ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အေရျပားေျခာက္ေသြ႔ၿပီး မြဲေျခာက္ေျခာက္ျဖစ္တာက အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစႏုိင္တဲ့ အတြက္ေၾကာင့္ အသားအေရထိန္းသိမ္းမႈေတြ ျပဳလုပ္ဖုိ႔ လိုပါတယ္။ အေရျပား မြဲေျခာက္တာက အထူးသျဖင့္ တံေတာင္ဆစ္၊ ဒူးေခါင္း၊ ေျခဆစ္၊ လက္ဆစ္၊ လက္ဖ်ံေတြမွာ အမ်ားဆံုးျဖစ္တတ္ပါတယ္။ ဒါကို ကုသဖို႔အတြက္ သဘာဝနည္းလမ္းေကာင္းမ်ားကို ေဖာ္ျပေပး လိုက္ပါတယ္။

(၁) လိေမၼာ္သီးခြံ

လိေမၼာ္သီးစားၿပီးရင္ အခြံေတြကို မလႊင့္ပစ္ဘဲ အက်ိဳးရွိေအာင္ အသံုးျပဳလို႔ ရပါတယ္ေနာ္။ လိေမၼာ္ခြံေတြကို ေနပူလွမ္းၿပီး ေျခာက္သြားတဲ့ အခြံေတြကို အမႈန္႔ႀကိတ္လိုက္ပါ။ ရရွိလာတဲ့ လိေမၼာ္ခြံအမႈန္႔ ႏွစ္ဇြန္း၊ Rose Water၊ ႏြားႏုိ႔တုိ႔နဲ႔ ေပါင္းစပ္ၿပီးေတာ့ မြဲေျခာက္ျဖစ္ေနတဲ့ အသားအေရေပၚကို သုတ္လိမ္းေပးပါ။ ၁၀မိနစ္ခန္႔ထားၿပီး ေရေအးေအးနဲ႔ ေဆးခ်လိုက္ရံုပါပဲ။ ဒီနည္းလမ္းအတုိင္း တစ္ပတ္ကို ႏွစ္ႀကိမ္၊ သံုးႀကိမ္ျပဳလုပ္ေပးႏုိင္ပါတယ္။

(၂) ဒိန္ခ်ဥ္

ႏြားႏို႔စစ္စစ္ ႏွစ္ဇြန္း၊ ဂ်ံဳတစ္ဇြန္း၊ ဒိန္ခ်ဥ္တစ္ဇြန္းတုိ႔ကို ေရာစပ္ၿပီး အသားအေရေျခာက္ေသြ႔တဲ့ ေနရာေတြေပၚကို သုတ္လိမ္းေပးပါ။ ၁၅မိနစ္ခန္႔ထားၿပီး ေရေအးနဲ႔ ေဆးေၾကာသန္႔စင္လိုက္ရံုပါပဲ။ ေနာက္ထပ္တစ္နည္းကေတာ့ ဗာဒံေစ့အမႈန္႔နဲ႔ ဒိန္ခ်ဥ္ကို ေရာစပ္ၿပီး ေပါင္းတင္ေပးရမွာပါ။ တစ္ပတ္မွာ ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးမယ္ဆိုရင္ အသားအေရစိုေျပလွပလာတာကို ေတြ႔ျမင္ရမွာပါ။

(၃) ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴ

မီးဖိုေခ်ာင္ထဲက အလြယ္တကူရရွိႏုိင္တဲ့အတြက္ နည္းလမ္းေကာင္းေလးပါပဲ။ ၾကက္သြန္ျဖဴ တစ္တက္နဲ႔ ၾကက္သြန္နီတစ္လံုးကို ပါးပါးေလးျဖစ္ေအာင္ လွီးရမွာပါ။ ၿပီးရင္ေတာ့ သံပုရာရည္၊ Rose water နဲ႔ Glycerine တို႔ကို ေပါင္းစပ္ၿပီး ေျခာက္ေသြ႔ေနတဲ့ အေရျပားေပၚကို သုတ္လိမ္းေပးပါ။ ၿပီးရင္ေတာ့ ၁၀ မိနစ္၊ ၁၅မိနစ္ခန္႔ထားၿပီး ေရနဲ႔ေဆးေၾကာသန္႔စင္ေပးပါ။ ဒီနည္းလမ္းကိုေတာ့ တံေတာင္ဆစ္၊ ဒူး၊ လက္ဆစ္ေတြမွာသာ ျပဳလုပ္ဖုိ႔ အႀကံျပဳခ်င္ပါတယ္။ အထူးသတိထားရမွာက Sensitive ျဖစ္တဲ့ အသားအေရေတြ ဒီနည္းလမ္းကို မျပဳလုပ္တာ အေကာင္းဆံုးပါ။

(၄) ကုလားပဲ

ကုလားပဲႏွစ္ဇြန္းေလာက္ကို အမႈန္႔ႀကိတ္ၿပီး နႏြင္းတစ္ဇြန္း၊ ႏြားႏို႔ႏွစ္ဇြန္းနဲ႔ သံပုရည္ရည္တစ္ဇြန္း၊ Rose water တစ္ဇြန္းတို႔ကို ေရာစပ္လိုက္ပါ။ အသားအေရမြဲေျခာက္ေျခာက္ျဖစ္ေနတဲ့ ေနရာေတြေပၚကို သုတ္လိမ္းၿပီး မိနစ္အနည္းငယ္ထားပါ။ ၿပီးရင္ေတာ့ ေရနဲ႔ေဆးေၾကာသန္႔စင္လိုက္ရံု ပါပဲ။ ဒီနည္းလမ္းအတုိင္း တစ္ပတ္ကို ႏွစ္ႀကိမ္ျပဳလုပ္ေပးႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
အရေပြားခြောက်သွေ့ပြီး မွဲခြောက်ခြောက်ဖြစ်တာက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် အသားအရေထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ အရေပြား မွဲခြောက်တာက အထူးသဖြင့် တံတောင်ဆစ်၊ ဒူးခေါင်း၊ ခြေဆစ်၊ လက်ဆစ်၊ လက်ဖျံတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဒါကို ကုသဖို့အတွက် သဘာဝနည်းလမ်းကောင်းများကို ဖော်ပြပေး လိုက်ပါတယ်။

(၁) လိမ္မော်သီးခွံ

လိမ္မော်သီးစားပြီးရင် အခွံတွေကို မလွှင့်ပစ်ဘဲ အကျိုးရှိအောင် အသုံးပြုလို့ ရပါတယ်နော်။ လိမ္မော်ခွံတွေကို နေပူလှမ်းပြီး ခြောက်သွားတဲ့ အခွံတွေကို အမှုန့်ကြိတ်လိုက်ပါ။ ရရှိလာတဲ့ လိမ္မော်ခွံအမှုန့် နှစ်ဇွန်း၊ Rose Water၊ နွားနို့တို့နဲ့ ပေါင်းစပ်ပြီးတော့ မွဲခြောက်ဖြစ်နေတဲ့ အသားအရေပေါ်ကို သုတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

(၂) ဒိန်ချဉ်

နွားနို့စစ်စစ် နှစ်ဇွန်း၊ ဂျုံတစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းတို့ကို ရောစပ်ပြီး အသားအရေခြောက်သွေ့တဲ့ နေရာတွေပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးကြောသန့်စင်လိုက်ရုံပါပဲ။ နောက်ထပ်တစ်နည်းကတော့ ဗာဒံစေ့အမှုန့်နဲ့ ဒိန်ချဉ်ကို ရောစပ်ပြီး ပေါင်းတင်ပေးရမှာပါ။ တစ်ပတ်မှာ နှစ်ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် အသားအရေစိုပြေလှပလာတာကို တွေ့မြင်ရမှာပါ။

(၃) ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

မီးဖိုချောင်ထဲက အလွယ်တကူရရှိနိုင်တဲ့အတွက် နည်းလမ်းကောင်းလေးပါပဲ။ ကြက်သွန်ဖြူ တစ်တက်နဲ့ ကြက်သွန်နီတစ်လုံးကို ပါးပါးလေးဖြစ်အောင် လှီးရမှာပါ။ ပြီးရင်တော့ သံပုရာရည်၊ Rose water နဲ့ Glycerine တို့ကို ပေါင်းစပ်ပြီး ခြောက်သွေ့နေတဲ့ အရေပြားပေါ်ကို သုတ်လိမ်းပေးပါ။ ပြီးရင်တော့ ၁၀ မိနစ်၊ ၁၅မိနစ်ခန့်ထားပြီး ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ ဒီနည်းလမ်းကိုတော့ တံတောင်ဆစ်၊ ဒူး၊ လက်ဆစ်တွေမှာသာ ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ အထူးသတိထားရမှာက Sensitive ဖြစ်တဲ့ အသားအရေတွေ ဒီနည်းလမ်းကို မပြုလုပ်တာ အကောင်းဆုံးပါ။

(၄) ကုလားပဲ

ကုလားပဲနှစ်ဇွန်းလောက်ကို အမှုန့်ကြိတ်ပြီး နနွင်းတစ်ဇွန်း၊ နွားနို့နှစ်ဇွန်းနဲ့ သံပုရည်ရည်တစ်ဇွန်း၊ Rose water တစ်ဇွန်းတို့ကို ရောစပ်လိုက်ပါ။ အသားအရေမွဲခြောက်ခြောက်ဖြစ်နေတဲ့ နေရာတွေပေါ်ကို သုတ်လိမ်းပြီး မိနစ်အနည်းငယ်ထားပါ။ ပြီးရင်တော့ ရေနဲ့ဆေးကြောသန့်စင်လိုက်ရုံ ပါပဲ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top