iMyanmarHouse.com - Best Property Website for Myanmar
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

အသက္ ၄ ႏွစ္အ႐ြယ္ မိန္းကေလးငယ္အား ႐ိုက္ႏွက္ၿပီး အဓမၼျပဳက်င့္ခဲ့သူဟု သံသယရွိသူကို တပတ္ ေက်ာ္ၾကာ ေသာ္လည္း ဖမ္းဆီးရမိျခင္း မရွိေသးေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဟုမ္းလမ္းဘူတာရပ္ကြက္၊ ပန္းလႈိင္လမ္းဘူတာအနီးတြင္ ေဖေဖာ္ဝါရီ ၃ ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ေသာၾကာေန႔ကစမ္းေခ်ာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေအာင္လြင္မွ မီဒီယာမ်ားႏွင့္ ေတြ႕ဆုံရာ တြင္ “အခုက တရားခံကေတာ့ ၉၀ ရာခိုင္ႏႈန္းေလာက္ ေဖာ္ထုတ္ထားၿပီးၿပီ။ ဒါေပမယ့္ တရားခံကို မဖမ္းမိေသးတဲ့အတြက္ တိတိက်က် မေျပာေသးတာ။ မထုတ္ျပန္ေသးတာပါ” ဟု ေျပာဆိုခဲ့သည္။

ရဲတပ္ဖြဲ႕အေနျဖင့္ ကာယကံရွင္ မိန္းကေလးငယ္၏ က်န္းမာေရးအေျခအေနအရ မစစ္ေဆးရေသး ေၾကာင္း၊ လက္ရွိတြင္ ထုတ္ေဖာ္ေျပာဆိုပါက တရားခံဖမ္းဆီးေရးအတြက္ အေႏွာင့္အယွက္ျဖစ္ႏိုင္၍ ထုတ္ေဖာ္မေျပာလိုေသးေၾကာင္း၊ ဖမ္းဆီးရ မိပါက သတင္းထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္းလည္း ဆိုသည္။

ေဖေဖာ္ဝါရီ ၃ ရက္ နံနက္ပိုင္းက အဆိုပါ မိန္းကေလးငယ္သည္ ဦးေခါင္းဒဏ္ရာ၊ မိန္းမကိုယ္တြင္ ေသြးထြက္ဒဏ္ရာမ်ား ျဖင့္ ပန္းလႈိင္ဘူတာအနီး ပလက္ေဖာင္း၌ လမ္းေလွ်ာက္လာစဥ္ ရပ္ကြက္ေန သူတခ်ိဳ႕က ေတြ႕ရွိေမးျမန္းရာမွာ ႐ိုက္ႏွက္ကာ အဓမၼျပဳက်င့္ျခင္းခံခဲ့ရေၾကာင္း သိရသည္။။

ထို႔ေနာက္ ေတြ႕ရွိသူမ်ားက လႊတ္ေတာ္ကိုယ္စားလွယ္ထံ အေၾကာင္းၾကားခဲ့ၿပီး ထိုမွတဆင့္ တာဝန္ရွိ သူ အသီးသီးေရာက္ရွိ လာကာ ကေလးငယ္ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္ သည္။

အဆိုပါကေလးငယ္ မိသားစုသည္ ပန္းလႈိင္ဘူတာအနီး ဂုံးတံတားေအာက္တြင္ ေနထိုင္ၾက သူမ်ားျဖစ္သည္။

ယခုအခါ ျပစ္မႈက်ဴးလြန္သူဟု သံသယရွိသူကို ေခမာလမ္းအတြင္း တပ္ဆင္ထားေသာ CCTV ကင္မရာ ၂ လုံးမွ ေျခရာခံႏိုင္ခဲ့ေၾကာင္း သီရိေခမာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ျမင့္လြင္က ဧရာဝတီကို ေျပာသည္။

“က်ေနာ့္ရပ္ကြက္ထဲမွာ တပ္ထားတဲ့ စီစီတီဗြီကင္မရာကေန ဓာတ္ပုံရတာပဲ ရွိေသးတယ္။ သူ႔ရဲ႕ နာမည္ရတာရွိတယ္။ လိုက္ေတာ့ လိုက္ေနတုန္းပဲ။ အဖြဲ႕ေပါင္းစုံက စိတ္ဝင္တစားနဲ႔ ဝိုင္းႀကိဳးစား ရွာေနၾကတယ္။ က်ေနာ္တို႔ရထားတဲ့ နာမည္နဲ႔ ကေလး အေဖေျပာတဲ့နာမည္ အတူတူပဲ” ဟု ၎က ရွင္းျပသည္။

လတ္တေလာရရွိထားသည့္ အခ်က္အလက္မ်ားအရ ျပစ္မႈက်ဴးလြန္သည္ဟု သံသယရွိသူသည္ အသက္ ၃၀ ဝန္းက်င္ အ႐ြယ္ သီရိမဂၤလာေဈးတြင္ အလုပ္လုပ္ေၾကာင္း၊ ကေလးငယ္၏ ဖခင္ႏွင့္ ရင္းႏွီးၿပီး အိမ္ကို အဝင္အထြက္ရွိသူ ျဖစ္ ေၾကာင္း ရပ္ကြက္ေန ျပည္သူမ်ားထံမွ သိရသည္။

ယခုအခါ ကေလးငယ္သည္ ဟယ္လ္ပင္လမ္း ကေလးေဆး႐ုံႀကီးတြင္ တက္ေရာက္ကုသေနရၿပီး ရက္သတၱပတ္ ၂ ပတ္ခန႔္ၾကာ တက္ေရာက္ရမည္ျဖစ္ေၾကာင္း၊ ကေလးငယ္သည္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ အေတာ္ေလးခံစားေနရေၾကာင္း ကေလးငယ္ကို သြားေရာက္ၾကည့္ရႈသူမ်ားက ေျပာျပသည္။

ကေလးငယ္အတြက္ လိုအပ္သည္မ်ားကို ကူညီေထာက္ပံ့ေပးေနသူ ကိုဖိုးေဇာ္က “ဒီအ႐ြယ္နဲ႔ ျဖစ္တာ ဆိုေတာ့ တုန္လႈပ္ ေျခာက္ျခားတာေပါ့ေလ။ ေခါင္းကိုလည္း အုတ္ခဲနဲ႔ ထုတယ္။ ဆံပင္ကိုဆြဲၿပီး နံရံနဲ႔ တိုက္တဲ့အေနအထားလည္း ေတြ႕ရ တယ္။ ကေလးအတြက္ကေတာ့ ေတာ္ေတာ္ႀကီး ျပန္လုပ္ရအုံးမယ္” ဟု ဆိုသည္။

မိခင္ျဖစ္သူ၏ တိုင္တန္းခ်က္အရ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္သည္ဟု သံသယရွိသူ အမ်ိဳးသား ကို စမ္းေခ်ာင္းၿမိဳ႕မ ရဲစခန္းတြင္ ပုဒ္မ ၃၇၆/၃၂၅ တို႔ျဖင့္ အမႈဖြင့္ထားၿပီး တရားခံဖမ္းမိႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျပည္ထဲေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ၂၀၁၇ခုႏွစ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးတြင္ မုဒိမ္းမႈ ၂၇၀ မႈ ျဖစ္ပြားခဲ့သကဲ့သို႔ သက္ငယ္မုဒိမ္းမႈ ျဖစ္ပြားမႈအမ်ားဆုံး တိုင္း ေဒသႀကီးျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖၚဝါရီလ ၈ရက္ေန႔က FDA မွ ဒုတိယႀကီးၾကပ္ေရးမႉး မေ႐ႊရည္ဝင္းကို အဓမၼျပဳက်င့္ သတ္ျဖတ္ကာ အေလာင္းစြန႔္ပစ္၊ ပစၥည္းမ်ားယူခဲ့သူ အငွားယာဥ္ေမာင္း မ်ိဳးေဇာ္ဦးအား ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း ၿမိဳ႕နယ္ တရား႐ုံးတြင္ ႐ုံးထုတ္စဥ္ မုဒိမ္းမႈက်ဴးလြန္သူမ်ားအား ေသဒဏ္ေပးေရး ျမန္မာအမ်ိဳးသမီးမ်ား ေစာင့္ေရွာက္ေရးအဖြဲ႕က ဆႏၵေဖာ္ထုတ္ ေတာင္းဆိုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burma.irrawaddy
# Unicode Version ဖြင့်ဖတ်ရန် #
အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့သူဟု သံသယရှိသူကို တပတ် ကျော်ကြာ သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းဘူတာအနီးတွင် ဖေဖော်ဝါရီ ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ကစမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်မှ မီဒီယာများနှင့် တွေ့ဆုံရာ တွင် “အခုက တရားခံကတော့ ၉၀ ရာခိုင်နှုန်းလောက် ဖော်ထုတ်ထားပြီးပြီ။ ဒါပေမယ့် တရားခံကို မဖမ်းမိသေးတဲ့အတွက် တိတိကျကျ မပြောသေးတာ။ မထုတ်ပြန်သေးတာပါ” ဟု ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် ကာယကံရှင် မိန်းကလေးငယ်၏ ကျန်းမာရေးအခြေအနေအရ မစစ်ဆေးရသေး ကြောင်း၊ လက်ရှိတွင် ထုတ်ဖော်ပြောဆိုပါက တရားခံဖမ်းဆီးရေးအတွက် အနှောင့်အယှက်ဖြစ်နိုင်၍ ထုတ်ဖော်မပြောလိုသေးကြောင်း၊ ဖမ်းဆီးရ မိပါက သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက အဆိုပါ မိန်းကလေးငယ်သည် ဦးခေါင်းဒဏ်ရာ၊ မိန်းမကိုယ်တွင် သွေးထွက်ဒဏ်ရာများ ဖြင့် ပန်းလှိုင်ဘူတာအနီး ပလက်ဖောင်း၌ လမ်းလျှောက်လာစဉ် ရပ်ကွက်နေ သူတချို့က တွေ့ရှိမေးမြန်းရာမှာ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခြင်းခံခဲ့ရကြောင်း သိရသည်။။

ထို့နောက် တွေ့ရှိသူများက လွှတ်တော်ကိုယ်စားလှယ်ထံ အကြောင်းကြားခဲ့ပြီး ထိုမှတဆင့် တာဝန်ရှိ သူ အသီးသီးရောက်ရှိ လာကာ ကလေးငယ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါကလေးငယ် မိသားစုသည် ပန်းလှိုင်ဘူတာအနီး ဂုံးတံတားအောက်တွင် နေထိုင်ကြ သူများဖြစ်သည်။

ယခုအခါ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူကို ခေမာလမ်းအတွင်း တပ်ဆင်ထားသော CCTV ကင်မရာ ၂ လုံးမှ ခြေရာခံနိုင်ခဲ့ကြောင်း သီရိခေမာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်လွင်က ဧရာဝတီကို ပြောသည်။

“ကျနော့်ရပ်ကွက်ထဲမှာ တပ်ထားတဲ့ စီစီတီဗွီကင်မရာကနေ ဓာတ်ပုံရတာပဲ ရှိသေးတယ်။ သူ့ရဲ့ နာမည်ရတာရှိတယ်။ လိုက်တော့ လိုက်နေတုန်းပဲ။ အဖွဲ့ပေါင်းစုံက စိတ်ဝင်တစားနဲ့ ဝိုင်းကြိုးစား ရှာနေကြတယ်။ ကျနော်တို့ရထားတဲ့ နာမည်နဲ့ ကလေး အဖေပြောတဲ့နာမည် အတူတူပဲ” ဟု ၎င်းက ရှင်းပြသည်။

လတ်တလောရရှိထားသည့် အချက်အလက်များအရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူသည် အသက် ၃၀ ဝန်းကျင် အရွယ် သီရိမင်္ဂလာဈေးတွင် အလုပ်လုပ်ကြောင်း၊ ကလေးငယ်၏ ဖခင်နှင့် ရင်းနှီးပြီး အိမ်ကို အဝင်အထွက်ရှိသူ ဖြစ် ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ယခုအခါ ကလေးငယ်သည် ဟယ်လ်ပင်လမ်း ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေရပြီး ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတော်လေးခံစားနေရကြောင်း ကလေးငယ်ကို သွားရောက်ကြည့်ရှုသူများက ပြောပြသည်။

ကလေးငယ်အတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးနေသူ ကိုဖိုးဇော်က “ဒီအရွယ်နဲ့ ဖြစ်တာ ဆိုတော့ တုန်လှုပ် ခြောက်ခြားတာပေါ့လေ။ ခေါင်းကိုလည်း အုတ်ခဲနဲ့ ထုတယ်။ ဆံပင်ကိုဆွဲပြီး နံရံနဲ့ တိုက်တဲ့အနေအထားလည်း တွေ့ရ တယ်။ ကလေးအတွက်ကတော့ တော်တော်ကြီး ပြန်လုပ်ရအုံးမယ်” ဟု ဆိုသည်။

မိခင်ဖြစ်သူ၏ တိုင်တန်းချက်အရ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည်ဟု သံသယရှိသူ အမျိုးသား ကို စမ်းချောင်းမြို့မ ရဲစခန်းတွင် ပုဒ်မ ၃၇၆/၃၂၅ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၇ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှု ၂၇၀ မှု ဖြစ်ပွားခဲ့သကဲ့သို့ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုအများဆုံး တိုင်း ဒေသကြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၈ရက်နေ့က FDA မှ ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းစွန့်ပစ်၊ ပစ္စည်းများယူခဲ့သူ အငှားယာဉ်မောင်း မျိုးဇော်ဦးအား ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရေး မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: burma.irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top