×

အိႏၵိယႏိုင္ငံ ေက်းရြာတရြာထဲမွာ အဘြားအိုသားအမိ ႏွစ္ဦးအား စုန္းမေတြလို႔ စြပ္စြဲကာ ညႇဥ္းပန္းႏွိပ္စက္ခဲ့ၾကသူ ၁၁ ဦးကို ရဲေတြက ဖမ္းဆီးခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဂ်ာခန္႔ဒ္ျပည္နယ္ထဲမွာ ျဖစ္ခဲ့ၿပီး အသက္ ၆၅ ႏွစ္အရြယ္ အဘြားအိုနဲ႔ အသက္ ၃၅ ႏွစ္အရြယ္ သမီးျဖစ္သူကို ရြာသားေတြက ညႇဥ္းပန္းႏွိပ္စက္ခဲ့ၾကတာလို႔ ဘီဘီစီသတင္းမွာ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က ေဖာ္ျပပါတယ္။

သူတို႔ဟာ အဘြားအိုသားအမိကို ရြာအတြင္း လမ္းမေတြေပၚမွာ ကိုယ္လံုးတီး အေျခအေနနဲ႔ ေလၽွာက္ေစကာ လူ႔မစင္အညစ္အေၾကးေတြကိုလည္း စားခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

သူတို႔သားအမိႏွစ္ဦးကို ရြာထဲမွာ နာမက်န္းျဖစ္ေနၾကတဲ့ စုန္းမေတြဆိုၿပီး စြပ္စြဲတာေတြဟာ ပ်ံ႔ႏွံ႔ေနခဲ့တယ္လို႔ သမီးျဖစ္သူက ေျပာပါတယ္။

မေကာင္းဆိုးဝါး စုန္းမေတြအျဖစ္ စြပ္စြဲေျပာဆိုမႈေတြဟာ အိႏၵိယအမ်ိဳးသမီးေတြရဲ႕ ေနထိုင္ရာဝန္းက်င္မွာ ပစ္မွတ္ထား တိုက္ခိုက္မႈေတြ ျဖစ္လာေနတာပါ။

သူတို႔သားအမိႏွစ္ဦးဟာ မိသားစုတြင္းမွ ေဆြမ်ိဳးတဦး ေသဆံုးခဲ့ၿပီးေနာက္မွာ ေက်းရြာတြင္း ေဆးကုဆရာတဦးဆီ ေဆးကုသမႈ ခံယူခဲ့ရာကေန ဒီအျဖစ္အပ်က္ စတင္ခဲ့တာပါ။

အိမ္သားတဦး ေသဆံုးရမႈဟာ သူတို႔သားအမိေၾကာင့္ ျဖစ္တယ္ဆိုၿပီး စြပ္စြဲမႈေတြနဲ႔အတူ ေနာက္တေန႔မွာပဲ တျခားရြာသားေတြ ေရာက္ရွိလာခဲ့ၾကၿပီး ခုလို ညႇဥ္းပန္းႏွိပ္စက္မႈေတြ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရတာေတြထဲမွာ ရြာသားေတြ စုေဝးလာၿပီး သူတို႔သားအမိကို ေခါင္းတံုးေစကာ ကိုယ္လံုးတီးခၽြတ္ေစတာမ်ိဳးေတြအထိ လုပ္ေဆာင္ခံခဲ့ရၿပီး စိုးရိမ္ထိတ္လန္႔ခဲ့တယ္လို႔ မိခင္ျဖစ္သူက ေျပာပါတယ္။

ရဲေတြကေတာ့ ဒီျဖစ္စဥ္မွာ အဘြားအိုသားအမိကို လံုၿခံဳေရး ယူေပးထားကာ ေနာက္ထပ္ ခုလိုအေျခအေနေတြ ႀကံဳမလာရေစဖို႔ အသိပညာေပး လုပ္ေဆာင္မႈေတြ ေပးသြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံ ကျေးရွာတရွာထဲမှာ အဘွားအိုသားအမိ နှစ်ဦးအား စုန်းမတွေလို့ စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြသူ ၁၁ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျာခန့်ဒ်ပြည်နယ်ထဲမှာ ဖြစ်ခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အဘွားအိုနဲ့ အသက် ၃၅ နှစ်အရွယ် သမီးဖြစ်သူကို ရွာသားတွေက ညှဉ်းပန်းနှိပ်စက်ခဲ့ကြတာလို့ ဘီဘီစီသတင်းမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြပါတယ်။

သူတို့ဟာ အဘွားအိုသားအမိကို ရွာအတွင်း လမ်းမတွေပေါ်မှာ ကိုယ်လုံးတီး အခြေအနေနဲ့ လျှောက်စေကာ လူ့မစင်အညစ်အကြေးတွေကိုလည်း စားခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

သူတို့သားအမိနှစ်ဦးကို ရွာထဲမှာ နာမကျန်းဖြစ်နေကြတဲ့ စုန်းမတွေဆိုပြီး စွပ်စွဲတာတွေဟာ ပျံ့နှံ့နေခဲ့တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

မကောင်းဆိုးဝါး စုန်းမတွေအဖြစ် စွပ်စွဲပြောဆိုမှုတွေဟာ အိန္ဒိယအမျိုးသမီးတွေရဲ့ နေထိုင်ရာဝန်းကျင်မှာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်လာနေတာပါ။

သူတို့သားအမိနှစ်ဦးဟာ မိသားစုတွင်းမှ ဆွေမျိုးတဦး သေဆုံးခဲ့ပြီးနောက်မှာ ကျေးရွာတွင်း ဆေးကုဆရာတဦးဆီ ဆေးကုသမှု ခံယူခဲ့ရာကနေ ဒီအဖြစ်အပျက် စတင်ခဲ့တာပါ။

အိမ်သားတဦး သေဆုံးရမှုဟာ သူတို့သားအမိကြောင့် ဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေနဲ့အတူ နောက်တနေ့မှာပဲ တခြားရွာသားတွေ ရောက်ရှိလာခဲ့ကြပြီး ခုလို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာတွေထဲမှာ ရွာသားတွေ စုဝေးလာပြီး သူတို့သားအမိကို ခေါင်းတုံးစေကာ ကိုယ်လုံးတီးချွတ်စေတာမျိုးတွေအထိ လုပ်ဆောင်ခံခဲ့ရပြီး စိုးရိမ်ထိတ်လန့်ခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ရဲတွေကတော့ ဒီဖြစ်စဉ်မှာ အဘွားအိုသားအမိကို လုံခြုံရေး ယူပေးထားကာ နောက်ထပ် ခုလိုအခြေအနေတွေ ကြုံမလာရစေဖို့ အသိပညာပေး လုပ်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top