AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

သူမ်ားေတြ ေျပာေန ၾကတယ္​
ဆရာမေလး ေတြ အလွ က မ်က္စိ ေအးတယ္ ဆိုပဲ

မယံုဘူး စမ္းၾကည့္ မယ္ ဆိုၿပီး အေကာင့္ ထဲက ဆရာမ တစ္ေယာက္ ကုိ စကား သြား ေျပာတာ

" hi
မဂၤလာပါ ဆရာမ "

" မဂၤလာပါ ႐ွင္ "

" ဟုတ္ကဲ့ ဆရာမ "

" တား ဗိုက္ထဲက ေအာင့္ ေအာင့္ ေနလို႔ "

" ေအာင့္ မွာေပါ့
တားက အရက္ ေတြ အရမ္း ေသာက္တာ ကုိး "

" စတာပါ ကြၽန္ေတာ္က ဆရာမနဲ႔  ခင္ခ်င္ လို႔ပါ "

" ရပါတယ္ ႐ွင့္
က်မလဲ ခင္တတ္ ပါတယ္
ဒါနဲ႔ အရမ္း ဝတယ္ ေနာ့
က်န္းမာေရး ထိခိုက္မွာ စုိးလို႔
ေစတနာနဲ႔ ေျပာတာပါ "

အယ္ မတတ္ႏိုင္ ဘူးေလ
ကုိက သြားလွ်ာ႐ွည္ မိတာကိုး
ဆရာ လုပ္တာ ခုေတာ့ ခံေပါ့

" ဟုတ္ကဲ့ ဆရာမ
ဝိတ္ခ် ပါ့မယ္ "

" အင္းပါ
ဟာသေတြ ေရးတာ ေတြ႔တယ္
ဖတ္ျဖစ္ ပါတယ္ "

" ဟုတ္ကဲ့ ဆရာမ ေက်းဇူးပါ "

" အရမ္း ေပါ တယ္ေနာ္ "

" ငြမ့္ "

" တစ္ခ်ိဳ႕ ေနရာေတြ ေျပာပါတယ္
ဆရာ လုပ္တာ မဟုတ္ဘူးေနာ္
အျမင္ေလး သံုးသပ္ ျပတာပါ "

" ဟုတ္ ... ဟုတ္ကဲ့ ရပါတယ္ ဆရာမ "

" ဒါနဲ႔ အသက္ ဘယ္ေလာက္လဲ "

" 25 ပါ ဆရာမ "

" မထင္ရ ဘူးေနာ္ ႐ုပ္ ရင့္တယ္ "

တိန္ " ဟုတ္ကဲ့ "

" လိုင္းေပၚမွာ ခ်ည္းပဲ
အလုပ္ မလုပ္ ဘူးလား
ဒီအရြယ္ ေရာက္ေနၿပီ
မိဘကုိ သနားအံုး ႐ွင့္ "

" ဟုတ္ကဲ့ လုပ္ပါ့မယ္ ခင္ဗ် "


" ကြၽန္မက ခင္ရင္ အဲလိုပဲ ဆံုးမ ေနၾက
ေက်ာင္းက တပည့္ေတြ ဆိုလဲ အျမဲ ဆို ဆံုးမ ရတယ္
ေျပာမရ လို႔ ကေတာ့ တုတ္နဲ႔ ပါ ႐ုိက္တာ "

ငွယ္
" က်ေနာ္ အလုပ္ ရိွလို႔
သြားလိုက္ ပါအံုးမယ္ "

" ဒါနဲ႔
ကြၽန္မ မွာတာ ေတြလဲ မေမ့နဲ႔ အံုး ၾကားလား "

" ဟုတ္ကဲ့ ဆရာမ " 😭

ဆရာမေလး ေတြ လွတာ ေတာ့ လက္ခံ ပါတယ္
ဆရာ လုပ္တာ ေတာ့ လက္မခံ ႏိုင္ဘူး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းထက္
# Unicode Version ျဖင့္ ဖတ္ပါ #
သူများတွေ ပြောနေ ကြတယ်
ဆရာမလေး တွေ အလှ က မျက်စိ အေးတယ် ဆိုပဲ

မယုံဘူး စမ်းကြည့် မယ် ဆိုပြီး အကောင့် ထဲက ဆရာမ တစ်ယောက် ကို စကား သွား ပြောတာ

" hi
မင်္ဂလာပါ ဆရာမ "

" မင်္ဂလာပါ ရှင် "

" ဟုတ်ကဲ့ ဆရာမ "

" တား ဗိုက်ထဲက အောင့် အောင့် နေလို့ "

" အောင့် မှာပေါ့
တားက အရက် တွေ အရမ်း သောက်တာ ကိုး "

" စတာပါ ကျွန်တော်က ဆရာမနဲ့  ခင်ချင် လို့ပါ "

" ရပါတယ် ရှင့်
ကျမလဲ ခင်တတ် ပါတယ်
ဒါနဲ့ အရမ်း ဝတယ် နော့
ကျန်းမာရေး ထိခိုက်မှာ စိုးလို့
စေတနာနဲ့ ပြောတာပါ "

အယ် မတတ်နိုင် ဘူးလေ
ကိုက သွားလျှာရှည် မိတာကိုး
ဆရာ လုပ်တာ ခုတော့ ခံပေါ့

" ဟုတ်ကဲ့ ဆရာမ
ဝိတ်ချ ပါ့မယ် "

" အင်းပါ
ဟာသတွေ ရေးတာ တွေ့တယ်
ဖတ်ဖြစ် ပါတယ် "

" ဟုတ်ကဲ့ ဆရာမ ကျေးဇူးပါ "

" အရမ်း ပေါ တယ်နော် "

" ငွမ့် "

" တစ်ချို့ နေရာတွေ ပြောပါတယ်
ဆရာ လုပ်တာ မဟုတ်ဘူးနော်
အမြင်လေး သုံးသပ် ပြတာပါ "

" ဟုတ် ... ဟုတ်ကဲ့ ရပါတယ် ဆရာမ "

" ဒါနဲ့ အသက် ဘယ်လောက်လဲ "

" 25 ပါ ဆရာမ "

" မထင်ရ ဘူးနော် ရုပ် ရင့်တယ် "

တိန် " ဟုတ်ကဲ့ "

" လိုင်းပေါ်မှာ ချည်းပဲ
အလုပ် မလုပ် ဘူးလား
ဒီအရွယ် ရောက်နေပြီ
မိဘကို သနားအုံး ရှင့် "

" ဟုတ်ကဲ့ လုပ်ပါ့မယ် ခင်ဗျ "


" ကျွန်မက ခင်ရင် အဲလိုပဲ ဆုံးမ နေကြ
ကျောင်းက တပည့်တွေ ဆိုလဲ အမြဲ ဆို ဆုံးမ ရတယ်
ပြောမရ လို့ ကတော့ တုတ်နဲ့ ပါ ရိုက်တာ "

ငှယ်
" ကျနော် အလုပ် ရှိလို့
သွားလိုက် ပါအုံးမယ် "

" ဒါနဲ့
ကျွန်မ မှာတာ တွေလဲ မမေ့နဲ့ အုံး ကြားလား "

" ဟုတ်ကဲ့ ဆရာမ " 😭

ဆရာမလေး တွေ လှတာ တော့ လက်ခံ ပါတယ်
ဆရာ လုပ်တာ တော့ လက်မခံ နိုင်ဘူး

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းထက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top