ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ကိုေရေပးေဝေနတဲ့ ဂ်ိဳးျဖဴပိုက္လိုင္းက ေရေတြထဲမွာ မစင္ပိုးေတြပ်ံ႕ႏွံ႔ေနတာက လြန္ခဲ့တဲ့ ၁၅ ႏွစ္ကတည္းက ေကာက္ယူထားတဲ့ စစ္တမ္းတစ္ခုမွာ ေဖာ္ျပထားၿပီး ျဖစ္တယ္လို႔ အသည္းအထူးကုဆရာဝန္ႀကီး ေဒါက္တာခင္ေမာင္ဝင္းက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ၅ ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံအစာအိမ္အူလမ္းေၾကာင္းနဲ႔ အသည္း အျပည္ျပည္ဆိုင္ရာ ေဆးသိပၸံညီလာခံ၊ အာရွအသည္းေရာဂါညီလာခံ က်င္းပေနတဲ့အခ်ိန္မွာ သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံတုန္းအခုလို ေျပာၾကားခဲ့တာပါ။

“လြန္ခဲ့တဲ့ ၁၅ ႏွစ္က ဆရာတို႔ သုေတသနလုပ္ခဲ့တယ္။ ရန္ကုန္ၿမိဳ႕မွာ အညစ္အေၾကးစြန႔္တဲ့ပိုက္ေတြနဲ႔ ေရေပးေဝတဲ့ပိုက္ေတြက ေျမေအာက္ထဲမွာ ႏွစ္ေပါင္းမ်ားစြာၾကာေတာ့ သံေခ်းတတ္ေပါက္ၿပဲၿပီး ပိုက္ေတြ တစ္ခုနဲ႔တစ္ခု ဆက္သြားေတာ့ ဂ်ိဳးျဖဴေရထဲမွာ မစင္ထဲက ပိုးေတြဝင္ေနတာကို ေတြ႕ရတယ္ေလ။ လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က သုေတသနကို ဆရာတင္ျပတာပါ”လို႔ ေဒါက္တာခင္ေမာင္ဝင္းက ဓူဝံကို ေျပာပါတယ္။

ဒီပိုးေတြေၾကာင့္ ဝမ္းနဲ႔ပတ္သက္တဲ့ ေရာဂါအမ်ိဳးမ်ိဳး ျဖစ္ပြားႏိုင္ၿပီး ရန္ကုန္ၿမိဳ႕ကို ေရေပးေဝေနတဲ့ ေရအရင္းအျမစ္ကို သန႔္စင္ေအာင္လုပ္ဖို႔ လိုအပ္တယ္လို႔ ေဒါက္တာခင္ေမာင္ဝင္းက အႀကံျပဳ ေျပာဆိုပါတယ္။

“ရန္ကုန္ၿမိဳ႕ထဲ ဂ်ိဳးျဖဴ မိန္းအဝင္မွာ သန႔္စင္ေအာင္လုပ္ေပးသင့္တယ္။ ရန္ကုန္ၿမိဳ႕ထဲမွာရွိတဲ့ ေရအားလုံးက သန႔္စင္ၿပီးသြားးရင္ ဘာမွ မျဖစ္ေတာ့ဘူးေလ။ အဲလိုလုပ္လိုက္ရင္ ရန္ကုန္ၿမိဳ႕ထဲျဖစ္ပြားေနတဲ့ ဝမ္းေရာဂါျဖစ္ႏႈန္းေတြက က်သြားမယ္” လို႔ ေဒါက္တာခင္ေမာင္ဝင္းက ေျပာပါတယ္။

တိုက္ႀကီးၿမိဳ႕နယ္မွာရွိတဲ့ ဂ်ိဳးျဖဴေရေလွာင္ကန္ကေရကို ၁၉၄၀ ခုႏွစ္ကစၿပီး ရန္ကုန္ၿမိဳ႕ေတာ္ထဲကို ၅၆ လက္မပိုက္လိုင္းေတြကေနတဆင့္ တစ္ရက္ကို ေရဂါလန္(၂၇)သန္း ေပးပို႔ျဖန႔္ေဝေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwinpyin

#Unicode Version#
ရန်ကုန်မြို့ကိုရေပေးဝေနေတဲ့ ဂျိုးဖြူပိုက်လိုင်းက ရေတွေထဲမှာ မစင်ပိုးတွေပျံ့နှံ့နေတာက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပြီး ဖြစ်တယ်လို့ အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ၅ ကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနဲ့ အသည်း အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံညီလာခံ၊ အာရှအသည်းရောဂါညီလာခံ ကျင်းပနေတဲ့အချိန်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတုန်းအခုလို ပြောကြားခဲ့တာပါ။

“လွန်ခဲ့တဲ့ ၁၅ နှစ်က ဆရာတို့ သုတေသနလုပ်ခဲ့တယ်။ ရန်ကုန်မြို့မှာ အညစ်အကြေးစွန့်တဲ့ပိုက်တွေနဲ့ ရေပေးဝေတဲ့ပိုက်တွေက မြေအောက်ထဲမှာ နှစ်ပေါင်းများစွာကြာတော့ သံချေးတတ်ပေါက်ပြဲပြီး ပိုက်တွေ တစ်ခုနဲ့တစ်ခု ဆက်သွားတော့ ဂျိုးဖြူရေထဲမှာ မစင်ထဲက ပိုးတွေဝင်နေတာကို တွေ့ရတယ်လေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သုတေသနကို ဆရာတင်ပြတာပါ”လို့ ဒေါက်တာခင်မောင်ဝင်းက ဓူဝံကို ပြောပါတယ်။

ဒီပိုးတွေကြောင့် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်ပြီး ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ရေအရင်းအမြစ်ကို သန့်စင်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ဒေါက်တာခင်မောင်ဝင်းက အကြံပြု ပြောဆိုပါတယ်။

“ရန်ကုန်မြို့ထဲ ဂျိုးဖြူ မိန်းအဝင်မှာ သန့်စင်အောင်လုပ်ပေးသင့်တယ်။ ရန်ကုန်မြို့ထဲမှာရှိတဲ့ ရေအားလုံးက သန့်စင်ပြီးသွားးရင် ဘာမှ မဖြစ်တော့ဘူးလေ။ အဲလိုလုပ်လိုက်ရင် ရန်ကုန်မြို့ထဲဖြစ်ပွားနေတဲ့ ဝမ်းရောဂါဖြစ်နှုန်းတွေက ကျသွားမယ်” လို့ ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာရှိတဲ့ ဂျိုးဖြူရေလှောင်ကန်ကရေကို ၁၉၄၀ ခုနှစ်ကစပြီး ရန်ကုန်မြို့တော်ထဲကို ၅၆ လက်မပိုက်လိုင်းတွေကနေတဆင့် တစ်ရက်ကို ရေဂါလန်(၂၇)သန်း ပေးပို့ဖြန့်ဝေနေတာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top