြာခင်က လက်ထပ်ခဲ့တဲ့ သတို့သားနဲ့ ၎င်းရဲ့အဘွားဖြစ်သူတို့ မင်္ဂလာဆောင်လက်ဖွဲ့တစ်ခုကို ဖွင့်ဖောက်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ မင်္ဂလာဆောင်လက်ဖွဲ့ ပေါက်ကွဲမှုအတွင်း သတို့သမီးလည်း ဒဏ်ရာရပြင်းထန်စွာရခဲ့ကြောင်း သိရပါတယ်။

Soumya Sekhar နဲ့ Reema Sahu တို့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၈ ရက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခု ပေါက်ကွဲမှုဖြစ်တဲ့ မင်္ဂလာလက်ဖွဲ့ကို မင်္ဂလာဧည့်ခံပွဲအပြီး ရက်အနည်းငယ်ကြာမှာ လက်ခံရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မင်္ဂလာဆောင်လက်ဖွဲ့ဟာ ပါဆယ်ဗုံးတစ်လုံး ဖြစ်ခဲ့ကြောင်းနဲ့ ပေးပို့သူရဲ့လိပ်စာကို အဆိုပါ လက်ဖွဲ့ပါဆယ်ဘူးပေါ်မှာ ရေးထားခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မင်္ဂလာလက်ဖွဲ့ ပါဆယ်ဘူးကို ဖွင့်ဖောက်လိုက်တာနဲ့ ပေါက်ကွဲခဲ့ကြောင်း ဆွေမျိုးသားချင်းတွေက ဒေသခံမီဒီယာတွေကို ပြောခဲ့ပါတယ်။

ပေါက်ကွဲမှုအတွင်း သတို့သားရဲ့ အဘွားအဖြစ်သူ အသက် ၈၅ နှစ်အရွယ် Jemamani Sahu ဟာ ရရှိခဲ့တဲ့ ဒဏ်ရာများနဲ့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာလက်ဖွဲ့ ပါဆယ်ဘူးထဲမှာ ဗုံးထည့်ပြီးတိုက်ခိုက်ခဲ့တဲ့ အကြောင်းအရင်းကို မသိနိုင်သေးကြောင်း၊ သို့သော့် ထိုသို့တိုက်ခိုက်ခဲ့သူဟာ သတို့သား နေထိုင်ရာဒေသတွင်းမှ တစ်စုံတစ်ဦးဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top