AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ဟင္းေတာ္ေတာ္မ်ားမ်ားႏွင့္ လိုက္ဖက္ကာ၊ စားအိုးၾကီးေသာ မိသားစုအတြက္ အာလူးကဟင္း အပြါးခတ္ေပးသလို၊ အာဟာရ ျပည့္အရသာရွိသေလာက္၊

ေစ်းႏႈန္းလည္းခ်ိဳသာတာမို ့့ အာလူး ဟာ အိမ္ရွင္မမ်ားအတြက္ လက္စြဲျဖစ္လို ့ေနပါတယ္။ သို ့ေသာ္ အစိမ္းေရာင္ အာလူး ရဲ ့ အႏၱ ရာယ္ကို လူတိုင္းမသိၾကေသးပါဘူး။ ကလိုဖီးလ္ဓာတ္အေျမာက္အမ်ားပါရွိိျခင္းေၾကာင့္ ပံုမွန္ အေရာင္ႏွင့္မတူ တမူကြဲဲျပားေနျခင္းပါ။

” စိမ္းေရာင္ျခယ္ ကလိုရိုဖီးက လူကို ၾကီးၾကီးမားမား
ေဘးဥပါသ္မျဖစ္ေစေသာ္လဲ၊ အဲဒီအာလူး ထဲမွာပါတဲ့ အရသာအတန္ငယ္ ခါးသက္ျပီး solanine (ေခၚ) အဆိပ္သင့္ဓာတုပစၥည္းတစ္မ်ိဳးေ ၾ ကာင့့္၊ စားသံုးမိတဲ့အခါ လူကို ေအာ္ဂလီဆန္ျခင္း၊ ေခါင္းကိုုက္၍ ၀မ္းေလ်ာျခင္း၊ အစာမေ က်ပ်ိဳ ့အန္ျခင္း တို ့ျဖစ္ေစပါတယ္၊ ကို္ယ္ေလးအခ်ိန္ ေပါင္ ၁၀၀ ရွိတဲ့ က်မၼာေရးေကာင္းသူေ တာင္ အဲဒီ အာလူး ၆ ေအာင္စေလာက္စားမိရင္
ေစာေစာကေျပာတဲ့ အစာအဆိပ္ သင့္ ေဘး ထြက္ဆိုးက်ိဳးေတြျဖစ္ေစတတ္လို ့၊ ကိုယ္ခံ အား နည္းတဲ့ သက္ၾကီးရြယ္အိုနဲ ့ ကေလးေတြဆို အသက္အႏၱရာယ္ေတာင္္ျဖစ္ေစႏိုင္တယ္ ” လို ့ Nebraska လင္ကြန္းတကၠသိုလ္မွ ပေရာ္ ဖက္ ဆာတစ္ဦးျဖစ္သူ Alexander Pavlista က ဆိုပါတယ္။

ဆက္လက္ျပီး ပေရာ္ဖက္ဆာ က ” ပံုမွန္အာလူး အေရာင္မွာ အစိမ္းေရာင္ယွက္သန္းေနေသာ အစိပ္အပိုင္းကိုလွီးထုတ္ျပီးမွ ခ်က္ျပဳတ္ရန္၊ ေစ်းထဲမွ ၀ယ္လာျပီး မခ်က္ရေသးေသာ အာလူး မ်ား ကို ေအး၍ေမွာင္ေသာေနရာတြင္ သိမ္ဆည္းထားရန္၊ အာလူးမ်ားကို ေရခဲေသတၱာထဲ မသိမ္းၾကရန္၊ အာလူးကို အခြံခြာ၍ တညတာ ေရစိမ္ျပီးမွ ခ်က္ျပဳတ္ၾကရန္ ” အၾကံေပး ထား ပါတယ္။

ယေန ့အေမရိကန္ႏိုင္င္ငံတြင္ အစိမ္းေရာင္ပါေနေသာ အာလူးေရာင္းခ်မႈကို ပိတ္ပင္ထားၾကပါ တယ္။ သို ့ပါ၍ ျမန္မာျပည္ရွိ အိမ္ရွင္မမ်ားလည္း မိသားစုမွာမလိုလားအပ္ေသာ က်မၼာေရးျပ သနာေတြမျဖစ္လာရေလေအာင္ အစိမ္းေရာင္ျခယ္အာလူးမ်ား ကို ေရွာင္ရွားၾကပါလို ့ အၾကံျပဳ လိုက္ပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေပါက္ေပါက္္

#Unicode Version#
ဟင်းတော်တော်များများနှင့် လိုက်ဖက်ကာ၊ စားအိုးကြီးသော မိသားစုအတွက် အာလူးကဟင်း အပွါးခတ်ပေးသလို၊ အာဟာရ ပြည့်အရသာရှိသလောက်၊

ဈေးနှုန်းလည်းချိုသာတာမို့ အာလူး ဟာ အိမ်ရှင်မများအတွက် လက်စွဲဖြစ်လို့နေပါတယ်။ သို့သော် အစိမ်းရောင် အာလူး ရဲ့ အန္တ ရာယ်ကို လူတိုင်းမသိကြသေးပါဘူး။ ကလိုဖီးလ်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ပုံမှန် အရောင်နှင့်မတူ တမူကွဲပြားနေခြင်းပါ။

” စိမ်းရောင်ခြယ် ကလိုရိုဖီးက လူကို ကြီးကြီးမားမား
ဘေးဥပါသ်မဖြစ်စေသော်လဲ၊ အဲဒီအာလူး ထဲမှာပါတဲ့ အရသာအတန်ငယ် ခါးသက်ပြီး solanine (ခေါ်) အဆိပ်သင့်ဓာတုပစ္စည်းတစ်မျိုးေ ြ ကာင့့်၊ စားသုံးမိတဲ့အခါ လူကို အော်ဂလီဆန်ခြင်း၊ ခေါင်းကိုုက်၍ ဝမ်းလျောခြင်း၊ အစာမေ ကျပျို့အန်ခြင်း တို့ဖြစ်စေပါတယ်၊ ကိုယ်လေးအချိန် ပေါင် ၁၀၀ ရှိတဲ့ ကျမ္မာရေးကောင်းသူေ တာင် အဲဒီ အာလူး ၆ အောင်စလောက်စားမိရင်
စောစောကပြောတဲ့ အစာအဆိပ် သင့် ဘေး ထွက်ဆိုးကျိုးတွေဖြစ်စေတတ်လို့၊ ကိုယ်ခံ အား နည်းတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဆို အသက်အန္တရာယ်တောင်ဖြစ်စေနိုင်တယ် ” လို့ Nebraska လင်ကွန်းတက္ကသိုလ်မှ ပရော် ဖက် ဆာတစ်ဦးဖြစ်သူ Alexander Pavlista က ဆိုပါတယ်။

ဆက်လက်ပြီး ပရော်ဖက်ဆာ က ” ပုံမှန်အာလူး အရောင်မှာ အစိမ်းရောင်ယှက်သန်းနေသော အစိပ်အပိုင်းကိုလှီးထုတ်ပြီးမှ ချက်ပြုတ်ရန်၊ ဈေးထဲမှ ဝယ်လာပြီး မချက်ရသေးသော အာလူး များ ကို အေး၍မှောင်သောနေရာတွင် သိမ်ဆည်းထားရန်၊ အာလူးများကို ရေခဲသေတ္တာထဲ မသိမ်းကြရန်၊ အာလူးကို အခွံခွာ၍ တညတာ ရေစိမ်ပြီးမှ ချက်ပြုတ်ကြရန် ” အကြံပေး ထား ပါတယ်။

ယနေ့အမေရိကန်နိုင်င်ငံတွင် အစိမ်းရောင်ပါနေသော အာလူးရောင်းချမှုကို ပိတ်ပင်ထားကြပါ တယ်။ သို့ပါ၍ မြန်မာပြည်ရှိ အိမ်ရှင်မများလည်း မိသားစုမှာမလိုလားအပ်သော ကျမ္မာရေးပြ သနာတွေမဖြစ်လာရလေအောင် အစိမ်းရောင်ခြယ်အာလူးများ ကို ရှောင်ရှားကြပါလို့ အကြံပြု လိုက်ပါရစေ။


ဖိုးသူတော် (www.phothutaw.com)
Credit: ပေါက်ပေါက်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top