စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

အမ်ဳိးသားတစ္ဦးဟာ အသက္ (၉)နွစ္အရြယ္ မိန္းကေလးကို သားမယားျပဳက်င့္ရန္ ၾကိဳးစားေနတဲ့အခ်ိန္မွာ မိန္းကေလးကေၾကာက္လန္႔ျပီး ေအာ္ဟစ္ငိုတဲ့အတြက္ လူသတ္မႈျဖစ္ပြားခဲ့ပါတယ္။

တပ္ကုန္းျမိဳ႕မရဲစခန္းမွတာ၀န္ရွိသူတစ္ဦးက” သူတို႔က ရန္ကုန္-မႏၱေလးအျမန္လမ္းေဟာင္းေဘးမွာ ကားေပၚကပစ္ခ်တဲ့ ေရသန္႔ဗူးခြံေတြကိုေကာက္ၾကတယ္။ က်ဴးလြန္သူနဲ႔ က်ဴးလြန္ခံရသူနဲ႔က ရင္းနွီးမႈ ၊ ခင္မႈေတာ့မရွိပါဘူး။ အလုပ္ခ်င္းကတူေတာ့ သိတာခ်င္းေတာ့ရွိတာေပါ့။ က်ဴးလြန္တဲ့သူကလည္း အိမ္ေထာင္မရွိဘူး။ လူပ်ဳိလူလြတ္ေပါ့။ ဒီလိုမ်ဳိး ၾကိဳးစားတဲ့အခ်ိန္မွာ ကေလးက ေၾကာက္လန္႔ျပီးေအာ္တဲ့အခ်ိန္မွာ လက္လြန္ေျခလြန္ေတြျဖစ္ကုန္တာေပါ့။”လို႔ေျပာပါတယ္။

မႏၱေလးတိုင္းေဒသၾကီး၊ တပ္ကုန္းျမိဳ႕နယ္ ေဖေဖာ္၀ါရီလ ၁၂ရက္ေန႔ ေန႔လယ္ ၂နာရီခြဲအခ်ိန္ခန္႔က ရန္ကုန္-မႏၱေလးအျမန္လမ္းေဟာင္း မိုင္တိုင္အမွတ္ (၂၃၇/၃-၄)ၾကား လယ္ေျမအတြင္းရွိ လူမေနတဲ့တဲထဲမွာ အသက္ (၉)နွစ္အရြယ္မိန္းကေလးတစ္ဦး လည္ပင္း မိန္းမသံုးပ၀ါရစ္ပတ္ျပီး လွ်ာထြက္၊ ပါးစပ္နဲ႔ နွာေခါင္းေသြးထြက္ဒဏ္ရာမ်ားနဲ႔ေသဆံုးေနတာကိုေတြ႔ရွိခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္သူကို အေရးယူေပးရန္ ေသဆံုးသူ မိန္းကေလးဖခင္ဟာ တပ္ကုန္းျမိဳ႕မရဲစခန္းကို တရားလိုျပဳလုပ္တိုင္တန္းခဲ့ျပီး တပ္ကုန္းျမိဳ႕မရဲစခန္းက (ပ)၄၄/၂၀၁၈ ရာဇသတ္ၾကီးပုဒ္မ ၃၀၂နဲ႔ အမႈဖြင့္ထားပါတယ္။

တာ၀န္ရွိရဲတပ္ဖြဲ႔၀င္မ်ားက ျပစ္မႈက်ဴးလြန္သူကို CCTVမွတ္တမ္းအရ စံုစမ္းရွာေဖြရာ ေသဆံုးသူ မ..အသက္ (၉)နွစ္နဲ႔ ကိုပို(ခ) တင္ေရႊ အသက္ (၄၃)နွစ္တို႔ဟာ ေရသန္႔ဗူးခြံေကာက္ရန္ စက္ဘီးနဲ႔ ေရွာက္ကုန္းေက်းရြာဘက္ကို သြားခဲ့ေၾကာင္းသိရပါတယ္။
ကိုပို(ခ)တင္ေရႊကို စစ္ေဆးတဲ့အခါ အခင္းျဖစ္တဲအတြင္းကို ေရသန္႔ဗူးခြံေကာက္သြားမယ္လို႔ ေခ်ာ့ေမာ့ေျပာဆိုကာ ေခၚေဆာင္ခဲ့ျပီး သားမယားျပဳက်င့္ဖို႔ ၾကိဳးစားတဲ့အခါ မ..အသက္ (၉)နွစ္ဟာ ေအာ္ဟစ္ငိုယိုတဲ့အတြက္ လည္ပင္းကို ညွစ္တဲ့အခါ ေသဆံုးသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နွင္းနွင္း
# Unicode Version ဖြင့်ဖတ်ရန် #
အမျိုးသားတစ်ဦးဟာ အသက် (၉)နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ရန် ကြိုးစားနေတဲ့အချိန်မှာ မိန်းကလေးကကြောက်လန့်ပြီး အော်ဟစ်ငိုတဲ့အတွက် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

တပ်ကုန်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက” သူတို့က ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းဘေးမှာ ကားပေါ်ကပစ်ချတဲ့ ရေသန့်ဗူးခွံတွေကိုကောက်ကြတယ်။ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူနဲ့က ရင်းနှီးမှု ၊ ခင်မှုတော့မရှိပါဘူး။ အလုပ်ချင်းကတူတော့ သိတာချင်းတော့ရှိတာပေါ့။ ကျူးလွန်တဲ့သူကလည်း အိမ်ထောင်မရှိဘူး။ လူပျိုလူလွတ်ပေါ့။ ဒီလိုမျိုး ကြိုးစားတဲ့အချိန်မှာ ကလေးက ကြောက်လန့်ပြီးအော်တဲ့အချိန်မှာ လက်လွန်ခြေလွန်တွေဖြစ်ကုန်တာပေါ့။”လို့ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တပ်ကုန်းမြို့နယ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ နေ့လယ် ၂နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း မိုင်တိုင်အမှတ် (၂၃၇/၃-၄)ကြား လယ်မြေအတွင်းရှိ လူမနေတဲ့တဲထဲမှာ အသက် (၉)နှစ်အရွယ်မိန်းကလေးတစ်ဦး လည်ပင်း မိန်းမသုံးပဝါရစ်ပတ်ပြီး လျှာထွက်၊ ပါးစပ်နဲ့ နှာခေါင်းသွေးထွက်ဒဏ်ရာများနဲ့သေဆုံးနေတာကိုတွေ့ရှိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူကို အရေးယူပေးရန် သေဆုံးသူ မိန်းကလေးဖခင်ဟာ တပ်ကုန်းမြို့မရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး တပ်ကုန်းမြို့မရဲစခန်းက (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ထားပါတယ်။

တာဝန်ရှိရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို CCTVမှတ်တမ်းအရ စုံစမ်းရှာဖွေရာ သေဆုံးသူ မ..အသက် (၉)နှစ်နဲ့ ကိုပို(ခ) တင်ရွှေ အသက် (၄၃)နှစ်တို့ဟာ ရေသန့်ဗူးခွံကောက်ရန် စက်ဘီးနဲ့ ရှောက်ကုန်းကျေးရွာဘက်ကို သွားခဲ့ကြောင်းသိရပါတယ်။
ကိုပို(ခ)တင်ရွှေကို စစ်ဆေးတဲ့အခါ အခင်းဖြစ်တဲအတွင်းကို ရေသန့်ဗူးခွံကောက်သွားမယ်လို့ ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယားပြုကျင့်ဖို့ ကြိုးစားတဲ့အခါ မ..အသက် (၉)နှစ်ဟာ အော်ဟစ်ငိုယိုတဲ့အတွက် လည်ပင်းကို ညှစ်တဲ့အခါ သေဆုံးသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နှင်းနှင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top