×

သူငယ္ခ်င္းရယ္ ငါဒီမွာေနရတာမေပ်ာ္ဘူး။ ငါ႔ရဲ႔အိမ္ရွင္မက အရမ္းနွိပ္စက္တယ္။ေန႔စဥ္နွိပ္စက္ခံရတယ္။ အမွိုက္သြန္ခိုင္းလို႔ ေအာက္မွာသြားသြန္ရင္ေတာင္မွ အေပၚကေန မ်က္ေျခမျပတ္ၾကည့္ေနတာ။
ဘဝတူကိုယ္႔နိုင္ငံသူ သူငယ္ခ်င္းက ေပးလိုက္တဲ႔စာ။ သူ႔အိမ္ရွင္မ မသိေအာင္ ခိုးေျကာင္ခိုးဝွက္ ေပးလိုက္တဲ့စာ။ စာဖတ္အျပီး စိတ္မေကာင္းျဖစ္မိတယ္။ သူ႔ကိုကယ္ခ်င္တယ္။ ဘဝတူခ်င္းအတူတူ ကိုယ္ကမွကံေကာင္းေသး။ ကိုယ္႔အိမ္ရွင္က ဆိုးတဲ႔ထဲမပါ။ အတန္အသင္႔ သေဘာေကာင္းေတာ႔ ကိုယ္အတြက္ကေတာ့ အဆင္ေျပပါတယ္။ အိမ္နီးနားခ်င္း ဘဝတူကိုယ္႔နိုင္ငံသားခ်င္း ေတြ႔တဲ႔အခါ တစ္ေယာက္နဲ႔တစ္ေယာက္စကားေျပာရရင္ သိပ္ေပ်ာ္တာ။ ဒါေပမဲ႔ ဒီသူငယ္ခ်င္းက ကိုယ္႔ကိုမသိမသာျပံုးျပရံုကလြဲလို႔ ဒီထက္ပိုတဲ႔အခြင္႔အေရးမရရွာ။စာေလးသာခိုးခိုးေပးျပီး အခ်င္းခ်င္းရင္ဖြင္႔ရံုသာ။ ခုေတာ့ တတ္နိုင္သေလာက္ ဒီအိမ္ကလြတ္ေအာင္ကယ္မယ္လို႔ ဆံုးျဖတ္လိုက္တယ္။။ သူ႔ဆီျပန္စာေရးလိုက္တယ္။
သူငယ္ခ်င္းေရ တို႔ေတြဖိလစ္ပိုင္သံရံုးကို သြားၾကမယ္။ ငါလိုက္ပို႔ေပးမယ္။ ဟိုက်ရင္ နင္ခံစားရတာ အကုန္သာေျပာ။ ေန႔လည္က် ခိုးျပီးေအာက္ဆင္းလာခဲ႔။ငါေစာင္႔ေနမယ္။
ဒီစာကို သူအမွိုက္လာသြန္တုန္း ေခ်ာင္တစ္ခုထဲက ပုန္းေနျပီး သူ႔အိမ္ရွင္မ မျမင္ေအာင္ လက္ယက္ေခၚျပီး ေပးလိုက္တယ္။ ဆက္ဆက္လာခဲ႔ေနာ္။ ငါေစာင္႔ေနမယ္။ လစ္တာနဲ႔ထြက္လာခဲ႔။
အမေလးရင္တုန္လိုက္တာ။ သူ႔အိမ္ရွင္မ ျမင္မွာစိုးလို႔။ သူ႔ခင္ဗ်ာလည္း ေအးပါဆိုျပီး ေျကာက္ေျကာက္ရြံ႔ရြ႔ံ တုန္တုန္ရီရီနဲ႔ သမင္လည္ျပန္ေလး တစ္ခ်က္လွည္႔ျကည္႔ျပီး ေျပးထြက္သြားလိုက္တာ ခုထိသူ႔ရဲ႔သနားစဖြယ္ မ်က္နွာငယ္ေလးကို ျမင္ေယာင္ေနဆဲပါ။ အဲ႔ဒီမ်က္နွာေလးကို ေနာက္ဆံုးျမင္ရျခင္းဆိုတာကို အဲ႔အခ်ိန္ကမသိခဲ႔ပါ။ သိမ်ားသိခဲ႔ရင္ သူငယ္ခ်င္းရယ္။
အဲ႔ဒီေန႔ကစလို႔ သူ႔ကိုေပ်ာက္ခ်င္းမလွေပ်ာက္သြားတာ နွစ္ခ်ီေနျပီေကာေလ။ သူအိမ္ေျပာင္းသြားတာလား။ ဖိလစ္ပိုင္ကိုပဲ အိမ္ရွင္ေတြက ျပန္ပို႔လိုက္ျကျပီလားမသိ။ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ကိုယ္႔ဆီကိုအက်ိုးအေျကာင္းေလးေတာ႔ အသိေပးေစခ်င္တယ္။ ကိုယ္႔မွာျဖင္႔ အဲ႔ဒီေန႔ကသူကိုေစာင္႔လိုက္ရတာ ဘယ္အခ်ိန္ထြက္လာမလဲတေမ်ွာ္ေမ်ွာ္နဲ႔။ သူကေတာ့ေနနိုင္လိုက္တာ။
အင္းသူ႔ကိုေတာ႔ ခဏခဏအိပ္မက္မက္တယ္။ အိမ္မက္ထဲမွာ တခုခုကိုအကူအညီလာလာေတာင္းတာမ်ိုး။ အရမ္းလဲငိုေနတယ္။ ဒါေပမယ့္ဇေဝဇဝါပဲ။ ခုတေလာ အိပ္မက္ကပိုပိုဆိုးလာတယ္။ ေန႔စဥ္ရက္ဆက္လိုလို မက္ေနတယ္။ စိတ္ထဲမွာတမ်ိုးျကီး ျဖစ္ေနတယ္။ အခန္းတံခါးကို လာလာေခါက္သံေတြလည္း ခဏခဏၾကားေနရတယ္။ မေနနိုင္ေတာ႔ဘူး။ သူအဲ႔ဒီအိမ္ထဲမွာ ရွိေနတယ္။ လာကယ္ေပးပါ သူငယ္ခ်င္း။ ဖိလစ္ပိုင္က မိဘေမာင္နွမေတြဆီ ျပန္ပို႔ေပးပါဆိုျပီး ငိုယိုေတာင္းပန္ျပီး အကူအညီလာေတာင္းေနတယ္။ ဇေဝဇဝါကို မဟုတ္ေတာ႔ဘူး။ အိပ္မက္ကအရွင္းျကီး။ ကိုယ္႔အိမ္ရွင္ဆီခြင္႔ေတာင္းျပီး သံရံုးကိုသြားရွင္းျပျပီး ကူဝိတ္ရဲစခန္းကို အက်ိုးအေျကာင္းေျပာျပျပီး အဲ႔ဒီအိမ္ထဲမွာ သူငယ္ခ်င္းကို ဝင္ရွာေပးဖို႔ အကူအညီေတာင္းခဲ႔တယ္။
ဘုရားေရ သူငယ္ခ်င္းက ေရခဲေသတၱာထဲမွာ လက္ကေလးပိုက္လ်က္ ငုတ္တုတ္ျကီးေသေနတာေလ။ လူေသေကာင္ေရခဲတံုးႀကီး အျဖစ္နဲ႔။ က်ြန္မရုတ္တရက္ မလွုပ္မယွက္ ျကက္ေသေသလို႔။ က်ြန္မအသံကုန္ ေအာ္ငိုပစ္လိုက္တယ္။
အိမ္ရွင္ေတြကို မေတြ႔ရလို႔စံုစမ္းလိုက္ေတာ႔ ကူဝိတ္နိုင္ငံသားေတြမဟုတ္ျကပဲ လက္ဘႏြန္အမ်ိဳးသားနဲ႔ ဆီးရီးယားအမ်ိဳးသမီးလင္မယားတဲ႔။ဒီမွာမေနျကေတာ႔ဘူးတဲ႔။ ဘယ္ေျပာင္းသြားျကလဲဆိုတာ စံုစမ္းေနျကတုန္းပါ။ ကြၽန္မသူငယ္ခ်င္းက္ိုဘာ႔ေျကာင္႔သတ္လဲ မသိေသးပါ။ က်ြန္မအထင္ေတာ႔ က်ြန္မနဲ႔အတူ သံရံုးကိုသြားမည္႔ေန႔က အလစ္ဆိုျပီး အိမ္ေပၚကခိုးဆင္းတာ မိသြားလို႔ သတ္ပစ္လိုက္ျကတယ္ ထင္ပါရဲ႔။ ေဆးစစ္ခ်က္အရ ေသၿပီးတာ နွစ္ခ်ီေနျပီလို႔ဆိုတာကိုး။ အဲ႔ေန႔ကစျပီး သူ႔ကိုမေတြ႔ေတာ႔တာဆိုေတာ႔ အဲ႔ေန႔ကေသတာပဲျဖစ္မွာပါ။ တစ္နွစ္ေက်ာ္ျပီေလ။
ေတာသူေတာင္သား ရိုးရိုးအအ မိဘမ်ားကလည္း သမီးဆီကဆက္အသြယ္မရတာကို လူေပ်ာက္တိုင္ဖို႔မ်ား မစဥ္းစားမိျကတာ အံ႔ပါရဲ႔။ခုမွ Facebook ကေန ဓါတ္ပံုနွင္႔တကြသတင္းကိုျမင္ေတာ႔မွ သူတို႔သမီးအျဖစ္ကိုသိျကသတဲ႔။ သူငယ္ခ်င္းရယ္ ဆိုးလိုက္တဲ႔အျဖစ္။ ၅ လတာ ေန႔စဉ္နဲ႔အမၽႇ နွိပ္စက္ျခင္းကို အေသခံခဲ႔ရတဲ႔ မင္းဘဝ ျငိမ္းခ်မ္းတဲ႔ေနရာမွာအနားယူနိုင္ပါေစ။မင္းျဖစ္ေစခ်င္တာကို ျဖစ္ေအာင္ကူညီနိုင္ခဲ႔တာ ေက်နပ္တယ္ သူငယ္ခ်င္း။
ကူဝိတ္ႏိုင္ငံမွ ဖိလစ္ပိုင္အိမ္ေဖာ္မေလးကိုသတ္ျပီး ေရခဲေသတၱာထဲမွာနွစ္နဲ႔ခ်ီျပီး ထည္႔ထားခံခဲ႔ရတာကို ဘဝတူသူငယ္ခ်င္းမွ ေျပာျပခ်က္မ်ားကို က်ြန္မရဲ႔လုပ္ေဖာ္ကိုင္ဖက္ ဖိလစ္ပိုင္သူမွ ျပန္ေျပာျပျခင္း ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
သူငယ်ချင်းရယ် ငါဒီမှာနေရတာမပျော်ဘူး။ ငါ့ရဲ့အိမ်ရှင်မက အရမ်းနှိပ်စက်တယ်။နေ့စဉ်နှိပ်စက်ခံရတယ်။ အမှိုက်သွန်ခိုင်းလို့ အောက်မှာသွားသွန်ရင်တောင်မှ အပေါ်ကနေ မျက်ခြေမပြတ်ကြည့်နေတာ။
ဘဝတူကိုယ့်နိုင်ငံသူ သူငယ်ချင်းက ပေးလိုက်တဲ့စာ။ သူ့အိမ်ရှင်မ မသိအောင် ခိုးကြောင်ခိုးဝှက် ပေးလိုက်တဲ့စာ။ စာဖတ်အပြီး စိတ်မကောင်းဖြစ်မိတယ်။ သူ့ကိုကယ်ချင်တယ်။ ဘဝတူချင်းအတူတူ ကိုယ်ကမှကံကောင်းသေး။ ကိုယ့်အိမ်ရှင်က ဆိုးတဲ့ထဲမပါ။ အတန်အသင့် သဘောကောင်းတော့ ကိုယ်အတွက်ကတော့ အဆင်ပြေပါတယ်။ အိမ်နီးနားချင်း ဘဝတူကိုယ့်နိုင်ငံသားချင်း တွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်စကားပြောရရင် သိပ်ပျော်တာ။ ဒါပေမဲ့ ဒီသူငယ်ချင်းက ကိုယ့်ကိုမသိမသာပြုံးပြရုံကလွဲလို့ ဒီထက်ပိုတဲ့အခွင့်အရေးမရရှာ။စာလေးသာခိုးခိုးပေးပြီး အချင်းချင်းရင်ဖွင့်ရုံသာ။ ခုတော့ တတ်နိုင်သလောက် ဒီအိမ်ကလွတ်အောင်ကယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။။ သူ့ဆီပြန်စာရေးလိုက်တယ်။
သူငယ်ချင်းရေ တို့တွေဖိလစ်ပိုင်သံရုံးကို သွားကြမယ်။ ငါလိုက်ပို့ပေးမယ်။ ဟိုကျရင် နင်ခံစားရတာ အကုန်သာပြော။ နေ့လည်ကျ ခိုးပြီးအောက်ဆင်းလာခဲ့။ငါစောင့်နေမယ်။
ဒီစာကို သူအမှိုက်လာသွန်တုန်း ချောင်တစ်ခုထဲက ပုန်းနေပြီး သူ့အိမ်ရှင်မ မမြင်အောင် လက်ယက်ခေါ်ပြီး ပေးလိုက်တယ်။ ဆက်ဆက်လာခဲ့နော်။ ငါစောင့်နေမယ်။ လစ်တာနဲ့ထွက်လာခဲ့။
အမလေးရင်တုန်လိုက်တာ။ သူ့အိမ်ရှင်မ မြင်မှာစိုးလို့။ သူ့ခင်ဗျာလည်း အေးပါဆိုပြီး ကြောက်ကြောက်ရွံ့ရွံ့ တုန်တုန်ရီရီနဲ့ သမင်လည်ပြန်လေး တစ်ချက်လှည့်ကြည့်ပြီး ပြေးထွက်သွားလိုက်တာ ခုထိသူ့ရဲ့သနားစဖွယ် မျက်နှာငယ်လေးကို မြင်ယောင်နေဆဲပါ။ အဲ့ဒီမျက်နှာလေးကို နောက်ဆုံးမြင်ရခြင်းဆိုတာကို အဲ့အချိန်ကမသိခဲ့ပါ။ သိများသိခဲ့ရင် သူငယ်ချင်းရယ်။
အဲ့ဒီနေ့ကစလို့ သူ့ကိုပျောက်ချင်းမလှပျောက်သွားတာ နှစ်ချီနေပြီကောလေ။ သူအိမ်ပြောင်းသွားတာလား။ ဖိလစ်ပိုင်ကိုပဲ အိမ်ရှင်တွေက ပြန်ပို့လိုက်ကြပြီလားမသိ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်ဆီကိုအကျိုးအကြောင်းလေးတော့ အသိပေးစေချင်တယ်။ ကိုယ့်မှာဖြင့် အဲ့ဒီနေ့ကသူကိုစောင့်လိုက်ရတာ ဘယ်အချိန်ထွက်လာမလဲတမျှော်မျှော်နဲ့။ သူကတော့နေနိုင်လိုက်တာ။
အင်းသူ့ကိုတော့ ခဏခဏအိပ်မက်မက်တယ်။ အိမ်မက်ထဲမှာ တခုခုကိုအကူအညီလာလာတောင်းတာမျိုး။ အရမ်းလဲငိုနေတယ်။ ဒါပေမယ့်ဇဝေဇဝါပဲ။ ခုတလော အိပ်မက်ကပိုပိုဆိုးလာတယ်။ နေ့စဉ်ရက်ဆက်လိုလို မက်နေတယ်။ စိတ်ထဲမှာတမျိုးကြီး ဖြစ်နေတယ်။ အခန်းတံခါးကို လာလာခေါက်သံတွေလည်း ခဏခဏကြားနေရတယ်။ မနေနိုင်တော့ဘူး။ သူအဲ့ဒီအိမ်ထဲမှာ ရှိနေတယ်။ လာကယ်ပေးပါ သူငယ်ချင်း။ ဖိလစ်ပိုင်က မိဘမောင်နှမတွေဆီ ပြန်ပို့ပေးပါဆိုပြီး ငိုယိုတောင်းပန်ပြီး အကူအညီလာတောင်းနေတယ်။ ဇဝေဇဝါကို မဟုတ်တော့ဘူး။ အိပ်မက်ကအရှင်းကြီး။ ကိုယ့်အိမ်ရှင်ဆီခွင့်တောင်းပြီး သံရုံးကိုသွားရှင်းပြပြီး ကူဝိတ်ရဲစခန်းကို အကျိုးအကြောင်းပြောပြပြီး အဲ့ဒီအိမ်ထဲမှာ သူငယ်ချင်းကို ဝင်ရှာပေးဖို့ အကူအညီတောင်းခဲ့တယ်။
ဘုရားရေ သူငယ်ချင်းက ရေခဲသေတ္တာထဲမှာ လက်ကလေးပိုက်လျက် ငုတ်တုတ်ကြီးသေနေတာလေ။ လူသေကောင်ရေခဲတုံးကြီး အဖြစ်နဲ့။ ကျွန်မရုတ်တရက် မလှုပ်မယှက် ကြက်သေသေလို့။ ကျွန်မအသံကုန် အော်ငိုပစ်လိုက်တယ်။
အိမ်ရှင်တွေကို မတွေ့ရလို့စုံစမ်းလိုက်တော့ ကူဝိတ်နိုင်ငံသားတွေမဟုတ်ကြပဲ လက်ဘနွန်အမျိုးသားနဲ့ ဆီးရီးယားအမျိုးသမီးလင်မယားတဲ့။ဒီမှာမနေကြတော့ဘူးတဲ့။ ဘယ်ပြောင်းသွားကြလဲဆိုတာ စုံစမ်းနေကြတုန်းပါ။ ကျွန်မသူငယ်ချင်းကိုဘာ့ကြောင့်သတ်လဲ မသိသေးပါ။ ကျွန်မအထင်တော့ ကျွန်မနဲ့အတူ သံရုံးကိုသွားမည့်နေ့က အလစ်ဆိုပြီး အိမ်ပေါ်ကခိုးဆင်းတာ မိသွားလို့ သတ်ပစ်လိုက်ကြတယ် ထင်ပါရဲ့။ ဆေးစစ်ချက်အရ သေပြီးတာ နှစ်ချီနေပြီလို့ဆိုတာကိုး။ အဲ့နေ့ကစပြီး သူ့ကိုမတွေ့တော့တာဆိုတော့ အဲ့နေ့ကသေတာပဲဖြစ်မှာပါ။ တစ်နှစ်ကျော်ပြီလေ။
တောသူတောင်သား ရိုးရိုးအအ မိဘများကလည်း သမီးဆီကဆက်အသွယ်မရတာကို လူပျောက်တိုင်ဖို့များ မစဉ်းစားမိကြတာ အံ့ပါရဲ့။ခုမှ Facebook ကနေ ဓါတ်ပုံနှင့်တကွသတင်းကိုမြင်တော့မှ သူတို့သမီးအဖြစ်ကိုသိကြသတဲ့။ သူငယ်ချင်းရယ် ဆိုးလိုက်တဲ့အဖြစ်။ ၅ လတာ နေ့စဉ်နဲ့အမျှ နှိပ်စက်ခြင်းကို အသေခံခဲ့ရတဲ့ မင်းဘဝ ငြိမ်းချမ်းတဲ့နေရာမှာအနားယူနိုင်ပါစေ။မင်းဖြစ်စေချင်တာကို ဖြစ်အောင်ကူညီနိုင်ခဲ့တာ ကျေနပ်တယ် သူငယ်ချင်း။
ကူဝိတ်နိုင်ငံမှ ဖိလစ်ပိုင်အိမ်ဖော်မလေးကိုသတ်ပြီး ရေခဲသေတ္တာထဲမှာနှစ်နဲ့ချီပြီး ထည့်ထားခံခဲ့ရတာကို ဘဝတူသူငယ်ချင်းမှ ပြောပြချက်များကို ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် ဖိလစ်ပိုင်သူမှ ပြန်ပြောပြခြင်း ဖြစ်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top