မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

လိင္ပိုင္းဆိုင္ရာ ထိကပါးရိကပါးလုပ္ခံရျခင္းဟာ
အဂၤလိပ္လိုေတာ့ Sexual Harassement လို့ေခၚပါတယ္။

ဒီကိစၥမွာ အမ်ားအားျဖင့္ အမ်ိုးသမီးေတြဟာ သားေကာင္ျဖစ္သြားတတ္ျကပါတယ္။
အမ်ိုးသားကို အမ်ိုးသမီးက လိင္ဆိုင္ရာ ထိကပါးရိကပါး လုပ္တယ္ဆိုတာ ၁ရာခိုင္နွုန္းေလာက္သာပါနိုင္တာမို့မရွိသေလာက္လို့ေျပာလို့ရပါတယ္
ဒီလိုျဖစ္စဥ္မွာ ေယာက်ာ္းကမိန္းမကို sexual haressment လုပ္တဲ့ case ကအမ်ားဆံုးျဖစ္ျပီး အမ်ိုးသားအခ်င္းခ်င္း လုပ္တာေတြလည္းရွိေနပါတယ္။

က်ြန္မမိတ္ေဆြ ညီမေလးတစ္ေယာက္ကနယ္ကလာပါတယ္
ကုမၸဏီ တစ္ခုမွာ အလုပ္ရေတာ့ သူ့အလုပ္က ဧည့္ျကိုေကာင္တာမွာထိုင္ရတဲ့အလုပ္
ေကာင္မေလး က အဝတ္အစားဝတ္တာလည္းရိုးရိုး အေျပာအဆို အျကည့္ကအစ ရိုးလြန္းလို့ ကုပ္ေခ်ာင္းေခ်ာင္းေလးလို့ေတာင္ေျပာရမဲ့သူ
အဲဒီအလုပ္က သူအေဖေလာက္ရွိတဲ့ နိုင္ငံျခားသားတစ္ေယာက္က မနက္အလုပ္တက္ခ်ိန္တစ္ခါ ညေနအလုပ္ဆင္းခ်ိန္တစ္ခါ သူ့အနားလာျပီး ဖင္ပုတ္လိုက္ ေခါင္းပုတ္လိုက္
ရင္ဘတ္ေနရာကိုျကည့္လိုက္ ေတြလုပ္ေနပါေလေရာ။

ေကာင္မေလး ကိုစကားေျပာရင္ သူ့မ်က္နွာျကီးက ပါးကိုနမ္းေတာ့မေလာက္ကပ္ေနျပီ
ရံုးထဲမွာလည္း ဖံုးနံပါတ္ေတြက အခ်င္းခ်င္း ဆက္သြယ္လို့ရေအာင္ shareလုပ္ထားရတာဆိုေတာ့ မျကာပါဘူး သူ့ဆီကို အဲဒီလူျကီးက ငါနဲ့ညစာလာစားပါလားတို့ ဘာတို့ျဖစ္လာေတာ့တာပဲ။

အလုပ္ခြင္မွာ တစ္ဘက္သား
ဆန့္က်င္ဘက္လိင္က သေဘာမတူ မျကည္ျဖူပါဘဲနဲ့ အတင္းကာေရာ
အသားခ်င္းထိတာ မ်က္လံုး ခ်င္းဆံုျကည့္တာ
အျပင္ထြက္ဖို့ဖိတ္ေခၚတာ ညစ္တီးညစ္ပတ္ေတြ ေရွ့မွာလာေျပာေနတာမ်ိုးေတြ
ဖံုးနဲ့ျဖစ္ျဖစ္ စာတိုေပစနဲ့ျဖစ္ျဖစ္ စိတ္အေနွာက္အယွက္ျဖစ္ရေအာင္ လုပ္ေဆာင္မွုေတြ
အားလံုးဟာ sexual harassment ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အက်ံုးဝင္ပါတယ္။

အလုပ္ခြင္လို့ ေျပာလိုက္လို့ sexual harassment ဆိုတာဟာ ရံုးမွာပဲရွိတာလားလို့ ေမးစရာ ျဖစ္လာတယ္ဆိုရင္
ေက်ာင္းမွာ (တကၠသိုလ္ေက်ာင္း က်ဴရွင္ေက်ာင္း အထက္တန္း ေက်ာင္း အကုန္အက်ံုးဝင္ )ဆရာက ေက်ာင္းသူေလးကို အခ်ိန္ပိုစာျပေပးမယ္ ညေနေနာက္က်မွျပန္ေနာ္
ဆိုျပီး စာသင္ခန္းထဲနွစ္ေယာက္ထဲရွိတုန္းမွာ ဟိုကိုင္ဒီကိုင္လုပ္တာ
ရည္းစားရွိလား ဘယ္သူနဲ့ဘယ္နွစ္ခါအိပ္ဖူးလဲ ဆိုတာမ်ိုးကလည္း sexual harassment ထဲပါတယ္။

အိမ္ရွင္ ေယာက်ာ္း သို့မဟုတ္ သူေဌးသားက အိမ္ေဖါ္ေကာင္မေလးကို နင္းခိုင္း နွိပ္ခိုင္းရင္း ဟိုေနရာကို ကိုင္ေပးပါဦး
ဒီနားကိုပြတ္ေပးပါဦး စသည္ျဖင့္ မဖြယ္မရာ ေစခိုင္းတာမ်ိုးကလည္း sexual harassment ထဲပါပါတယ္

အထက္ လူျကီးကသူ့ရံုးခန္းထဲေခါ္ျပီး အတူတစ္ခါေလာက္အိပ္ေပးဖို့ေျပာတာ

ေဗဒင္ဆရာက အမ်ိုးသမီးရဲ့ ရင္သားကို ဆီလိမ္း ဆုပ္နယ္ ျပီးယျတာေခ်ေပးတာ

တက္စီဆရာက ကားေမာင္းေနရင္း ကားေပါ္ပါလာတဲ့ မိန္းကေလးကို ညစ္ညမ္းဗီဒီယိုေတြျပတာ

ဘတ္စ္စကား စပါယ္ရာက ကားေပါ္တက္လာတဲ့ အမ်ိုးသမီးရဲ့ တင္ပါးကို အတင္း အားရပါးရ ဖ်စ္ညွစ္ဆုပ္ကိုင္ျပီး တြန္းတင္တာ

ေဘးအိမ္က အဖိုးျကီးက အပ်ိုမေလးရဲ့ ပါးကို လာလာကိုင္တာ

ညဘက္မိုးခ်ုပ္မွအိမ္ျပန္လာရတဲ့ ကုမၸဏီ ဝန္ထမ္းေကာင္မေလးကို လမ္းေထာင့္ ေမွာင္ရိပ္ကေစာင့္ျပီး အမ်ိုးသားက သူ့ပစၥည္းလွန္ျပတာ

အိမ္မွာရွိတဲ့ ဦးေလးအငယ္က တူမေလးကို ကလိထိုးသလို စသလို ျမဴသလိုနဲ့ မဟုတ္တဲ့ေနရာ ကို ကိုင္တြယ္ပြတ္သပ္ေပးတာ…

အဲဒါေတြအားလံုးဟာ ျပစ္မွုေျမာက္ေသာ လိင္ပိုင္းဆိုင္ရာ ထိကပါးရိကပါးလုပ္ခံရမွုေတြပဲျဖစ္ပါတယ္

အမ်ိုးသမီးတစ္ဦးရဲ့ ကာယိေျႏၵကို ပ်က္စီး ေစရန္အျကံနဲ့ ေနာက္ကလိုက္ျပီး ေလွာင္ေျပာင္တာ
နာမည္ေျပာင္ေခါ္တာ
အသြားအလာခက္ အေနခက္ေအာင္ျကည့္တာ
လက္ဆြဲတာ ရည္းစားစာေပးတာကအဆံုး
ရာဇသတ္ျကီးပုဒ္မ ၂၆၈ အရ ျပစ္ဒဏ္ ထိုက္သင့္ေစနိုင္တာျဖစ္ပါတယ္
ဥပေဒစာအုပ္ဖတ္ျပီး က်ြန္မေရးေနျခင္းျဖစ္ပါတယ္။

အမ်ိုးသမီးတစ္ဦး၏ ကာအိေျႏၵကို ေစာ္ကားရန္ ျကံရြယ္ရာမွာ အသံျပုတာ
အသံကိုျကားေအာင္လုပ္တာ ကိုယ္အမူအရာျပတာ
အရာဝထၴ,ဳကိုျပတာေတြအကုန္လံုးဟာ တရားစြဲဆိုလို့ရေသာ ေထာင္ဒဏ္ေငြဒဏ္က်ခံရေသာ ျပစ္မွုမ်ိုးေတြျဖစ္ပါတယ္။

ဘယ္သူမွ
မတိုင္ျကေတာ့လည္း ျပစ္မွုရယ္လို့ သတင္းရပ္ကြက္မွာ ထြက္ေပါ္မလာ
ဥပေဒဟာ စာအုပ္ထဲမွာပဲ အိပ္ေပ်ာ္ေနရပါတယ္

ဒါေပမဲ့ ဒီကိစၥေတြမွာ သားေကာင္ victim ျဖစ္ေနရေသာ အမ်ိုးသမီးေတြအတြက္ ဥပေဒဆိုတာရွိပါတယ္ လံုးလံုးလ်ားလ်ား အကာအကြယ္မဲ့ေနတာ မဟုတ္ေျကာင္းေတာ့သိေစလိုပါတယ္

ဒါေျကာင့္ ဒါမ်ိုးကိစၥေတြျဖစ္ေပါ္ ျကံုဆံုခဲ့ရမယ္ဆိုရင္ ရွက္မေနေျကာက္မေနဘဲ ပတ္ဝန္းက်င္က လက္မခံနိုင္ေသာ မဖြယ္မရာ စက္ဆုပ္ရြံရွာစရာ အျပုအမူမ်ိုးအျဖစ္

ကိုယ္တိုင္နားလည္လက္ခံျပီး ရဲအထိ တက္မတိုင္သည့္တိုင္ လူျကီးမိဘ နဲ့ မိတ္ေဆြ သူငယ္ခ်င္း ေတြကို ေျပာျပဖို့
လိုပါတယ္။

အလုပ္မွာ ဆိုရင္ေတာ့ ပထမဆံုး ကိုယ့္အေပါ္ မေထမဲ့ျမင္လုပ္လာသူကို မ်က္နွာခ်င္းဆိုင္ျပီး ဒါမ်ိုးလုပ္တာကို လက္မခံနိုင္ေျကာင္း ဆက္လုပ္ရင္ သက္ဆိုင္ရာကို တိုင္မွာျဖစ္ေျကာင္း အသိေပးေျပာျကားပါ

အမ်ားအားျဖင့္ ကိုယ္တကယ္လုပ္ေတာ့မယ္ဆိုရင္ ဒီအဆင့္မွာတင္ က်ြန္ေတာ္ကခင္လို့စတာပါ ဆိုတာမ်ိုးေလာက္နဲ့ရပ္သြားတတ္ျကပါတယ္

မရပ္သြားဘူးဆိုပါက သက္ဆိုင္ရာ အထက္လူျကီးကိုတိုင္ပါ
သူကိုယ့္ကို ပို့ထားတဲ့စာေတြ ပံုေတြ သက္ေသ မွန္သမ်ွ ဓါတ္ပံုရိုက္ထားပါ
အကုန္ပူးတြဲတင္ပါ
တျခားအမ်ိုးသမီးေတြကိုသူ အဲလို လုပ္ဖူးတယ္ဆိုရင္ သူတို့ ကိုပါ ကိုယ္နဲ့အတူပါလာေအာင္တြဲေခါ္ပါ

အလုပ္က အရာရွိက ဒီကိစၥကိုထိေရာက္စြာ အေရးယူျခင္းမရွိဘူးဆိုမွ အမ်ိုးသမီးေရးရာတို့ အလုပ္သမားအဖြဲ့အစည္း
ရဲစခန္း စသည့္ ျပင္ပဌာနမ်ားကို တိုင္ပါ

ဘယ္ဌာနကေတာ့တိုင္လဲ အလကား အလုပ္ရွုပ္ရံုရွိတာေပါ့
အလုပ္လဲလုပ္တာမဟုတ္ဘူးလို့မေတြးပါနဲ့
ဒါကသူတို့အပိုင္းပါ
ကိုယ္က ျငိမ္ခံမေနဖို့အေရးျကီးတာပါ

ဘာမွျပန္မလုပ္ မေျပာေတာ့..ေျပာသလိုရတယ္ သူ့ကိုေျကာက္တယ္ ဘာမွျပန္လုပ္ရဲမွာမဟုတ္ဘူး..ဆိုတဲ့ အေတြးမ်ိုး သူ့ကို ေတြးမိဖို့ ခြင့္မျပုပါနဲ့

ေျကာက္စရာမဟုတ္တာကိုမေျကာက္ပါနဲ့
ျငိမ္ခံေနလိုက္ရင္ ကိုယ့္အတြက္မေကာင္းသလို ေနာက္လူေတြအတြက္လည္းမေကာင္းပါ

Sexual Harassment လိင္ဆိုင္ရာ ထိကပါးရိကပါး ကိစၥကေန အတင့္ရဲလာသူမ်ား တက္လွမ္းလာနိုင္ေသာ ေနာက္ အေျခအေန အဆင့္ တစ္ခုမွာ Rape လို့ေခါ္တဲ့ မုဒိမ္းက်င့္္ျခင္းျဖစ္ပါတယ္
ဒါကမွ ေျကာက္စရာပါ
မုဒိမ္းအားေပးေတြ မျဖစ္ျကပါေစနဲ့

အမ်ိုးသမီးေတြ ပိုင္ဆိုင္ေသာ ကိုယ္ခႏၶာ သည္ မိမိသေဘာအရသာျဖစ္တည္ရမွာပါ
သူတစ္ပါးကို ေစာ္ကားခြင့္ လံုးဝ လံုးဝ မေပးလိုက္ပါနဲ့
မိမိ ကိုယ္ကို တန္ဖိုး ထား၍ ကာကြယ္ပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mon Halsey

# Unicode Version ျဖင့္ ဖတ္ပါ #
လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်ခံရခြင်းဟာ
အင်္ဂလိပ်လိုတော့ Sexual Harassement လို့ခေါ်ပါတယ်။

ဒီကိစ္စမှာ အများအားဖြင့် အမျိုးသမီးတွေဟာ သားကောင်ဖြစ်သွားတတ်ကြပါတယ်။
အမျိုးသားကို အမျိုးသမီးက လိင်ဆိုင်ရာ ထိကပါးရိကပါး လုပ်တယ်ဆိုတာ ၁ရာခိုင်နှုန်းလောက်သာပါနိုင်တာမို့မရှိသလောက်လို့ပြောလို့ရပါတယ်
ဒီလိုဖြစ်စဉ်မှာ ယောကျာ်းကမိန်းမကို sexual haressment လုပ်တဲ့ case ကအများဆုံးဖြစ်ပြီး အမျိုးသားအချင်းချင်း လုပ်တာတွေလည်းရှိနေပါတယ်။

ကျွန်မမိတ်ဆွေ ညီမလေးတစ်ယောက်ကနယ်ကလာပါတယ်
ကုမ္ပဏီ တစ်ခုမှာ အလုပ်ရတော့ သူ့အလုပ်က ဧည့်ကြိုကောင်တာမှာထိုင်ရတဲ့အလုပ်
ကောင်မလေး က အဝတ်အစားဝတ်တာလည်းရိုးရိုး အပြောအဆို အကြည့်ကအစ ရိုးလွန်းလို့ ကုပ်ချောင်းချောင်းလေးလို့တောင်ပြောရမဲ့သူ
အဲဒီအလုပ်က သူအဖေလောက်ရှိတဲ့ နိုင်ငံခြားသားတစ်ယောက်က မနက်အလုပ်တက်ချိန်တစ်ခါ ညနေအလုပ်ဆင်းချိန်တစ်ခါ သူ့အနားလာပြီး ဖင်ပုတ်လိုက် ခေါင်းပုတ်လိုက်
ရင်ဘတ်နေရာကိုကြည့်လိုက် တွေလုပ်နေပါလေရော။

ကောင်မလေး ကိုစကားပြောရင် သူ့မျက်နှာကြီးက ပါးကိုနမ်းတော့မလောက်ကပ်နေပြီ
ရုံးထဲမှာလည်း ဖုံးနံပါတ်တွေက အချင်းချင်း ဆက်သွယ်လို့ရအောင် shareလုပ်ထားရတာဆိုတော့ မကြာပါဘူး သူ့ဆီကို အဲဒီလူကြီးက ငါနဲ့ညစာလာစားပါလားတို့ ဘာတို့ဖြစ်လာတော့တာပဲ။

အလုပ်ခွင်မှာ တစ်ဘက်သား
ဆန့်ကျင်ဘက်လိင်က သဘောမတူ မကြည်ဖြူပါဘဲနဲ့ အတင်းကာရော
အသားချင်းထိတာ မျက်လုံး ချင်းဆုံကြည့်တာ
အပြင်ထွက်ဖို့ဖိတ်ခေါ်တာ ညစ်တီးညစ်ပတ်တွေ ရှေ့မှာလာပြောနေတာမျိုးတွေ
ဖုံးနဲ့ဖြစ်ဖြစ် စာတိုပေစနဲ့ဖြစ်ဖြစ် စိတ်အနှောက်အယှက်ဖြစ်ရအောင် လုပ်ဆောင်မှုတွေ
အားလုံးဟာ sexual harassment ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။

အလုပ်ခွင်လို့ ပြောလိုက်လို့ sexual harassment ဆိုတာဟာ ရုံးမှာပဲရှိတာလားလို့ မေးစရာ ဖြစ်လာတယ်ဆိုရင်
ကျောင်းမှာ (တက္ကသိုလ်ကျောင်း ကျူရှင်ကျောင်း အထက်တန်း ကျောင်း အကုန်အကျုံးဝင် )ဆရာက ကျောင်းသူလေးကို အချိန်ပိုစာပြပေးမယ် ညနေနောက်ကျမှပြန်နော်
ဆိုပြီး စာသင်ခန်းထဲနှစ်ယောက်ထဲရှိတုန်းမှာ ဟိုကိုင်ဒီကိုင်လုပ်တာ
ရည်းစားရှိလား ဘယ်သူနဲ့ဘယ်နှစ်ခါအိပ်ဖူးလဲ ဆိုတာမျိုးကလည်း sexual harassment ထဲပါတယ်။

အိမ်ရှင် ယောကျာ်း သို့မဟုတ် သူဌေးသားက အိမ်ဖေါ်ကောင်မလေးကို နင်းခိုင်း နှိပ်ခိုင်းရင်း ဟိုနေရာကို ကိုင်ပေးပါဦး
ဒီနားကိုပွတ်ပေးပါဦး စသည်ဖြင့် မဖွယ်မရာ စေခိုင်းတာမျိုးကလည်း sexual harassment ထဲပါပါတယ်

အထက် လူကြီးကသူ့ရုံးခန်းထဲခေါ်ပြီး အတူတစ်ခါလောက်အိပ်ပေးဖို့ပြောတာ

ဗေဒင်ဆရာက အမျိုးသမီးရဲ့ ရင်သားကို ဆီလိမ်း ဆုပ်နယ် ပြီးယတြာချေပေးတာ

တက်စီဆရာက ကားမောင်းနေရင်း ကားပေါ်ပါလာတဲ့ မိန်းကလေးကို ညစ်ညမ်းဗီဒီယိုတွေပြတာ

ဘတ်စ်စကား စပါယ်ရာက ကားပေါ်တက်လာတဲ့ အမျိုးသမီးရဲ့ တင်ပါးကို အတင်း အားရပါးရ ဖျစ်ညှစ်ဆုပ်ကိုင်ပြီး တွန်းတင်တာ

ဘေးအိမ်က အဖိုးကြီးက အပျိုမလေးရဲ့ ပါးကို လာလာကိုင်တာ

ညဘက်မိုးချုပ်မှအိမ်ပြန်လာရတဲ့ ကုမ္ပဏီ ဝန်ထမ်းကောင်မလေးကို လမ်းထောင့် မှောင်ရိပ်ကစောင့်ပြီး အမျိုးသားက သူ့ပစ္စည်းလှန်ပြတာ

အိမ်မှာရှိတဲ့ ဦးလေးအငယ်က တူမလေးကို ကလိထိုးသလို စသလို မြူသလိုနဲ့ မဟုတ်တဲ့နေရာ ကို ကိုင်တွယ်ပွတ်သပ်ပေးတာ…

အဲဒါတွေအားလုံးဟာ ပြစ်မှုမြောက်သော လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်ခံရမှုတွေပဲဖြစ်ပါတယ်

အမျိုးသမီးတစ်ဦးရဲ့ ကာယိနြေ္ဒကို ပျက်စီး စေရန်အကြံနဲ့ နောက်ကလိုက်ပြီး လှောင်ပြောင်တာ
နာမည်ပြောင်ခေါ်တာ
အသွားအလာခက် အနေခက်အောင်ကြည့်တာ
လက်ဆွဲတာ ရည်းစားစာပေးတာကအဆုံး
ရာဇသတ်ကြီးပုဒ်မ ၂၆၈ အရ ပြစ်ဒဏ် ထိုက်သင့်စေနိုင်တာဖြစ်ပါတယ်
ဥပဒေစာအုပ်ဖတ်ပြီး ကျွန်မရေးနေခြင်းဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦး၏ ကာအိနြေ္ဒကို စော်ကားရန် ကြံရွယ်ရာမှာ အသံပြုတာ
အသံကိုကြားအောင်လုပ်တာ ကိုယ်အမူအရာပြတာ
အရာဝထ္ထ,ုကိုပြတာတွေအကုန်လုံးဟာ တရားစွဲဆိုလို့ရသော ထောင်ဒဏ်ငွေဒဏ်ကျခံရသော ပြစ်မှုမျိုးတွေဖြစ်ပါတယ်။

ဘယ်သူမှ
မတိုင်ကြတော့လည်း ပြစ်မှုရယ်လို့ သတင်းရပ်ကွက်မှာ ထွက်ပေါ်မလာ
ဥပဒေဟာ စာအုပ်ထဲမှာပဲ အိပ်ပျော်နေရပါတယ်

ဒါပေမဲ့ ဒီကိစ္စတွေမှာ သားကောင် victim ဖြစ်နေရသော အမျိုးသမီးတွေအတွက် ဥပဒေဆိုတာရှိပါတယ် လုံးလုံးလျားလျား အကာအကွယ်မဲ့နေတာ မဟုတ်ကြောင်းတော့သိစေလိုပါတယ်

ဒါကြောင့် ဒါမျိုးကိစ္စတွေဖြစ်ပေါ် ကြုံဆုံခဲ့ရမယ်ဆိုရင် ရှက်မနေကြောက်မနေဘဲ ပတ်ဝန်းကျင်က လက်မခံနိုင်သော မဖွယ်မရာ စက်ဆုပ်ရွံရှာစရာ အပြုအမူမျိုးအဖြစ်

ကိုယ်တိုင်နားလည်လက်ခံပြီး ရဲအထိ တက်မတိုင်သည့်တိုင် လူကြီးမိဘ နဲ့ မိတ်ဆွေ သူငယ်ချင်း တွေကို ပြောပြဖို့
လိုပါတယ်။

အလုပ်မှာ ဆိုရင်တော့ ပထမဆုံး ကိုယ့်အပေါ် မထေမဲ့မြင်လုပ်လာသူကို မျက်နှာချင်းဆိုင်ပြီး ဒါမျိုးလုပ်တာကို လက်မခံနိုင်ကြောင်း ဆက်လုပ်ရင် သက်ဆိုင်ရာကို တိုင်မှာဖြစ်ကြောင်း အသိပေးပြောကြားပါ

အများအားဖြင့် ကိုယ်တကယ်လုပ်တော့မယ်ဆိုရင် ဒီအဆင့်မှာတင် ကျွန်တော်ကခင်လို့စတာပါ ဆိုတာမျိုးလောက်နဲ့ရပ်သွားတတ်ကြပါတယ်

မရပ်သွားဘူးဆိုပါက သက်ဆိုင်ရာ အထက်လူကြီးကိုတိုင်ပါ
သူကိုယ့်ကို ပို့ထားတဲ့စာတွေ ပုံတွေ သက်သေ မှန်သမျှ ဓါတ်ပုံရိုက်ထားပါ
အကုန်ပူးတွဲတင်ပါ
တခြားအမျိုးသမီးတွေကိုသူ အဲလို လုပ်ဖူးတယ်ဆိုရင် သူတို့ ကိုပါ ကိုယ်နဲ့အတူပါလာအောင်တွဲခေါ်ပါ

အလုပ်က အရာရှိက ဒီကိစ္စကိုထိရောက်စွာ အရေးယူခြင်းမရှိဘူးဆိုမှ အမျိုးသမီးရေးရာတို့ အလုပ်သမားအဖွဲ့အစည်း
ရဲစခန်း စသည့် ပြင်ပဌာနများကို တိုင်ပါ

ဘယ်ဌာနကတော့တိုင်လဲ အလကား အလုပ်ရှုပ်ရုံရှိတာပေါ့
အလုပ်လဲလုပ်တာမဟုတ်ဘူးလို့မတွေးပါနဲ့
ဒါကသူတို့အပိုင်းပါ
ကိုယ်က ငြိမ်ခံမနေဖို့အရေးကြီးတာပါ

ဘာမှပြန်မလုပ် မပြောတော့..ပြောသလိုရတယ် သူ့ကိုကြောက်တယ် ဘာမှပြန်လုပ်ရဲမှာမဟုတ်ဘူး..ဆိုတဲ့ အတွေးမျိုး သူ့ကို တွေးမိဖို့ ခွင့်မပြုပါနဲ့

ကြောက်စရာမဟုတ်တာကိုမကြောက်ပါနဲ့
ငြိမ်ခံနေလိုက်ရင် ကိုယ့်အတွက်မကောင်းသလို နောက်လူတွေအတွက်လည်းမကောင်းပါ

Sexual Harassment လိင်ဆိုင်ရာ ထိကပါးရိကပါး ကိစ္စကနေ အတင့်ရဲလာသူများ တက်လှမ်းလာနိုင်သော နောက် အခြေအနေ အဆင့် တစ်ခုမှာ Rape လို့ခေါ်တဲ့ မုဒိမ်းကျင့်ခြင်းဖြစ်ပါတယ်
ဒါကမှ ကြောက်စရာပါ
မုဒိမ်းအားပေးတွေ မဖြစ်ကြပါစေနဲ့

အမျိုးသမီးတွေ ပိုင်ဆိုင်သော ကိုယ်ခန္ဓာ သည် မိမိသဘောအရသာဖြစ်တည်ရမှာပါ
သူတစ်ပါးကို စော်ကားခွင့် လုံးဝ လုံးဝ မပေးလိုက်ပါနဲ့
မိမိ ကိုယ်ကို တန်ဖိုး ထား၍ ကာကွယ်ပါ

ဖိုးသူတော် (www.phothutaw.com)
Credit: Mon Halsey
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top