ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ရွိ ကေလး လုပ္သားႏွင့္ လမ္းေပ်ာ္ကေလး မ်ားကို MMA မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ ႏွင့္ MMA ကစားသမား ဖိုးေသာ္ တို႔က ယမန္ေန႔က သြားေရာက္ ေတြ႕ဆံုအားေပးခဲ့သည္။

ေဖေဖာ္ဝါရီ ၁၉ ရက္ ညေန ၆ နာရီခန္႔က ရန္ကုန္ၿမိဳ႕ မဂၤလာ ေတာင္ၫြန္႔ၿမိဳ႕နယ္ သိမ္ျဖဴမီးရ ထားရပ္ကြက္ သာသနာ့ဟိတ ဓမၼာ႐ံုတြင္ ေအာင္လအန္ဆန္ႏွင့္ ဖိုးေသာ္တို႔က အဆိုပါ ကေလးမ်ား ကို အားေပးစကားေျပာျခင္း၊ လက္ေဝွ႔ႏွင့္ပတ္သက္သည့္ အ ေျခခံနည္းအခ်ိဳ႕ ျပသေပးျခင္းႏွင့္ အမွတ္တရလက္ေဆာင္ေပးအပ္ ျခင္းတို႔ တစ္နာရီေက်ာ္ ျပဳလုပ္ခဲ့ သည္။

ထို႔ေနာက္ ေအာင္လအန္ ဆန္သည္ ပန္းဆိုးတန္းႏွင့္ ကုန္ သည္လမ္း ေထာင့္ရွိ ရတနာလက္ ဖက္ရည္ဆိုင္သို႔ သြားေရာက္ကာ ျမန္မာေရြ႕လ်ား ပညာေရးစီမံ ကိန္း (myME Project) က စာ သင္ၾကားေနသည့္ ကေလးငယ္ မ်ားအား ေတြ႕ဆံု အားေပးခဲ့ သည္။

‘‘ကေလးေတြအေနနဲ႔ ဒီလို မ်ိဳး စာသင္ၾကားေနရတယ္ဆိုေပ မယ့္ စိတ္ဓာတ္မက်ေစခ်င္ပါဘူး။ ဘဝမွာ  ဘယ္သူမဆို ႀကိဳးစားရင္ ႀကိဳးစားသေလာက္ ျဖစ္ႏိုင္ပါ တယ္။ အၿမဲႀကိဳးစားဖို႔ပဲလိုပါ တယ္။ ကြၽန္ေတာ္္တို႔ ဒီလိုေအာင္ ျမင္လာဖို႔အတြက္ က်႐ႈံးမႈေတြ အ မ်ားႀကီးႀကံဳဖူးပါတယ္’’ ဟု ေအာင္လအန္ဆန္က ကေလးငယ္မ်ား ကို အားေပးစကား ေျပာၾကား သည္။

ထို႔အျပင္ ကေလးငယ္မ်ား အေနျဖင့္ ဘဝတြင္ အခက္အခဲ မ်ားႀကံဳခဲ့ပါက မခံခ်င္စိတ္ျဖင့္ ပိုမိုႀကိဳးစား႐ုန္းကန္သင့္ေၾကာင္း MMA ကစားသမား ဖိုးေသာ္က အားေပးခဲ့သည္။

‘‘ကြၽန္ေတာ္ဆို ငယ္ငယ္က အရမ္းဆိုးပါတယ္။ လူတုိင္းက ကြၽန္ေတာ့္ကို ဒီလိုမ်ိဳးျဖစ္မလာႏိုင္ ဘူးဆိုတာကို မခံခ်င္စိတ္နဲ႔ ပိုႀကိဳး စားၿပီး အခုလိုျဖစ္လာတာပါ။ ေလာကကို အရြဲ႕မတိုက္ဘဲ မခံခ်င္စိတ္နဲ႔ ျဖစ္ရမယ္ဆိုတဲ့ စိတ္ထား ၿပီး ပိုႀကိဳးစားသင့္ပါတယ္’’ ဟု ၎ကဆိုသည္။

ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားအားကစား ၿပိဳင္ပြဲ႐ံု (၁) သုဝဏၰ၌ Quest for Gold အမည္ျဖင့္ က်င္းပမည့္ MMA (One Championship) ၿပိဳင္ပြဲ၌ တြဲဆိုင္းကိုးဆိုင္းပါဝင္ မည္ျဖစ္ၿပီး အဓိကပြဲစဥ္အျဖစ္ MMA မစ္ဒယ္ဝိတ္တန္း ကမၻာ့ ခ်န္ပီယံ ေအာင္လအန္ဆန္ႏွင့္ ဘရာဇီးႏိုင္ငံသား အလက္ဇႏၵား မာခ်ာဒိုတို႔ ယွဥ္ၿပိဳင္မည္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့ရှိ ကလေး လုပ်သားနှင့် လမ်းပျော်ကလေး များကို MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် နှင့် MMA ကစားသမား ဖိုးသော် တို့က ယမန်နေ့က သွားရောက် တွေ့ဆုံအားပေးခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၆ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် သိမ်ဖြူမီးရ ထားရပ်ကွက် သာသနာ့ဟိတ ဓမ္မာရုံတွင် အောင်လအန်ဆန်နှင့် ဖိုးသော်တို့က အဆိုပါ ကလေးများ ကို အားပေးစကားပြောခြင်း၊ လက်ဝှေ့နှင့်ပတ်သက်သည့် အ ခြေခံနည်းအချို့ ပြသပေးခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ် ခြင်းတို့ တစ်နာရီကျော် ပြုလုပ်ခဲ့ သည်။

ထို့နောက် အောင်လအန် ဆန်သည် ပန်းဆိုးတန်းနှင့် ကုန် သည်လမ်း ထောင့်ရှိ ရတနာလက် ဖက်ရည်ဆိုင်သို့ သွားရောက်ကာ မြန်မာရွေ့လျား ပညာရေးစီမံ ကိန်း (myME Project) က စာ သင်ကြားနေသည့် ကလေးငယ် များအား တွေ့ဆုံ အားပေးခဲ့ သည်။

‘‘ကလေးတွေအနေနဲ့ ဒီလို မျိုး စာသင်ကြားနေရတယ်ဆိုပေ မယ့် စိတ်ဓာတ်မကျစေချင်ပါဘူး။ ဘဝမှာ  ဘယ်သူမဆို ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်ပါ တယ်။ အမြဲကြိုးစားဖို့ပဲလိုပါ တယ်။ ကျွန်တော်တို့ ဒီလိုအောင် မြင်လာဖို့အတွက် ကျရှုံးမှုတွေ အ များကြီးကြုံဖူးပါတယ်’’ ဟု အောင်လအန်ဆန်က ကလေးငယ်များ ကို အားပေးစကား ပြောကြား သည်။

ထို့အပြင် ကလေးငယ်များ အနေဖြင့် ဘဝတွင် အခက်အခဲ များကြုံခဲ့ပါက မခံချင်စိတ်ဖြင့် ပိုမိုကြိုးစားရုန်းကန်သင့်ကြောင်း MMA ကစားသမား ဖိုးသော်က အားပေးခဲ့သည်။

‘‘ကျွန်တော်ဆို ငယ်ငယ်က အရမ်းဆိုးပါတယ်။ လူတိုင်းက ကျွန်တော့်ကို ဒီလိုမျိုးဖြစ်မလာနိုင် ဘူးဆိုတာကို မခံချင်စိတ်နဲ့ ပိုကြိုး စားပြီး အခုလိုဖြစ်လာတာပါ။ လောကကို အရွဲ့မတိုက်ဘဲ မခံချင်စိတ်နဲ့ ဖြစ်ရမယ်ဆိုတဲ့ စိတ်ထား ပြီး ပိုကြိုးစားသင့်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ Quest for Gold အမည်ဖြင့် ကျင်းပမည့် MMA (One Championship) ပြိုင်ပွဲ၌ တွဲဆိုင်းကိုးဆိုင်းပါဝင် မည်ဖြစ်ပြီး အဓိကပွဲစဉ်အဖြစ် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မာချာဒိုတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top