န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

သားမယားအျဖစ္ အဓမၼျပဳက်င့္ၿပီး ေငြႏွင့္ေရႊထည္မ်ား ယူေဆာင္သြားသူအား အမွုဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိ
ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ရိွ ေဆာက္လက္စ အေဆာက္အဦ (၈)ထပ္တိုက္ ပထမထပ္မွာ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ခန္ ့က အသက္(၃၀)ႏွစ္ခန႔္ အမည္ မသိအမ်ိဳးသားတစ္ဦး ေရာက္ရွိလာကာ အသက္ ၅၅ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးအား ေငြႏွင့္ေရႊထည္ပစၥည္း ျခိမ္းေျခာက္ေတာင္းယူျပီး ေနာက္ ပုဆိုးပိုင္းျဖင့္ တုပ္ခ်ည္ၿပီး ပါးစပ္အတြင္းသို႔ လုံခ်ည္အပိုင္းအစျဖင့္ ပိတ္ကာ သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရပါသည္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ေဒၚ×××(၅၅)ႏွစ္သည္ ေဆာက္လက္စအေဆာက္အဦ (၈)ထပ္တိုက္ ပထမထပ္ တြင္ ရွိေနၿပီး သားျဖစ္သူပါ အလုပ္သမား(၃)ဦးသည္ (၆)လႊာတြင္ အုတ္စီအေခ်ာသတ္လုပ္ငန္း ေဆာင္ရြက္ေနေၾကာင္း၊

၎မွ ပထမထပ္တြင္ အဝတ္မ်ားေခါက္ေနစဥ္ အသက္(၃၀)ႏွစ္ခန႔္ အမည္ မသိအမ်ိဳးသားတစ္ဦး ေရာက္ရွိလာကာ အလုပ္လာရွာျခင္းျဖစ္ေၾကာင္းေျပာသျဖင့္ စကားေျပာေနခဲ့ရာ ႏွစ္မိနစ္ခန႔္အၾကာတြင္ အဆိုပါအမ်ိဳးသားမွ ေဒၚ×××အား ပိုက္ဆံထုတ္ေပးရန္ႏွင့္ မေပးပါက မုဒိမ္းက်င့္မယ္၊ ေထာင္ကထြက္လာတာဟု ေျပာသျဖင့္ ေၾကာက္လန႔္ၿပီး ေငြက်ပ္(၂၀၀,၀၀၀)အား ထုတ္ေပးခဲ့ေသာ္လည္း နားကပ္အားထပ္မံေတာင္းသျဖင့္ ေက်ာက္ျဖဴခ်ယ္ နားကပ္တစ္ရံအား ထပ္မံေပးခဲ့ေၾကာင္း၊

ထို႔ေနာက္ အဆိုပါအမ်ိဳးသားမွ ေဒၚ××× ၏သားဝတ္ဆင္သည့္ လုံခ်ည္အား ျဖဲကာ အနီးရွိတိုင္တြင္ ပုဆိုးပိုင္းျဖင့္တုပ္ခ်ည္ၿပီး ပါးစပ္အတြင္းသို႔ လုံခ်ည္အပိုင္းအစျဖင့္ပိတ္ကာ သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ေသာေၾကာင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ အမည္မသိ အမ်ိဳးသား (စိစစ္ဆဲ) အား ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္း(ပ)၆၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၈၄ ျဖင့္ အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္
# Unicode Version ဖြင့်ဖတ်ရန် #
သားမယားအဖြစ် အဓမ္မပြုကျင့်ပြီး ငွေနှင့်ရွှေထည်များ ယူဆောင်သွားသူအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဆောက်လက်စ အဆောက်အဦ (၈)ထပ်တိုက် ပထမထပ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အသက်(၃၀)နှစ်ခန့် အမည် မသိအမျိုးသားတစ်ဦး ရောက်ရှိလာကာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ငွေနှင့်ရွှေထည်ပစ္စည်း ခြိမ်းခြောက်တောင်းယူပြီး နောက် ပုဆိုးပိုင်းဖြင့် တုပ်ချည်ပြီး ပါးစပ်အတွင်းသို့ လုံချည်အပိုင်းအစဖြင့် ပိတ်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါ်×××(၅၅)နှစ်သည် ဆောက်လက်စအဆောက်အဦ (၈)ထပ်တိုက် ပထမထပ် တွင် ရှိနေပြီး သားဖြစ်သူပါ အလုပ်သမား(၃)ဦးသည် (၆)လွှာတွင် အုတ်စီအချောသတ်လုပ်ငန်း ဆောင်ရွက်နေကြောင်း၊

၎င်းမှ ပထမထပ်တွင် အဝတ်များခေါက်နေစဉ် အသက်(၃၀)နှစ်ခန့် အမည် မသိအမျိုးသားတစ်ဦး ရောက်ရှိလာကာ အလုပ်လာရှာခြင်းဖြစ်ကြောင်းပြောသဖြင့် စကားပြောနေခဲ့ရာ နှစ်မိနစ်ခန့်အကြာတွင် အဆိုပါအမျိုးသားမှ ဒေါ်×××အား ပိုက်ဆံထုတ်ပေးရန်နှင့် မပေးပါက မုဒိမ်းကျင့်မယ်၊ ထောင်ကထွက်လာတာဟု ပြောသဖြင့် ကြောက်လန့်ပြီး ငွေကျပ်(၂၀၀,၀၀၀)အား ထုတ်ပေးခဲ့သော်လည်း နားကပ်အားထပ်မံတောင်းသဖြင့် ကျောက်ဖြူချယ် နားကပ်တစ်ရံအား ထပ်မံပေးခဲ့ကြောင်း၊

ထို့နောက် အဆိုပါအမျိုးသားမှ ဒေါ်××× ၏သားဝတ်ဆင်သည့် လုံချည်အား ဖြဲကာ အနီးရှိတိုင်တွင် ပုဆိုးပိုင်းဖြင့်တုပ်ချည်ပြီး ပါးစပ်အတွင်းသို့ လုံချည်အပိုင်းအစဖြင့်ပိတ်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ အမည်မသိ အမျိုးသား (စိစစ်ဆဲ) အား ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၈၄ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top