×

အိႏၵိယႏုိင္ငံမွာ အမ်ဳိးသားဟန္ေဆာင္ၿပီး ခန္းဝင္ပစၥည္းဥစၥာအတြက္ အမ်ဳိးသမီးႏွစ္ဦးကုိ လိမ္ညာလက္ထပ္ခဲ့တဲ့ အမ်ဳိးသမီးအား ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ေၾကာင္း သိရပါတယ္။

ခရစ္႐ွ္နာဆန္ အမည္ျဖင့္ အမ်ဳိးသားအျဖစ္ လိမ္ညာဟန္ေဆာင္ထားတဲ့ အမ်ဳိးသမီးကုိ အိႏၵိယေျမာက္ပုိင္း အူတာရက္ခ္ဟန္းျပည္နယ္မွာ ခန္းဝင္ပစၥည္းဥစၥာ ေတာင္းဆုိခဲ့မႈျဖင့္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႕ (ေဖေဖၚဝါရီ ၁၄ ရက္) က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

မဂၤလာပြဲအတြက္ သတုိ႕သမီး မိသားစုထံမွ ခန္းဝင္ပစၥည္းဥစၥာ ေတာင္းဆုိမႈကုိ အိႏၵိယမွာ ဥပေဒခ်ဳိးေဖာက္မႈအျဖစ္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

ခရစ္႐ွ္နာဆန္ကုိ ဖမ္းဆီးခဲ့စဥ္က အမ်ဳိးသားအျဖစ္သာ ရဲတပ္ဖြဲ႕က သိ႐ွိထားခဲ့ၿပီးေနာက္ စစ္ေဆးေမးျမန္းမႈအတြင္း ၎မွာ အမ်ဳိးသမီးတစ္ဦး ျဖစ္ေနေၾကာင္း ေဖာ္ထုတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ အဆုိအရ ယခင္ ဆြိတီအမည္ျဖင့္ သိထားၾကတဲ့ အဆုိပါ အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ဳိးသမီးဟာ ၂၀၁၄ ခုႏွစ္ကတည္းက အမ်ဳိးသားတစ္ဦးအျဖစ္ ဟန္ေဆာင္လိမ္ညာၿပီး ပထမအႀကိမ္ မဂၤေလာင္ေဆာင္ခဲ့တယ္လို႕ သိရပါတယ္။

ေဖေဖၚဝါရီ ၁၄ ရက္မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခ့ဲၿပီးေနာက္ စစ္ေဆးေမးျမန္းေနစဥ္ မသၤကာျဖစ္ခဲ့မႈေၾကာင့္ ေဆးစစ္ေစခဲ့ရာ ခရစ္႐ွ္နာဆန္ဟာ အမ်ဳိးသမီးတစ္ဦး ျဖစ္ေနေၾကာင္း အတည္ျပဳ သိ႐ွိႏုိင္ခဲ့တာ ျဖစ္ပါတယ္။

အမ်ဳိးသားအျဖစ္ ဟန္ေဆာင္ၿပီး ပထမအႀကိမ္ လက္ထပ္ခဲ့တဲ့ အမ်ဳိးသမီးကုိ လက္ထက္ၿပီးမၾကာမီမွာ ခရစ္႐ွ္ဆန္နာက လမ္းခြဲဲခဲ့တယ္လုိ႕ ဆုိပါတယ္။

ထုိ႕ေနာက္ ၂၀၁၇ ခုႏွစ္ ဧၿပီလမွာ ေနာက္ထပ္ အမ်ဳိးသမီးတစ္ဦးနဲ႕ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ သုိ႕ေသာ္ ခရစ္႐ွ္နာဆန္ ေခၚ ဆြိတီကုိ ပထမ လက္ထပ္ခဲ့တဲ့ အမ်ဳိးသမီးရဲ႕မိဘေတြက ၎တုိ႕ရဲ႕သမီးျဖစ္သူအား ခန္းဝင္ပစၥည္းဥစၥာကိစၥျဖင့္ ေႏွာင့္ယွက္တုိက္ခုိက္ေၾကာင္း ရဲတပ္ဖြဲ႕ထံ တုိင္ၾကားထားခဲ့ပါတယ္။

ဒါအျ့ပင္ ခရစ္႐ွ္ဆန္နာ ေခၚ ဆိြတီက စီးပြားေရးလုပ္ရန္ ၎တုိ႕ထံမွ ႐ူပီးေငြ ၈၅၀,၀၀၀ ေခ်းယူခဲ့ေၾကာင္းနဲ႕ ထုိအေၾကြးကုိ ျပန္မေပးခဲ့ေၾကာင္း စြပ္စြဲခဲ့ပါတယ္။

ခရစ္႐ွ္ဆန္နာက သူမဟာ ငယ္စဥ္ကတည္းက ေယာက္်ားေလးတစ္ဦး ျဖစ္ခ်င္ခဲ့ၿပီး အမ်ဳိးသားတစ္ဦးဘဝျဖင့္သာ ေနထုိင္လုိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆုိခဲ့တယ္လုိ႕ ဆုိပါတယ္။

ခရစ္႐ွ္ဆန္နာရဲ႕ မိဘေတြက သူမရဲ႕ ယခုလုပ္ရပ္ေတြကုိ သိ႐ွိထားျခင္း႐ွိ မ႐ွိ ေသခ်ာစြာ မသိႏုိင္ေသးေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ခရစ္႐ွ္ဆန္နာ လက္ထပ္ခဲ့တဲ့ အမ်ဳိးသမီးႏွစ္ဦးလုံးက သူမကုိ သံသယဝင္ခဲ့ပုံမရဘဲ အမ်ဳိးသားအျဖစ္သာ ထင္ခဲ့ၾကတယ္လုိ႕ ဆုိပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ေျပာၾကားမႈအရ ခရစ္႐ွ္ဆန္နာက သူမ လက္ထပ္ခဲ့တဲ့ အမ်ဳိးသမီးႏွစ္ဦးနဲ႕ အတူေနထုိင္စဥ္အတြင္း မည္သည့္အခါမွ် အဝတ္အစားမခၽြတ္ခဲ့သလုိ လိင္ပုိင္းဆုိင္ရာ ဆက္ဆံမႈလည္း မျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

ခရစ္႐ွ္ဆန္နာရဲ႕ သူငယ္ခ်င္းေတြကလည္း အမ်ဳိးသားအမ်ားစုျဖစ္ၿပီး သူမက အမ်ဳိးသားအိမ္သာကုိ အသုံးျပဳတယ္လို႕ ဆုိပါတယ္။ ဒါ့အျပင္ ခရစ္႐ွ္ဆန္နာက စကားေျပာသံကုိ ေျပာင္းလဲေျပာဆုိႏုိင္သူလည္း ျဖစ္ပါတယ္။

ခရစ္႐ွ္ဆန္နာက ေဆးလိပ္၊ အရက္ေသာက္ၿပီး ေယာက္်ားေလးသူငယ္ခ်င္းေတြနဲ႕အတူ ဆုိင္ကယ္စီးေလ့႐ွိကာ သူမကို သံသယမဝင္ေစရန္ လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရပါတယ္။

"အမ်ဳိးသားဆံပင္ပုံစံ၊ အဝတ္အစား၊ အျပဳအမူေတြနဲ႕ ေနထုိင္တဲ့ ခရစ္႐ွ္ဆန္နာကုိ ဘယ္သူကမွ သံသယမဝင္ခဲ့ၾကဘူး လုိ႕ ရဲအရာ႐ွိတစ္ဦးက ေျပာပါတယ္။ သူမက လမ္းေလွ်ာက္ရာမွာလည္း ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈ႐ွိတဲ့ အမ်ဳိးသားတစ္ဦးအသြင္ ျဖစ္တယ္လို႕ သိရပါတယ္။

အိႏၵိယမွာ မဂၤလာေဆာင္ပါက သတုိ႕သမီးရဲ႕ မိဘေတြက လက္ေဆာင္အျဖစ္ ေငြသား၊ အဝတ္အထည္နဲ႕ လက္ဝတ္ရတနာမ်ားကုိ သတုိ႕သားမိသားစုထံ ေပးအပ္ရတဲ့ ႐ုိးရာဓေလ့မွာ ရာစုႏွစ္တစ္ခုၾကာ အစဥ္အလာ ျဖစ္ေနခဲ့ပါတယ္။

၁၉၆၁ ခုႏွစ္မွစၿပီး သတုိ႕သမီးဘက္က ခန္းဝင္ပစၥည္းဥစၥာ ေပးအပ္ရတဲ့ဓေလ့ကုိ ဥပေဒခ်ဳိးေဖာက္မႈအျဖစ္ သတ္မွတ္ျပဌာန္းခဲ့ပါတယ္။ သုိ႕ေသာ္ မဂၤလာပြဲေဆာင္ပါက သတုိ႕သမီးဘက္မွ ခန္းဝင္ပစၥည္းဥစၥာေပးရတဲ့ ႐ုိးရာဓေလ့ဟာ အိႏၵိယမွာ ဆက္လက္ ႐ိွေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အိန္ဒိယနိုင်ငံမှာ အမျိုးသားဟန်ဆောင်ပြီး ခန်းဝင်ပစ္စည်းဥစ္စာအတွက် အမျိုးသမီးနှစ်ဦးကို လိမ်ညာလက်ထပ်ခဲ့တဲ့ အမျိုးသမီးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။


ခရစ်ရှ်နာဆန် အမည်ဖြင့် အမျိုးသားအဖြစ် လိမ်ညာဟန်ဆောင်ထားတဲ့ အမျိုးသမီးကို အိန္ဒိယမြောက်ပိုင်း အူတာရက်ခ်ဟန်းပြည်နယ်မှာ ခန်းဝင်ပစ္စည်းဥစ္စာ တောင်းဆိုခဲ့မှုဖြင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာပွဲအတွက် သတို့သမီး မိသားစုထံမှ ခန်းဝင်ပစ္စည်းဥစ္စာ တောင်းဆိုမှုကို အိန္ဒိယမှာ ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ခရစ်ရှ်နာဆန်ကို ဖမ်းဆီးခဲ့စဉ်က အမျိုးသားအဖြစ်သာ ရဲတပ်ဖွဲ့က သိရှိထားခဲ့ပြီးနောက် စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းမှာ အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ယခင် ဆွိတီအမည်ဖြင့် သိထားကြတဲ့ အဆိုပါ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဟာ ၂၀၁၄ ခုနှစ်ကတည်းက အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်လိမ်ညာပြီး ပထမအကြိမ် မင်္ဂလောင်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမေးမြန်းနေစဉ် မင်္သကာဖြစ်ခဲ့မှုကြောင့် ဆေးစစ်စေခဲ့ရာ ခရစ်ရှ်နာဆန်ဟာ အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း အတည်ပြု သိရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားအဖြစ် ဟန်ဆောင်ပြီး ပထမအကြိမ် လက်ထပ်ခဲ့တဲ့ အမျိုးသမီးကို လက်ထက်ပြီးမကြာမီမှာ ခရစ်ရှ်ဆန်နာက လမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ၂၀၁၇ ခုနှစ် ဧပြီလမှာ နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ခရစ်ရှ်နာဆန် ခေါ် ဆွိတီကို ပထမ လက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့မိဘတွေက ၎င်းတို့ရဲ့သမီးဖြစ်သူအား ခန်းဝင်ပစ္စည်းဥစ္စာကိစ္စဖြင့် နှောင့်ယှက်တိုက်ခိုက်ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားထားခဲ့ပါတယ်။

ဒါအြ့ပင် ခရစ်ရှ်ဆန်နာ ခေါ် ဆွိတီက စီးပွားရေးလုပ်ရန် ၎င်းတို့ထံမှ ရူပီးငွေ ၈၅၀,၀၀၀ ချေးယူခဲ့ကြောင်းနဲ့ ထိုအကြွေးကို ပြန်မပေးခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

ခရစ်ရှ်ဆန်နာက သူမဟာ ငယ်စဉ်ကတည်းက ယောက်ျားလေးတစ်ဦး ဖြစ်ချင်ခဲ့ပြီး အမျိုးသားတစ်ဦးဘဝဖြင့်သာ နေထိုင်လိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ခရစ်ရှ်ဆန်နာရဲ့ မိဘတွေက သူမရဲ့ ယခုလုပ်ရပ်တွေကို သိရှိထားခြင်းရှိ မရှိ သေချာစွာ မသိနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ခရစ်ရှ်ဆန်နာ လက်ထပ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးလုံးက သူမကို သံသယဝင်ခဲ့ပုံမရဘဲ အမျိုးသားအဖြစ်သာ ထင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ ခရစ်ရှ်ဆန်နာက သူမ လက်ထပ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးနဲ့ အတူနေထိုင်စဉ်အတွင်း မည်သည့်အခါမျှ အဝတ်အစားမချွတ်ခဲ့သလို လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုလည်း မပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ခရစ်ရှ်ဆန်နာရဲ့ သူငယ်ချင်းတွေကလည်း အမျိုးသားအများစုဖြစ်ပြီး သူမက အမျိုးသားအိမ်သာကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရစ်ရှ်ဆန်နာက စကားပြောသံကို ပြောင်းလဲပြောဆိုနိုင်သူလည်း ဖြစ်ပါတယ်။

ခရစ်ရှ်ဆန်နာက ဆေးလိပ်၊ အရက်သောက်ပြီး ယောက်ျားလေးသူငယ်ချင်းတွေနဲ့အတူ ဆိုင်ကယ်စီးလေ့ရှိကာ သူမကို သံသယမဝင်စေရန် လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။

"အမျိုးသားဆံပင်ပုံစံ၊ အဝတ်အစား၊ အပြုအမူတွေနဲ့ နေထိုင်တဲ့ ခရစ်ရှ်ဆန်နာကို ဘယ်သူကမှ သံသယမဝင်ခဲ့ကြဘူး လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ သူမက လမ်းလျှောက်ရာမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ဦးအသွင် ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယမှာ မင်္ဂလာဆောင်ပါက သတို့သမီးရဲ့ မိဘတွေက လက်ဆောင်အဖြစ် ငွေသား၊ အဝတ်အထည်နဲ့ လက်ဝတ်ရတနာများကို သတို့သားမိသားစုထံ ပေးအပ်ရတဲ့ ရိုးရာဓလေ့မှာ ရာစုနှစ်တစ်ခုကြာ အစဉ်အလာ ဖြစ်နေခဲ့ပါတယ်။

၁၉၆၁ ခုနှစ်မှစပြီး သတို့သမီးဘက်က ခန်းဝင်ပစ္စည်းဥစ္စာ ပေးအပ်ရတဲ့ဓလေ့ကို ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ပြဌာန်းခဲ့ပါတယ်။ သို့သော် မင်္ဂလာပွဲဆောင်ပါက သတို့သမီးဘက်မှ ခန်းဝင်ပစ္စည်းဥစ္စာပေးရတဲ့ ရိုးရာဓလေ့ဟာ အိန္ဒိယမှာ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top