ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

MMA ကမၻာ့မစ္ဒယ္၀ိတ္ခ်န္ပီယံ ေအာင္လအန္ဆိုင္းဟာ ျမစ္ၾကီးနား ဇာတိဖြားျဖစ္ျပီး၊ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ညီအစ္ကို ေမာင္ႏွမေတြ အင္တာေနရွင္နယ္ေက်ာင္းမွာ တက္ေရာက္ႏိုင္ဖို႔အတြက္ ရန္ကုန္ကို ေျပာင္းေရႊ႕လာခဲ့ၾကပါတယ္။ ေအာင္လဟာ ငယ္စဥ္ကတည္းက အားကစားဘက္မွာ ၀ါသနာၾကီးခဲ့သလို၊ ျပိဳင္ပြဲမ်ိဳးစံုမွာလဲ ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့ဖူးသူပါ။ အဲဒီအေၾကာင္းေတြနဲ႔ ပတ္သက္ျပီး သူက ” က်ေနာ္ငယ္ငယ္က ေဘာလံုး၊ ေဘာလီေဘာ၊ ဘတ္စကက္ေဘာတို႔ဆိုရင္ ကစားတိုင္းကို ရႈံးခဲ့တာပါ။ ေျပာရရင္ က်ေနာ္ ကစားတိုင္း အရႈံးခ်ည္းပဲ ဆိုပါေတာ့ဗ်ာ။ ခဏခဏဆိုေတာ့လဲ ေတာ္ေတာ္ေလးကို စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။

အခုခ်ိန္ ျပန္ေတြးၾကည့္ေတာ့ အဲဒီတုန္းက ရႈံးခဲ့ရတဲ့ အေၾကာင္းအရာေတြက နည္းျပေတြေၾကာင့္ပဲလို႔ ထင္ပါတယ္။ က်ေနာ္တို႔ဆီက နည္းျပေတြက ဘယ္ဟာက ကိုယ့္ရဲ႕ အားသာတဲ့အခ်က္ေတြလဲ၊ အေျခအေနေတြက ဘယ္လိုလဲဆိုတာ သံုးသပ္မႈ အားနည္းလြန္းၾကပါတယ္။ ေျပာရရင္ ျမန္မာျပည္က နည္းျပတဲ့ပံုစံနဲ႔ အျခားႏိုင္ငံေတြက နည္းျပေတြရဲ႕ ခ်ဥ္းကပ္တဲ့ ပံုစံေတြက အေတာ္ႀကီးကို ကြာျခားလြန္းလွပါတယ္။ က်ေနာ့္အနာဂတ္မွာေတာ့ အဲဒီကြာဟေနမႈကို အေကာင္းဆံုး ဆက္စပ္နိုင္ဖို႔ ၾကိဳးစားမယ္လို႔ ဆံုးျဖတ္ထားပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ေအာင္လအန္ဆိုင္းဟာ အေျခခံပညာ အတန္းေတြကို ျပီးဆံုးခ်ိန္မွာေတာ့ အေမရိကားမွာ ပညာဆက္လက္ေလ့လာဆည္းပူးဖို႔ စီစဥ္ခဲ့သလုိ၊ တစ္ေန႔ေန႔မွာေတာ့ ျမန္မာျပည္ ျပန္လည္ အလုပ္အေကြ်းျပဳမယ္ဆိုျပီး အိပ္မက္ မက္ထားခဲ့သူပါ။ 2003 ခုႏွစ္မွာေတာ့ သူဟာ Andrews University မွာ စုိက္ပ်ိဳးေရးဆိုင္ရာ ပညာရပ္ေတြ ေလ့လာဖို႔အတြက္ ျမန္မာျပည္ကို စြန္႔ခြာခဲ့ပါတယ္။ တကၠသိုလ္ေရာက္ျပီး တစ္ႏွစ္အၾကာမွာေတာ့ သူဟာ တကၠသိုလ္က Gym မွာ ေျခေထာက္ကန္နည္းေတြ၊ လက္သီးထိုးနည္းေတြ အျပင္းအထန္ ေလ့က်င့္ေနခဲ့တဲ့ ဆာမိုအန္နဲ႔ ေတြ႔ဆံုခဲ့ျပီး၊ အဲဒီကစားနည္းမွာ စတင္ စိတ္၀င္စားလာခဲ့ပါတယ္။

” ဆာမိုအန္က အင္ဒီယားနားမွာရွိတဲ့ Gracie affiliate ဆီ က်ေနာ့္ကို ေခၚသြားခဲ့တာဗ်။ အဲဒီေနရာက က်ေနာ့္တကၠသိုလ္ကေန သြားရင္ 45 မီးနစ္ေလာက္ေတာ့ ၾကာပါတယ္။ က်ေနာ္ ဘရာဇီး jiu-jitsu ကစားနည္းကို စျပီး ေလ့က်င့္ခဲ့တာ အဲဒီေနရာမွာ ျဖစ္သလို၊ Martial Arts ေရာ၊ jiu-jitsu ကိုပါ တစ္ခါတည္းစြဲသြားခဲ့ရတာပါ” လို႔ ေအာင္လက သူ႔ရဲ႕ တကၠသိုလ္ေက်ာင္းသားဘ၀ အေၾကာင္းေတြကို ေျပာျပသြားခဲ့တာပါ။

2005 ခုႏွစ္ ေမလမွာေတာ့ ေအာင္လဟာ သူ႔ရဲ႕ ပရိုလက္ေ၀ွ႕ကစားသမား ပထမဆံုးပြဲကို သူ႔ထက္ ခႏၶာကိုယ္ အမ်ားၾကီးပိုၾကီးတဲ့ အီမာဆင္ ရွပ္ရွင္းနဲ႔ စတင္ထိုးသတ္ခဲ့ပါတယ္။ ပထမ အခ်ီရဲ႕ 2.24 စကၠန္႔မွာပဲ သူ႔ရဲ႕ေမးရုိးေတြ ဖုေရာင္လြန္းေနတာေၾကာင့္ ဆရာ၀န္က ဆက္လက္ထိုးသတ္ခြင့္မေပးေတာ့ပဲ ပြဲကို အရႈံးေပးေစခဲ့ပါတယ္။ သို႔ေသာ္လဲ ေအာင္လကေတာ့ အဲဒီအရႈံးနဲ႔ ပတ္သက္ျပီး ” အဲဒီပြဲကပဲ က်ေနာ့္ကို Martial Arts ေလာက္ထဲကို ဆက္ေလွ်ာက္ေစခဲ့တာပါ။ ထိုးသတ္ရတာ စိတ္လႈပ္ရွားဖို႔ေကာင္းသလို၊ ရင္ဖိုဖို႔လဲ သိပ္ကိုေကာင္းလြန္းခဲ့ပါတယ္။ က်ေနာ့္ ရင္ထဲမွာ အဲဒီခံစားခ်က္ေတြကို စြဲသြားခဲ့တာဗ်။ ဒါေၾကာင့္မို႔ ေလ့က်င့္ခန္းေတြကို ဆက္ျပီး အျပီးအထန္လုပ္ခဲ့သလို၊ ပိုျပီးေတာ့လဲ ကစားပံုက ေကာင္းလာခဲ့ပါတယ္။ သိပ္မၾကာပါဘူး သူတို႔ကေနာက္တစ္ပြဲထိုးမလားလို႔ေမးေတာ့ ႏွစ္ခါျပန္ေတာင္ မစဥ္းစားခဲ့ပါဘူး” လို႔ သူ႔ရဲ႕ကစားသမားဘ၀အခက္အခဲေတြကို ရွင္းျပခဲ့ပါတယ္။

အဲေနာက္မွာေတာ့ ေအာင္လဟာ မစ္ဒယ္၀ိန္းတန္းကေန စတင္ျပန္လည္ထိုးသတ္ခဲ့ျပီး 5 ပြဲဆက္တိုက္ ႏိုင္ပြဲေတြရရွိခဲ့ပါတယ္။ တျပိဳင္တည္းမွာပဲ သူဟာ သူ႔ရဲ႕တကၠသိုလ္ပညာေတြကို၊ ေကာလိပ္နားက ေမြးျမဴေရးျခံတစ္ျခံမွာ အလုပ္လုပ္ရင္း ဆက္လက္ေလ့လာေနခဲ့ပါတယ္။ 2007 ခုႏွစ္မွာ ေအာင္လအန္ဆိုင္းဟာ ဘြဲ႔ရခဲ့ျပီး၊ သူ႔အစ္မနဲ႔ နီးတဲ့ Columbia, Maryland ကိုေျပာင္းေရႊ႕ခဲ့ကာ၊ ဘြဲ႔ပညာနဲ႔ သက္ဆိုင္တဲ့ အလုပ္တစ္ခုရွာေဖြခဲ့ပါတယ္။ သို႔ေသာ္လဲ အလုပ္မရခင္မွာပဲ Crazy 88 MMA လို႔ အမည္ရတဲ့ ကလပ္ကို ေတြ႔ရွိသြားခဲ့က အဲဒီမွာပဲ ကိုယ္ခံပညာေတြကို ဆက္လက္ ေလ့က်င့္ေနခဲ့ပါတယ္။ ေနာက္ 2 လ အၾကာမွာေတာ့ သူဟာ ပ်ားလုပ္သား အလုပ္ကို လုပ္ကိုင္ဖို႔ ဖေလာ္ရီဒါကို ထပ္မံေျပာင္းေရႊ႕သြားခဲ့ျပန္ပါတယ္။

ပ်ားလုပ္ငန္းမွာ တစ္ႏွစ္ခြဲအၾကာ က်င္လည္ခဲ့ျပီးေနာက္ အလုပ္မွာ ေပ်ာ္ေမြ႕ျခင္းမရွိပဲျဖစ္ေနတဲ့ ေအာင္လဟာ သူ႔ဘ၀ရဲ႕အလွည့္အေျပာင္းျဖစ္ေစမယ့္ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်မွတ္ခဲ့ပါတယ္။ အဲဒါကေတာ့ ပံုမွန္၀င္ေငြ ရရွိေနတဲ့ အလုပ္တစ္ခုကေန အျပီးအပုိင္ ႏႈတ္ထြက္ျပီး၊ သူ ၀ါသနာပါရာ Martial Arts ျပိဳင္ပြဲမွာ ကမၻာ့ခ်န္ပီယံျဖစ္ခ်င္ေနတဲ့ သူ႔ရဲ႕အိပ္မက္ကို ဆက္လက္အေကာင္ထည္ေဖာ္ဖို႔ အျပီးအပိုင္ ဆံုးျဖတ္ခ်က္ ခ်လိုက္တာပဲ ျဖစ္ပါတယ္။

တေျဖးေျဖးနဲ႔ အေတြ႔အၾကံဳေတြ ရင့္က်က္လာတဲ့ ေအာင္လအန္ဆိုင္းဟာ 2014 ခုႏွစ္မွာေတာ့ One Championship ျပိဳင္ပြဲကို စတင္ယွဥ္ျပိဳင္ခဲ့ျပီး ပထမဆံုးျပိဳင္ဘက္ 4 ေလးေယာက္ကို အႏိုင္ယူျပခဲ့ပါတယ္။ 2016 ခုႏွစ္၊ ရန္ကုန္မွာ ထိုးသတ္ခဲ့တဲ့ မိုဟာမက္အလီ၊ မိုက္ကယ္ ပတ္စတာနက္ တို႔နဲ႔ပြဲစဥ္ေတြမွာလဲ သူဟာ အိမ္ရွင္ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ ရရွိခဲ့သလို၊ ျမန္မာ ျပည္သူေတြအၾကားမွာ ထင္ရွားေၾကာ္ၾကားတဲ့သူတစ္ဦး ျဖစ္လာခဲ့ပါတယ္။

” က်ေနာ္ ဒီလိုအေနအထားေတြ လိုခ်င္လို႔၊ ဒီလိုေက်ာ္ၾကားမႈေတြကို လုိခ်င္လို႔ ၾကိဳးစားခဲ့မဟုတ္ပါဘူး။ က်ေနာ့္ ရင္ထဲမွာကိုက ဒီကစားနည္းကို ခ်စ္ျမတ္ႏိုးလြန္းလို႔ ဒီလိုျဖစ္ေအာင္ ၾကိဳးစားခဲ့တာပါ” လို႔ ေအာင္လက ရွင္းျပသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ မတ္လမွာေတာ့ ေအာင္လအန္ဆိုင္းဟာ သူ႔ရဲ႕ 2014 NAGA ေရႊတံဆိပ္ဆုအပါအ၀င္၊ One Championship လက္မွတ္ပါ၀င္တဲ့ လက္အိတ္တစ္စံု နဲ႔ အျခား ဆက္စပ္ပစၥည္းေတြကို ေလလံတင္ေရာင္းခ်ခဲ့ျပီး၊ အဲဒီကေန ရရွိလာတဲ့ ေဒၚလာ 6000 ကို ကခ်င္က စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ Shining N-Bat လူမႈကူညီေရး အဖြဲ႕အစည္းထံ လွဴဒါန္းခဲ့ပါတယ္။

ဇြန္လမွာေတာ့ ေအာင္လအန္ဆိုင္းဟာ ONE Middleweight တန္းမွာ ရႈံးပြဲလံုုး၀မရွိပဲ ကမၻာ့ခ်န္ပီယံဆု ရရွိထားတဲ့ ရွရွားႏိုင္ငံသား ဗစ္ဒက္ရွ္ကို ရန္ကုန္ပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္မွာ မေက်ပြဲ ျပန္လည္စိန္ေခၚ ထိုးသတ္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာေတာ့ ေအာင္လဟာ ပထမအခ်ီမွာပဲ ပြဲသိမ္းလုနီးပါးအထိ အသားစီးထိုးသတ္ႏိုင္ခဲ့ေသာ္လဲ ဗစ္ဒက္က လြယ္လြယ္နဲ႔ေတာ့ အရႈံးမေပးခဲ့ပါဘူး။ ကစားသမား ႏွစ္ဦးစလံုးဟာ ကိုယ္ပိုင္ ဗ်ဴဟာေတြနဲ႔ ဆက္လက္ယွဥ္ျပိဳင္ခဲ့ၾကျပီး၊ ေအာင္လရဲ႕ ျပင္းထန္တဲ့ လက္သီးထိုးခ်က္၊ ကန္ခ်က္ေတြနဲ႔ ခႏဓါကိုယ္ ေအာက္ပိုင္း ၾကံ့ခိုင္ေတာင္းတင္းမႈေတြက ဒီပြဲရဲ႕ အႏိုင္ရလာဒ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ကို ဦးတည္ေစခဲ့တာပါ။ ေနာက္ဆံုးမွာေတာ့ ေအာင္လအန္ဆိုင္းဟာ သူေမွ်ာ္လင့္ေတာင့္တေနတဲ့ (အႏွစ္ႏွစ္ အလလက အိပ္မက္မက္ခဲ့တဲ့) ONE Middleweight World Champion ဆုၾကီးကို ခ်ီးျမွင့္ျ့ခင္း ခံခဲ့ရပါတယ္။

အဲဒီအခိုက္အတန္႔မွာေတာ့ ေအာင္လက ” ဒါ တကယ္ျဖစ္ေနတယ္ဆိုတာေတာင္ မယံုႏိုင္ေသးပါဘူး၊ က်ေနာ့္ဘ၀ တစ္ေလွ်ာက္လံုး ၾကိဳးစားေနခဲ့တာ ဒီအခိုက္အတန္႔မ်ိဳးေတြအတြက္ပါ။ အခုေတာ့ က်ေနာ့္ရဲ႕ အိမ္ရွင္ပရိသတ္ေတြရဲ႕ ေရွ႕မွာ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါျပီ။ အရမ္းအံ့ၾသဖို႔ ေကာင္းသလို၊ ေပ်ာ္စရာလဲ ေကာင္းတယ္ဗ်ာ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ဆက္လက္ျပီးသူက ” က်ေနာ့္ ကစားသမားဘ၀ အစက အရမ္းရွက္ဖို႔ေကာင္းပါတယ္၊ ျမန္မာျပည္က ျမိဳ႕ေလးတစ္ျမိဳ႕ကေန အခုလို ကမၻာ့ခ်န္ပီယံ တစ္ေယာက္ ျဖစ္လာတာ မယံုၾကည္ႏိုင္ေလာက္ေအာင္ပါပဲ။ ဒီကမၻာ့ခ်န္ပီယံဆုနဲ႔အတူ က်ေနာ့္ ျမိဳ႕က၊ က်ေနာ့္ႏုိင္ငံကလူေတြကို စိတ္ဓါတ္ခြန္အားသစ္ေတြ ေမြးဖြားေပးႏိုင္မွာပါ။ ကိုယ့္ ျဖစ္ခ်င္တာတစ္ခုကို စိတ္ေရာကိုယ္ပါႏွစ္ထားျပီး၊ ၾကိဳးစားအလုပ္လုပ္မယ္ဆိုရင္ ထိပ္ဆံုးအဆင့္ထိေရာက္ရွိႏိုင္တယ္ဆိုတာ သူတို႔ကိုယ္တိုင္ ျမင္ေတြ႔ခြင့္ရသြားျပီေလ။ ဒါဟာ လူတိုင္းကို ခြန္အားသစ္ေတြ ေမြးဖြားေပးႏိုင္မွာပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ေအာင္ျမင္မႈေတြ ဆက္လက္ရယူႏိုင္ပါေစ။

ရရွိုျပီးသား ေအာင္ျမင္မႈေတြလဲ ဆက္လက္ထိန္းထားႏိုင္ပါေစ ေအာင္လအန္ဆိုင္းေရ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
MMA ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆိုင်းဟာ မြစ်ကြီးနား ဇာတိဖွားဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ သူ့ရဲ့ညီအစ်ကို မောင်နှမတွေ အင်တာနေရှင်နယ်ကျောင်းမှာ တက်ရောက်နိုင်ဖို့အတွက် ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အောင်လဟာ ငယ်စဉ်ကတည်းက အားကစားဘက်မှာ ဝါသနာကြီးခဲ့သလို၊ ပြိုင်ပွဲမျိုးစုံမှာလဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သူက ” ကျနော်ငယ်ငယ်က ဘောလုံး၊ ဘောလီဘော၊ ဘတ်စကက်ဘောတို့ဆိုရင် ကစားတိုင်းကို ရှုံးခဲ့တာပါ။ ပြောရရင် ကျနော် ကစားတိုင်း အရှုံးချည်းပဲ ဆိုပါတော့ဗျာ။ ခဏခဏဆိုတော့လဲ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

အခုချိန် ပြန်တွေးကြည့်တော့ အဲဒီတုန်းက ရှုံးခဲ့ရတဲ့ အကြောင်းအရာတွေက နည်းပြတွေကြောင့်ပဲလို့ ထင်ပါတယ်။ ကျနော်တို့ဆီက နည်းပြတွေက ဘယ်ဟာက ကိုယ့်ရဲ့ အားသာတဲ့အချက်တွေလဲ၊ အခြေအနေတွေက ဘယ်လိုလဲဆိုတာ သုံးသပ်မှု အားနည်းလွန်းကြပါတယ်။ ပြောရရင် မြန်မာပြည်က နည်းပြတဲ့ပုံစံနဲ့ အခြားနိုင်ငံတွေက နည်းပြတွေရဲ့ ချဉ်းကပ်တဲ့ ပုံစံတွေက အတော်ကြီးကို ကွာခြားလွန်းလှပါတယ်။ ကျနော့်အနာဂတ်မှာတော့ အဲဒီကွာဟနေမှုကို အကောင်းဆုံး ဆက်စပ်နိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အောင်လအန်ဆိုင်းဟာ အခြေခံပညာ အတန်းတွေကို ပြီးဆုံးချိန်မှာတော့ အမေရိကားမှာ ပညာဆက်လက်လေ့လာဆည်းပူးဖို့ စီစဉ်ခဲ့သလို၊ တစ်နေ့နေ့မှာတော့ မြန်မာပြည် ပြန်လည် အလုပ်အကျွေးပြုမယ်ဆိုပြီး အိပ်မက် မက်ထားခဲ့သူပါ။ 2003 ခုနှစ်မှာတော့ သူဟာ Andrews University မှာ စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်တွေ လေ့လာဖို့အတွက် မြန်မာပြည်ကို စွန့်ခွာခဲ့ပါတယ်။ တက္ကသိုလ်ရောက်ပြီး တစ်နှစ်အကြာမှာတော့ သူဟာ တက္ကသိုလ်က Gym မှာ ခြေထောက်ကန်နည်းတွေ၊ လက်သီးထိုးနည်းတွေ အပြင်းအထန် လေ့ကျင့်နေခဲ့တဲ့ ဆာမိုအန်နဲ့ တွေ့ဆုံခဲ့ပြီး၊ အဲဒီကစားနည်းမှာ စတင် စိတ်ဝင်စားလာခဲ့ပါတယ်။

” ဆာမိုအန်က အင်ဒီယားနားမှာရှိတဲ့ Gracie affiliate ဆီ ကျနော့်ကို ခေါ်သွားခဲ့တာဗျ။ အဲဒီနေရာက ကျနော့်တက္ကသိုလ်ကနေ သွားရင် 45 မီးနစ်လောက်တော့ ကြာပါတယ်။ ကျနော် ဘရာဇီး jiu-jitsu ကစားနည်းကို စပြီး လေ့ကျင့်ခဲ့တာ အဲဒီနေရာမှာ ဖြစ်သလို၊ Martial Arts ရော၊ jiu-jitsu ကိုပါ တစ်ခါတည်းစွဲသွားခဲ့ရတာပါ” လို့ အောင်လက သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အကြောင်းတွေကို ပြောပြသွားခဲ့တာပါ။

2005 ခုနှစ် မေလမှာတော့ အောင်လဟာ သူ့ရဲ့ ပရိုလက်ဝှေ့ကစားသမား ပထမဆုံးပွဲကို သူ့ထက် ခန္ဓာကိုယ် အများကြီးပိုကြီးတဲ့ အီမာဆင် ရှပ်ရှင်းနဲ့ စတင်ထိုးသတ်ခဲ့ပါတယ်။ ပထမ အချီရဲ့ 2.24 စက္ကန့်မှာပဲ သူ့ရဲ့မေးရိုးတွေ ဖုရောင်လွန်းနေတာကြောင့် ဆရာဝန်က ဆက်လက်ထိုးသတ်ခွင့်မပေးတော့ပဲ ပွဲကို အရှုံးပေးစေခဲ့ပါတယ်။ သို့သော်လဲ အောင်လကတော့ အဲဒီအရှုံးနဲ့ ပတ်သက်ပြီး ” အဲဒီပွဲကပဲ ကျနော့်ကို Martial Arts လောက်ထဲကို ဆက်လျှောက်စေခဲ့တာပါ။ ထိုးသတ်ရတာ စိတ်လှုပ်ရှားဖို့ကောင်းသလို၊ ရင်ဖိုဖို့လဲ သိပ်ကိုကောင်းလွန်းခဲ့ပါတယ်။ ကျနော့် ရင်ထဲမှာ အဲဒီခံစားချက်တွေကို စွဲသွားခဲ့တာဗျ။ ဒါကြောင့်မို့ လေ့ကျင့်ခန်းတွေကို ဆက်ပြီး အပြီးအထန်လုပ်ခဲ့သလို၊ ပိုပြီးတော့လဲ ကစားပုံက ကောင်းလာခဲ့ပါတယ်။ သိပ်မကြာပါဘူး သူတို့ကနောက်တစ်ပွဲထိုးမလားလို့မေးတော့ နှစ်ခါပြန်တောင် မစဉ်းစားခဲ့ပါဘူး” လို့ သူ့ရဲ့ကစားသမားဘဝအခက်အခဲတွေကို ရှင်းပြခဲ့ပါတယ်။

အဲနောက်မှာတော့ အောင်လဟာ မစ်ဒယ်ဝိန်းတန်းကနေ စတင်ပြန်လည်ထိုးသတ်ခဲ့ပြီး 5 ပွဲဆက်တိုက် နိုင်ပွဲတွေရရှိခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ သူဟာ သူ့ရဲ့တက္ကသိုလ်ပညာတွေကို၊ ကောလိပ်နားက မွေးမြူရေးခြံတစ်ခြံမှာ အလုပ်လုပ်ရင်း ဆက်လက်လေ့လာနေခဲ့ပါတယ်။ 2007 ခုနှစ်မှာ အောင်လအန်ဆိုင်းဟာ ဘွဲ့ရခဲ့ပြီး၊ သူ့အစ်မနဲ့ နီးတဲ့ Columbia, Maryland ကိုပြောင်းရွှေ့ခဲ့ကာ၊ ဘွဲ့ပညာနဲ့ သက်ဆိုင်တဲ့ အလုပ်တစ်ခုရှာဖွေခဲ့ပါတယ်။ သို့သော်လဲ အလုပ်မရခင်မှာပဲ Crazy 88 MMA လို့ အမည်ရတဲ့ ကလပ်ကို တွေ့ရှိသွားခဲ့က အဲဒီမှာပဲ ကိုယ်ခံပညာတွေကို ဆက်လက် လေ့ကျင့်နေခဲ့ပါတယ်။ နောက် 2 လ အကြာမှာတော့ သူဟာ ပျားလုပ်သား အလုပ်ကို လုပ်ကိုင်ဖို့ ဖလော်ရီဒါကို ထပ်မံပြောင်းရွှေ့သွားခဲ့ပြန်ပါတယ်။

ပျားလုပ်ငန်းမှာ တစ်နှစ်ခွဲအကြာ ကျင်လည်ခဲ့ပြီးနောက် အလုပ်မှာ ပျော်မွေ့ခြင်းမရှိပဲဖြစ်နေတဲ့ အောင်လဟာ သူ့ဘဝရဲ့အလှည့်အပြောင်းဖြစ်စေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ ပုံမှန်ဝင်ငွေ ရရှိနေတဲ့ အလုပ်တစ်ခုကနေ အပြီးအပိုင် နှုတ်ထွက်ပြီး၊ သူ ဝါသနာပါရာ Martial Arts ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဖြစ်ချင်နေတဲ့ သူ့ရဲ့အိပ်မက်ကို ဆက်လက်အကောင်ထည်ဖော်ဖို့ အပြီးအပိုင် ဆုံးဖြတ်ချက် ချလိုက်တာပဲ ဖြစ်ပါတယ်။

တဖြေးဖြေးနဲ့ အတွေ့အကြုံတွေ ရင့်ကျက်လာတဲ့ အောင်လအန်ဆိုင်းဟာ 2014 ခုနှစ်မှာတော့ One Championship ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးပြိုင်ဘက် 4 လေးယောက်ကို အနိုင်ယူပြခဲ့ပါတယ်။ 2016 ခုနှစ်၊ ရန်ကုန်မှာ ထိုးသတ်ခဲ့တဲ့ မိုဟာမက်အလီ၊ မိုက်ကယ် ပတ်စတာနက် တို့နဲ့ပွဲစဉ်တွေမှာလဲ သူဟာ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့သလို၊ မြန်မာ ပြည်သူတွေအကြားမှာ ထင်ရှားကြော်ကြားတဲ့သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

” ကျနော် ဒီလိုအနေအထားတွေ လိုချင်လို့၊ ဒီလိုကျော်ကြားမှုတွေကို လိုချင်လို့ ကြိုးစားခဲ့မဟုတ်ပါဘူး။ ကျနော့် ရင်ထဲမှာကိုက ဒီကစားနည်းကို ချစ်မြတ်နိုးလွန်းလို့ ဒီလိုဖြစ်အောင် ကြိုးစားခဲ့တာပါ” လို့ အောင်လက ရှင်းပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာတော့ အောင်လအန်ဆိုင်းဟာ သူ့ရဲ့ 2014 NAGA ရွှေတံဆိပ်ဆုအပါအဝင်၊ One Championship လက်မှတ်ပါဝင်တဲ့ လက်အိတ်တစ်စုံ နဲ့ အခြား ဆက်စပ်ပစ္စည်းတွေကို လေလံတင်ရောင်းချခဲ့ပြီး၊ အဲဒီကနေ ရရှိလာတဲ့ ဒေါ်လာ 6000 ကို ကချင်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Shining N-Bat လူမှုကူညီရေး အဖွဲ့အစည်းထံ လှူဒါန်းခဲ့ပါတယ်။

ဇွန်လမှာတော့ အောင်လအန်ဆိုင်းဟာ ONE Middleweight တန်းမှာ ရှုံးပွဲလုံုးဝမရှိပဲ ကမ္ဘာ့ချန်ပီယံဆု ရရှိထားတဲ့ ရှရှားနိုင်ငံသား ဗစ်ဒက်ရှ်ကို ရန်ကုန်ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ မကျေပွဲ ပြန်လည်စိန်ခေါ် ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာတော့ အောင်လဟာ ပထမအချီမှာပဲ ပွဲသိမ်းလုနီးပါးအထိ အသားစီးထိုးသတ်နိုင်ခဲ့သော်လဲ ဗစ်ဒက်က လွယ်လွယ်နဲ့တော့ အရှုံးမပေးခဲ့ပါဘူး။ ကစားသမား နှစ်ဦးစလုံးဟာ ကိုယ်ပိုင် ဗျူဟာတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အောင်လရဲ့ ပြင်းထန်တဲ့ လက်သီးထိုးချက်၊ ကန်ချက်တွေနဲ့ ခနဓါကိုယ် အောက်ပိုင်း ကြံ့ခိုင်တောင်းတင်းမှုတွေက ဒီပွဲရဲ့ အနိုင်ရလာဒ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဦးတည်စေခဲ့တာပါ။ နောက်ဆုံးမှာတော့ အောင်လအန်ဆိုင်းဟာ သူမျှော်လင့်တောင့်တနေတဲ့ (အနှစ်နှစ် အလလက အိပ်မက်မက်ခဲ့တဲ့) ONE Middleweight World Champion ဆုကြီးကို ချီးမြှင့်ြ့ခင်း ခံခဲ့ရပါတယ်။

အဲဒီအခိုက်အတန့်မှာတော့ အောင်လက ” ဒါ တကယ်ဖြစ်နေတယ်ဆိုတာတောင် မယုံနိုင်သေးပါဘူး၊ ကျနော့်ဘ၀ တစ်လျှောက်လုံး ကြိုးစားနေခဲ့တာ ဒီအခိုက်အတန့်မျိုးတွေအတွက်ပါ။ အခုတော့ ကျနော့်ရဲ့ အိမ်ရှင်ပရိသတ်တွေရဲ့ ရှေ့မှာ စွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။ အရမ်းအံ့သြဖို့ ကောင်းသလို၊ ပျော်စရာလဲ ကောင်းတယ်ဗျာ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ဆက်လက်ပြီးသူက ” ကျနော့် ကစားသမားဘ၀ အစက အရမ်းရှက်ဖို့ကောင်းပါတယ်၊ မြန်မာပြည်က မြို့လေးတစ်မြို့ကနေ အခုလို ကမ္ဘာ့ချန်ပီယံ တစ်ယောက် ဖြစ်လာတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီကမ္ဘာ့ချန်ပီယံဆုနဲ့အတူ ကျနော့် မြို့က၊ ကျနော့်နိုင်ငံကလူတွေကို စိတ်ဓါတ်ခွန်အားသစ်တွေ မွေးဖွားပေးနိုင်မှာပါ။ ကိုယ့် ဖြစ်ချင်တာတစ်ခုကို စိတ်ရောကိုယ်ပါနှစ်ထားပြီး၊ ကြိုးစားအလုပ်လုပ်မယ်ဆိုရင် ထိပ်ဆုံးအဆင့်ထိရောက်ရှိနိုင်တယ်ဆိုတာ သူတို့ကိုယ်တိုင် မြင်တွေ့ခွင့်ရသွားပြီလေ။ ဒါဟာ လူတိုင်းကို ခွန်အားသစ်တွေ မွေးဖွားပေးနိုင်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ပါစေ။

ရရှိုပြီးသား အောင်မြင်မှုတွေလဲ ဆက်လက်ထိန်းထားနိုင်ပါစေ အောင်လအန်ဆိုင်းရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top