ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 မထီမဲ့ကင္း
အပ္ႏွင္းဥစၥာ
မိစၦာမမွား
၀တ္စားဆင္ယင္
ျမတ္ႏိုးၾကင္
ငါးအင္ လင္က်င့္ရာ။

(၁) ဇနီးမယားအား မထီေလးစား မျပဳျခင္း၊
(၂) ဇနီးမယားအား ရွာေဖြရသမွ် ဥစၥာမ်ားကို အပ္ႏွံျခင္၊
(၃) မိမိ ဇနီးမယားမွ တစ္ပါး အျခားမိန္းမမ်ားႏွင့္ ေဖာက္ျပား က်ဴးလြန္မႈ မရွိျခင္း၊
(၄) ဇနီးမယားအား အခါအားေလ်ာ္စြာ အ၀တ္အစားအသစ္အဆန္းမ်ား ဆင္ယင္ေပးျခင္း၊
(၅) ဇနီးမယားအား ျမတ္ႏိုးၾကင္နာစြာ ဆက္ဆံျခင္း။

အက်ယ္ထပ္ရွင္းရရင္ေတာ့

(၁) မိမိ ဇနီးမယားအား မထီေလးစား မျပဳျခင္း

ကိုယ့္ဇနီး ကို အမ်ားသူငါေရွ ့မွာ ေအာ္ေငါက္တာေတြ ၊ ဆဲဆိုတာေတြ ၊ အျပစ္မရွိ အျပစ္ရွာ အေၾကာင္းမရွိ အေၾကာင္းရွာျပီး လူအထင္ေသးမဲ့ ၊ သိမ္ငယ္ေစမဲ့ ကိစၥေတြ ေျပာဆုိတာမ်ိဳး ေရွာင္ၾကဥ္ျပီးေတာ့ ဇနီးမယားရဲ ့အျပဳအစု အယုအယ ေကာင္းေၾကာင္း ၊ ေတာ္ေၾကာင္း ၊ တတ္ၾကာင္း ၊ အနစ္နာခံ ၊ သည္းခံခြင့္လႊတ္တတ္ေၾကာင္း အစရွိတဲ့ ဇနီးမယား ဂုဏ္တက္ေစမဲ့ အေၾကာင္းကိစၥမ်ိဳးကို ၾကံဖန္ရွာေဖြျပီး အခါအခြင့္သင့္တုိင္း ေျပာဆုိေပးတာကို ဆုိလိုပါတယ္။ ကိုယ့္မိန္းမကို ႏႈတ္၏ ေစာင္မျခင္းဆိုတဲ့ သေဘာပါပဲ။ မိမိ ဇနီးကို ကိုယ့္ရဲ ့ၾကင္နာမႈ ေတြ ၊ ေႏြးေထြးမႈေတြကို အမ်ားသူငါေရွ ့မွာ ထုတ္ေဖာ္ျပသတာမ်ိဳးေပါ့။

(၂) မိမိ ဇနီးမယားအား ရွာေဖြရသမွ် ဥစၥာမ်ားကို အပ္ႏွံျခင္၊

လခစားျဖစ္ရင္လည္း လခစားအေလ်ာက္ ၊ ကိုယ္ပိုင္စီးပြားေရး သမားဆုိရင္လည္း ကိုယ္ပိုင္စီးပြားေရးသမား အေလ်ာက္ ရလာတဲ့ လခ၊ အက်ိဳးအျမတ္ေတြကို စာရင္းဇယားႏွင့္တစ္ကြ မိန္းမကို ေပးအပ္ရပါမယ္။ ျပီးေတာ့မွ ဇနီးမယားဆီက မိမိ ကိုယ္ေရးကိုယ္တာ သံုးဖို ့စြဲဖုိ ့အတြက္ ဘယ္ေရြ ့ဘယ္မွ် လိုအပ္ေၾကာင္း ျဖစ္ႏိုင္ရင္ စာရင္းနဲ့ ျပန္ေတာင္းတာမ်ိဳး ကို ဆိုလိုပါတယ္။ အဲသလို စာရင္းဇယားနဲ ့ျပေတာ့ ဇနီးမယားကလည္း ၀င္ေငြ ဘယ္ေလာက္ ရွိသလဲ ၊ အသံုးစရိတ္ ဘယ္ေလာက္ရွိသလဲ ဆုိတာကို တြက္ခ်က္ႏိုင္ျပီးေတာ့ စုသင့္တာစု ၊ ရင္းႏွီးျမႈပ္ႏွံသင့္တာ ျမႈပ္ႏွံ ၊ ေပးကမ္းစရာ ရွိတာ ေပးကမ္း အစရွိတာေတြကို လုပ္ႏိုင္မွာပါ။

(၃) မိမိ ဇနီးမယားမွ တစ္ပါး အျခားမိန္းမမ်ားႏွင့္ ေဖာက္ျပား က်ဴးလြန္မႈ မရွိျခင္း၊

တိတ္တိတ္ပုန္း အေျမွာင္မယား ထားတာေတြ၊ ကိုယ့္လက္ေအာက္က ၀န္ထမ္းေတြနဲ ့ ေဖာက္ျပားတာေတြ ၊ အျခားေသာ လင္ရွိမယားေတြနဲ ့ ေဖာက္ျပန္တာေတြ ၊ ျပည့္တန္ဆာေတြနဲ ့ သြားလာဆက္ဆံတာေတြ ကို ေရွာင္ၾကဥ္တာမ်ိဳးကို ဆုိလိုပါတယ္။ တစ္ခ်ိဳ ့ သေဘာထားၾကီးတဲ့ မိန္းမ ေတြကေတာ့ ကိုယ္၀န္ ရွိေနတဲ့ အခ်ိန္မွာေတာ့ ကိုယ့္ေယာက္်ား ကို ခ်ဳပ္ျခယ္တာမ်ိဳး မလုပ္ဘဲ ခြင့္လႊတ္ၾကတာလည္း ရွိပါတယ္။ ၂ ဦး ၂ဖက္ ၾကိဳတင္ ညွိႏိႈင္းထားၾကရင္ေတာ့ အဆင္ေျပမွာပါပဲ။

(၄) မိမိ ဇနီးမယားအား အခါအားေလ်ာ္စြာ အ၀တ္အစား အသစ္အဆန္းမ်ားအား ဆင္ယင္ေပးျခင္း၊

ကိုယ့္ဇနီးကို ခ်စ္သူမ်ားေန ့တို ့၊ ေမြးေန ့တို ့၊ မဂၤလာေဆာင္တဲ့ေန ့တို ့ အစရွိတဲ့ အမွတ္တရေန ့ ေတြမွာ အခ်ိန္သတ္သတ္ေပးျပီး အျပင္ေလွ်ာက္လည္တာေတြ၊ အမွတ္တယ ျဖစ္ေစမဲ့ ဖက္ရွင္ ဒီဇိုင္းေတြ ၊ အ၀တ္အထည္ဆန္းေတြ၊ sexy ျဖစ္တဲ့ lyngerie အ၀တ္အစားေတြ အဲဒီလို ေန ့ေတြမွာ ၀ယ္ေပးတာေတြ လုပ္ျခင္းအားျဖင့္ ဇနီးအေပၚမွာ အခ်စ္မပ်က္ေၾကာင္း ၊ မွတ္မွတ္ယယ ရွိေနေၾကာင္း ျပသတာမ်ိဳး ကို ဆုိလိုပါတယ္။

(၅) မိမိ ဇနီးမယားအား ျမတ္ႏိုးၾကင္နာစြာ ဆက္ဆံျခင္း။

ခ်စ္သူကေန ဇနီးမယား ျဖစ္လာခဲ့တဲ့ သူေတြဆုိရင္လည္း ကိုယ့္မိန္းမ ကို စခ်စ္ခဲ့တုန္းကလိုပဲ အၾကင္နာမ်က္လံုးေတြနဲ ့တစ္ယုတစ္ယ ေထြးေထြးေပြ ့ေပြ ့၊ ၾကင္ၾကင္နာနာ ဆက္ဆံတာမ်ိဳး ၊ မိဘေတြေၾကာင့္ မဂၤလာေဆာင္ခဲ့ရတဲ့ သူေတြဆိုရင္လည္း အရင္တုန္းက ဘယ္လိုပဲ ခ်စ္သူေတြ ရွိခဲ့ပါေစ.. လက္ရွိ ကိုယ့္ဇနီးကိုပဲ သစၥာရွိရွိ ၊ ျမတ္ျမတ္ႏိုးႏိုး ေပါင္းသင္းတာမ်ိဳးကို ဆုိလိုပါတယ္။ အခန္ ့မသင့္လို ့စကားမ်ား ရန္ျဖစ္ခဲ့ရင္ေတာင္ ငါ့ အရင္ရည္းစားက နင့္လို မဟုတ္ဘူး.. ငါ့အေပၚ ဘယ္ေလာက္ သည္းခံ ဂရုစိုက္တယ္ ဆိုတာေတြ ေျပာဆုိတာမ်ိဳး ေရွာင္ၾကဥ္သင့္သလို ငယ္က်ိဳးငယ္နာ ေဖာ္ျပီး ေျပာဆိုတာမ်ိဳး ကိုလည္း မျပဳသင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမတ္ဗုဒၶ အဆံုးအမ
# Unicode Version ျဖင့္ ဖတ္ပါ #
 မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။

(၁) ဇနီးမယားအား မထီလေးစား မပြုခြင်း၊
(၂) ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊
(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊
(၄) ဇနီးမယားအား အခါအားလျော်စွာ အဝတ်အစားအသစ်အဆန်းများ ဆင်ယင်ပေးခြင်း၊
(၅) ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။

အကျယ်ထပ်ရှင်းရရင်တော့

(၁) မိမိ ဇနီးမယားအား မထီလေးစား မပြုခြင်း

ကိုယ့်ဇနီး ကို အများသူငါရှေ့မှာ အော်ငေါက်တာတွေ ၊ ဆဲဆိုတာတွေ ၊ အပြစ်မရှိ အပြစ်ရှာ အကြောင်းမရှိ အကြောင်းရှာပြီး လူအထင်သေးမဲ့ ၊ သိမ်ငယ်စေမဲ့ ကိစ္စတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်ပြီးတော့ ဇနီးမယားရဲ့အပြုအစု အယုအယ ကောင်းကြောင်း ၊ တော်ကြောင်း ၊ တတ်ကြာင်း ၊ အနစ်နာခံ ၊ သည်းခံခွင့်လွှတ်တတ်ကြောင်း အစရှိတဲ့ ဇနီးမယား ဂုဏ်တက်စေမဲ့ အကြောင်းကိစ္စမျိုးကို ကြံဖန်ရှာဖွေပြီး အခါအခွင့်သင့်တိုင်း ပြောဆိုပေးတာကို ဆိုလိုပါတယ်။ ကိုယ့်မိန်းမကို နှုတ်၏ စောင်မခြင်းဆိုတဲ့ သဘောပါပဲ။ မိမိ ဇနီးကို ကိုယ့်ရဲ့ကြင်နာမှု တွေ ၊ နွေးထွေးမှုတွေကို အများသူငါရှေ့မှာ ထုတ်ဖော်ပြသတာမျိုးပေါ့။

(၂) မိမိ ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊

လခစားဖြစ်ရင်လည်း လခစားအလျောက် ၊ ကိုယ်ပိုင်စီးပွားရေး သမားဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးသမား အလျောက် ရလာတဲ့ လခ၊ အကျိုးအမြတ်တွေကို စာရင်းဇယားနှင့်တစ်ကွ မိန်းမကို ပေးအပ်ရပါမယ်။ ပြီးတော့မှ ဇနီးမယားဆီက မိမိ ကိုယ်ရေးကိုယ်တာ သုံးဖို့စွဲဖို့အတွက် ဘယ်ရွေ့ဘယ်မျှ လိုအပ်ကြောင်း ဖြစ်နိုင်ရင် စာရင်းနဲ့ ပြန်တောင်းတာမျိုး ကို ဆိုလိုပါတယ်။ အဲသလို စာရင်းဇယားနဲ့ပြတော့ ဇနီးမယားကလည်း ဝင်ငွေ ဘယ်လောက် ရှိသလဲ ၊ အသုံးစရိတ် ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်နိုင်ပြီးတော့ စုသင့်တာစု ၊ ရင်းနှီးမြှုပ်နှံသင့်တာ မြှုပ်နှံ ၊ ပေးကမ်းစရာ ရှိတာ ပေးကမ်း အစရှိတာတွေကို လုပ်နိုင်မှာပါ။

(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊

တိတ်တိတ်ပုန်း အမြှောင်မယား ထားတာတွေ၊ ကိုယ့်လက်အောက်က ဝန်ထမ်းတွေနဲ့ ဖောက်ပြားတာတွေ ၊ အခြားသော လင်ရှိမယားတွေနဲ့ ဖောက်ပြန်တာတွေ ၊ ပြည့်တန်ဆာတွေနဲ့ သွားလာဆက်ဆံတာတွေ ကို ရှောင်ကြဉ်တာမျိုးကို ဆိုလိုပါတယ်။ တစ်ချို့ သဘောထားကြီးတဲ့ မိန်းမ တွေကတော့ ကိုယ်ဝန် ရှိနေတဲ့ အချိန်မှာတော့ ကိုယ့်ယောက်ျား ကို ချုပ်ခြယ်တာမျိုး မလုပ်ဘဲ ခွင့်လွှတ်ကြတာလည်း ရှိပါတယ်။ ၂ ဦး ၂ဖက် ကြိုတင် ညှိနှိုင်းထားကြရင်တော့ အဆင်ပြေမှာပါပဲ။

(၄) မိမိ ဇနီးမယားအား အခါအားလျော်စွာ အဝတ်အစား အသစ်အဆန်းများအား ဆင်ယင်ပေးခြင်း၊

ကိုယ့်ဇနီးကို ချစ်သူများနေ့တို့၊ မွေးနေ့တို့၊ မင်္ဂလာဆောင်တဲ့နေ့တို့ အစရှိတဲ့ အမှတ်တရနေ့ တွေမှာ အချိန်သတ်သတ်ပေးပြီး အပြင်လျှောက်လည်တာတွေ၊ အမှတ်တယ ဖြစ်စေမဲ့ ဖက်ရှင် ဒီဇိုင်းတွေ ၊ အဝတ်အထည်ဆန်းတွေ၊ sexy ဖြစ်တဲ့ lyngerie အဝတ်အစားတွေ အဲဒီလို နေ့တွေမှာ ဝယ်ပေးတာတွေ လုပ်ခြင်းအားဖြင့် ဇနီးအပေါ်မှာ အချစ်မပျက်ကြောင်း ၊ မှတ်မှတ်ယယ ရှိနေကြောင်း ပြသတာမျိုး ကို ဆိုလိုပါတယ်။

(၅) မိမိ ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။

ချစ်သူကနေ ဇနီးမယား ဖြစ်လာခဲ့တဲ့ သူတွေဆိုရင်လည်း ကိုယ့်မိန်းမ ကို စချစ်ခဲ့တုန်းကလိုပဲ အကြင်နာမျက်လုံးတွေနဲ့တစ်ယုတစ်ယ ထွေးထွေးပွေ့ပွေ့၊ ကြင်ကြင်နာနာ ဆက်ဆံတာမျိုး ၊ မိဘတွေကြောင့် မင်္ဂလာဆောင်ခဲ့ရတဲ့ သူတွေဆိုရင်လည်း အရင်တုန်းက ဘယ်လိုပဲ ချစ်သူတွေ ရှိခဲ့ပါစေ.. လက်ရှိ ကိုယ့်ဇနီးကိုပဲ သစ္စာရှိရှိ ၊ မြတ်မြတ်နိုးနိုး ပေါင်းသင်းတာမျိုးကို ဆိုလိုပါတယ်။ အခန့်မသင့်လို့စကားများ ရန်ဖြစ်ခဲ့ရင်တောင် ငါ့ အရင်ရည်းစားက နင့်လို မဟုတ်ဘူး.. ငါ့အပေါ် ဘယ်လောက် သည်းခံ ဂရုစိုက်တယ် ဆိုတာတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်သင့်သလို ငယ်ကျိုးငယ်နာ ဖော်ပြီး ပြောဆိုတာမျိုး ကိုလည်း မပြုသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ဗုဒ္ဓ အဆုံးအမ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top