ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္တိုင္း ေဒါပုံၿမိဳ႕နယ္ မွ အသက္ ၁၁ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ တစ္ဦးကို အသက္ ၃၉ ႏွစ္အ႐ြယ္အမ်ိဳးသားက မုဒိမ္းက်င့္ရန္ႀကံစည္ခဲ့တယ္လို႔ သိရပါတယ္။ မိန္းကေလးငယ္ ဧ။္ မိဘ မ်ားအိမ္၌မရွိခိုက္တြင္ သမီးျဖစ္သူအား ႀကံစဥ္ခဲ့ျခင္းျဖစ္ပါတယ္။ အႏိုင္က်င့္ေစာ္ကားခံရမႈေတြဟာ လတ္တေလာမွာအျဖစ္မ်ားလာတဲ့အတြက္ မိန္းမသားထုတစ္ရပ္လုံး စိုးရိမ္ေၾကာက္လန္ပမႈေတြ ျဖစ္ပြားေနရပါတယ္။

သမီးျဖစ္သူ အသက္ ၁၁ ႏွစ္႐ြယ္မိန္းကေလး အား အသက္ ၃၉ ႏွစ္အ႐ြယ္ ပန္းရံအလုပ္လုပ္ကိုင္သူ ခ်စ္ၿပဳံးဆိုသူက သူ၏ အိမ္သို႔ေခၚသြားၿပီး ေနအိမ္တံခါးမ်ားပိတ္ကာ မုဒိမ္းက်င့္ ရန္ႀကံစည္ခဲ့ေၾကာင္းကို အိမ္နီးနားခ်င္းအမ်ိဴးသမီးတစ္ဦးကေျပာျပသျဖင့္ မိန္းကေလးငယ္၏ မိခင္ျဖစ္သူ သိရွိခဲ့ရတာျဖစ္ပါတယ္။ ထို႔ေၾကာင့္ သမီးျဖစ္သူအားေမးျမန္းရာတြင္ ေဖေဖၚဝါရီ ၁၃ ရက္ေန႔က လမ္းထဲတြင္ သူငယ္ခ်င္းျဖစ္သူႏွင့္ ကစားေနစဥ္ ခ်စ္ၿပဳံးေရာက္ရွိလာကာ ေပြ႕ခ်ီ၍ ၎၏ ေနအိမ္သို႔ေခၚေဆာင္သြားေၾကာင္း၊

ခ်စ္ၿပဳံး၏ အိမ္သို႔ေရာက္ေသာ္ တံခါးမ်ားပိတ္ကာ မုဒိမ္းက်င့္ ရန္ ႀကိဳးစားစဥ္ အိမ္ေဘးမွ လူသံၾကားသျဖင့္ သူမ၏ ခႏၶာကိုယ္ေပၚမွ ဆင္းသြားခဲ့တာျဖစ္ပါတယ္။၊ ၎ေနာက္မွာေတာ့ မိန္းကေလးအား မည္သူကိုမွ်မေျပာရန္ႏွင့္ ေျပာလွ်င္သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ကာ မုန႔္ဖိုး က်ပ္ ၄၀၀ ေပး၍ အိမ္ျပန္ခိုင္းခဲ့တယ္လို႔သိရပါတယ္။

သမီးျဖစ္သူဧ။္ထြက္ဆိုခ်က္အရ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာတြင္ မိန္းမကိုယ္အဂၤါအထက္ ဆီးခုံတြင္ ပြန္းပဲ့ဒဏ္ရာ အနည္းငယ္ေတြ႕ရွိရသျဖင့္ သမီးျဖစ္သူအား မုဒိမ္းက်င့္ ရန္ ႀကံစည္အားထုတ္သူ ခ်စ္ၿပဳံး အား ဥပေဒအ ရ အေရးယူေပးပါရန္ ေဖေဖၚဝါရီ ၁၅ရက္ေန႔မွာ ရဲစခန္းသို႔လာေရာက္တိုင္ၾကားခဲ့တယ္လို႔ သိရပါတယ္။ ေဒါပုံ မိဳ႕မ ရဲစခန္း မွလည္း မုဒိန္းက်င့္ ရန္ ႀကံစည္သူခ်စ္ၿပဳံးအား (ပ)၁၀၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားေၾကာင္းသိရပါတယ္။ ပရိတ္သတ္ တို႔လည္း အသက္ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ သတိဝီရိယျႏ့ သြားလာေနထိုင္မႈေတြ ျပဳလုပ္ၾကပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: apannpyay

#Unicode Version#
ရန်ကုန်တိုင်း ဒေါပုံမြို့နယ် မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အသက် ၃၉ နှစ်အရွယ်အမျိုးသားက မုဒိမ်းကျင့်ရန်ကြံစည်ခဲ့တယ်လို့ သိရပါတယ်။ မိန်းကလေးငယ် ဧ။် မိဘ များအိမ်၌မရှိခိုက်တွင် သမီးဖြစ်သူအား ကြံစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ အနိုင်ကျင့်စော်ကားခံရမှုတွေဟာ လတ်တလောမှာအဖြစ်များလာတဲ့အတွက် မိန်းမသားထုတစ်ရပ်လုံး စိုးရိမ်ကြောက်လန်ပမှုတွေ ဖြစ်ပွားနေရပါတယ်။

သမီးဖြစ်သူ အသက် ၁၁ နှစ်ရွယ်မိန်းကလေး အား အသက် ၃၉ နှစ်အရွယ် ပန်းရံအလုပ်လုပ်ကိုင်သူ ချစ်ပြုံးဆိုသူက သူ၏ အိမ်သို့ခေါ်သွားပြီး နေအိမ်တံခါးများပိတ်ကာ မုဒိမ်းကျင့် ရန်ကြံစည်ခဲ့ကြောင်းကို အိမ်နီးနားချင်းအမျိူးသမီးတစ်ဦးကပြောပြသဖြင့် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ သိရှိခဲ့ရတာဖြစ်ပါတယ်။ ထို့ကြောင့် သမီးဖြစ်သူအားမေးမြန်းရာတွင် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က လမ်းထဲတွင် သူငယ်ချင်းဖြစ်သူနှင့် ကစားနေစဉ် ချစ်ပြုံးရောက်ရှိလာကာ ပွေ့ချီ၍ ၎င်း၏ နေအိမ်သို့ခေါ်ဆောင်သွားကြောင်း၊

ချစ်ပြုံး၏ အိမ်သို့ရောက်သော် တံခါးများပိတ်ကာ မုဒိမ်းကျင့် ရန် ကြိုးစားစဉ် အိမ်ဘေးမှ လူသံကြားသဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဆင်းသွားခဲ့တာဖြစ်ပါတယ်။၊ ၎င်းနောက်မှာတော့ မိန်းကလေးအား မည်သူကိုမျှမပြောရန်နှင့် ပြောလျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မုန့်ဖိုး ကျပ် ၄၀၀ ပေး၍ အိမ်ပြန်ခိုင်းခဲ့တယ်လို့သိရပါတယ်။

သမီးဖြစ်သူဧ။်ထွက်ဆိုချက်အရ စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် မိန်းမကိုယ်အင်္ဂါအထက် ဆီးခုံတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်တွေ့ရှိရသဖြင့် သမီးဖြစ်သူအား မုဒိမ်းကျင့် ရန် ကြံစည်အားထုတ်သူ ချစ်ပြုံး အား ဥပဒေအ ရ အရေးယူပေးပါရန် ဖေဖေါ်ဝါရီ ၁၅ရက်နေ့မှာ ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒေါပုံ မို့မ ရဲစခန်း မှလည်း မုဒိန်းကျင့် ရန် ကြံစည်သူချစ်ပြုံးအား (ပ)၁၀၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါတယ်။ ပရိတ်သတ် တို့လည်း အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သတိဝီရိယနြ့ သွားလာနေထိုင်မှုတွေ ပြုလုပ်ကြပါနော်။


ဖိုးသူတော် (www.phothutaw.com)
Credit: apannpyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top